Author: admin

  • ဖြူးမြို့နယ်၊ ညောင်ပင်သာရွာရှိ ရဲစခန်းနှင့် ဘုန်းကြီးကျောင်းတို့၌ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦး သေဆုံး

    ဖြူးမြို့နယ်၊ ညောင်ပင်သာရွာရှိ ရဲစခန်းနှင့် ဘုန်းကြီးကျောင်းတို့၌ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦး သေဆုံး

    by

    in

    ဖြူးမြို့နယ်၊ ညောင်ပင်သာရွာရှိ ရဲစခန်းနှင့် ဘုန်းကြီးကျောင်းတို့၌ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦး သေဆုံး ရန်ကုန်၊ အောက်တိုဘာ ၁၁ ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာရွာရှိ ရဲစခန်းနှင့် ဘုန်းကြီးကျောင်းတို့၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၆ ဦး သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် ပကဖ စစ်ရေး တာဝန်ခံ ရဲဘော်သစ္စာက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ အောက်တိုဘာလ ၉ ရက်နေ့ နံနက် ၁ နာရီ ၄၈ မိနစ်နှင့် ၅၂ မိနစ်ခန့်တွင် ညောင်ပင်သာရွာရှိ ရဲစခန်းနှင့် ဘုန်းကြီးကျောင်းတို့၌ တပ်စွဲထားသော…

  • ရွှေပြည်သာမြို့ (၁၉)ရပ်ကွက်ရုံး ဖောက်ခွဲတိုက်ခိုက်

    ရွှေပြည်သာမြို့ (၁၉)ရပ်ကွက်ရုံး ဖောက်ခွဲတိုက်ခိုက်

    by

    in

    ရွှေပြည်သာမြို့ (၁၉)ရပ်ကွက်ရုံး ဖောက်ခွဲတိုက်ခိုက် သတိုး/People’s Spring ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် (၁၉)ရပ်ကွက်ရုံးအား ပြင်းအားမြင့် လက်ပစ်ဗုံးများဖြင့် တိုက်ခိုက်ခဲ့ရာ အုပ်ချုပ်ရေးမှူးအပါအဝင် သုံးဦးခန့် ဒဏ်ရာရနိုင်ကြောင်း Yangon Army မှတာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။ “အုပ်ချုပ်ရေးမှူး စိုးထွန်းလည်းထိတယ်။ သုံးယောက်ထက်ပိုဖို့ပဲရှိမယ်”ဟု ယနေ့ညတိုက်ခိုက်မှုနှင့်ပတ်သက်၍ ၎င်းက ပြောသည်။ အောက်တိုဘာ ၁၀ရက် ည ၈နာရီခန့်တွင် အဆိုပါရပ်ကွက်ရုံးကို Yangon Army (YA) ၊ အနောက်ပိုင်းခရိုင် ပကဖ အဖွဲ့တို့ပူးပေါင်း၍ပြင်းအားမြင့်လက်ပစ်ဗုံးများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ရွှေပြည်သာ‌မြို့နယ်၌ ယနေ့ည ပေါက်ကွဲသံသုံးချက်ကြားရပြီး စစ်ကောင်စီလက်အောက်ခံ သုံးဦးခန့် ဒဏ်ရာရနိုင်ကြောင်း ဒေသခံတစ်ဦး၏ သတင်းပေးပို့ချက်ကို Hlaing Infoတွင် ဖော်ပြထားသည်။ “ပြည်သူအားမျိုးစုံဖိနှိပ်အနိုင်ကျင့်နေသောတရားမဝင်ရွေးကောက်ပွဲအတွက်အတင်းအဓမ္မသန်းခေါင် စာရင်းကောက်ခံနေကြသောအုပ်ချုပ်ရေးမှူးများနှင့် နောက်လိုက်များကိုကျွန်ုပ်တို့အနေဖြင့် ထိထိရောက်ရောက်ထပ်မံတိုက်ခိုက်သွားမည် ဖြစ်ကြောင်းထပ်မံအသိပေးလိုက်ပါသည်။”ဟု Yangon…

