Category: News
-
ဗြိတိန်တွင် ကိုဗစ်မျိုးကွဲအသစ် ပျံ့နှံ့နေပြီး လှိုင်းအသစ် ဖြစ်လာနိုင်
ဗြိတိန်မှာ Nimbus လို့ခေါ်တဲ့ ကိုဗစ်-၁၉ မျိုးကွဲအသစ် ပျံ့နှံ့လာပြီး ဆေးရုံတက်ရသူ ရုတ်တရက် များလာတယ်လို့ ဗြိတိန်အခြေစိုက် The Mirror သတင်းက ဖော်ပြပါတယ်။ ကျန်းမာရေးပညာရှင်တွေက ရောဂါလက္ခဏာရှိသူတွေ အိမ်မှ နေကြဖို့ အကြံပြုချက် ထုတ်ပြန်ထားပြီး Nimbus ကူးစက်နှုန်းဟာ သိသိသာသာ တိုးလာနေသလို ဗြိတိန်မှာတော့ ကိုဗစ်မျိုးကွဲအသစ်ဟာ အခု စနေပြီဖြစ်တဲ့ နွေရာသီမှာ လှိုင်းအသစ်တခု ဖြစ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။ ဗြိတိန်ကျန်းမာရေး လုံခြုံရေးအေဂျင်စီ(UKHSA)ကတော့ ကိုဗစ်မျိုးကွဲသစ် ပျံ့နှံ့တာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က စောင့်ကြည့်နေပါတယ်လို့ ဆိုပါတယ်။ UKHSA ရဲ့ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ဂါယာထရီ အာမီသာလင်ဂမ် က မျိုးကွဲကို ဗြိတိန်မှာ ဒီနေ့အထိ နည်းနည်းလေးပဲ တွေ့ရှိထားပေမယ့် နိုင်ငံတကာ အချက်အလက်တွေအရ ဒါဟာ ကိုဗစ်-၁၉…
-
ရန်ကုန်တွင်အုပ်ကြီးများ အိမ်ထောင်စုစာရင်းလိုက်ကောက်နေ
ရန်ကုန်တွင်အုပ်ကြီးများ အိမ်ထောင်စုစာရင်းလိုက်ကောက်နေ ဇွန်-၈၊၂၀၂၅။ရဲခေါင်/People’s Spring ရန်ကုန်မြို့တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့်အုပ်ချုပ်ရေး အဖွဲ့ဝင်များက ရပ်ကွက်နေပြည်သူများ၏ အိမ်ထောင်စုစာရင်းစာရင်းစာရွက်များကို လိုက်လံကောက်ယူနေကြောင်း ဒေသခံအချို့က ပြောသည်။ အသက် ၁၈ နှစ်ပြည့်သူများ ရှိ၊မရှိ စစ်ဆေးရန် နှင့် ၁၈ နှစ်ပြည့်ပါက မှတ်ပုံတင် လုပ်ပေးရန် ဆိုကာစာရင်း ကောက်ယူနေခြင်းဖြစ်ကြောင်း စစ်ကောင် စီ၏အုပ်ချုပ်ရေးအဖွဲ့ဝင် များက ပြောကြောင်း သိရသည်။ “နေ့ခင်းဘက်ကြီး သုံးယောက်လောက် အိမ်ရှေ့ ရောက်လာတာ။ဘာကိစ္စလဲမေးတော့ ဒီအိမ်မှာ ၁၈ နှစ် ပြည့်ခါစ တွေရှိသလား။မရှိဘူး လို့ပြောတော့ အိမ် ထောင်စုစာရင်းစာရွက်တောင်းတယ်။ပြီးတော့ ဓာတ်ပုံ ရိုက်ပြီး ပြန်သွားတယ်”ဟု ရွှေပြည်သာမြို့နယ် နေသူ တစ်ဦးက ပြောသည်။ အင်းစိန်၊မရမ်းကုန်း၊မြောက်ဒဂုံ အရှေ့ဒဂုံ ၊ကမာရွတ်မြို့နယ်တို့တွင်လည်း အလားတူဖြစ်စဥ်မျိုးရှိနေသည်ဟု ဒေသခံများက ပြောသည်။ “အိမ်ထောင်စုစာရင်းတွေ…
-
မုတ်သုံလေနှင့် လေပွေလှိုင်းအရှိန်ကြောင့် လာမည့် တစ်ပတ်အတွင်း ရက်ရှည်ထစ်ချုန်းမိုးရွာကာ မိုးကြီးမည်
