Author: admin
-
မန္တလေးအနီး ရွှေတွင်းစောင့်တပ်ကို MDY-PDF ဝင်တိုက်
ပုသိမ်ကြီးမြို့နယ် ရွှေတွင်းတွင် အင်အား ၃၀ ဖြင့် စခန်းချထားသောတပ်ကို MDY-PDF က တိုက်ခိုက်ရာ လေတပ်နှင့် အခြားစစ်စခန်းတစ်ခုက ပြင်းပြင်းထန်ထန် ပစ်ကူပေးပြီး ခုခံခဲ့သည်ဟု သိရသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) က မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ဖယောင်းတောင် ရွှေတွင်းကို ယမန်နေ့ (သြဂုတ် ၆) ညနေပိုင်းတွင် ဝင်ရောက်စီးနင်းခဲ့သည်ဟု ဒေသခံများနှင့် စစ်ရေးသတင်းအရင်းအမြစ်များထံမှ သိရသည်။ ရွှေသတ္တုသိုက် တန်ချိန် ၄၇,၀၀၀ ကျော်ရှိနေနိုင်သည်ဟု ၂၀၁၉ ခုနှစ် အစီရင်ခံစာတစ်ခုက ခန့်မှန်းထားသည့် ထိုရွှေတွင်းသည် ပုသိမ်ကြီးမြို့နယ်အတွင်း ပြီးခဲ့သည့် ဇူလိုင်လလယ်က MDY-PDF သိမ်းဆည်းထားသည့် တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းဖြစ်သော အယ်လ်ဖာဘိလပ်မြေစက်ရုံနှင့် တစ်မိုင်ခွဲခန့်အကွာတွင် တည်ရှိသည်။ ရွှေတွင်းနှင့်အနီးတစ်ဝိုက်တွင် အင်အား ၃၀ ခန့်ဖြင့် တပ်စွဲထားသည့်စခန်းကို အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ…
-
ပြင်ဦးလွင်မြို့နယ်၊ ရတနာပုံဆိုင်ဘာစီးတီး အဆင့်မြင့် နည်းပညာတက္ကသိုလ်တွင် စစ်တပ်က ဝင်ရောက်တပ်စွဲသဖြင့် ကျောင်းသားကျောင်းသူများနှင့် ဆရာ၊ ဆရာမများ နေရပ်ပြန်
ပြင်ဦးလွင်မြို့နယ်၊ ရတနာပုံဆိုင်ဘာစီးတီး အဆင့်မြင့် နည်းပညာတက္ကသိုလ်တွင် စစ်တပ်က ဝင်ရောက်တပ်စွဲသဖြင့် ကျောင်းသားကျောင်းသူများနှင့် ဆရာ၊ ဆရာမများ နေရပ်ပြန် ရန်ကုန်၊ ဩဂုတ် ၇ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ရတနာပုံဆိုင်ဘာစီးတီး အဆင့်မြင့် နည်းပညာတက္ကသိုလ်တွင် စစ်တပ်က ယနေ့ ဝင်ရောက်တပ်စွဲသဖြင့် ကျောင်းသားကျောင်းသူများနှင့် ဆရာ၊ ဆရာမတချို့ နေရပ်ပြန်ကြကြောင်း အဆိုပါကျောင်းမှ ကျောင်းသားတချို့က ပြောဆိုကြသည်။ ရတနာပုံဆိုင်ဘာစီးတီး အဆင့်မြင့်နည်းပညာတက္ကသိုလ် (University of Technology -Yatanarpon Cyber City)သည် ပြင်ဦးလွင်မြို့နယ်/ရတနာပုံနည်းပညာမြို့သစ်အနီး ပြင်စာရွာနှင့်သုံးတောင်ရွာ အကြားတွင် တည်ရှိကြောင်း၊ ယနေ့ နံနက်ပိုင်းတွင် စစ်တပ်က အဆိုပါ တက္ကသိုလ်အတွင်းသို့ ဝင်ရောက်လာပြီး တပ်စွဲလိုက်သဖြင့် ကျောင်းသားကျောင်းသူတချို့နှင့် ဆရာ၊ ဆရာမတချို့တို့က ကြောက်လန့်ကာ နေရပ်ပြန်ကြခြင်းဖြစ်ကြောင်း သိရှိရသည်။ “ဒီနေ့ ပြင်ဦးလွင်…
