Author: admin
-
ရန်ကုန်လေဆိပ်တွင် PV နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပထွက်မည့် လူငယ်တချို့၏ မိုဘိုင်းလ်ဖုန်းများ စစ်ဆေးခံရပြီး မိသားစုကို နှုတ်ဆက်ကန်တော့နေသည့် ဓာတ်ပုံပါသည်ဟုဆိုကာ လေယာဉ်ပေါ် တက်ခွင့်မပေး ၊ ပထမဆုံးအကြိမ် ပြည်ပထွက်မည့် လူငယ် အများစုကို မြန်မာနိုင်ငံမှ ထွက်ခွင့်မပြု
ရန်ကုန်လေဆိပ်တွင် PV နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပထွက်မည့် လူငယ်တချို့၏ မိုဘိုင်းလ်ဖုန်းများ စစ်ဆေးခံရပြီး မိသားစုကို နှုတ်ဆက်ကန်တော့နေသည့် ဓာတ်ပုံပါသည်ဟုဆိုကာ လေယာဉ်ပေါ် တက်ခွင့်မပေး ၊ ပထမဆုံးအကြိမ် ပြည်ပထွက်မည့် လူငယ် အများစုကို မြန်မာနိုင်ငံမှ ထွက်ခွင့်မပြု ရန်ကုန်၊ နိုဝင်ဘာ ၁၇ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အလည်အပတ် PV နိုင်ငံကူးလက် မှတ်ဖြင့် ပြည်ပထွက်မည့် လူငယ်တချို့၏ မိုဘိုင်းလ်ဖုန်းများကို စစ်ကောင်စီလက်အောက်ခံ စစ်ဆေးရေးအဖွဲ့တချို့က စစ်ဆေးပြီးနောက် မိသားစုကို နှုတ် ဆက်ကန်တော့နေသည့်ဓာတ်ပုံပါသည်ဟုဆိုကာ လေယာဉ်ပေါ် တက်ခွင့်မပေးဘဲ လေဆိပ်မှ ပြန်လွှတ်လိုက်ကြောင်း ပြန်လွှတ်ခံရသည့် လူငယ်အမျိုးသားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက် ၆ နာရီအချိန်မြန်မာ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း MAI…
-
ယင်းမာပင်မြို့ပေါ် စစ်တပ်အထိုင်စခန်းတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)
ယင်းမာပင်မြို့ပေါ် စစ်တပ်အထိုင်စခန်းတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ) နိုဝင်ဘာ ၁၇၊ ၂၀၂၄ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ပေါ်က အကြမ်းဖက်စစ်တပ် အထိုင်စခန်းတွေကို နိုဝင်ဘာ ၁၃ ရက် နေ့လည်ပိုင်းက လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwindynamite အဖွဲ့ထံက သိရပါတယ်။ ယင်းမာပင်မြို့ပေါ်မှာရှိတဲ့ ရဲစခန်း၊ အမျိုးသားဥယျာဉ်၊ ခရိုင်စုပေါင်းရုံး၊ ရေအရင်းအမြစ်ဂိတ်နဲ့ ယင်းမာပင်ဆေးရုံကြီးတို့မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို ၆၀ မမ၊ ၈၀ မမ၊ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီတိုက်ခိုက်မှုကို ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Salingyi) ၊ ယင်းမာခရိုင် တပ်ရင်း(၃၅) တပ်ခွဲ(၃) တောင်ပံနီအထူးပြောက်ကျားတပ်ဖွဲ့ ၊ ယင်းမာပင်ခရိုင် တပ်ရင်း(၃၅) တပ်ခွဲ(၃) တပ်စိတ်(၁) 5/Fighter (Monywa) နဲ့ နယ်ခံကာကွယ်ရေးတပ်တွေ…
-
“ပျော်လိုက်ကျပါဦးအယောက်၈၀၀ကျော်အလံဖြူပြလက်နက်ချအလင်းဝင်ကျပြန်ပြီဟေ့”
“ပျော်လိုက်ကျပါဦးအယောက်၈၀၀ကျော်အလံဖြူပြလက်နက်ချအလင်းဝင်ကျပြန်ပြီဟေ့”
-
နောင်ချိုမြို့က တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က တပ်ရင်းမှူးအပါအဝင် အများအပြား သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့…
