ရန်ကုန်မြို့စစ်မှုထမ်းရန်စစ်ကောင်စီ‌ဆက်လက်ခေါ်ယူ၊ဧည့်စာရင်းအကြောင်းပြပြီးငွေညစ်တောင်းခံမှုရှိ

by

in

ရန်ကုန်မြို့စစ်မှုထမ်းရန်စစ်ကောင်စီ‌ဆက်လက်ခေါ်ယူ၊ဧည့်စာရင်းအကြောင်းပြပြီးငွေညစ်တောင်းခံမှုရှိ
Salween Press

ဩဂုတ်လ ၆ ရက်၊ ၂၀၂၄
ရန်ကုန်မြို့တွင် စစ်မှုထမ်းရမည့်လူငယ်များကိုစစ်မှုထမ်းရန်ဆက်လက်‌ခေါ်ယူနေတယ်လို့ အမည်မဖော်လိုသည့်စစ်မှုထမ်းရမည့်မိသားစုထံမှသိရှိရသည်။
“စစ်မှုထမ်းဖို့အတွက်လာကြည့်သွားပြီး ဘယ်ရက်ခေါ်မယ်တော့ပြောမသွားဘူး။ လာမခေါ်ခင်တော့ တိမ်းရှောင်လိုက်ပြီး၊ တချို့ဆို တိမ်းရှောင်ဖို့အတွက်သွားလာရခက်ခဲတယ်။ အကြမ်းဖက်စစ်မှုထမ်းမှာပါတဲ့ တူတွေတော့တိမ်းရှောင်ခိုင်းလိုက်ပြီးလို့ပြောဆိုပါတယ်” ဟု စစ်မှုထမ်းရမည့်သူရဲ့မိသားစု၀င်တစ်ဉီးက ဦးကပြောပါတယ်။
ဒါ့အပြင် မင်္ဂလာဒုံမြို့နယ်တွင် စစ်မှုထမ်းဖို့လာရောက်ပြောဆိုထားတာလည်း ရှိနေတယ်လို့ စစ်မှုထမ်းရမည့်သူရဲ့မိသားစု၀င်တစ်ဦးကလည်းပြောပါတယ်။
မင်္ဂလာဒုံမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့၊ရဲနှင့်အုပ်ချုပ်ရေးမှူးအပါအဝင်ပူးပေါင်းအဖွဲ့မှ ဧည့်စာရင်း အကြောင်းပြပြီးဝင်ရောက်စစ်ဆေးကာဖုန်းများပါစစ်ဆေးနေတယ်လို့ဖုန်းအစစ်ခံရသည့် မင်္ဂလာဒုံမှာနေထိုင်သူတစ်ဦးကပြောပါတယ်။
“သူတို့က ဧည့်စာရင်းအကြောင်းပြပြီးဝင်စစ်တဲ့အချိန်မှာဖုန်းပါစစ်ဆေးတယ်။ သူတို့အလို မကျတာတွေ့ရင်ငွေညစ်တယ်။ နောက်ပြီးဖုန်းထဲမှာ VPNတွေ့ရင် သိန်းနဲ့ချီပေးနေရတာ ရှိတယ်” လို့ အဆိုပါ မင်္ဂလာဒုံမှာနေထိုင်သူက ပြောပါတယ်။
ရန်ကုန် ၊မန္တလေး၊နေပြည်တော်ကို ခရီးသွားသည့် ခရီးသည်များရဲ့ဖုန်းကို စစ်ဆေးတာရှိပြီး VPN တွေ့ရင်တစ်သိန်းကနေ ၃ သိန်းအထိ ငွေညစ်တောင်းတာရှိတယ်လို့လည်း မင်္ဂလာဒုံမှာနေထိုင်သူက ပြောဆိုပါသည်။
#Salweenpress