ထိုင်း-မြန်မာနယ်စပ်ရှိ စစ်တပ်၏ နောက်ဆုံး လက်ကျန်စခန်းဖြစ်သော ဝေါလေဗျူဟာ၏ လက်နက် တိုက်ကို ဒရုန်းဖြင့် ဗုံးကျဲဖျက်ဆီး၊ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲခုခံ

ထိုင်း-မြန်မာနယ်စပ်ရှိ စစ်တပ်၏ နောက်ဆုံး လက်ကျန်စခန်းဖြစ်သော ဝေါလေဗျူဟာ၏ လက်နက် တိုက်ကို ဒရုန်းဖြင့် ဗုံးကျဲဖျက်ဆီး၊ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲခုခံ
ရန်ကုန်၊ ဇူလိုင် ၁၃

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်တပ်၏ နောက်ဆုံး လက်ကျန်စခန်းဖြစ်သော ဝေါလေဗျူဟာ၏ လက်နက် တိုက်ကို ဒရုန်းဖြင့် ဗုံးကျဲဖျက်ဆီးခဲ့ကြောင်း Force for Federal Democracy – FFD တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ဇူလိုင်လ ၁၂ ရက်နေ့ တွင် ဝေါလေဗျူဟာစခန်းတွင် ကြီးမားသော ပေါက်ကွဲမှုကြီးတစ်ရပ်ဖြစ်ပွားခဲ့ကြောင်း ထိုင်းသတင်းဌာနများအားလုံးက သတင်းဖော်ပြခဲ့ပြီး အဆိုပါ ပေါက်ကွဲမှုမှာ FFD Drone တပ်ဖွဲ့ နှင့် တပ်မဟာ ၆ Drone တပ်ဖွဲ့တို့၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် ဝေါလေစစ်ကောင်စီတပ်စခန်း၏ လက်နက်တိုက် ပေါက်ကွဲခြင်းဖြစ်ကြောင်း ယနေ့မှ သတင်းထုတ်ပြန်လာခြင်းဖြစ်သည်။
“ဝေါလေဗျူဟာစခန်းကလည်း တော်လှန်ရေးတပ်တွေ အကုန်၀ိုင်းပြီး ပိတ်ဆို့ထားတယ်။ စစ်ကူလည်း မလာနိုင်သလို ပြေး ပေါက်လည်း မရှိဘူး။ စောစောစီးစီးလက်နက်ချရင် အသက်တွေ ချမ်းသာရာရမယ်။ ရက်ပိုင်းအတွင်း အဖြေထွက်ပါလိမ့်မယ်” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီကမူ ယနေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် ဝေါလေစခန်း မကျဆုံးစေရေးအတွက် လေယာဉ်ဖြင့် ဗုံးကျဲမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ သို့ရာတွင် တော်လှန်ရေးတပ်များဘက်မှ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။
ယနေ့ မွန်းလွဲပိုင်း စစ်ကောင်စီက ဝေါလေစခန်းကို ပိတ်ဆို့ တိုက်ခိုက်နေသော တော်လှန်ရေးတပ်များကို လေယာဉ်ဖြင့် ဗုံးကျဲရာတွင် Yak-130 အမျိုးအစား တိုက်လေယာဉ် ၂ စီးကို အသုံးပြုခဲ့ပြီး ဗုံး ၇ လုံးကျဲချခဲ့ကြောင်း ထိုင်းသတင်းဌာနများက သတင်းဖော်ပြသည်။
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်တစ်ခုလုံးတွင် စစ်ကောင်စီ၏ တပ်စခန်း ၂ ခုသာ ကျန်ရှိတော့ပြီး ဝေါလေ ဗျူဟာစခန်းနှင့် တီသဲလယ်စခန်းတို့ဖြစ်သည်။