နောင်ချိုမြို့က တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က တပ်ရင်းမှူးအပါအဝင် အများအပြား သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့… နိုဝင်ဘာ ၁၆ ၊ ၂၀၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့က တောင်ခမ်းအမြောက်တပ်စခန်း (၃၅၄) နဲ့ (၉၀၂) တပ်စခန်းမှာ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က တပ်ရင်းမှူးအပါအဝင် အများအပြား သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က တပ်မ(၁၁) ခမရ (၂၁၃) တပ်ရင်းမှူး ဗိုလ်မှူး၊ ဗိုလ်ကြီး အဆင့်ရှိသူနဲ့ တပ်သားတွေ သေဆုံးခဲ့ပြီး စစ်ကောင်စီတပ် လက်နက်ခဲယမ်းတွေ စစ်အသုံးအဆောင်ပစ္စည်းတေ သိမ်းဆည်းရမိခဲ့တဲ့အပြင် လက်နက်ခဲယမ်းနဲ့အတူ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄) ယောက် အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။…
-
တိုင်းရင်းသားလက်နက်ကိုင်များ သိမ်းပိုက်ထားသော ဒေသများသို့ စက်သုံးလောင်စာဆီများ လုံး၀ ရောက်ရှိခြင်းမရှိစေရေး ဆောင်ရွက်ရန် စစ်ကောင်စီက ညွှန်ကြား
တိုင်းရင်းသားလက်နက်ကိုင်များ သိမ်းပိုက်ထားသော ဒေသများသို့ စက်သုံးလောင်စာဆီများ လုံး၀ ရောက်ရှိခြင်းမရှိစေရေး ဆောင်ရွက်ရန် စစ်ကောင်စီက ညွှန်ကြား ရန်ကုန်၊ နိုဝင်ဘာ ၁၇ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ ကြီးစိုးနေသော ဒေသများသို့ စက်သုံးလောင်စာဆီများ လုံး၀ ရောက်ရှိခြင်းမရှိစေရေး ဆီအရောင်းဆိုင်များနှင့် ကုမ္ပဏီများကို စစ်ကောင်စီက စည်းကမ်းချက်နှင့်အမိန့်များ ချမှတ်ပြီး အထူးတင်းကျပ်မှုများ လုပ်ဆောင်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များနှင့် ဆီကိုယ်စားလှယ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။ တော်လှန်ရေးတပ်များ ကြီးစိုး သိမ်းပိုက်ထားသော ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကရင်ပြည်နယ်၊ ကရင်နီ၊ ရခိုင်ပြည်၊ ချင်းပြည်နယ်၊ ကချင် ပြည်နယ်၊ တနင်္သာရီတိုင်း၊ စစ်ကိုင်းနှင့် တနင်္သာရီတိုင်း မကွေးတိုင်းအတွင်းမှ လွတ်မြောက်နယ်မြေများသို့ စက်သုံးလောင်စာဆီများ ရောက်ရှိခြင်း မရှိစေရေးအတွက် စစ်ကောင်စီက စည်းကမ်းချက်အသစ်များ တိုး၍ ချမှတ်လာနေကြောင်း သိရှိရသည်။ စစ်ကောင်စီက စက်သုံးဆီအရောင်းဆိုင်များနှင့်…
-
တောင်းခမ်းတိုက်ပွဲ ခမရ (၂၁၃)တပ်ရင်းမှူး၊ ဗိုလ်ကြီးနှင့် စစ်သားများ သေဆုံး၊ လက်နက်ခဲယမ်းများသိမ်းရ ◾️လက်နက်နှင့်အတူ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး အရှင်ဖမ်းမိဟု TNLAထုတ်ပြန်
တောင်းခမ်းတိုက်ပွဲ ခမရ (၂၁၃)တပ်ရင်းမှူး၊ ဗိုလ်ကြီးနှင့် စစ်သားများ သေဆုံး၊ လက်နက်ခဲယမ်းများသိမ်းရ ◾️လက်နက်နှင့်အတူ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး အရှင်ဖမ်းမိဟု TNLAထုတ်ပြန် ဒီးဒီ/People’s Spring ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ တောင်းခမ်းကျေးရွာ၌ ယနေ့(နိုဝင်ဘာ ၁၆ရက်) တိုက်ပွဲပြင်းထန်ရာ စစ်ကောင်စီ၏ တပ်မ(၁၁)၏ ခမရ (၂၁၃) တပ်ရင်းမှူး ဗိုလ်မှူး၊ ဗိုလ်ကြီး အဆင့်ရှိသူနှင့် တပ်သားများ သေဆုံးပြီး လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများသိမ်းဆည်းရမိကြောင်း တအာင်းတပ်မတော် (TNLA)က အသိပေးထုတ်ပြန်သည်။ စစ်တက္ကသိုလ်များရှိရာ ပြင်ဦးလွင်မြို့နှင့် (၃၅)မိုင်ကွာဝေးသော နောင်ချိုမြို့နယ်၊ တောင်းခမ်းကျေးရွာရှိ စစ်ကောင်စီ၏ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂)နှင့် အမြောက်တပ်စခန်း (၃၅၄)တပ်ရင်းတို့၌ စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ တိုက်ပွဲအတွင်း တပ်မ(၁၁)၏ ခမရ (၂၁၃) တပ်ရင်းမှူး ဗိုလ်မှူး၊ ဗိုလ်ကြီး…
-
PDFနှင့် ပကဖ ခြောက်ဦးကို အရေးယူထားဟု NUGကာကွယ်ရေး အသိပေး
PDFနှင့် ပကဖ ခြောက်ဦးကို အရေးယူထားဟု NUGကာကွယ်ရေး အသိပေး -People’s Spring ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) စုစုပေါင်း ခြောက်ဦးကို အရေးယူထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်သည်။ ပြီးခဲ့သည့်အောက်တိုဘာအတွင်း PDFနှင့် ပကဖ စုစုပေါင်း ခြောက်ဦးကို ထုတ်ပြန်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်ခဲ့သည်ဟု ထုတ်ပြန်သည်။ အကျဉ်းစစ်တရားရုံးဖြင့် စစ်ဆေး၍ ပြည်သူ့ကာကွယ်ရေးတပ်မတော်သား တစ်ဦးကို ထောင်ဒဏ်ချမှတ်စီရင်ခြင်း၊ စစ်ခုံရုံးဖြင့် စစ်ဆေး၍ ပြည်သူ့ကာကွယ်ရေးတပ်မတော်သား တစ်ဦးကို ထောင်ဒဏ်ချမှတ်စီရင်ခြင်း၊ စုံစမ်းစစ်ဆေးရေးခုံရုံးဖြင့် စုံစမ်းစစ်ဆေး၍ ပေါ်ပေါက်ချက်အရ စီမံခန့်ခွဲမှု နည်းလမ်းဖြင့် ပြည်သူကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင် လေးဦး အနက်မှ တစ်ဦးကို ရာထူးမှထုတ်ပယ်ခြင်း၊ နှစ်ဦးကို တာဝန်မှ (၆)လ ယာယီရပ်ဆိုင်းခြင်း၊ တစ်ဦးကို စာဖြင့်…
-
မိုးမောက်တွင် စစ်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် သေဆုံးသော ကလေးငယ် ၇ ဦးနှင့် ပြည်သူ ၂ ဦး ၏ အမည်များ ရရှိထားပြီး အားလုံးကို ခရစ်ယာန်ဘာသာရေး ထုံးတမ်းအစဉ်အလာဖြင့် မြေမြုပ်သဂြိုလ်
မိုးမောက်တွင် စစ်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် သေဆုံးသော ကလေးငယ် ၇ ဦးနှင့် ပြည်သူ ၂ ဦး ၏ အမည်များ ရရှိထားပြီး အားလုံးကို ခရစ်ယာန်ဘာသာရေး ထုံးတမ်းအစဉ်အလာဖြင့် မြေမြုပ်သဂြိုလ် ရန်ကုန်၊ နိုဝင်ဘာ ၁၆ ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင် စစ်ကောင်စီ၏ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် သေဆုံးသော ကလေးငယ် ၇ ဦးနှင့် ပြည်သူ ၂ ဦး၏ နာမည်များ ရရှိပြီး အားလုံးကို ယနေ့ ခရစ်ယာန်ဘာသာရေး ထုံးတမ်းအစဉ်အလာနှင့်အညီ မြေမြုပ်သဂြိုလ်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။ ယမန်နေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေ ၄ နာရီခန့်အချိန် မိုးမောက်မြို့နယ်၊ ကုန်းလောရွာရှိ စစ်ဘေးရှောင် ပြည်သူများ နေထိုင်သော ခရစ်ယာန် ဘုရားကျောင်းကို အကြမ်းဖက်…
-
မဟာရန်ကုန်အဖြစ်ဆိုးပြီပံသကူလိုက်ကောက်တာ 5လောင်းပြိုင်ဘဲ..
မဟာရန်ကုန်အဖြစ်ဆိုးပြီပံသကူလိုက်ကောက်တာ 5လောင်းပြိုင်ဘဲ..