ဆိုင်းတောင်ရဲစခန်းကို KIA ၊ PDF ပူးပေါင်းတပ်များက သိမ်းပိုက်ပြီးနောက် ဟိုတယ်တွင် တပ်စွဲထားသော စစ်တပ်ကို ဆက်လက်တိုက်ခိုက်၊ စစ်တပ်က တိုက်လေယာဉ်များဖြင့် ဗုံးကျဲ (ရုပ်/သံ)

by

in

ရန်ကုန်၊ စက်တင်ဘာ ၁၂

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရဲစခန်းကို KIA နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် Lucky Man ဟိုတယ်တွင် တပ်စွဲထားသော စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်များက ဆက်လက်တိုက် ခိုက်လျက်ရှိကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၁၁ ရက်နေ့ ညပိုင်းတွင် ဆိုင်းတောင်ရဲစခန်းကို တော်လှန်ရေးတပ်များက သိမ်းပိုက်ခဲ့ပြီးနောက် ယနေ့ မွန်းတည့်ပိုင်းတွင် ဆိုင်းတောင်ရှိ Lucky Man တွင် တပ်စွဲထားသော စစ်တပ်စစ်ကြောင်းကို ဝင်ရောက် ရှင်း လင်းတိုက်ခိုက်လျက်ရှိကြောင်း၊ စစ်တပ်ကလည်း အဆိုပါ ဟိုတယ်အတွင်းမှ ပြန်လည် ခုခံနေသဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သိရှိရသည်။
ဖားကန့်မြို့နယ်၊ ဖားကန့်ဗျူဟာကုန်းတွင် တပ်စွဲထားသော စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ကူပေးနေကြောင်း၊ ထိုသို့ ပစ်ခတ်မှုကြောင့် စစ်တပ်၏ လက်နက်ကြီးကျည်များသည် ဆိုင်းတောင်အတွင်းရှိ ပြည်သူများ၏ နေအိမ်များ မီးလောင်ကျွမ်းလျက်ရှိကြောင်း သိရှိရသည်။
“အခု Lucky Man Hotel မှာရှိနေတဲ့စစ်ခွေးတွေကိုတိုက်ခိုက်ရှင်းလင်းနေပါတယ်။ ဖားကန့်ဗျူဟာကုန်းက ပစ်ခတ်တဲ့လက်နက်ကြီးကျည်ရောက်လို့ ဆိုင်းတောင်မှာရှိတဲ့ ပြည်သူ့နေအိမ်တွေ မီးလောင်နေပါတယ်။ တိုက်ပွဲကလည်း ပြင်းထန်နေပါတယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။
လက်ရှိတွင် စစ်တပ်က ဖားကန်မြို့နယ်၊ ဆိုင်းတောင်သို့ တိုက်လေယာဉ်များဖြင့် ဗုံးကျဲမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ဆိုင်းတောင်ရဲစခန်းကို KIA ၊ PDF ပူး ပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီဖြစ်၍ ဖားကန့်မြို့နယ်တစ်ခုလုံးကို သိမ်းပိုက်ရန်အတွက် စစ်ကောင် စီတပ်စခန်း ၆ ခုသာ ကျန်ရှိတော့ပြီး အဆိုပါ စစ်ကောင်စီတပ်စခန်း ၆ ခုမှာ ကံစည်းဗျူ ဟာကုန်း၊ အောင်ဘာလေတပ်စခန်း၊ မဇွပ်ယန်ထောင် တပ်စခန်း၊ လယ်ပြင်ယမ်းချက်၊ ဖားကန့် ဗျူဟာကုန်းနှင့်ဖားကန့်ရဲစခန်း တို့ ကျန်ရှိသေးကြောင်း သိရှိရသည်။

ဆိုင်းတောင်ရဲစခန်းကို KIA ၊ PDF ပူးပေါင်းတပ်များက သိမ်းပိုက်ပြီးနောက် ဟိုတယ်တွင် တပ်စွဲထားသော စစ်တပ်ကို ဆက်လက်တိုက်ခိုက်၊ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ့ နေအိမ် အများအပြား မီးလောင်နေ
ရန်ကုန်၊ စက်တင်ဘာ ၁၂
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရဲစခန်းကို KIA နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် Lucky Man ဟိုတယ်တွင် တပ်စွဲထားသော စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်များက ဆက်လက်တိုက် ခိုက်လျက်ရှိကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၁၁ ရက်နေ့ ညပိုင်းတွင် ဆိုင်းတောင်ရဲစခန်းကို တော်လှန်ရေးတပ်များက သိမ်းပိုက်ခဲ့ပြီးနောက် ယနေ့ မွန်းတည့်ပိုင်းတွင် ဆိုင်းတောင်ရှိ Lucky Man တွင် တပ်စွဲထားသော စစ်တပ်စစ်ကြောင်းကို ဝင်ရောက် ရှင်း လင်းတိုက်ခိုက်လျက်ရှိကြောင်း၊ စစ်တပ်ကလည်း အဆိုပါ ဟိုတယ်အတွင်းမှ ပြန်လည် ခုခံနေသဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သိရှိရသည်။
ဖားကန့်မြို့နယ်၊ ဖားကန့်ဗျူဟာကုန်းတွင် တပ်စွဲထားသော စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ကူပေးနေကြောင်း၊ ထိုသို့ ပစ်ခတ်မှုကြောင့် စစ်တပ်၏ လက်နက်ကြီးကျည်များသည် ဆိုင်းတောင်အတွင်းရှိ ပြည်သူများ၏ နေအိမ်များ မီးလောင်ကျွမ်းလျက်ရှိကြောင်း သိရှိရသည်။
“အခု Lucky Man Hotel မှာရှိနေတဲ့စစ်ခွေးတွေကိုတိုက်ခိုက်ရှင်းလင်းနေပါတယ်။ ဖားကန့်ဗျူဟာကုန်းက ပစ်ခတ်တဲ့လက်နက်ကြီးကျည်ရောက်လို့ ဆိုင်းတောင်မှာရှိတဲ့ ပြည်သူ့နေအိမ်တွေ မီးလောင်နေပါတယ်။ တိုက်ပွဲကလည်း ပြင်းထန်နေပါတယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။
လက်ရှိတွင် စစ်တပ်က ဖားကန်မြို့နယ်၊ ဆိုင်းတောင်သို့ တိုက်လေယာဉ်များဖြင့် ဗုံးကျဲမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ဆိုင်းတောင်ရဲစခန်းကို KIA ၊ PDF ပူး ပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီဖြစ်၍ ဖားကန့်မြို့နယ်တစ်ခုလုံးကို သိမ်းပိုက်ရန်အတွက် စစ်ကောင်စီတပ်စခန်း ၆ ခုသာ ကျန်ရှိတော့ပြီး အဆိုပါ စစ်ကောင်စီတပ်စခန်း ၆ ခုမှာ ကံစည်းဗျူဟာကုန်း၊ အောင်ဘာလေတပ်စခန်း၊ မဇွပ်ယန်ထောင် တပ်စခန်း၊ လယ်ပြင်ယမ်းချက်၊ ဖားကန့်ဗျူဟာကုန်းနှင့်ဖားကန့်ရဲစခန်း တို့ ကျန်ရှိသေးကြောင်း သိရှိရသည်။
ဓာတ်ပုံ- ယနေ့ ဖားကန့်ဗျူဟာကုန်းမှ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေသဖြင့် ဖားကန့်၊ ဆိုင်းတောင်ရှိ ပြည်သူ့နေအိမ်များ မီးလောင်ကျွမ်းနေစဉ်။