  • မြင်းခြံခရိုင်နှင့်ညောင်လေးပင်မြို့နယ်အတွင်း စစ်ကောင်စီ အလိုကျ သန်းခေါင်စာရင်းကောက်ယူသူများကို ပြင်းထန်စွာ အရေးယူသွားမည်ဟု သတိပေး

    မြင်းခြံခရိုင်နှင့်ညောင်လေးပင်မြို့နယ်အတွင်း စစ်ကောင်စီ အလိုကျ သန်းခေါင်စာရင်းကောက်ယူသူများကို ပြင်းထန်စွာ အရေးယူသွားမည်ဟု သတိပေး

    by

    in

    မြင်းခြံခရိုင်နှင့်ညောင်လေးပင်မြို့နယ်အတွင်း စစ်ကောင်စီ အလိုကျ သန်းခေါင်စာရင်းကောက်ယူသူများကို ပြင်းထန်စွာ အရေးယူသွားမည်ဟု သတိပေး ရန်ကုန်၊ အောက်တိုဘာ ၁၁ မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြို့ရွာများ၌ သန်းခေါင်စာရင်းကောက်ယူသူများကို ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင်ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ပြည်သူ့ဆန္ဒကို ဆန့်ကျင်ခဲ့သည့် အာဏာသိမ်းစစ်ကောင်စီသည် ၎င်းတို့ စတင်ခဲ့သည့် ပြည်တွင်းစစ် တိုက်ပွဲတိုင်း၌ အရှုံးကြီးရှုံးကာ PDF နှင့် EROs တပ်များက စစ်ကောင်စီ သိမ်းပိုက် ထိမ်းချုပ်ထား သည့် မြို့၊ ရွာများကို ပြာပုံအတိဖြစ်အောင် လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်လျက်ရှိကြောင်း၊ ထိုသို့ ဗုံးကျဲ တိုက်ခိုက်ခြင်း၊ ပြည်သူလူထုမြောက်များစွာကို သတ်ဖြတ်ခြင်း၊ မြို့ရွာများကို မီးရှို့ဖျက်ဆီး ခြင်း စသည့် စစ်ရာဇဝတ်မှုများကို…

  • ရခိုင်ပြည်တွင် AA က ကမ်းခြေစောင့်လုံခြုံရေးတပ်ဖွဲ့နှင့် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့များ ဖွဲ့စည်း ကင်းလှည့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅ ဦးကို နတ်မြစ်အတွင်း ဖမ်းဆီးရရှိခဲ့ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် ညှိနှိုင်း  ပြန်လည်လွှတ်ပေးခဲ့

    ရခိုင်ပြည်တွင် AA က ကမ်းခြေစောင့်လုံခြုံရေးတပ်ဖွဲ့နှင့် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့များ ဖွဲ့စည်း ကင်းလှည့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅ ဦးကို နတ်မြစ်အတွင်း ဖမ်းဆီးရရှိခဲ့ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် ညှိနှိုင်း ပြန်လည်လွှတ်ပေးခဲ့

    by

    in

    ရခိုင်ပြည်တွင် AA က ကမ်းခြေစောင့်လုံခြုံရေးတပ်ဖွဲ့နှင့် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့များ ဖွဲ့စည်း ကင်းလှည့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅ ဦးကို နတ်မြစ်အတွင်း ဖမ်းဆီးရရှိခဲ့ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် ညှိနှိုင်း ပြန်လည်လွှတ်ပေးခဲ့ ရန်ကုန်၊ အောက်တိုဘာ ၁၁ ရခိုင်ပြည်တွင် အာရက္ခတပ်တော် AA က ကမ်းခြေစောင့် လုံခြုံရေးတပ်ဖွဲ့နှင့် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့များ ဖွဲ့စည်းရေး လုံခြုံရေးကင်းလှည့်မှုများ လုပ်ဆောင်နေကြောင်း AA က တရားဝင် သတင်းထုတ်ပြန်ထားသည်။ AAအာရက္ခစစ်သည်တော်များ၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များက အာရက္ခဒေသနေ အပြစ်မဲ့ အရပ်သားပြည်သူများကို လူမျိုးမရွေး၊ ဘာသာမရွေး ခွဲခြားဘက်လိုက်မှုမရှိဘဲ ၎င်းတို့၏ အသက်၊ အိုးအိမ်၊ စည်းစိမ်နှင့် လုံခြုံရေးတို့ကို အထူးအလေးထားသကဲ့သို့ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နတ်မြစ်ကြောင်းတစ်လျှောက်တွင် အကြမ်းဖက်သမားများ ခိုအောင်းကျက်စားနိုင်မှုမရှိစေရေးတို့အတွက် ဒေသခံပြည်သူလူ ထုများနှင့် ပူးပေါင်းကာ…

