Author: admin
-
လောင်းလုံးမြို့နယ်တွင် ငါးရက်ဆက်တိုက်ပွဲဖြစ် ▪️စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများဟု လောင်းလုံး(ပကဖ)ပြော
လောင်းလုံးမြို့နယ်တွင် ငါးရက်ဆက်တိုက်ပွဲဖြစ် ▪️စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများဟု လောင်းလုံး(ပကဖ)ပြော ကျော်ဇော/People’s Spring တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် ကျေးရွာများအား စစ်ကြောင်းထိုး၍ ပြည်သူပိုင်ပစ္စည်းများအား ဖောက်ထွင်းခိုးယူနေသော စစ်ကောင်စီတပ်စစ်ကြောင်းတစ်ခုကို ငါးရက်ဆက် တိုက်ခိုက်ခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယနေ့(စင်တင်ဘာ ၁၂)မွန်းလွဲ ၂ နာရီခန့်က မောင်းမကန်ရဲစခန်းနှင့် ရဲစခန်းနှင့်ကပ်လျက် ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်စစ်ကြောင်းတစ်ခုကို တော် လှန်ရေးပူးပေါင်းတပ်များက ဝင်ရောက်တိုက် ခိုက်ခဲ့သည်။ မူလတွင် မောင်မကန်ရဲစခန်းရှိ စစ်ကောင်စီတပ်သားနှင့် ရဲများကိုသာ တိုက်ခိုက်ရန် ရည် ရွယ်ခဲ့သော်လည်း စစ်ပမ်း၍ ပြန်ဆုတ်လာသော စစ်ကောင်စီတပ်စစ်ကြောင်းတစ်ခုပါ စခန်းနှင့်ကပ်လျှက် ကျောင်းအတွင်းသို့ရောက်ရှိနေသည်ကိုသိရ၍ နှစ်နေရာလုံးကို တိုက်ခိုက်ခဲ့သည်ဟု လောင်းလုံး(ပကဖ)မှ အသိပေးသည်။ နှစ်ဖက်တိုက်ပွဲအခြေအနေအား အပြည့်အစုံမသိရသေးသော်လည်း တိုက်ခိုက်ချိန် နာရီပိုင်းကြာသည်အထိ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ညနေ…
-
ကရင်နီပြည်မှာ ရေကြီးမြေပြိုမှုကြောင့် လူ နှစ်ဆယ်ကျော် သေဆုံးခဲ့
ကရင်နီပြည်မှာ ရေကြီးမြေပြိုမှုကြောင့် လူ နှစ်ဆယ်ကျော် သေဆုံးခဲ့ ~~~ ■ ရာဂီမုန်တိုင်းအရှိန်နဲ့ မိုးသည်းထန်စွာရွာသွန်းတာကြောင့် ကရင်နီပြည်မှာ ရေကြီရေလျှံဖြစ်နေပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်အပါအဝင် နှစ်ဆယ်ကျော်သေဆုံးခဲ့တယ်လို့ နီးစပ်သူတွေနဲ့ ကူညီကယ်ဆယ်ရေးလုပ်သူတွေက ပြောပါတယ်။ ဖယ်ခုံမြို့နယ်ရှိ ကာကွယ်ရေးတပ်ဖွဲ့တစ်ခုက တပ်ဖွဲ့ဝင် ၁၈ ဦးဟာ တောင်ကျရေကြောင့် ရေစီးနဲ့ မျောပါသေဆုံးသွားတယ်လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ “ကြားတာတော့ ဖယ်ခုံအနောက်ဖက်ခြမ်းမှာလို့ပြောတယ်၊ စစ်သင်တန်း လေ့ကျင်ခန်းဆင်းရင်း တောင်ကျရေစီးနဲ့ မျောပါသွားတယ်လို့ ကြားရပါတယ်၊ သူတို့တပ်တွေက အသေးစိတ် ထုတ်ပြန်မှပဲ သိရမယ်” ဘယ်ကာကွယ်ရေးတပ်ဖွဲ့က သေဆုံးတယ်ဆိုတာနဲ့ ပတ်သက်ပြီး ကရင်နီအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တွေကို ဆက်သွယ်မေးမြန်းပေမဲ့ လက်တလော ပြန်လည်ဖြေဆိုတာ မရှိပါဘူး။ ကရင်နီပြည်မှာ ရေကြီးတာကြောင့် အရပ်သားခြောက်ဦးသေဆုံးတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ အတွင်းရေးမှူး (၂)…
