Author: admin
-
ဗဟိုအမျိုးသမီးဆေးရုံကနေ ခိုးယူခံခဲ့ရတဲ့ ကလေးငယ်ကို ညောင်ခါးရှည်မှာ ပြန်တွေ့တယ်ဆိုပြီး လိမ်လည်ပြောဆိုကာ ကလေးမိဘတွေထံကနေ ငွေလိမ်တောင်းခံလို့ ကျပ်သုံးသောင်းပါသွား
ဗဟိုအမျိုးသမီးဆေးရုံကနေ ခိုးယူခံခဲ့ရတဲ့ ကလေးငယ်ကို ညောင်ခါးရှည်မှာ ပြန်တွေ့တယ်ဆိုပြီး လိမ်လည်ပြောဆိုကာ ကလေးမိဘတွေထံကနေ ငွေလိမ်တောင်းခံလို့ ကျပ်သုံးသောင်းပါသွား ◾ လက်ရှိအချိန်အထိ ကလေးငယ်ကို ပြန်ရှာမတွေ့သေးဘဲ လိုက်လံရှာဖွေနေတယ်လို့ ကလေးငယ်ရဲ့ မိသားစုဝင်တွေပြော ၃ဝ.၁ဝ.၂ဝ၂၄ Written by K Pyay Thein ဒီကနေ့ နံနက်အစောပိုင်းအချိန်က ရန်ကုန်မြို့၊ ဗဟိုအမျိုးသမီးဆေးရုံကနေ ခိုးယူခံခဲ့ရတဲ့ ကလေးကို ညောင်ခါးရှည်မှာပြန်တွေ့တယ်ဆိုပြီး လိမ်လည်ပြောဆိုကာ ကလေးမိဘတွေထံကနေ ငွေလိမ်တောင်းခံလို့ ကျပ်သုံးသောင်းပါသွားခဲ့တယ်လို့ ကလေးငယ်ရဲ့မိဘတွေထံကနေ သိရပြီး လက်ရှိအချိန်အထိ ကလေးငယ်ကို ပြန်ရှာမတွေ့သေးဘဲ လိုက်လံရှာဖွေနေတယ်လို့ ကလေးငယ်ရဲ့ မိသားစုဝင်တွေက ပြောပါတယ်။ “အခုရေးနေကြတာ ကလေးကိုပြန်တွေ့တယ်ဆိုတာမဟုတ်ပါဘူး။ သူတို့ရေးနေတာတွေက မဟုတ်ပါဘူး။ကလေးကိုရှာတုန်းပါ။ အစတုန်းက သူတို့က ကလေးကို ညောင်ခါးရှည်မှာတွေ့တယ်ဆိုပြီး ဖုန်းဆက်လာလို့ အဲ့ဒီကိုလိုက်မလို့မေးကြည့်တုန်း တစ်ဖက်ကလူတွေက သူတို့ကို ငွေတစ်သိန်းအရင်လွှဲပေးပါဆိုလို့…
-
အကြမ်းဖက် စစ်ကောင်စီက ပြည်သူလူထုကို ဖိနှိပ်ညှဉ်းပန်း သတ်ဖြတ်နေမှုများကို လက်မခံနိုင်တော့၍ ဗိုလ်မှူးအောင်မျိုးသွင် ဦးဆောင်သော အရာရှိနှင့် စစ်သည် ၃၅ ဦးပါ တပ်ဖွဲ့နှင့် ဗိုလ်မှူး အောင်ကိုထွေး ဦးဆောင်သော ၂၆ ဦး တပ်ဖွဲ့တို့ NUG ထံတွင် CDM ဝင်
အကြမ်းဖက် စစ်ကောင်စီက ပြည်သူလူထုကို ဖိနှိပ်ညှဉ်းပန်း သတ်ဖြတ်နေမှုများကို လက်မခံနိုင်တော့၍ ဗိုလ်မှူးအောင်မျိုးသွင် ဦးဆောင်သော အရာရှိနှင့် စစ်သည် ၃၅ ဦးပါ တပ်ဖွဲ့နှင့် ဗိုလ်မှူး အောင်ကိုထွေး ဦးဆောင်သော ၂၆ ဦး တပ်ဖွဲ့တို့ NUG ထံတွင် CDM ဝင် ရန်ကုန်၊ အောက်တိုဘာ ၃၀ အကြမ်းဖက် စစ်ကောင်စီက ပြည်သူများကို ဖိနှိပ်ညှဉ်းပန်း သတ်ဖြတ်နေမှုများကို မနှစ်မြို့တော့ဘဲ လက်မခံနိုင်တော့သဖြင့် ဗိုလ်မှူးအောင်မျိုးသွင် ဦးဆောင်သော အရာရှိနှင့်စစ်သည် ၃၅ ဦးပါ တပ်ဖွဲ့နှင့် ဗိုလ်မှူး အောင်ကိုထွေး ဦးဆောင်သော ၂၆ ဦး တပ်ဖွဲ့တို့က အမျိုးသားညီညွတ်ရေးအစိုးရ- NUG၊ကာကွယ်ရေးဝန်ကြီးဌာန ထံတွင် CDM ဝင်လိုက်ကြကြောင်း သိရှိရသည်။ ပလက်၀ အခြေစိုက် တပ်များမှ ဗိုလ်မှူး…
-
မန္တလေး ပရဟိတမင်းခေါင် ကယ်ဆယ်ရေးအသင်း ဥက္ကဌ အပါအဝင် တစ်သင်းလုံးကို စစ်အုပ်စုက ဖမ်းဆီးပြီး သတင်း အမှောင်ချထား၊