မုတ်သုံလေနှင့် လေပွေလှိုင်းအရှိန်ကြောင့် လာမည့် တစ်ပတ်အတွင်း ရက်ရှည်ထစ်ချုန်းမိုးရွာကာ မိုးကြီးမည် ဧရာဝတီတိုင်းမ် ဇွန် ၈ ရက် မုတ်သုံလေနှင့်လေပွေလှိုင်းအရှိန်ကြောင့် လာမည့်တစ်ပတ် ဇွန် ၉ မှ ၁၅ ရက်အတွင်း မြန်မာနိုင်ငံ တစ်ဝန်းမိုးကြီးပြီး ရေကြီးရေလျှံနိုင်ကြောင်းစစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန (မိုး/ဇလ)က ထုတ်ပြန်သည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းလာမှုနှင့် အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများအရှိန်ကြောင့် တိုင်းနှင့်ပြည်နယ်တို့တွင် မိုးထစ်ချုန်းရွာပြီး မိုးကြီးမည် ဖြစ်ကြောင်း ထုတ်ပြန်သည်။ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ တနင်္သာရီတိုင်းနှင့် ကရင် ၊ ကရင်နီ (ကယား)၊ ချင်း၊ မွန်၊ ရခိုင် ၊ ရှမ်းပြည်နယ်( တောင်ပိုင်းနှင့် အရှေ့ပိုင်း) တို့တွင်…
-
နှစ်ဖက်အကျိုးရှိမယ့် ဆက်ဆံရေးဖော်ဆောင်နိုင်ဖို့ တရုတ်နဲ့အနီးကပ်ပူးပေါင်းမယ်လို့ စစ်ခေါင်းဆောင်ဆို
နှစ်ဖက်အကျိုးရှိမယ့် ဆက်ဆံရေးဖော်ဆောင်နိုင်ဖို့ တရုတ်နဲ့အနီးကပ်ပူးပေါင်းမယ်လို့ စစ်ခေါင်းဆောင်ဆို ဇွန် – ၈ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring မြန်မာ – တရုတ် နှစ်နိုင်ငံ ကြား နောက်လာမယ့် ဆယ်စုနှစ်တွေအထိ အပြန်အလှန်အကျိုးရှိမယ့် မိတ်ဖက်ဆက်ဆံရေး ဖော်ဆောင်နိုင်ဖို့ တရုတ်နဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အာဏာသိမ်း မြန်မာ စစ်ခေါင်းဆောင်က တရုတ်သမ္မတ ရှီကျင့်ဖျင်ထံ သဝဏ်လွှာပေးပို့လိုက်ပါတယ်။ ဒီနေ့ (ဇွန်လ ၈ ) ရက်မှာ ကျရောက်တဲ့ မြန်မာ – တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး (၇၅) နှစ် မြောက် အတွက် ပေးပို့တဲ့ သဝဏ်လွှာမှာ တရုတ်နဲ့အနီးကပ် ပူးပေါင်းဆောင်ရွက်လိုတာကို စစ်ကောင်စီခေါင်းဆောင်က ထည့်သွင်းရေးသားခဲ့တာပါ။ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးရဖို့ ၊ အမျိုးသားပြန်လည်သင့်မြတ်ဖို့…
-
AA ထိန်းချုပ်ထားသော သံတွဲမြို့ကို စစ်ကောင်စီက လက်နက်ကြီးဖြင့်မကြာခဏပစ်ပြီး ဗုံးကြဲ