-
နေပြည်တော်တွင် ရေကြီးမှုကြောင့် လူ ၁၉ ဦး သေဆုံးပြီး သေဆုံးသူအရေ အတွက် တိုးလာဖွယ်ရှိ၊ တောင်ငူမြို့နယ်အတွင်း စစ်တောင်းမြစ်ကမ်းဘေးကျေးရွာများ ရေမြုပ်နေသဖြင့် ပြည်သူများ သစ်ပင်ပေါ်တက်နေရ
နေပြည်တော်တွင် ရေကြီးမှုကြောင့် လူ ၁၉ ဦး သေဆုံးပြီး သေဆုံးသူအရေ အတွက် တိုးလာဖွယ်ရှိ၊ တောင်ငူမြို့နယ်အတွင်း စစ်တောင်းမြစ်ကမ်းဘေးကျေးရွာများ ရေမြုပ်နေသဖြင့် ပြည်သူများ သစ်ပင်ပေါ်တက်နေရ ရန်ကုန်၊ စက်တင်ဘာ ၁၃ နေပြည်တော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုများဖြစ်ပေါ်လာခဲ့ရာ အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၁၃ ဦး စုစုပေါင်း ၁၉ ဦး သေဆုံးပြီး သေဆုံးသူအရေအတွက် ဆက်လက် လာဖွယ်ရှိကြောင်း မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ၏ ပြောဆိုချက်အရ သိရှိရသည်။ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ လယ်ဝေးမြို့နယ် အပါအဝင် မြို့နယ်များ အတွင်းရှိ ကျေးရွာများမှ ပြည်သူ ပေါင်း ၃၆၀၂ ဦးကို မီးသတ်ဦးစီး ဌာန၏…
-
ဧရာ၀တီတိုင်း၊ ပန်းတိုင်စစ်ဆေးရေးဂိတ်တွင် စစ်တပ်က မှတ်ပုံတင်နှင့် ခရီးသွားထောက်ခံစာ မပြနိုင်သော ခရီးသွားလူငယ်တချို့ကို ကားပေါ်မှ ဆွဲချကာ တပ်သားသစ်များအဖြစ် စုဆောင်း ၊ ကွမ်းခြံကုန်းတွင်လည်း စစ်တပ်က ဖုန်းများ စစ်ဆေးပြီး ငွေခြိမ်းခြောက်တောင်း
ဧရာ၀တီတိုင်း၊ ပန်းတိုင်စစ်ဆေးရေးဂိတ်တွင် စစ်တပ်က မှတ်ပုံတင်နှင့် ခရီးသွားထောက်ခံစာ မပြနိုင်သော ခရီးသွားလူငယ်တချို့ကို ကားပေါ်မှ ဆွဲချကာ တပ်သားသစ်များအဖြစ် စုဆောင်း ၊ ကွမ်းခြံကုန်းတွင်လည်း စစ်တပ်က ဖုန်းများ စစ်ဆေးပြီး ငွေခြိမ်းခြောက်တောင်း ရန်ကုန်၊ စက်တင်ဘာ ၁၂ ဧရာ၀တီတိုင်း၊ ညောင်တုန်းမြို့နယ်၊ ပန်းတိုင်စစ်ဆေးရေးဂိတ်တွင် စစ်တပ်က မှတ်ပုံတင်နှင့် ခရီးသွားထောက်ခံစာ မပြနိုင်သော ခရီးသွားလူငယ်တချို့ကို ကားပေါ်မှ ဆွဲချဖမ်းဆီးပြီး စစ်မှုထမ်းရန် တပ်သားသစ်များအဖြစ် စုဆောင်းမှုများရှိနေကြောင်း မျက်မြင်ကြုံတွေ့ရသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ စက်တင်ဘာလ ၁၀ ရက်နေ့ ကျုံပျော်မြို့နယ်မှ ရန်ကုန်မြို့သို့ ထွက်ခွာသည့် ခရီးသည်တင်ကားကို စစ်တပ် အပါအဝင် ပူးပေါင်းအဖွဲ့က ညောင်တုန်းမြို့နယ်၊ ပန်းတိုင်းစစ်ဆေးရေးဂိတ်တွင် စစ်ဆေးကြောင်း၊ ခရီးသည်များအားလုံး မှတ်ပုံတင်များ၊ မှတ်ပုံတင်မရှိသူများက ခရီးသွားထောက်ခံစာများ ပြသရကြောင်း၊ ခရီးသည်တင်ကားပေါ်တွင်…