မန္တလေး ပရဟိတမင်းခေါင် ကယ်ဆယ်ရေးအသင်း ဥက္ကဌ အပါအဝင် တစ်သင်းလုံးကို စစ်အုပ်စုက ဖမ်းဆီးပြီး သတင်း အမှောင်ချထား၊ ဒေါ်လာ/MFP ၊ အောက်တိုဘာ – ၃၀ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အိုးဘို – အောင်ချမ်းသာရပ်ကွက်ရှိ ပရဟိတ မင်းခေါင် ရှာဖွေ ကယ်ဆယ်ရေး အသင်းရုံးကို အောက်တိုဘာလ ၂၆ရက် ညနေပိုင်းမှာ စစ်အုပ်စုက စီးနင်းပြီး အသင်း ဥက္ကဌ အပါအဝင် တစ်သင်းလုံးကို ဖမ်းခေါ်သွားတယ်လို့ အဲ့ဒီ အသင်းဝင်တွေနဲ့ နီးစပ်သူတချို့က MFP ကို ပြောပါတယ်။ အောက်တိုဘာလ ၂၆ရက် ညနေပိုင်းမှာ အရပ်ဝတ်တွေ၊ အိမ်စီးကားတွေနဲ့ လာတဲ့ စစ်အုပ်စုက ပရဟိတမင်းခေါင် အသင်းရုံးကို စီးနင်းကာ ရုံးမှာ ရှိနေသူတွေ အားလုံးကို ဖမ်းခေါ်သွားတာ…
-
လူသတ် အကြမ်းဖက်သမား မင်းအောင်လှိုင်ကို တရုတ်နိုင်ငံသို့ ဖိတ်ခေါ်မှု ပြန်လည်သုံးသပ်သင့်ပြီး တရုတ်အစိုးရ အပေါ် မြန်မာလူထု၏ အထင်အမြင်လွဲမှားမှုနှင့်အမုန်းပွားမှု ဖြစ်လာနိုင်သဖြင့် စိုးရိမ်ပူပန်ဟု NUG ပြော
လူသတ် အကြမ်းဖက်သမား မင်းအောင်လှိုင်ကို တရုတ်နိုင်ငံသို့ ဖိတ်ခေါ်မှု ပြန်လည်သုံးသပ်သင့်ပြီး တရုတ်အစိုးရ အပေါ် မြန်မာလူထု၏ အထင်အမြင်လွဲမှားမှုနှင့်အမုန်းပွားမှု ဖြစ်လာနိုင်သဖြင့် စိုးရိမ်ပူပန်ဟု NUG ပြော ရန်ကုန်၊ အောက်တိုဘာ ၃၀ အကြမ်းဖက် မင်းအောင်လှိုင်ကို လာမည့် နိုဝင်ဘာလတွင် တရုတ်နိုင်ငံသို့ ဖိတ်ခေါ်ထားသည်ဆိုသော သတင်းများ ထွက်ပေါ်နေပြီး ယင်းသတင်းများ မှန်ကန်ပါက တရုတ်အနေဖြင့် ယင်းသို့ ဖိတ်ခေါ်ထားမှုကို ပြန်လည် သုံးသပ်သင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောဆိုသည်။ NUG က တရားဝင် ထုတ်ပြန်သော “ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်း(Press Briefing)အစီအစဉ်”တွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။ အကြမ်းဖက်မင်းအောင်လှိုင် တရုတ်နိုင်ငံသို့ နိုဝင်ဘာလအတွင်း သွားရောက်ပြီး မဲခေါင်နိုင်ငံများဆိုင်ရာ အစည်းအဝေးတက်မည်ဆိုသော သတင်းများ မီဒီယာများမှတစ်ဆင့် သိရှိရကြောင်း၊…
-
“မန္တလေး..ကူးစက်ရောဂါဆိုးကြီးဒီနေဖြစ်နောက်နေ့ ေ.သဘဲသတိထားကျပါ”
“မန္တလေး..ကူးစက်ရောဂါဆိုးကြီးဒီနေဖြစ်နောက်နေ့ ေ.သဘဲသတိထားကျပါ”
-
KNLAပူးပေါင်းတပ်တိုက်နေသည့် ခေါပုတ်စခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ထွက်ပြေး
KNLAပူးပေါင်းတပ်တိုက်နေသည့် ခေါပုတ်စခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ထွက်ပြေး ဟန်နွေ/People’s Spring ဖာပွန်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ခေါပုတ်တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၅)ပူးပေါင်းတပ်က ထိုးစစ်ဆင် တိုက်ခိုက်နေရာ စစ်ကောင်စီတပ်သားများ ယမန်နေ့ (အောက်တိုဘာ ၂၉ရက်)တွင် စခန်းစွန့်ထွက်ပြေးသွားသည်ဟု သတင်းရကြောင်း KNU/KNLA တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောသည်။ ဖာပွန်မြို့မြောက်ဘက် ကီလို ၂၀ခန့်အကွာ( KNU အုပ်ချုပ်နယ်မြေရှိ လယ်တိုးတပ်စခန်းကို ပြီးခဲ့သည့်ရက်ပိုင်းကတည်းက KNLAပူးပေါင်းတပ်က ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟု ဆိုသည်။ ” စဖြစ်တာကတော့ သုံးလေးရက်လောက်ရှိပြီ။ မနေ့ကမှ ဒီစခန်းကနေပြီးတော့ ဟိုဘက်ကပေါ့ စစ်ကောင်စီဘက်က ထွက်ပြေးသွားတယ်လို့တော့ ကြားတယ်။ ဒါပေမဲ့ သူတို့ ကောင်းကောင်းမွန်မွန် မရှင်းလင်းရသေးဘူးလို့ ပြောပြတယ်။ ဒီညနေကျမှ သူတို့ သတင်းအတိအကျပေးမယ်ပြောတယ်”ဟု ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောသည်။ စခန်းအတွင်း စစ်ကောင်စီတပ်သားများ လုံး၀မရှိတော့ဟု…
-
စလင်းက စစ်တပ်ကင်းပုန်းကို တိုက်ခိုက် စစ်ကောင်စီတပ်သားများ သေဆုံးမှုများပြား (ရုပ်/သံ)
စလင်းက စစ်တပ်ကင်းပုန်းကို တိုက်ခိုက် စစ်ကောင်စီတပ်သားများ သေဆုံးမှုများပြား (ရုပ်/သံ) အောက်တိုဘာ ၃၀၊ ၂၀၂၄ မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်းက စစ်တပ်ကင်းပုန်းကို တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း ဒေါင်းစစ်အောင် LPDFက ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။ အောက်တိုဘာလ ၂၆ ရက်နေ့တွင် စလင်းမြို့နယ်အတွင်း ကင်းပုန်းဝပ်နေတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂၀ ခန့်ကို တော်လှန်ရေး တပ်ဖွဲ့များက စောင့်ကြို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါတယ်။ အောက်တိုဘာလ ၂၆ ရက်နေ့တွင် စလင်းမြို့နယ်အတွင်း ကင်းပုန်းဝပ်နေတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂၀ ခန့်ကို တော်လှန်ရေး တပ်ဖွဲ့များက စောင့်ကြို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါတယ်။ တိုက်ခိုက်မှု အတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိပြီး တော်လှန်ရေး တပ်ဖွဲ့များဘပ်မှ…
-
အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က ပိတ်ဆို့၍ တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်များအတွက် ပြေးစရာမြေမရှိတော့ဟုဆို
အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က ပိတ်ဆို့၍ တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်များအတွက် ပြေးစရာမြေမရှိတော့ဟုဆို ရန်ကုန်| အောက်တိုဘာ ၂၉ ရခိုင်ပြည် အမ်းမြို့သိမ်းတိုက်ပွဲတွင် အာရက္ခတပ်တော် AA ဖက်က အောင်မြင်မှုများနှင့်အတူ စစ်ရေးအသာစီးရနေပြီး စစ်ကောင်စီဖက်လည်း လေကြောင်းပစ်ကူပေး အပြင်းအထန် ခုခံနေကြောင်း သိရသည်။ အမ်းမြို့တွင် စစ်ကောင်စီ (မြန်မာစစ်တပ်) အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရှိပြီး ဗျူဟာကုန်းများအပါအဝင် စစ်ကောင်စီတပ်ရင်း ၁၀ ကျော်ရှိသည်။ ထိုအထဲက နပခ ဌာနချုပ်၏ အဓိက အရေးပါသော တောဟိန်းတောင်ဗျူဟာကုန်း၊ စွေ့ချောင်းဗျူဟာကုန်း၊ မဲတောင်ဗျူဟာကုန်းများကို AA က သိမ်းပိုက်ထားပြီး အမ်းမြို့ထဲက ဆက်လက် ထိုးစစ်ဆင်တိုက်ရာ တပ်ရင်းတပ်စခန်း ၅ ခုထက်မနည်းကို သိမ်းပိုက်ထားကြောင်း ဒေသခံ ကိုမျိုးလွင်က ပြောသည်။ “အမ်းမြို့…
