နောင်ချိုမြို့နယ်အတွင်း အင်အားဖြည့်တင်းနေသော စစ်တပ်နှင့် မိုးကုတ်မြို့နယ်အတွင်း ထွက်ပြေးနေသော စစ်သားများကို TNLA က လိုက်လံ တိုက်ခိုက်နေပြီး တိုက်ပွဲဖြစ်ပွား

by

in

နောင်ချိုမြို့နယ်အတွင်း အင်အားဖြည့်တင်းနေသော စစ်တပ်နှင့် မိုးကုတ်မြို့နယ်အတွင်း ထွက်ပြေးနေသော စစ်သားများကို TNLA က လိုက်လံ တိုက်ခိုက်နေပြီး တိုက်ပွဲဖြစ်ပွား
ရန်ကုန်၊ ဩဂုတ် ၆

ရှမ်းပြည်နယ် ၊ နောင်ချိုမြို့နယ်အတွင်း အင်အားဖြည့်တင်းနေသော စစ်တပ်နှင့် မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်အတွင်း ထွက်ပြေးနေသော စစ်သားများကို လိုက်လံ တိုက်ခိုက်နေပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA က ပြောဆိုသည်။
ယနေ့ ဩဂုတ်လ ၆ ရက်နေ့တွင် နောင်ချိုမြို့နယ်၊ ရွှေမုဠောရွာကို မွန်းလွဲ ၃ နာရီ ၁၅ မိနစ်ခန့်တွင် စစ်အင်အား ဖြည့်တင်းလာသော အကြမ်းဖက် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA တို့ ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
အလားတူ မိုးကုတ်မြို့နယ်အတွင်း ထွက်ပြေးသွားသော အကြမ်းဖက် စစ်ကောင်စီ၏ လက်ကျန် စစ်သားများကိုလည်း တအာင်းတပ်မတော် TNLA က လိုက်လံ တိုက်ခိုက်ရာ စိန်ကုန်းရွာအနီးတဝိုက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။