Category: News
-
Breaking News- တရုတ်နိုင်ငံ၏ ဖိအားရှိနေသည့်ကြားမှ နှစ်နိုင်ငံနယ်စပ်မြို့ ကန်ပိုက်တီကို KIA က အပြီးသတ် တိုက်ခိုက် သိမ်းပိုက်၊ ကချင်အထူးဒေသ ၁ တစ်ခုလုံးကို KIA က လုံး၀ ထိန်းချုပ်လိုက်ပြီ
Breaking News- တရုတ်နိုင်ငံ၏ ဖိအားရှိနေသည့်ကြားမှ နှစ်နိုင်ငံနယ်စပ်မြို့ ကန်ပိုက်တီကို KIA က အပြီးသတ် တိုက်ခိုက် သိမ်းပိုက်၊ ကချင်အထူးဒေသ ၁ တစ်ခုလုံးကို KIA က လုံး၀ ထိန်းချုပ်လိုက်ပြီ ရန်ကုန်၊ နိုဝင်ဘာ ၂၀ ကချင်ပြည်နယ်၊ စစ်ကောင်စီလက်အောက်ခံ ဇခုန်တိန့်ယိန်း ထိန်းချုပ်ထားသော တရုတ်-မြန်မာနယ်စပ်မြို့ ဖြစ်သည့် ကန်ပိုက်တီမြို့ကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ယနေ့ ညနေ ၅ နာရီအချိန်တွင် အပြီး သတ်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်မှစတင်၍ KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ကန်ပိုက်တီမြို့ကို စတင်တိုက်ခိုက်ခြင်းဖြစ်ပြီး…
-
“တာမွေမှာ ဗုံးပေါက်ကွဲပြီး ပျံလွန်တော်မူသွားတဲ့ ဆရာတော်သတင်း နောက်ဆက်တွဲတွေပေါ်ထွက်လာပြီ😢”
“တာမွေမှာ ဗုံးပေါက်ကွဲပြီး ပျံလွန်တော်မူသွားတဲ့ ဆရာတော်သတင်း နောက်ဆက်တွဲတွေပေါ်ထွက်လာပြီ😢”
-
ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင် -ဟိုနမ့်ပွန် ချောင်းတံတားကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲပြီး မြေပြင်တွင် စစ်ကြောင်းထိုးနေ၍ တိုက်ပွဲ ပြင်းထန်နေ
ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင် -ဟိုနမ့်ပွန် ချောင်းတံတားကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲပြီး မြေပြင်တွင် စစ်ကြောင်းထိုးနေ၍ တိုက်ပွဲ ပြင်းထန်နေ ရန်ကုန် ၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင် – ဟိုနမ့်ပွန်ချောင်းတံတားကို စစ်တပ်က လေ ယာဉ်ဖြင့် ဗုံးကျဲပြီး မြေပြင်တွင် စစ်ကြောင်းထိုးနေ၍ ပွန်ချောင်း တံတားအနီးတွင် တိုက်ပွဲပြင်းထန်နေကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယနေ့ နိုဝင်ဘာလ ၂၀ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နယ်မြေအတွင်းရှိ အများပြည်သူအသုံးပြု နေ သည့် ဆိုက်ခေါင်-ဟိုနမ့်ပွန်ချောင်းတံတားအား လေယာဉ်ဖြင့် ဗုံး ၃…
-
တရုတ်-စစ်ကောင်စီပူးပေါင်း၍ကျောက်ဖြူမြို့နယ်တွင်လုံခြုံရေးအဖွဲ့ စတင်ထူထောင် ▪︎လုံခြုံရေးကုမ္ပဏီခေါင်းစဥ်ဖြင့် တရုတ်လက် နက်ကိုင်များဝင်ရောက်လာလျင် တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ်ကျူးကျော်မှုဟု ပြည်သူအချို့