-
သန်လျင်နှင့် ကော့မှူး မြို့နယ်ရှိ ကျေးရွာများတွင် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်း ဥပဒေနှင့် ကင်းစောင့်ရန် အကြောင်းပြ၍ ပြည်သူများထံမှ ငွေကြေး အမျိုးမျိုး တောင်းခံ
သန်လျင်နှင့် ကော့မှူး မြို့နယ်ရှိ ကျေးရွာများတွင် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်း ဥပဒေနှင့် ကင်းစောင့်ရန် အကြောင်းပြ၍ ပြည်သူများထံမှ ငွေကြေး အမျိုးမျိုး တောင်းခံ ရန်ကုန်| ဩဂုတ် ၇ ရန်ကုန်မြို့၊ သန်လျင်မြို့နယ်နှင့် ကော့မှူးမြို့နယ်ရှိ ကျေးရွာများတွင် အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်း ဥပဒေနှင့် ကင်းစောင့်ရန် အကြောင်းပြ၍ ပြည်သူများထံမှ ငွေကြေး အမျိုးမျိုး တောင်းခံနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ကော့မှူးမြို့နယ်ရှိ ဇလုတ်ကြီးကျေးရွာနှင့် အဖျောက်ကျေးရွာတို့တွင် အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများက စစ်မှုမထမ်းလိုသော လူငယ်များကို ၁ ဦးလျှင် ၃၀၀၀၀ သောင်းကျပ် တောင်းခံပြီး ပိုက်ဆံရှိ သင်္ဘောသားများကို စစ်မှုထမ်း ကင်းလွတ်ခွင့်ပေးထားပြီး အခွန်ငွေပေးဆောင်ရကြောင်း၊ ထို့ပြင်…
-
ရန်ကုန်မြို့စစ်မှုထမ်းရန်စစ်ကောင်စီဆက်လက်ခေါ်ယူ၊ဧည့်စာရင်းအကြောင်းပြပြီးငွေညစ်တောင်းခံမှုရှိ
ရန်ကုန်မြို့စစ်မှုထမ်းရန်စစ်ကောင်စီဆက်လက်ခေါ်ယူ၊ဧည့်စာရင်းအကြောင်းပြပြီးငွေညစ်တောင်းခံမှုရှိ Salween Press ဩဂုတ်လ ၆ ရက်၊ ၂၀၂၄ ရန်ကုန်မြို့တွင် စစ်မှုထမ်းရမည့်လူငယ်များကိုစစ်မှုထမ်းရန်ဆက်လက်ခေါ်ယူနေတယ်လို့ အမည်မဖော်လိုသည့်စစ်မှုထမ်းရမည့်မိသားစုထံမှသိရှိရသည်။ “စစ်မှုထမ်းဖို့အတွက်လာကြည့်သွားပြီး ဘယ်ရက်ခေါ်မယ်တော့ပြောမသွားဘူး။ လာမခေါ်ခင်တော့ တိမ်းရှောင်လိုက်ပြီး၊ တချို့ဆို တိမ်းရှောင်ဖို့အတွက်သွားလာရခက်ခဲတယ်။ အကြမ်းဖက်စစ်မှုထမ်းမှာပါတဲ့ တူတွေတော့တိမ်းရှောင်ခိုင်းလိုက်ပြီးလို့ပြောဆိုပါတယ်” ဟု စစ်မှုထမ်းရမည့်သူရဲ့မိသားစု၀င်တစ်ဉီးက ဦးကပြောပါတယ်။ ဒါ့အပြင် မင်္ဂလာဒုံမြို့နယ်တွင် စစ်မှုထမ်းဖို့လာရောက်ပြောဆိုထားတာလည်း ရှိနေတယ်လို့ စစ်မှုထမ်းရမည့်သူရဲ့မိသားစု၀င်တစ်ဦးကလည်းပြောပါတယ်။ မင်္ဂလာဒုံမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့၊ရဲနှင့်အုပ်ချုပ်ရေးမှူးအပါအဝင်ပူးပေါင်းအဖွဲ့မှ ဧည့်စာရင်း အကြောင်းပြပြီးဝင်ရောက်စစ်ဆေးကာဖုန်းများပါစစ်ဆေးနေတယ်လို့ဖုန်းအစစ်ခံရသည့် မင်္ဂလာဒုံမှာနေထိုင်သူတစ်ဦးကပြောပါတယ်။ “သူတို့က ဧည့်စာရင်းအကြောင်းပြပြီးဝင်စစ်တဲ့အချိန်မှာဖုန်းပါစစ်ဆေးတယ်။ သူတို့အလို မကျတာတွေ့ရင်ငွေညစ်တယ်။ နောက်ပြီးဖုန်းထဲမှာ VPNတွေ့ရင် သိန်းနဲ့ချီပေးနေရတာ ရှိတယ်” လို့ အဆိုပါ မင်္ဂလာဒုံမှာနေထိုင်သူက ပြောပါတယ်။ ရန်ကုန် ၊မန္တလေး၊နေပြည်တော်ကို ခရီးသွားသည့် ခရီးသည်များရဲ့ဖုန်းကို စစ်ဆေးတာရှိပြီး VPN တွေ့ရင်တစ်သိန်းကနေ ၃ သိန်းအထိ ငွေညစ်တောင်းတာရှိတယ်လို့လည်း မင်္ဂလာဒုံမှာနေထိုင်သူက ပြောဆိုပါသည်။…
-
နောင်ချိုမြို့နယ်အတွင်း အင်အားဖြည့်တင်းနေသော စစ်တပ်နှင့် မိုးကုတ်မြို့နယ်အတွင်း ထွက်ပြေးနေသော စစ်သားများကို TNLA က လိုက်လံ တိုက်ခိုက်နေပြီး တိုက်ပွဲဖြစ်ပွား
နောင်ချိုမြို့နယ်အတွင်း အင်အားဖြည့်တင်းနေသော စစ်တပ်နှင့် မိုးကုတ်မြို့နယ်အတွင်း ထွက်ပြေးနေသော စစ်သားများကို TNLA က လိုက်လံ တိုက်ခိုက်နေပြီး တိုက်ပွဲဖြစ်ပွား ရန်ကုန်၊ ဩဂုတ် ၆ ရှမ်းပြည်နယ် ၊ နောင်ချိုမြို့နယ်အတွင်း အင်အားဖြည့်တင်းနေသော စစ်တပ်နှင့် မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်အတွင်း ထွက်ပြေးနေသော စစ်သားများကို လိုက်လံ တိုက်ခိုက်နေပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA က ပြောဆိုသည်။ ယနေ့ ဩဂုတ်လ ၆ ရက်နေ့တွင် နောင်ချိုမြို့နယ်၊ ရွှေမုဠောရွာကို မွန်းလွဲ ၃ နာရီ ၁၅ မိနစ်ခန့်တွင် စစ်အင်အား ဖြည့်တင်းလာသော အကြမ်းဖက် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA တို့ ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ အလားတူ မိုးကုတ်မြို့နယ်အတွင်း ထွက်ပြေးသွားသော အကြမ်းဖက် စစ်ကောင်စီ၏…
-
“မန္တလေး PDFအဖွဲ့ ပွင့်ပွင့်လင်းလင်း ယနေ့ ကြေညာပြီ”
“မန္တလေး PDFအဖွဲ့ ပွင့်ပွင့်လင်းလင်း ယနေ့ ကြေညာပြီ”