စစ်ကောင်စီ၏ ဝေါလေဗျူဟာ လက်နက်တိုက် FFDနှင့် KNLA ဒရုန်းတပ် ပူးပေါင်းတိုက်ခိုက် ဖောက်ခွဲခဲ့ဟုထုတ်ပြန်
ဇူလိုင်-၁၃၊၂၀၂၅။ထားမြတ်/People’s Spring
ကရင်ပြည်နယ်၊မြ၀တီမြို့နယ်ရှိ စစ်တပ်၏ဝေါလေဗျူဟာစခန်း၏ လက်နက်တိုက်ကို ဒရုန်းဖြင့် တိုက်ခိုက်ဖောက်ခွဲခဲ့ကြောင်း Force for Federal Democracy(FFD)က ယနေ့ ဇူလိုင် ၁၃ရက်တွင် ရုပ်သံမှတ်တမ်းထုတ်ပြန်သည်။
ဝေါလေဗျူဟာလက်နက်တိုက်ကို FFD ဒရုန်း တပ်ဖွဲ့နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၆)ဒရုန်း တပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက် ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်းဖော်ပြသည်။
တိုက်ခိုက်မှု ဖြစ်စဉ် အသေးစိတ် ဖော်ပြမထားသော်လည်း ရုပ်သံမှတ်တမ်းတွင်ကြီးမားသည့် ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရသည်။
အဆိုပါ တိုက်ခိုက်မှု အခြေအနေများနှင့်ပတ်သက်ပြီး မေးမြန်းရန်FFD ဒုတာဝန်ခံ ကိုအောင်အောင်ထံသို့ဆက်သွယ်ထားဆဲဖြစ်သည်။
KNU ပူးပေါင်းတပ်က ၀ိုင်းပတ်ပိတ်ဆို့တိုက်ခိုက်နေသည့် ဝေါလေဗျူဟာတွင် ဇူလိုင် ၁၁ရက်က ပြင်းထန်သည့်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ထိုင်နိုင်ငံဘက်မှ အဆို​ပေါက်ကွဲမှုကို မှတ်တမ်းတင်ထား​သောရုပ်သံမှတ်တမ်းများစတင်ထွက်​ပေါ်ခဲ့သည်။
ယင်းပေါက်ကွဲမှုမှာ တော်လှန်ရေးပူးပေါင်းတပ်ဘက်က ဒရုန်းဖြင့်တိုက်ခိုက်ခဲ့၍ ဖြစ်သည်ဟု KNU သတင်းရင်းမြစ်ကဇူလိုင် ၁၂ရက်တွင် ပြောပြထားသည်။
“ကျနော်တိုဘက်က ချတာ။ဒီဘက်ကတော့ တဆင့်ခြင်းတဆင့်လေ။ ဝိုင်းပတ်ပိတ်ဆိုထားပြီးဒရုန်းနဲ့ပဲစစ်ဆင်တာပေါ့။ ဒရုန်းက အခုက အလေးချိန်က တော်တော်ကြီးတဲ့ အလေးချိန်ဆိုတော့ပေါက်ကွဲမှုကလည်း အားပြင်းတာပေါ့။ အဲဒီလိုမျိုး”ဟု KNU သတင်းရင်းမြစ်ကပြောထားသည်။
အဆိုပါပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်အပြင် ဝေါလေဗျူဟာ၏ ကာကင်းစခန်းကြီးဖြစ်သော ဥကရစ်ထ တပ်စခန်းကို KNU/PDF ပူးပေါင်းတပ်ကဇူလိုင် ၁၂ရက်တွင်သိမ်းပိုက်နိုင်ခဲ့သည်။ကျန်နေသည့် ဝေါလေဗျူဟာကိုလည်း ဆက်လက်သိမ်းပိုက်နိုင်ရန် တိုက်ခိုက်နေကြောင်း KNU သတင်းရင်းမြစ်က ယနေ့ ပြောပြသည်။
“ဘာဖြစ်လိုလည်းဆိုတော့ သူတိုစခန်းတွေကဘာမှမရှိတော့ဘူး။နောက်ပြီးတော့ဟိုတနေ့က သူများသူ့ကို ဒရုန်းသွားချတာသူတိုစခန်းတော်တော်
ပျက်နေပြီ။ပျက်နေပြီဆိုတော့သူတိုလည်းတော်
တော်ကြောက်လန့်နေပြီ”ဟုKNUသတင်းရင်းမြစ်ကပြောသည်။
KNU နှင့် PDF ပူးပေါင်းတပ်များသည် မြ၀တီမြို့နယ်အတွင်း မြန်မာ-ထိုင်းနယ်စပ်တလျောက်ရှိ စစ်ကောင်စီစခန်းများကို တခုပြီးတခု သိမ်းပိုက်လျက်ရှိရာ ပြီးခဲ့သည့် တလခွဲကျော်အတွင်း ဘ
လယ်ဒို၊ ကနဲလေး၊ ရွှေအေးမြိုင်၊ ဘုရင့်နောင်၊ မော်ခီး၊သေ့ဘောဘိုး၊ ထိကပလယ်၊ ဥကရစ်ထ စခန်းများသိမ်းပိုက်ထားနိုင်ခဲ့ပြီး ဝေါလေနှင့်တိသဲလယ် စခန်းတို့သာ ကျန်တော့သည်။
ရုပ်သံ-FFD