AA ထိန်းချုပ်ထားသော သံတွဲမြို့ကို စစ်ကောင်စီက လက်နက်ကြီးဖြင့်မကြာခဏပစ်ပြီး ဗုံးကြဲ ဇွန်-၈၊၂၀၂၅။ဇော်ရမ်း/People’s Spring အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့်သံတွဲမြို့ကို ဇွန်လဆန်းမှစ၍ လက်နက်ကြီးများဖြင့်ပစ်ခတ်နေသည့်စစ်ကောင်စီက ယမန်နေ့ (ဇွန်လ ၇ရက်)ညတွင်လေကြောင်းမှဗုံးကြဲခဲ့သည်။ သံတွဲမြို့၊စစ်သားစုဆောင်းရေးတပ်ကိုဇွန် ၇ ရက် ည ၁၀ နာရီ မိနစ် ၄၀မိနစ်တွင် ဂျက်ဖိုက်တာဖြင့်ဗုံးကြဲခြင်းဖြစ်ကြောင်း ရခိုင်ဒေသခံသတင်းရင်းမြစ်ကပြောသည်။ “လူအထိအခိုက်မရှိခဲ့ဘူးလို့သိရတယ်။ ထူးခြားမှုအနေနဲ့ကတော့ သံတွဲမြို့ကို ဒီရက်ပိုင်းမှာပင်လယ် ထဲကနေ လက်နက်ကြီးနဲ့လှမ်းလှမ်းပစ်တယ်။သူတို့မထိန်းချုပ်နိုင်တဲ့နေရာကိုအနှောက်အယှက် ပေးနေတဲ့သဘောပဲ”ဟု ၎င်းကပြောသည်။ စစ်ကောင်စီသည် ပင်လယ်ကမ်းရိုးတန်းမြို့နယ်များဖြစ်သည့် သံတွဲမြို့နှင့် ဂွမြို့ကို ဇွန်လ၃ရက်နေ့ညမှစ၍ လက်နက်ကြီးများပစ်ခတ်နေခြင်းဖြစ်သည်။ပင်လယ်ပြင်၌ ရှိနေသည့် စစ်ရေယာဉ် ၃ စီးက ပစ်ခတ်ခြင်းဖြစ်ပြီးဒေသခံများသည် ယခုရက်ပိုင်း ပင်လယ်ပြင်၌ငါဖမ်းမထွက်ကြကြောင်း သတင်းရရှိသည်။ သံတွဲမြို့သည် စစ်ကောင်စီ၏ မောင်ရွှေလေးရေ တပ်စခန်းရှိသည့် မြို့ဖြစ်ပြီး ၂၀၂၄ ခုနှစ် စက် တင်ဘာလ…
-
တောင်ဒဂုံတရားရုံးတပ်စွဲထားသော စစ်တပ်ကို ၇၉ မမ လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ဟုဆို
တောင်ဒဂုံတရားရုံးတပ်စွဲထားသော စစ်တပ်ကို ၇၉ မမ လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ဟုဆို ရန်ကုန် ၊ ဇွန် ၈ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တရားရုံး၌ တပ်စွဲထားသော စစ်တပ်ကို ၇၉ မမ လောင် ချာဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ထိရောက်စွာ ကျရောက်ပေါက်ကွဲမှုရှိခဲ့ကြောင်း Yangon Army – YA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့ ဇွန်လ ၇ ရက် ည ၁၀ နာရီ ၃၅ မိနစ်က ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်ရှိ အကြမ်းဖက် စစ် တပ်လက် အောက်ခံ မြို့နယ်တရားရုံး၌ တပ်စွဲကာ လုံခြုံရေးယူပေးနေသော စစ်ကောင်စီတပ်သား များကို ၇၉ မမ လောင်ချာဖြင့် ၄၀ မမ…
-
စစ်သင်တန်းဆင်းပြီး ၁ ရက်အကြာ စစ်မှုထမ်းအပတ်စဉ် ၁၁ မှ တပ်သားသစ်များကို နိုင်ငံတစ်ဝန်း ရှေ့တန်းစစ်မြေပြင်များသို့ စတင်ပို့ဆောင်၊ တပ်သားသစ်များ၏ ဖုန်းများ အသိမ်းခံရပြီး မိသားစုများနှင့်အဆက်အသွယ်များ ပြတ်တောက်
စစ်သင်တန်းဆင်းပြီး ၁ ရက်အကြာ စစ်မှုထမ်းအပတ်စဉ် ၁၁ မှ တပ်သားသစ်များကို နိုင်ငံတစ်ဝန်း ရှေ့တန်းစစ်မြေပြင်များသို့ စတင်ပို့ဆောင်၊ တပ်သားသစ်များ၏ ဖုန်းများ အသိမ်းခံရပြီး မိသားစုများနှင့်အဆက်အသွယ်များ ပြတ်တောက် ရန်ကုန်၊ ဇွန် ၈ အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းအပတ်စဉ် ၁၁ သင်တန်းဆင်း တပ်သားသစ်များကို မကွေး၊ ရခိုင်၊ စစ်ကိုင်း၊ ကရင်နီ အပါအဝင် ရှေ့တန်းစစ်မြေပြင်များသို့ စတင်ပို့ဆောင်၊ ဖုန်းများ အသိမ်းခံရပြီး မိသားစုများနှင့်အဆက် အသွယ်များ ပြတ်တောက်သွားကြောင်း စစ်မှုထမ်းအပတ်စဉ် ၁၁ သင်တန်းဆင်း တပ်သားသစ်တချို့၏ မိသားစုဝင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇွန်လ ၆ ရက်နေ့ ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်ရှိ အမှတ် ၁ တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း(ဂျိုးဖြူ) တွင် စစ်မှုထမ်းအပတ်စဉ် ၁၁ သင်တန်းဆင်းပွဲ ကျင်းပခဲ့ကြောင်း၊…
-
စစ်အာဏာရှင်တွေကို တိုက်ထုတ်ဖို့ မန္တလေး PDF ဖိတ်ခေါ်
စစ်အာဏာရှင်တွေကို တိုက်ထုတ်ဖို့ မန္တလေး PDF ဖိတ်ခေါ် ဇွန် ၇၊ ၂၀၂၅ စစ်ကောင်စီကို အတူတကွ တိုက်ထုတ်ပြီး သာယာဝပြော တရားမျှတပြီး လွတ်လပ်တဲ့ တိုင်းပြည်ကို တည်ထောင်ကြဖို့ မန္တလေးအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး (MDY PDF) က ဖိတ်ခေါ်လိုက်ပါတယ်။ စစ်ကောင်စီဟာ မြို့နယ်အလိုက် ၊ ရပ်ကွက်အလိုက် ၊ မိသားစုအလိုက် လူငယ်လူရွယ်တွေကို အတင်းအကြပ် မဲနှိုက်ရွေးချယ်ပြီး စစ်သင်တန်းပေးကာ ရှေ့တန်းပို့ အသေခံခိုင်းဖို့ လုပ်ဆောင်နေတာဖြစ်ပြီး ဒီလိုလုပ်နေတာဟာ စစ်ကောင်စီက လူအရေအတွက် များများစတေးတဲ့နည်းနဲ့ သူတို့လိုအပ်နေတဲ့အချိန်ကို ဆွဲဆန့်နေတာဖြစ်ကြောင်း မန္တလေး PDF ကဆိုထားတာပါ။ “စစ်မှုထမ်း အပတ်စဉ် ဆိုတာကလဲ အပတ်စဉ် (၁၂)နဲ့ တင်မက နောက်ထပ်ရသလောက်၊ သူတို့လိုသလောက် ဆက်တိုက်လုပ်ဆောင်သွားမှာဖြစ်လို့…
-
တပ်မ(၃၃)တပ်မမှူးဗိုလ်မှူးချုပ်ကျော်ဆက်မြင့် နှင့် မိသားစုကို စစ်ကောင်စီဖမ်းဆီး ■စစ်ကောင်စီ၏တပ်မ ၁၀ ခုတွင် တပ်မမှူး ၅ ဦးမှာစစ်ပွဲတွင်သေဆုံးပြီး ၂ ဦးကိုတော်လှန်ရေးတပ်များကဖမ်းဆီးထားကာ၊ ၂ဦးကိုစစ်တပ်ကပြန်ဖမ်း
