လူဝင်မှုကြီးကြပ်ရေးဌာနသည် နိုင်ငံခြားသားများမှ ဦးဆောင်သည့် ‘ဇာကီးယား’ နှင့် ‘ရှာဟီဒ်’ ဟုခေါ်သော အေဂျင့်လုပ်ငန်း နှစ်ခုကို ပြီးခဲ့သည့် ကြာသပတေးနေ့ဖမ်းဆီးခဲ့တယိလို့ လဝကထုတ်ပြန်ချက်

ပူ ထရာဂျယာ၊ ၂၀၂၅ ခုနှစ် ဇူလိုင်လ –

လူဝင်မှုကြီးကြပ်ရေးဌာနသည် နိုင်ငံခြားသားများမှ ဦးဆောင်သည့် ‘ဇာကီးယား’ နှင့် ‘ရှာဟီဒ်’ ဟုခေါ်သော အေဂျင့်လုပ်ငန်း နှစ်ခုကို ပြီးခဲ့သည့် ကြာသပတေးနေ့ဖမ်းဆီးခဲ့တယိလို့ လဝကထုတ်ပြန်ချက် မှာဖော်ပြထားပါတယ်
ပထမဖမ်းဆီးမူကို ဂျလန်ပူဒူးတွင် မွန်းတည့် ၁၂:၀၅ နာရီခန့်တွင် ပြုလုပ်ခဲ့ပြီး၊ ‘ဇာကီးယား’အေ့ဂျင့် ၏ အဓိကခေါင်းဆောင်အပါအဝင် အသက် ၄၀ မှ ၅၀ နှစ်ကြား ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အမျိုးသားသုံးဦးကို ဖမ်းဆီးခဲ့သည်ဟု ပြောကြားခဲ့သည်။
ထိုနောက် ဖမ်းဆီးခံရသူသုံးဦးစလုံးတွင် ဆောက်လုပ်ရေးကဏ္ဍအတွက် ယာယီအလုပ်လုပ်ခွင့်ပါမစ် (PLKS) ရှိကြောင်း ဖော်ပြခဲ့သည်။

နိုင်ငံခြားသားများအား PLKS သက်တမ်းတိုးရန် ဝန်ဆောင်မှုများကို လျှောက်လွှာတစ်ခုလျှင် ရင်ဂစ် ၂,၅၀၀ မှ ၆,၀၀၀ အထိ ကျသင့်ငွေဖြင့် ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“ဤအထူးစစ်ဆင်ရေးကို လူဝင်မှုကြီးကြပ်ရေးဌာန ဌာနချုပ်၊ ထောက်လှမ်းရေးနှင့် အထူးစစ်ဆင်ရေးဌာနခွဲမှ အရာရှိအဖွဲ့တစ်ဖွဲ့က လူထုထံမှ သတင်းအချက်အလက်နှင့် နှစ်ပတ်ကြာ ထောက်လှမ်းမှုများအပေါ် အခြေခံ ပြီးနောက် ဖမ်းဆီးခဲ့တယ်လို့ ေဖာ်ပြထားပါတယ်
ထိုဖမ်းဆီးမူ အတွင်း လူဝင်မှုကြီးကြပ်ရေးဌာနသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ် ၁၃၀ ခု၊ အင်ဒိုနီးရှားနိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ် ၃ ခု၊ နှင့် စင်ဒီကိတ်လှုပ်ရှားမှုများအတွက် အသုံးပြုသည်ဟု ယူဆရသော မိုဘိုင်းဖုန်း ၃ လုံးကို သိမ်းဆည်းခဲ့သည်

ဒုတိယ ဖမ်းဆီးမူ ကို ထိုနေ့ညတွင် ကွာလာလမ်ပူ၊ အမ်ပန်ဘာရူးတွင် ပြုလုပ်ခဲ့ပြီး၊ ‘ရှာဟီဒ်’ ​ အေ့ဂျင့် ၏ ကြားခံသူများဟု ယူဆရသော ပါကစ္စတန်နိုင်ငံသား အမျိုးသား ၂ ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသား ၁ ဦးကို ဖမ်းဆီးခဲ့သည်ဟု ပြောကြားခဲ့သည်။
ကလန်း ဒေသမှ နိုင်ငံခြားသားများအား ပါမစ်အတု PLKS ဝန်ဆောင်မှုများကို ရင်ဂစ် ၈၀ မှ ၅၀၀ အထိ ကျသင့်ငွေဖြင့် ဝန်ဆောင်မူပေးနေတယ်လို့ဖော်ပြထားပါတယ်

ပါကစ္စတန်နိုင်ငံသားတစ်ဦးတွင် သန့်ရှင်းရေးကဏ္ဍအတွက် ပါမစ် PLKS ရှိပြီး၊ နောက်တစ်ဦးမှာ ဗီဇာသက်တမ်းကျော်လွန်နေထိုင်နေသူဖြစ်ကာ၊ မြန်မာနိုင်ငံသားတွင် UNHCR ကတ်ပြားရှိကြောင်း ဖော်ပြခဲ့သည်။
“ထပ်မံစစ်ဆေးမှုတွင် ပါကစ္စတန်၊ ဗီယက်နမ်၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ နှင့် သီရိလင်္ကာနိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ်တစ်ခုစီ၊ အတုဟု သံသယရှိသော မလေးရှားနိုင်ငံလက်မှတ် (Malpass) စတစ်ကာ ၂၄ ခု၊ နှင့် မိုဘိုင်းဖုန်း ၅ လုံးကို တွေ့ရှိခဲ့သည်” ဟု ၎င်းက ပြောကြားခဲ့သည်။

ဖမ်းဆီးခံရသည့် နိုင်ငံခြားသားအားလုံးကို နောက်ထပ်အရေးယူဆောင်ရွက်ရန်အတွက် ပူထရာဂျယာ လူဝင်မှုကြီးကြပ်ရေးဌာနသို့ ခေါ်ဆောင်သွားခဲ့ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အမျိုးသားတစ်ဦးအား စုံစမ်းစစ်ဆေးမှုကို ကူညီရန် တက်ရောက်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။
BH online