တရုတ်-စစ်ကောင်စီပူးပေါင်း၍ကျောက်ဖြူမြို့နယ်တွင်လုံခြုံရေးအဖွဲ့ စတင်ထူထောင် ▪︎လုံခြုံရေးကုမ္ပဏီခေါင်းစဥ်ဖြင့် တရုတ်လက် နက်ကိုင်များဝင်ရောက်လာလျင် တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ်ကျူးကျော်မှုဟု ပြည်သူအချို့ ရှုမြင် အိမ်သွင်၊ဒီပ /People’s Spring တရုတ်နှင့် စစ်ကောင်စီအကျိုးတူပူးပေါင်းသည့် လုံခြုံရေးကုမ္ပဏီ (Joint Venture Security Company) တည်ထောင်ရေး လုပ်ငန်းကော်မတီတည်ထောင်ပြီးနောက် ရခိုင်ပြည်နယ်၊ ကျောက် ဖြူမြို့ရှိ တရုတ်စီမံကိန်းများလုံခြုံရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိသည်။ တရုတ်လုံခြုံရေးအဖွဲ့ဝင်အချို့ပါဝင်သော အဆိုပါအဖွဲ့ဖွဲ့စည်းကြောင်း လက်မှတ်ထိုးပွဲကို နေပြည် တော်တွင် ပြုလုပ်သွားခြင်းဟု နေပြည်တော်သတင်းရင်းမြစ်ကပြောသည်။ တရုတ်နှင့်အတူ နှစ်နိုင်ငံပူးပေါင်းပြီး လုံခြုံရေးကုမ္ပဏီတစ်ခု တည်ထောင်ရန် လုပ်ငန်း ကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့ကြောင်း စစ်ကောင်စီ၏ နိုဝင်ဘာ (၈)ရက် ပြန်တမ်းတွင်ထုတ်ပြန်ထားသည်။ကော်မတီ၌ စစ်ကောင်စီပြည်ထဲရေးဒုတိယဝန်ကြီးက ဦးဆောင်ပြီး အဖွဲ့ဝင် ၁၄ ဦး ပါဝင်သည်။တရုတ်နှင့် စစ်ကောင်စီ ပူးပေါင်း၍ လုံခြုံရေးကုမ္ပဏီတည်ထောင်ရန်စီစဉ်နေသည့်အပေါ် ပြည်သူများက…
-
အင်းတော်မြို့သိမ်းတိုက်ပွဲတွင် ပူးပေါင်းတပ်များ မြို့၏ ၈၀ ရာခိုင်နှုန်းခန့်အထိ ထိန်းချုပ် ▪︎စစ်ကောင်စီတပ်က Non CDMဝန်ထမ်း ၂၀၀ဦးခန့်ကို ဓါးစာခံပြုလုပ်ခုခံနေဟုဆို
အင်းတော်မြို့သိမ်းတိုက်ပွဲတွင် ပူးပေါင်းတပ်များ မြို့၏ ၈၀ ရာခိုင်နှုန်းခန့်အထိ ထိန်းချုပ် ▪︎စစ်ကောင်စီတပ်က Non CDMဝန်ထမ်း ၂၀၀ဦးခန့်ကို ဓါးစာခံပြုလုပ်ခုခံနေဟုဆို အိမ်သွင်/People’s Spring အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီစစ်တပ်ကုန်းတစ်ခုသာ ကျန်ရှိတော့ပြီး ယင်းနေရာတွင် စစ်ကောင်စီဝန်ထမ်း( Non CDMဝန်ထမ်း) ၂၀၀ ဦးခန့်ကို စစ်ကောင်စီတပ်က ဓားစားခံပြုလုပ်ထားပြီး လေကြောင်းပစ်ကူအသုံးပြု၍ ခုခံနေကြောင်း သတင်းရရှိသည်။ အင်း တော်မြို့သိမ်းတိုက်ပွဲကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များက နိုဝင်ဘာလ ၁ရက်တွင် ပြန်လည်စတင်ခဲ့ပြီး နိုဝင်ဘာ ၁၉ ရက်အထိတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။ စစ်ကောင်စီသည်အင်းတော်မြို့မဘုန်းကြီး ကျောင်း၊ စစ်တပ်ကုန်း နှင့် ဂျပန်လှိုဏ်ဂူဘုရားမှနေ၍ အပြင်းအထန်ခုခံခဲ့ပြီး ယခုအခါ စစ်တပ်ကုန်းတစ်ခုသာ ကျန်ရှိတော့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်နီးစပ်သူတစ်ဦးကပြောသည်။ မြေပြင်သတင်းရင်းမြစ်တစ်ဦးက” စစ်တပ်ကုန်းပဲကျန်တာ။ အဲ့ထဲမှာ Non CDM ဝန်ထမ်းနှစ်ရာလောက်ရှိနေတယ်။ပြန်မလွှတ်ဘဲ ကာဗာလုပ်ထားတဲ့သဘောပဲ။…