တပ်မ(၃၃)တပ်မမှူးဗိုလ်မှူးချုပ်ကျော်ဆက်မြင့် နှင့် မိသားစုကို စစ်ကောင်စီဖမ်းဆီး ■စစ်ကောင်စီ၏တပ်မ ၁၀ ခုတွင် တပ်မမှူး ၅ ဦးမှာစစ်ပွဲတွင်သေဆုံးပြီး ၂ ဦးကိုတော်လှန်ရေးတပ်များကဖမ်းဆီးထားကာ၊ ၂ဦးကိုစစ်တပ်ကပြန်ဖမ်း တပ်မ ၆၆ တပ်မမှူးတစ်ဦးသာဘေးကင်းနေသေး ဇွန်-၇၊၂၀၂၅။ ကဖေး/People’s Spring ဖားကန့်တွင်KIA၊KPDF ပူးပေါင်းတပ်အား စစ်ရှုံးခဲ့သည့် တပ်မ(၃၃)၏တပ်မမှူး ဗိုလ်မှူးချုပ်ကျော်ဆက်မြင့်ကို စစ်ကောင်စီက တပ်မဌာနချုပ်သို့ပြန်ခေါ်ပြီး မိသားစုဝင်များကိုပါ ဖမ်းဆီးလိုက်သည်ဟု နေပြည်တော် နှင့် စစ်ကိုင်းတိုင်းစစ်ရေးသ တင်းရင်းမြစ်များကပြောသည်။ ဖားကန့်တွင် တာဝန်ကျနေသည့် ဗိုလ်မှူးချုပ်ကျော်ဆက်မြင့်ကို ဇွန်လဆန်းတွင်စစ်ကောင်စီက ရ ဟတ်ယာဉ်ဖြင့် ခေါ်သွားပြီး ဌာနချုပ်ဖြစ်သည့် စစ်ကိုင်းမြို့သို့အရောက်တွင် မိသားစုဝင်များကိုပါ ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။ “၃၃ မှူးချုပ် အဖမ်းခံလိုက်ရပြီ။ မိသားစုဝင်တွေပါ ဖမ်းတာ။ သူကကချင်မှာစစ်ရှုံးသလိုအုပ်ချုပ်စီမံညံ့ဖျင်းတာရယ်၊ လာဘ်စားပြီးလုံခြုံရေးပေါ့လျော့တယ်ဆိုတဲ့ မှတ်ချက်တွေနဲ့ အဖမ်းခံရတာ။သူ ထောင်ကျမှာပါ” ဟု…
-
“၃ ပွင့်ဆိုင် ယန္တရားကနေပြီးတော့ ILO Article 33 နဲ့ ပတ်သက်တဲ့ Monitoring Task ပေါ့။ ဆုံးဖြတ်ချက်ကို စစ်အုပ်စုက ဘယ်လောက်အထိ လိုက်နာတယ်၊ မလိုက်နာဘူးဆိုတဲ့ဟာကို လေ့လာစောင့်ကြည့်မယ်။ မင်းအောင်လှိုင်ကတော့ ဗိုလ်ခင်ညွန့်တို့ထက် အများကြီး ကြမ်းတယ် ရမ်းတယ်ဆိုတာ အားလုံးလက်ခံပါတယ်”
“၃ ပွင့်ဆိုင် ယန္တရားကနေပြီးတော့ ILO Article 33 နဲ့ ပတ်သက်တဲ့ Monitoring Task ပေါ့။ ဆုံးဖြတ်ချက်ကို စစ်အုပ်စုက ဘယ်လောက်အထိ လိုက်နာတယ်၊ မလိုက်နာဘူးဆိုတဲ့ဟာကို လေ့လာစောင့်ကြည့်မယ်။ မင်းအောင်လှိုင်ကတော့ ဗိုလ်ခင်ညွန့်တို့ထက် အများကြီး ကြမ်းတယ် ရမ်းတယ်ဆိုတာ အားလုံးလက်ခံပါတယ်” မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (CTUM) ဥက္ကဋ္ဌ ဦးမောင်မောင်နှင့်တွေ့ဆုံခြင်း အပိုင်း ၁ By ရန်ကုန်ခေတ်သစ် ဇွန်လ ၅ ရက်နေ့ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ပြုလုပ်ခဲ့သော ၁၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ် သမားညီ လာခံ (ILC) တွင် လူငယ်များနှင့် အလုပ်သမားများကို စစ်မှုထမ်းဥပဒေဖြင့် အတင်းအဓမ္မ စစ်ထဲသွပ်သွင်းပြီး အလုပ် သမားအခွင့်အရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်နေသော…