အမေရိကန်သမ္မတ ထရမ့်ထံသို့ ပြန်ကြားစာ မင်းအောင်လှိုင်ကိုယ်တိုင် မြန်မာ ဘာသာဖြင့် ရေးသားခဲ့ပြီး အမေရိကန်နှင့် ဆက်ဆံရေး အဆင်ပြေရန် စစ်ခေါင်းဆောင် အလွန်ဆန္ဒထက်သန်နေ

အမေရိကန်သမ္မတ ထရမ့်ထံသို့ ပြန်ကြားစာ မင်းအောင်လှိုင်ကိုယ်တိုင် မြန်မာ ဘာသာဖြင့် ရေးသားခဲ့ပြီး အမေရိကန်နှင့် ဆက်ဆံရေး အဆင်ပြေရန် စစ်ခေါင်းဆောင် အလွန်ဆန္ဒထက်သန်နေ
ရန်ကုန်၊ ဇူလိုင် ၁၂
အမေရိကန်သမ္မတ ထရမ့်ထံသို့ ပြန်ကြားစာကို အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ် တိုင် မြန်မာဘာသာဖြင့် ရေးသားခဲ့ပြီး အမေရိကန်နှင့် အဆင်ပြေရန် စစ်ခေါင်းဆောင် ဆန္ဒထက်သန်နေကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
အမေရိကန်သမ္မတထရမ့်က အမေရိကန်သို့ တင်ပို့မည့် မြန်မာထုတ်ကုန်များကို ဩဂုတ်လ ၁ ရက်နေ့မှ စတင်၍ အခွန် ၄၀ ရာခိုင် နှုန်း ကောက်ခံမည်ဖြစ်ကြောင်း မင်းအောင်လှိုင်ထံသို့ စာရေးသားခဲ့ပြီး မင်းအောင်လှိုင်ကလည်း ဇူလိုင်လ ၉ ရက်နေ့တွင် အမေရိကန်ထရမ့်ထံသို့ စာပြန်လည် ရေးသားပေးပို့ခဲ့ကြောင်း၊ အမေရိကန်သမ္မတထရမ့်ထံသို့ ပေးပို့သည့် စာကို မင်းအောင်လှိုင်ကိုယ် တိုင် မြန်မာဘာသာဖြင့် ရေးသားခဲ့ပြီး အကြံပေးအဖွဲ့၊ နိုင်ငံခြားရေးဝန်ကြီးဌာန တို့က အင်္ဂလိပ်ဘာသာပြန်ခြင်း၊ စာကို အသေး စိတ် ပြန်လည် တည်းဖြတ်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
” စာကို တပ်ချုပ်ကိုယ်တိုင် မြန်မာဘာသာနဲ့ လက်ရေးမူနဲ့ ရေးတယ်။ အဲဒီလက်ရေးမူကို အကြံပေးအဖွဲ့ နဲ့ နိုင်ငံခြားရေးဝန်ကြီး ဌာနက ပြန်ပြီး ဘာသာပြန်တာ၊ စာကို ပြန်ပြီး မွမ်းမံတာတွေလုပ်တယ်။ ပြန်စာရဲ့ အဓိက ကျောရိုးနဲ့ အကြောင်းပြန်ကြားချက်တွေကတော့ တပ်ချုပ်စာကို မှီငြမ်းပြီးရေးတာပါ။ အမေရိကန်နဲ့ ဆက်ဆံရေး အဆင်ပြေဖို့ တပ်ချုပ်က အရမ်းဆန္ဒထက်သန်နေတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရှင်းပြသည်။
မင်းအောင်လှိုင်၏ အမေရိကန်သမ္မတ ထရမ့်ထံသို့ ပြန်ကြားစာတွင် “မဲမသမာမှု ရှိလို့ အာဏာရယူတာပါ၊ စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းပေးပါ၊ သတင်းဌာနတွေနဲ့ ရန်ပုံငွေ စနစ်ကို ထိန်းချုပ်ပေးလို့ အထူးကျေးဇူးပါ” ဆိုသော အကြောင်းအရာများကို ထည့် သွင်းရေးသားခဲ့သည်။