-
စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ်မှ ဗိုလ်မှူးကြီးစောချစ်သူ၊ ဗိုလ်မှူး မုတ်သုန်၊ ဗိုလ်မှူးတင်ဝင်းနှင့် ချစ်လင်းမြိုင်ကုမ္ပဏီတို့ကို ဥရောပသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့အရေးယူ
စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ်မှ ဗိုလ်မှူးကြီးစောချစ်သူ၊ ဗိုလ်မှူး မုတ်သုန်၊ ဗိုလ်မှူးတင်ဝင်းနှင့် ချစ်လင်းမြိုင်ကုမ္ပဏီတို့ကို ဥရောပသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့အရေးယူ 🟥အွန်လိုင်းငွေလိမ်လည်မှု၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု အပါအဝင် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေ ရန်ကုန်၊ အောက်တိုဘာ ၃၀ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် အွန်လိုင်းငွေလိမ်လည်မှု၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုနှင့်နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ဆိုးရွားစွာ ကျူးလွန်နေသော ဗိုလ်မှူးကြီးစောချစ်သူ၊ ဗိုလ်မှူးမုတ်သုန်၊ ဗိုလ်မှူးတင်ဝင်းနှင့် ချစ်လင်းမြိုင်ကုမ္ပဏီတို့ကို ဥရောပသမဂ္ဂက ဒဏ်ပိတ်ဆို့အရေးယူလိုက်ကြောင်း EU က တရားဝင် သတင်းထုတ်ပြန် ကြေညာသည်။ အောက်တိုဘာလ ၂၉ ရက်နေ့တွင် မြန်မာစစ်ကောင်စီနှင့် ဆက်နွယ်နေသည့် နယ်ခြားစောင့်တပ်မှ တာဝန်ရှိသူ ၃ ဦးနှင့်ကုမ္ပဏီ ၁ ခုကို EU က ထိုသို့ ဒဏ်ခတ်ပိတ်ဆို့…
-
စဥ့်ကူးမြို့သိမ်းတိုက်ပွဲတွင် စစ်ကိုင်းတိုင်း၌ အကြမ်းဖက်သတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည့် ဘီလူးစစ်ကြောင်းကို မန္တလေး PDF က ဖမ်းဆီးရမိ ▪︎စစ်တပ် လေကြောင်းတိုက်ခိုက်မှုတွင် ဘီလူးစစ်ကြောင်းမှ ၄ ဦး သေဆုံး
စဥ့်ကူးမြို့သိမ်းတိုက်ပွဲတွင် စစ်ကိုင်းတိုင်း၌ အကြမ်းဖက်သတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည့် ဘီလူးစစ်ကြောင်းကို မန္တလေး PDF က ဖမ်းဆီးရမိ ▪︎စစ်တပ် လေကြောင်းတိုက်ခိုက်မှုတွင် ဘီလူးစစ်ကြောင်းမှ ၄ ဦး သေဆုံး ဇေအောင်/People’s Spring စဥ့်ကူးမြို့သိမ်းတိုက်ပွဲတွင် စစ်ကိုင်းတိုင်း၌ အ ကြမ်းဖက်သတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည့် ဘီ လူးစစ်ကြောင်းကို မန္တလေး PDF က ဖမ်းဆီးရမိခဲ့ပြီး ယမန်နေ့က လေကြောင်းတိုက်ခိုက်မှုတွင် ဘီ လူးစစ်ကြောင်းမှ ၄ ဦး သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောသည်။ စဥ့်ကူးမြို့ကို ဇူလိုင် ၁၇ ရက်က သိမ်းပိုက်နိုင်ခဲ့ စဥ် စစ်ကိုင်းတိုင်း၌ အကြမ်းဖက်သတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည့် ဘီလူးစစ်ကြောင်းကိုပါ ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေး PDF၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောသည်။…