-
အမှတ် ၂ စစ်ဗျူဟာ ရေယာဉ်အုပ်စုမှူး ဗိုလ်မှူးကြီး ခင်ဇော် လက်အောက်ခံ အမျိုးသမီးစစ်သည် ၆ ဦးနှင့် လူမှုရေး အရှုပ်တော်ပုံဖြစ်ပွားနေပြီး တရားမဝင် ကုန်စည်သယ်ယူမှုများမှ ငွေကျပ် သိန်းထောင်ချီ လစဉ်ရ ၊ စစ်ကောင်စီထိပ်ပိုင်းက အရေးမယူဘဲ လျစ်လျူရှု
အမှတ် ၂ စစ်ဗျူဟာ ရေယာဉ်အုပ်စုမှူး ဗိုလ်မှူးကြီး ခင်ဇော် လက်အောက်ခံ အမျိုးသမီးစစ်သည် ၆ ဦးနှင့် လူမှုရေး အရှုပ်တော်ပုံဖြစ်ပွားနေပြီး တရားမဝင် ကုန်စည်သယ်ယူမှုများမှ ငွေကျပ် သိန်းထောင်ချီ လစဉ်ရ ၊ စစ်ကောင်စီထိပ်ပိုင်းက အရေးမယူဘဲ လျစ်လျူရှု By ရန်ကုန်ခေတ်သစ် အကြမ်းဖက်စစ်ကောင်စီ၏ ရေတပ် ဗျုဟာစစ်ရေယာဉ်စုများ လက်အောက်ခံ အမှတ် ၂ ဗျူဟာ စစ်ရေယာဉ်စုမှ အုပ်စုမှူး ဗိုလ်မှူးကြီး ခင်ဇော်သည် လက်အောက်ခံ အမျိုးသမီး စစ်သည်များနှင့် လူမှုရေး အရှုပ်တော်ပုံများဖြစ်ပွားလျက်ရှိသည့်အပြင် သင်္ဘောများ၏ တရားမဝင် ကုန်စည်သယ်ယူမှုများမှ လာဘ်ငွေ ကျပ်သိန်းထောင်ချီ လစဉ်ရရှိနေကြောင်း စစ်တပ်သတင်းရင်းမြစ်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အကြမ်းဖက်စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်…
-
ဟုမ္မလင်းနယ်မှ စစ်ကောင်စီတပ် နှင့် ရှမ်းနီ ပူးပေါင်းစခန်းကို KIA၊PDF ထပ်သိမ်း
ဟုမ္မလင်းနယ်မှ စစ်ကောင်စီတပ် နှင့် ရှမ်းနီ ပူးပေါင်းစခန်းကို KIA၊PDF ထပ်သိမ်း အိမ်သွင်/People’s Spring ဖားကန့်မြို့နယ်၊ ဆယ်ဇင်းရွာ နှင့် ဆက်စပ်နေသော စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်မှစစ်ကောင် စီတပ် နှင့် ရှမ်းနီတပ်(SNA)တပ်စွဲထားသောစခန်း တစ်ခုကို KIA၊PDF ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းယူလိုက်သည်။ ဟုမ္မလင်းမြို့နယ် ရွှေတွင်းရွာနှင့် စိုင်းပန်ရွာအနီးမှ SNA စခန်းကို နိုဝင်ဘာလ ၁၄ရက်တွင် စတင်တိုက်ခိုက်ပြီး ယနေ့( နိုဝင်ဘာလ ၁၉ရက်) နံနက်တွင် သိမ်းယူလိုက်ခြင်းဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ “နိုဝင်ဘာလ ၁၄ရက်ကစပြီး တိုက်ပွဲပြင်းထန်နေခဲ့တာပါ။ ဒေသခံတွေကတော့ ရှောင်ရတယ်။ စခန်းကို အပြီး သိမ်းယူထားနိုင်တာပါ” ဟု ဟုမ္မလင်းမြို့နယ်မှ ဒေသခံတစ်ဦးကပြောသည်။ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် PDF ပူးပေါင်းတပ်သည် နိုဝင်ဘာလဆန်းပိုင်းကလည်း စစ်ကောင်စီနှင့် ရှမ်းနီတပ် အင်အား…