-
“မဟာရန်ကုန်ကြားရတဲ့သတင်းကစိုးရိမ်စရာဒီရေပေ၂၀တောင်…”
“မဟာရန်ကုန်ကြားရတဲ့သတင်းကစိုးရိမ်စရာဒီရေပေ၂၀တောင်…”
-
စက်တင်ဘာ ၁၅ ရက်နေ့အထိ နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ် ၁၁ ခုမှာ မိုးဆက်ကြီးနိုင်
စက်တင်ဘာ ၁၅ ရက်နေ့အထိ နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ် ၁၁ ခုမှာ မိုးဆက်ကြီးနိုင် CJ Platform မိုးကြီးလို့ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသ နေပြည်တော်နဲ့ တိုင်းနဲ့ ပြည်နယ် ၁၀ ခုမှာ စက်တင်ဘာလ ၁၅ ရက်နေ့အထိ မိုးဆက်ကြီးနိုင်တယ်လို့ စစ်ကောင်စီမိုးဇလဌာနက ဒီကနေ့မှာ မိုးလေဝသအထူးခန့်မှန်းချက်အနေနဲ့ သတင်းထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသနဲ့ အနောက်မြောက်ပိုင်းဒေသတို့မှာ ဖြစ်ပေါ်ခဲ့တဲ့ လေပွေလှိုင်းဟာ အနောက်-အနောက်မြောက်ဘက်သို့ တဖြည်းဖြည်းရွေ့လျားနေရာ ဒီကနေ့ မနက်ပိုင်းတိုင်းထွာချက်အရ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းနဲ့ ရခိုင်ပြည်တို့မှာ ဆက်လက်တည်ရှိနေတယ်လို့ မိုးဇလက ဆိုထားပါတယ်။ အဲဒီလေပွေလှိုင်းဟာ နောက် ၃၆ နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်းနဲ့ အဲဒီနေရာနဲ့ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတို့ကို ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ အဲဒီလေပွေလှိုင်းအရှိန်အပြင် ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ…
-
“ရွှေမန္တလေးရေ ကြားရတဲ့သတင်းက မတွေးဝံ့စရာပဲ ဒီအတိုင်းသာဆို တမြို့လုံးအတွက်တော့ ရင်လေးစရာပဲ😢”
“ရွှေမန္တလေးရေ ကြားရတဲ့သတင်းက မတွေးဝံ့စရာပဲ ဒီအတိုင်းသာဆို တမြို့လုံးအတွက်တော့ ရင်လေးစရာပဲ😢”
-
မြစ်လေးစင်း ရေကြီးနိုင်ခြေကြောင့် ပဲခူး၊ တောင်ငူ၊ ဘားအံနဲ့ မဒေါက် ဒေသခံတွေ သတိပြုကြဖို့လို
မြစ်လေးစင်း ရေကြီးနိုင်ခြေကြောင့် ပဲခူး၊ တောင်ငူ၊ ဘားအံနဲ့ မဒေါက် ဒေသခံတွေ သတိပြုကြဖို့လို စက်တင်ဘာ ၁၂ – ၂၀၂၄ GG (VOM) ပဲခူးမြစ် ၊ စစ်တောင်းမြစ်၊ သံလွင်မြစ်နဲ့ သောင်ရင်းမြစ်တို့ဟာ လက်ရှိမှာ စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်နေပြီး ထပ်မံ မြင့်တက်လာနိုင်ခြေကြောင့် ပဲခူးမြို့နယ် ၊ တောင်ငူမြို့နယ် ၊ ဘားအံမြို့နယ်နဲ့ မဒေါက်မြို့မှာနေတဲ့ ဒေသခံတွေအနေနဲ့ ရေကြီးရေလျှံ သတိပြုကြဖို့ မိုး/ဇလက သတိပေးထုတ်ပြန်ထားပါတယ်။ လက်ရှိမှာတော့ ပဲခူးမှာလည်း အနိမ့်ပိုင်းရပ်ကွက်တွေကိုမြစ်ရေတွေဝင်ရောက်နေသလို တောင်ငူမှာလည်း မြစ်ရေအတက်ကြမ်းလို့ အရေးပေါ်ကယ်ဆယ်ရေးတွေလုပ်နေရပြီး ဘားအံမှာလည်း ရေဝင်ရောက်နေကာမြဝတီမြို့မှာလည်း ရေအတက်ကြမ်းလို့ကယ်ဆယ်ရေးတွေလုပ်နေရပါတယ်။ စစ်တောင်းမြစ်ရေက တောင်ငူမြို့ရဲ့ စိုးရိမ်ရေမှတ်ထက် ၁ ပေခွဲကျော်လွန်နေပြီး နောက် ၁ ရက်အတွင်း ၂ ပေခန့် မြင့်တက်လာနိုင်သလို…