  • ရခိုင်-မြန်မာ တေးသံရှင် ဆုမြတ်ထက်ကို စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်ပြီး မရမ်းကုန်း စစ်ကြောရေးစခန်းတွင် စစ်ဆေးနေ

    ရခိုင်-မြန်မာ တေးသံရှင် ဆုမြတ်ထက်ကို စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်ပြီး မရမ်းကုန်း စစ်ကြောရေးစခန်းတွင် စစ်ဆေးနေ

    by

    in

    ရခိုင်-မြန်မာ တေးသံရှင် ဆုမြတ်ထက်ကို စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်ပြီး မရမ်းကုန်း စစ်ကြောရေးစခန်းတွင် စစ်ဆေးနေ ရန်ကုန်၊ အောက်တိုဘာ ၁၁ အကြမ်းဖက်စစ်ကောင်စီက ရခိုင်-မြန်မာ တေးသံရှင် မဆုမြတ်ထက်ကို ဖမ်းဆီးထားပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ်ကာ မရမ်းကုန်းစစ်ကြောရေးတွင် စစ်ဆေးနေကြောင်း စုံစမ်းသိရှိရသည်။ အောက်တိုဘာ ၇ ရက် မွန်းလွဲ ၁ နာရီအချိန် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မဆုမြတ်ထက်ကို ရန်ကုန် တာမွေမြို့ရှိ နေအိမ်မှဖမ်းဆီးသွားပြီး လက်ရှိ မရမ်းကုန်းမြို့နယ် ၈ မိုင်ရှိ စစ်ကောင်စီ တပ်စခန်း စစ်ကြောရေးတွင် စစ်ဆေးခံနေရကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ “မဆုမြတ်ထက်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ သိရတယ်။ ဘယ်ပုဒ်မနဲ့ဆိုတာကတော့ မသိရသေးဘူး။ မရမ်းကုန်းမြို့နယ် ၈ မိုင်က…

  • ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၇၀ ဝန်းကျင်သေဆုံးပြီး အလင်းဝင်သူနှင့် စစ်သုံ့ပန်း ၁၅၀  ဦး ဖမ်းဆီးရရှိကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၇၅ ဦး ပျောက်ဆုံး

    ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၇၀ ဝန်းကျင်သေဆုံးပြီး အလင်းဝင်သူနှင့် စစ်သုံ့ပန်း ၁၅၀ ဦး ဖမ်းဆီးရရှိကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၇၅ ဦး ပျောက်ဆုံး

    by

    in

    ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၇၀ ဝန်းကျင်သေဆုံးပြီး အလင်းဝင်သူနှင့် စစ်သုံ့ပန်း ၁၅၀ ဦး ဖမ်းဆီးရရှိကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၇၅ ဦး ပျောက်ဆုံး ရန်ကုန်၊အောက်တိုဘာ ၁၁ စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၇၀ ဦးဝန်းကျင်သေဆုံးပြီး အလင်းဝင်သူနှင့် စစ်သုံ့ပန်း ၁၅၀ ဦး ဖမ်းဆီးရရှိကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၇၅ ဦး ပျောက်ဆုံးနေကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသက သတင်းထုတ်ပြန်သည်။ ပင်လည်ဘူးမြို့ကို ဩဂုတ်လ ၁၅ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ကာ အောက်တိုဘာလ ၈ ရက်နေ့တွင် အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ၇၀ ဦးခန့် သေဆုံးပြီး ၂၇၅ ဦး ပျောက်ဆုံးနေကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၂၅…