-
MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို ဖမ်းဆီးထားသည်ဆိုသော သတင်းများကို တရုတ်က ငြင်း ပယ်လိုက်ပြီး ဆေးကုသမှုခံယူနေဟုဆို 🟥 တရုတ်ပြန် မင်းအောင်လှိုင်၏ လားရှိုးနှင့်ရမခ ကို ပြန်သိမ်းယူရေး “ရန်နိုင်မင်း” စစ်ဆင်ရေးရည်မှန်းချက် ပိုမိုခိုင်မာလာနေ
MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို ဖမ်းဆီးထားသည်ဆိုသော သတင်းများကို တရုတ်က ငြင်း ပယ်လိုက်ပြီး ဆေးကုသမှုခံယူနေဟုဆို 🟥 တရုတ်ပြန် မင်းအောင်လှိုင်၏ လားရှိုးနှင့်ရမခ ကို ပြန်သိမ်းယူရေး “ရန်နိုင်မင်း” စစ်ဆင်ရေးရည်မှန်းချက် ပိုမိုခိုင်မာလာနေ ရန်ကုန်၊ နိုဝင်ဘာ ၂၀ ကိုးကန့် MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်နိုင်ငံက အကျယ်ချုပ် ဖမ်းဆီးထားသည်ဆိုသော သတင်းများနှင့်ပတ်သက်ပြီး တရုတ်အစိုးရက တရားဝင် ငြင်းပယ်လိုက်ပြီး ဖုန်တာရွှင်သည် တရုတ်နိုင်ငံတွင် ဆေးကုသမှု ခံယူနေကာ ပြန်လည်သက်သာ ကျန်းမာစေရန် လုပ် ဆောင်နေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တရားဝင် ထုတ်ဖော်ပြောဆိုသည်။ ယမန်နေ့ နိုဝင်ဘာလ ၁၉ ရက်နေ့ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ် Lin Jian က အထက်ပါအတိုင်းပြောဆိုခြင်းဖြစ်သည်။…
-
တရုတ်နိုင်ငံက မိမိတို့ဘက်မှ ပြတ်ပြတ်သားသား ရပ်တည်ဟု အကြမ်းဖက် မင်းအောင်လှိုင် ပြော
တရုတ်နိုင်ငံက မိမိတို့ဘက်မှ ပြတ်ပြတ်သားသား ရပ်တည်ဟု အကြမ်းဖက် မင်းအောင်လှိုင် ပြော ရန်ကုန်၊ နိုဝင်ဘာ ၂၀ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တရုတ်နိုင်ငံအနေဖြင့် မိမိတို့ဘက်မှ ပြတ်ပြတ်သားသား ရပ်တည်နေကြောင်း ထုတ်ဖော်ပြောဆိုသည်။ ယမန်နေ့ နေပြည်တော် ပြုလုပ်သော အကြမ်းဖက်စစ်ကောင်စီ အစည်းအဝေးတွင် အကြမ်းဖက် မင်းအောင်လှိုင်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။ နိုဝင်ဘာလဆန်းပိုင်း မဲခေါင်နိုင်ငံများ အစည်းအဝေး တက်ရောက်ရန် တရုတ်နိုင်ငံသို့ သွားရောက်ရာတွင် တရုတ်ဝန်ကြီးချုပ် Mr. Li Qiang နှင့်တွေ့ဆုံခဲ့ကြောင်း၊ တရုတ်ဝန်ကြီးချုပ်က မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ချက်များကို အမြဲထောက်ခံ အားပေးသည်ဟု ပြောဆိုကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ၏ လုပ်ငန်းစဉ် ၅ ရပ်ကိုလည်း တရုတ်က ထောက်ခံကြောင်း၊ မြန်မာနိုင်ငံတွင် နိုင်ငံရေး တည်ငြိမ်မှု…