-
ဆိုင်းတောင်ရဲစခန်းကို KIA ၊ PDF ပူးပေါင်းတပ်များက သိမ်းပိုက်ပြီးနောက် ဟိုတယ်တွင် တပ်စွဲထားသော စစ်တပ်ကို ဆက်လက်တိုက်ခိုက်၊ စစ်တပ်က တိုက်လေယာဉ်များဖြင့် ဗုံးကျဲ (ရုပ်/သံ)
ဆိုင်းတောင်ရဲစခန်းကို KIA ၊ PDF ပူးပေါင်းတပ်များက သိမ်းပိုက်ပြီးနောက် ဟိုတယ်တွင် တပ်စွဲထားသော စစ်တပ်ကို ဆက်လက်တိုက်ခိုက်၊ စစ်တပ်က တိုက်လေယာဉ်များဖြင့် ဗုံးကျဲ (ရုပ်/သံ) ရန်ကုန်၊ စက်တင်ဘာ ၁၂ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရဲစခန်းကို KIA နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် Lucky Man ဟိုတယ်တွင် တပ်စွဲထားသော စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်များက ဆက်လက်တိုက် ခိုက်လျက်ရှိကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ စက်တင်ဘာလ ၁၁ ရက်နေ့ ညပိုင်းတွင် ဆိုင်းတောင်ရဲစခန်းကို တော်လှန်ရေးတပ်များက သိမ်းပိုက်ခဲ့ပြီးနောက် ယနေ့ မွန်းတည့်ပိုင်းတွင် ဆိုင်းတောင်ရှိ Lucky Man တွင် တပ်စွဲထားသော စစ်တပ်စစ်ကြောင်းကို ဝင်ရောက် ရှင်း လင်းတိုက်ခိုက်လျက်ရှိကြောင်း၊…
-
ရမည်သင်းတွင် ပြည်သူ ၁၀ ဦး ရေထဲမျောပါပြီး သေဆုံး၊ ဝမ်းတွင်းတွင် ကင်းတားမြောင်း ရေတားဘောင် ကျိုးကျမှုနှင့် စမုံဆည်မှ ရေများ အထိန်းအကွပ်မရှိဘဲ လွှတ်ချမှုကြောင့် ရွာအများအပြား ရေကြီးနေ၊ ပျော်ဘွယ်တွင်လည်း ရေကြီးနေ
ရမည်သင်းတွင် ပြည်သူ ၁၀ ဦး ရေထဲမျောပါပြီး သေဆုံး၊ ဝမ်းတွင်းတွင် ကင်းတားမြောင်း ရေတားဘောင် ကျိုးကျမှုနှင့် စမုံဆည်မှ ရေများ အထိန်းအကွပ်မရှိဘဲ လွှတ်ချမှုကြောင့် ရွာအများအပြား ရေကြီးနေ၊ ပျော်ဘွယ်တွင်လည်း ရေကြီးနေ ရန်ကုန်၊ စက်တင်ဘာ ၁၂ မန္တလေးတိုင်း၊ ရမည်းမြို့နယ်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားစဉ် ပြည်သူ ၁၀ ဦး ရေထဲမျောပါပြီး သေဆုံးသွားကြောင်း မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန် သည်။ စက်တင်ဘာလ ၁၁ ရက်နေ့ မန္တလေးတိုင်း၊ ရမည်သင်းမြို့ နယ်အတွင်း မိုး သည်း ထန်စွာရွာသွန်းမှုကြောင့် ကျေးရွာအများအပြားတွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း၊ ယင်းနောက် ဆည်ကြီးကျေးရွာမှ အမျိုးသား ၁ ဦး၊ ညောင်အိုင်ကျေးရွာမှ အမျိုးသမီး ၁ ဦး၊ မြင်းနားကျေးရွာ…