မေလးရှား ရွှေ့ပြောင်းလူဝင်မှုး ဌာန (JIM) သည် ၂၀၂၅ ခုနှစ် ဇူလိုင်လ ၉ ရက်တွင် ကူချိုင်း၊ စီရီပတ်တလင်းနှင့် Cheras နေရာသုံးခုတွင် နိုင်ငံခြားသားများ ၈၉ ဦးနှင့် ဒေသခံများ ၄ ဦးကို ဖမ်းဆီးရရှိခဲ့ပါတယ်

မေလးရှား ရွှေ့ပြောင်းလူဝင်မှုး ဌာန (JIM) သည် ၂၀၂၅ ခုနှစ် ဇူလိုင်လ ၉ ရက်တွင် ကူချိုင်း၊ စီရီပတ်တလင်းနှင့် Cheras နေရာသုံးခုတွင် နိုင်ငံခြားသားများ ၈၉ ဦးနှင့် ဒေသခံများ ၄ ဦးကို ဖမ်းဆီးရရှိခဲ့ပါတယ်

နေ့လယ်ပိုင်း ၃ နာရီတွင် နှစ်ခုသော နေရာကို ပစ်မှတိထားရည်ရွယ်ပြီး နိုင်ငံခြားသားအမျိုးသမီးများ၏ လိင်ဈေးကွက်လုပ်ငန်းလုပ်ကိုင်နေသည်ဟု
ယူဆထားပြီး ဝင်ရောက်ဖမ်းဆီး ခဲ့ပါတယ်

ထိုင်းနိုင်ငံသားအမျိုးသမီး ၆ ဦး၊ အင်ဒိုနီးရှား ၈ ဦး၊ ဗီယက်နမ် ၁၁ ဦး၊ မြန်မာနိုင်ငံသားအမျိုးသမီး ၁ ဦး တို့ပါဝင်သော နိုင်ငံခြားသားအမျိုးသမီး ၂၆ ဦးကို လိင်ဝန်ဆောင်မှုများ ပေးခဲ့သည်ဟု သံသယရှိပြီး ဖမ်းဆီးခံထားရပြီး ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်နိုင်ငံသားအမျိုးသား ၂ ဦးလည်း ထို နေရာတွင် အလုပ်လုပ်ကိုင်ခဲ့သည်ဟု သံသယရှိသည်မို့ အားလုံးကိုဖမ်းဆီးလိုက်ပါတယ်

ဒေသခံအမျိုးသား ၄ ဦးလည်း ၎င်းတို့၏ နေရာကို ကာကွယ်သူများအဖြစ် ဖမ်းဆီးထားခဲ့ပါတယ်

ဈေးသက်သာသော ဟိုတယ်နေရာများတွင် ထိုင်းနိုင်ငံ၊ ဗီယက်နမ်၊ မြန်မာနှင့် အင်ဒိုနီးရှားနိုင်ငံသားအမျိုးသမီးများကို RM160 မှ RM480 အထိ ဈေးနှုန်းဖြင့် လိင်ဆက်ဆံရန် ဝန်ဆောင်ခဖြစ်တယ်လို့ပြောပြထားပါတယ်

Whatsapp နှင့် Telegram များမှတစ်ဆင့် ဖောက်သည်ရှာဖွေမူပြုလုပ်တယ်လို့သိရပါတယ်

နောက်ထပ် နေရာတစ်ခုကိုလည်း ည ၁၀ နာရီ ၅၅ မိနစ်တွင် ဆက်လက်ပြုလုပ်ခဲ့ပြီး ထိုနေရာတွင် နိုင်ငံခြားသားအမျိုးသမီးများ၏ ဖောက်သည်ဝန်ဆောင်မှု (GRO) မူအဖြစ် ၉၆ ဦးကို စစ်ဆေးခဲ့ပြီး ၎င်းတို့တွင် ထိုင်းနိုင်ငံသားအမျိုးသမီး ၄၄ ဦး၊ ဗီယက်နမ် ၂ ဦး၊ လာအို ၄ ဦး၊ မြန်မာ ၂ ဦး တို့သည် GRO အဖြစ် အလုပ်လုပ်ကိုင်သည်ဟု သံသယရှိပြီး ဖမ်းဆီးခံထားရပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသားအမျိုးသား ၅ ဦး၊ ထိုင်းနိုင်ငံသားအမျိုးသား ၄ ဦး တို့သည် ထို နေရာတွင် အလုပ်လုပ်ကိုင်သည်ဟု သံသယရှိသည်မို့ ဖမ်းဆီးခံထားရသည်။

ဖမ်းဆီးခံထားရသူအားလုံးကို ၁၉၅၉/၆၃ ရွှေ့ပြောင်းလူဝင်မှုဥပဒေ ပုဒ်မ ၅၁(၅)(b) အောက်တွင် ပူတ်ရာဂျာယာ ရွှေ့ပြောင်းလူဝင်မှု သို့ ပို့ဆောင်ခံထားရပြီး ၎င်းတို့သည် ၁၉၅၉/၆၃ ရွှေ့ပြောင်းလူဝင်မှုဥပဒေ၊ ၁၉၆၃ ရွှေ့ပြောင်းလူဝင်မှုစည်းမျဉ်းများနှင့် ၁၉၆၆ ခရီးစာရွက်ဥပဒေဖြငိ့ငြိစွန်းမူ ရှိတယိလို့ ထုတ်ပြန်ထားပါတယိ

ဒေသခံ ၇ ဦးကိုလည်း စစ်ဆေးရန် အကူအညီနှင့် တက်ရောက်ရန် အကြောင်းကြားချက်ထုတ်ပေးခဲ့သည်။

၁၉၅၉/၆၃ ရွှေ့ပြောင်းလူဝင်မှုဥပဒေ၊ ၁၉၆၆ ခရီးစာရွက်ဥပဒေ၊ ၁၉၆၃ ရွှေ့ပြောင်းလူဝင်မှုစည်းမျဉ်းများနှင့် ၂၀၀၇ ဆိုင်ရာ လူကုန်သွယ်မှုနှင့် ရွှေ့ပြောင်းလူဝင်မှုပြစ်မှုဆိုင်ရာ တိုက်ဖျက်ရေးဥပဒေ (ATIPSOM) အောက်တွင် ဥပဒေဖောက်ဖျက်မူများက်ို ပြုလုပ်သူများအပေါ် ပြင်းထန်သော အရေးယူမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။

#TAMAT