ပြင်ဦးလွင်မြို့နယ်၊ ရတနာပုံဆိုင်ဘာစီးတီး အဆင့်မြင့် နည်းပညာတက္ကသိုလ်တွင် စစ်တပ်က ဝင်ရောက်တပ်စွဲသဖြင့် ကျောင်းသားကျောင်းသူများနှင့် ဆရာ၊ ဆရာမများ နေရပ်ပြန်

by

in

ပြင်ဦးလွင်မြို့နယ်၊ ရတနာပုံဆိုင်ဘာစီးတီး အဆင့်မြင့် နည်းပညာတက္ကသိုလ်တွင် စစ်တပ်က ဝင်ရောက်တပ်စွဲသဖြင့် ကျောင်းသားကျောင်းသူများနှင့် ဆရာ၊ ဆရာမများ နေရပ်ပြန်
ရန်ကုန်၊ ဩဂုတ် ၇
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ရတနာပုံဆိုင်ဘာစီးတီး အဆင့်မြင့် နည်းပညာတက္ကသိုလ်တွင် စစ်တပ်က ယနေ့ ဝင်ရောက်တပ်စွဲသဖြင့် ကျောင်းသားကျောင်းသူများနှင့် ဆရာ၊ ဆရာမတချို့ နေရပ်ပြန်ကြကြောင်း အဆိုပါကျောင်းမှ ကျောင်းသားတချို့က ပြောဆိုကြသည်။
ရတနာပုံဆိုင်ဘာစီးတီး အဆင့်မြင့်နည်းပညာတက္ကသိုလ် (University of Technology -Yatanarpon Cyber City)သည် ပြင်ဦးလွင်မြို့နယ်/ရတနာပုံနည်းပညာမြို့သစ်အနီး ပြင်စာရွာနှင့်သုံးတောင်ရွာ အကြားတွင် တည်ရှိကြောင်း၊ ယနေ့ နံနက်ပိုင်းတွင် စစ်တပ်က အဆိုပါ တက္ကသိုလ်အတွင်းသို့ ဝင်ရောက်လာပြီး တပ်စွဲလိုက်သဖြင့် ကျောင်းသားကျောင်းသူတချို့နှင့် ဆရာ၊ ဆရာမတချို့တို့က ကြောက်လန့်ကာ နေရပ်ပြန်ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဒီနေ့ ပြင်ဦးလွင် ၂၄ မိုင်ပြင်စာမှာ ရှိတဲ့ Yatanarpon Cyber City University မှာ တပ်လာစွဲပါတယ်။ အဲဒါကြောင့်ကျောင်း သား၊ ကျောင်းသူတွေ က ကျောင်းမတက်ကြတော့ဘဲ နေရပ် ပြန်ကုန်ပါပြီ ။ ဆရာ၊ ဆရာမတချို့လည်း နေရပ် အချို့လည်းပြန်ကုန်ကြပြီ” ဟု ကျောင်းသားတစ်ဦးက ဆိုသည်။
ထို့ပြင် ပြင်ဦးလွင် အဝင် ဝက်ဝံဂိတ်တွင်လည်း လုံခြုံရေးကို ယခင်ထက်ပိုမို တင်းကျပ်လိုက်ပြီး အိမ်စီးကားများ၊ ခရီးသည်တင်ကားများ ၊ ဆိုင်ကယ်များ အပါအဝင် အားလုံးကို လုံခြုံရေး အထူးတင်းကျပ်စစ်ဆေးလျက်ရှိကြောင်း၊ မသင်္ကာသူများကို ဖမ်းဆီး စစ်ဆေးမှုများလည်း လုပ်ဆောင်နေကြောင်း သိရှိရသည်။