ရမည်သင်းတွင် ပြည်သူ ၁၀ ဦး ရေထဲမျောပါပြီး သေဆုံး၊ ဝမ်းတွင်းတွင် ကင်းတားမြောင်း ရေတားဘောင် ကျိုးကျမှုနှင့် စမုံဆည်မှ ရေများ အထိန်းအကွပ်မရှိဘဲ လွှတ်ချမှုကြောင့် ရွာအများအပြား ရေကြီးနေ၊ ပျော်ဘွယ်တွင်လည်း ရေကြီးနေ

by

in

ရမည်သင်းတွင် ပြည်သူ ၁၀ ဦး ရေထဲမျောပါပြီး သေဆုံး၊ ဝမ်းတွင်းတွင် ကင်းတားမြောင်း ရေတားဘောင် ကျိုးကျမှုနှင့် စမုံဆည်မှ ရေများ အထိန်းအကွပ်မရှိဘဲ လွှတ်ချမှုကြောင့် ရွာအများအပြား ရေကြီးနေ၊ ပျော်ဘွယ်တွင်လည်း ရေကြီးနေ
ရန်ကုန်၊ စက်တင်ဘာ ၁၂

မန္တလေးတိုင်း၊ ရမည်းမြို့နယ်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားစဉ် ပြည်သူ ၁၀ ဦး ရေထဲမျောပါပြီး သေဆုံးသွားကြောင်း မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန် သည်။
စက်တင်ဘာလ ၁၁ ရက်နေ့ မန္တလေးတိုင်း၊ ရမည်သင်းမြို့ နယ်အတွင်း မိုး သည်း ထန်စွာရွာသွန်းမှုကြောင့် ကျေးရွာအများအပြားတွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း၊ ယင်းနောက် ဆည်ကြီးကျေးရွာမှ အမျိုးသား ၁ ဦး၊ ညောင်အိုင်ကျေးရွာမှ အမျိုးသမီး ၁ ဦး၊ မြင်းနားကျေးရွာ အုပ်စု၊ ကံသာအေး ကျေးရွာမှ ပြည်သူ ၄ ဦး ၊ ရွှေနန်းပေါ်ကျေးရွာမှ အမျိုးသမီး ၁ ဦး၊ ချောင်းဖျားကျေးရွာမှ ပြည်သူ ၁ ဦး စုစုပေါင်း ပြည်သူ ၁၀ ဦး ရေထဲမျောပါသေဆုံးသွားကြောင်း ၊ လက်ရှိ ရမည်းသင်းမြို့နယ်တွင် အိမ်ထောင်စု ၁၅၁၁၃ စု လူဦးရေ အားဖြင့် စုစုပေါင်း ၅၃၉၇၂ ဦး ရေဘေးသင့်နေကြောင်းသိရှိရသည်။
အလားတူ မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်တွင်းရှိ ကျေးရွာများရေနစ်နေ၍ ပြည်သူများ အခက်တွေ့နေပြီး စမုံဆည်က ရေများအထိန်းအကွပ်မဲ့ ဖွင့်ချလိုက်ခြင်းနှင့် ကင်းတားမြင်းဘောင်ကျိုးကျခြင်းတို့ကြောင့် ကျေးရွာများ ရေကြီးမှု စံချိန်တင် ကြုံတွေ့နေရ ကြောင်း Voice of Wundwin မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
လက်ရှိတွင် ဝမ်းတွင်းမြို့နယ်၊ မြင်းကျကန်အနီး ကင်းတားမြောင်းဘောင် ကျိုးကျသွားသည့်အတွက် မြင်းကျကန် တစ်ရွာလုံး ရေနစ်နေပြီး စမုံဆည်ကလည်း အထိန်းအကွပ်မဲ့စွာဖွင့်ချလိုက်သည့်အတွက် ရိုးစုံရွာတစ်ရွာလုံး ရေနစ်မြှုပ်နေကြောင်း သိရှိရသည်။
“စမုံဆည်က ကျိုးကျတာမဟုတ်ဘူးတဲ့။ ရှိသမျှတံခါးတွေကနေ အထိန်းအကွပ်မဲ့ဖွင့်ချလိုက်တာ ။ ဆည်ကျိုးသလိုပဲပေါ့။အဲဒါ မနေ့ညကတည်းက အဲဒီစမုံဆည်က ထွက်လာတဲ့ စမုံရိုးကြီးတစ်လျောက် ချောင်းကမ်းဘေးဝဲယာ ရွာတွေအကုန်ရေမြှုပ်နေတာ”ဟု Voice of Wundwin မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ထို့ပြင် မိတ္ထီလာကန်မှ ရေများ အလွန်အမင်းတိုးလာသဖြင့် ရေထိန်းတံခါးက ရေများတိုးလွှတ်လိုက်ကြောင်း ကနဦး သတင်းသိရထားသဖြင့် ဝမ်းတွင်းဆည်ဘက်မှ ပြည်သူများသတိရှိရန်လိုကြောင်း Voice of Wundwin ထံမှ သိရသည်။
ထို့အတူ ယနေ့ နံနက်ပိုင်း မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ရှားပင်လှကျေး ရွာအုပ်စု၊ ရှားပင်လှကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဝင်ရောက် မှုဖြစ်ပွားပြီး နေအိမ်အတွင်း ပိတ်မိနေသူများကို မီးသတ်တပ်ဖွဲ့က ကယ်ဆယ်ရေး ဆောင်ရွက်ပေးခဲ့ရကြောင်း မီးသတ်ဦးစီးဌာနက သတင်းထုတ် ပြန်သည်။
ဓာတ်ပုံ- ဝမ်းတွင်းမြို့နယ်တွင် ရေကြီးမှုကြောင့် နေအိမ်များ နစ်မြုပ်နေပုံနှင့် မီးသတ်တပ်ဖွဲ့က နေပြည်တော်၊ ပျော်ဘွယ်တို့တွင် ကယ်ဆယ်ရေး လုပ်နေစဉ်။