  • မှော်ဘီလေတပ်သို့ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှု အရာရှိ ၂ ဦး အပါအဝင် စစ်သား ၆ ဦး သေဆုံးပြီး K8W အမောင်းသင်လေ ယာဉ် ဂိုဒေါင် ထိခိုက်ပျက်စီး

    မှော်ဘီလေတပ်သို့ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှု အရာရှိ ၂ ဦး အပါအဝင် စစ်သား ၆ ဦး သေဆုံးပြီး K8W အမောင်းသင်လေ ယာဉ် ဂိုဒေါင် ထိခိုက်ပျက်စီး

    by

    in

    မှော်ဘီလေတပ်သို့ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှု အရာရှိ ၂ ဦး အပါအဝင် စစ်သား ၆ ဦး သေဆုံးပြီး K8W အမောင်းသင်လေ ယာဉ် ဂိုဒေါင် ထိခိုက်ပျက်စီး ရန်ကုန်၊ အောက်တိုဘာ ၁၀ ရန်ကုန်မြို့၊ မှော်ဘီမြို့ရှိ မှော်ဘီလေတပ်အတွင်းသို့ ရှော့တိုက်ဒုံး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိ ၂ ဦးအပါအဝင် စစ်သား ၆ ဦးသေဆုံးခဲ့ပြီး K8W အမောင်းသင်လေယာဉ် ဂိုဒေါင် ထိခိုက် ပျက်စီးခဲ့ကြောင်း Civilian Military – SRDF အထူး စစ်ဆင်ရေးစစ်ကြောင်းမှ တာဝန်ရှိ သူတစ် ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့‌ အောက်တိုဘာလ ၉ ရက် ည ၇ နာရီ…

  • မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု နည်းပါးနေသဖြင့်  ပြည်တွင်း စီးပွားရေး သမားများ စိုက်ပျိုးမွေးမြူရေး လုပ်ရန် အကြမ်းဖက် မင်းအောင်လှိုင် တိုက်တွန်း

    မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု နည်းပါးနေသဖြင့် ပြည်တွင်း စီးပွားရေး သမားများ စိုက်ပျိုးမွေးမြူရေး လုပ်ရန် အကြမ်းဖက် မင်းအောင်လှိုင် တိုက်တွန်း

    by

    in

    မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု နည်းပါးနေသဖြင့် ပြည်တွင်း စီးပွားရေး သမားများ စိုက်ပျိုးမွေးမြူရေး လုပ်ရန် အကြမ်းဖက် မင်းအောင်လှိုင် တိုက်တွန်း ရန်ကုန်၊ အောက်တိုဘာ ၁၀ မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု နည်းပါးနေသဖြင့် ပြည်တွင်းစီးပွားရေးသမားများ စိုက်ပျိုးမွေးမြူရေး လုပ်ရန် အကြမ်းဖက် မင်းအောင်လှိုင်က တိုက်တွန်းပြောဆိုသည်။ ယမန်နေ့ ရေဘေးအလှူငွေ တတိယအကြိမ် ပေးအပ်ပွဲတွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ နည်းပါးလျက်ရှိခြင်းကြောင့် ပြည်တွင်းကုန်ထုတ် လုပ်မှုများ မြှင့်တင်နိုင်ရေး လုပ်ငန်းရှင်များအနေဖြင့် ၀ိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများတွင် ဝင်ရောက် ရင်းနှီးမြှုပ်နှံဆောင်ရွက်ကြစေလိုကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က တိုက်တွန်းသည်။ UMFCCI မှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကမူ လက်ရှိ စီးပွားရေးအခြေအနေမှာ…

  • အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းတွင် အဓိကစခန်းကြီးများ ကျသွားပြီးနောက် စစ်ကောင်စီက တပ်မိသားစုဝင်များကို ကုန်ကားကြီးများဖြင့် ပြောင်းရွှေ့ပေး၍ အထူးခံစစ်ပြင်ဆင်နေ

    အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းတွင် အဓိကစခန်းကြီးများ ကျသွားပြီးနောက် စစ်ကောင်စီက တပ်မိသားစုဝင်များကို ကုန်ကားကြီးများဖြင့် ပြောင်းရွှေ့ပေး၍ အထူးခံစစ်ပြင်ဆင်နေ

    by

    in

    အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းတွင် အဓိကစခန်းကြီးများ ကျသွားပြီးနောက် စစ်ကောင်စီက တပ်မိသားစုဝင်များကို ကုန်ကားကြီးများဖြင့် ပြောင်းရွှေ့ပေး၍ အထူးခံစစ်ပြင်ဆင်နေ ဧရာဝတီတိုင်းမ် အောက်တိုဘာ ၉ရက် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို ကာကွယ် ထားသည့် အဓိက စခန်းကြီးများ အာရက္ခတပ်တော် (AA) ထံကျသွားပြီးနောက် ဌာနချုပ်အတွင်းမှ တပ်မိသားစုဝင်များကို နေရာပြောင်းရွှေ့ပေးနေကြောင်း သိရသည်။ ပခအတွင်းမှ စစ်ကောင်စီတပ် အရာရှိများ၏ မိသားစုများနှင့် တပ်မိသားစုဝင်များကို ယမန်နေ့ အောက်တိုဘာ ၈ ရက်နေ့ နံနက် ၇ နာရီခန့်ကစတင်၍ ကုန်ကားကြီးများအပါအဝင် အိမ်စီးကားများနှင့် စုစုပေါင်း ကားအစီးရေ ၂၀ကျော်ဖြင့် မကွေးဘက်သို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။ “အရပ်သားတွေဆီက ကုန်ကားတွေချောဆွဲပြီး တပ်ထဲခေါ်သွားတယ်။ မကွေးဘက်ကို မောင်းပို့ ပေးရမယ်ပြောတယ်။ ကုန်ကား အစီး၂၀လောက်ပါမယ်”…

  • ရန်ကုန်အင်အားစု သပိတ်ခေါင်းဆောင် ဖမ်းဆီးခံရ

    ရန်ကုန်အင်အားစု သပိတ်ခေါင်းဆောင် ဖမ်းဆီးခံရ

    by

    in

    ရန်ကုန်အင်အားစု သပိတ်ခေါင်းဆောင် ဖမ်းဆီးခံရ ဂျူချန်း မဇ္ဈိမ။ ။ ရန်ကုန်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (Anti-Junta Alliance Yangon – AJAY)၏ ဦးဆောင်သူ တဦးဖြစ်သူ ကိုပိုင်ဖြိုးမင်း(ခ) ဒီရေအား စစ်ကောင်စီမှ ယမန်နေ့( အောက်တိုဘာ ၉ ရက် )ည ၁၁ နာရီခွဲအချိန်တွင် ဧည့်စာရင်းအကြောင်းပြကာ ဝင်ရောက်ရှာဖွေ ဖမ်းဆီးသွားကြောင်း AJAY မှ ယနေ့ အောက်တိုဘာ ၁၀ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ “ဧည့်စာရင်းဝင်စစ်တယ်လို့ သတင်းပို့ပြီး အဆက်သွယ်ပြတ်သွားတယ်။ ကိုပိုင်ဖြိုးမင်း နေထိုင်တဲ့အိမ်ကို မတရားဝင်စီးပြီးတော့ မတရားဝင်ဖမ်းသွားတာပါ။ ကိုပိုင်ဖြိုးမင်းက ရန်ကုန်မြို့ပြ သပိတ်တွေမှာ သပိတ်ခေါင်းဆောင် တဦးအနေနဲ့ ရွံရွံချွံချွံ ပါဝင်ခဲ့တဲ့သူတဦး။ ဒါကိုလည်း ရန်သူက သိပြီးတော့ သဲကြီးမဲကြီးလိုက်နေတယ်။ အထူးသဖြင့်…