မွေးဖွားပြီးခါစ ကလေးငယ်တစ်ဦးကို လမ်းဘေးတွင် တွေ့ရှိခဲ့ပြီး ရဲက စွန့်ပစ်သွားခဲ့တဲ့ ၁၇နှစိအရွယ်
အမျိုးသား တစ်ယောက်ကိုဖမ်းဆီးဖို့ရှာဖွေနေပါပြီ
ဆွန်ဂိုင်းပီတနီ၊ ၁၃ ဇူလိုင် –
လမ်းဘေးတွင် ကြားရသော ကလေးငယ်၏ ငိုသံကြောင့် ဘူကစ်ဆလမ်ဘောရှိ တမန် ချန်ပါကာအင်ဒါ ၃၉ တွင် မွေးခင်းစ ကလေးငယ်တစ်ဦးကိုလာရောက်စွန့်ပစ်ခဲ့ပါတယ်
နံနက် ၉ နာရီ ၅၅ မိနစ်ခန့်တွင် အနီးနားပတ်ဝန်းကျင် က တွေ့ရှိခဲ့ပြီးတဲ့နောက်
တွေ့ရှိတဲ့သူက ကလေးမှာ အဝတ်အစားမပါရှိပဲ လမ်းဘေးမှာ စွန့် ပစ် ထားခဲ့တယ်လို့ပြောပါတယ်
ထိုကေလးငယ် ဆက်လက်စစ်ဆေးရန်နှင့် ဆေးကုသမှုအတွက် ဆလတန်အဘဒူလ်ဟလမ်ဆေးရုံ (HSAH) အရေးပေါ်ဌာနသို့ ပို့ဆောင်ခဲ့ပြီး ကျန်းမာရေးအခြေအနေ ကောင်းမွန်ပြီး မျက်နှာနှင့် ညာဘက်ခန္ဓာကိုယ်တွင် အချို့သော ဒဏ်ရာများသာ ရှိသည်ဟု ပြောဆိုထားပါတယ်
စွန့်ပစ်ကိစ္စနှင့်ပတ်သတ်ပြီး ရဲတပ်ဖွဲ့သည် စစ်ဆေးရန်အတွက် အသက် ၁၇ နှစ်ရှိ လူငယ်အမျိုးသားတစ်ဦးကို လိုက်ရှာနေပြီး ၁၉ နှစ်အရွယ် မိန်းကလေးကိုတော့ က ေလးငယ် မွေးဖွားပြီးနောက် ဆေးကုသမှုခံယူနေသောကြောင့် ယခု အချိန်ထိ ဖမ်းဆီးထားခြင်းမပြုလုပ်သေးဟု ဖော်ပြချက်အရသိရပါတယ်
ဤအမှုကို မွေးဖွားမှုကို ဖုံးကွယ်ခြင်း နှင့် စွန့်ပစ် ခြင်း အတွက် ဥပဒေပုဒ်မ ၃၁၇ အရ စစ်ဆေးလျက်ရှိသည်