Author: admin
-
နေပြည်တော်သို့ PDF များနှင့် လက်နက်ခဲယမ်းများ ဝင်ရောက်မှု မရှိစေရေး အဖွဲ့ဝင် ၂၃ ဦးပါ အထူးအဖွဲ့က ဦးစီး ကွပ်ကဲ စစ်ဆေးနေ
နေပြည်တော်သို့ PDF များနှင့် လက်နက်ခဲယမ်းများ ဝင်ရောက်မှု မရှိစေရေး အဖွဲ့ဝင် ၂၃ ဦးပါ အထူးအဖွဲ့က ဦးစီး ကွပ်ကဲ စစ်ဆေးနေ ရန်ကုန်၊ ဩဂုတ် ၉ အကြမ်းဖက်စစ်ကောင်စီက နေပြည်တော်အတွင်းသို့ PDF များနှင့် လက်နက်ခဲယမ်းများ သယ်ဆောင်ဝင်ရောက်မှု မရှိစေရေး အဖွဲ့ဝင် ၂၃ ဦးပါ အဖွဲ့ ဖွဲ့စည်းကာ ဦးစီးကွပ်ကဲဆောင် ရွက် နေကြောင်း နေပြည်တော်ကောင်စီသတင်းရင်းမြစ်ထံမှ သိရှိရသည်။ ဇူလိုင် ၁၈ ရက်နေ့မှစတင်ပြီး နေပြည်တော်အတွင်းသို့ တရားမဝင် လက်နက်ခဲယမ်းများ သယ်ဆောင်မှုများ ၊ လုံး၀ ဝင်ရောက် မှု မရှိစေရေးအတွက် စတင်ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရန်အတွက် အဖွဲ့ဝင် ၂၃ ဦးပါ အဖွဲ့ကို ဖွဲ့စည်းထားပြီး ယင်းအဖွဲ့က…
-
အမေရိကန်တစ်ဒေါ်လာ ၅၇၅၀ ကျပ်အထိ စံချိန်ထပ်ချိုးပြန်၊ မြန်မာကျပ်ငွေတန်ဖိုးထိုးကျမှု စီးပွားရေးအသိုင်းအ၀ိုင်းတစ်ခုလုံးကို ဂယက်ဆိုးများ ရိုက်ခတ်နေ
အမေရိကန်တစ်ဒေါ်လာ ၅၇၅၀ ကျပ်အထိ စံချိန်ထပ်ချိုးပြန်၊ မြန်မာကျပ်ငွေတန်ဖိုးထိုးကျမှု စီးပွားရေးအသိုင်းအ၀ိုင်းတစ်ခုလုံးကို ဂယက်ဆိုးများ ရိုက်ခတ်နေ ရန်ကုန်၊ ဩဂုတ် ၉ ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အမေရိကန်ဒေါ်လာလျှင် ငွေကျပ် ၅၇၅၀ ကျပ်အထိ စံချိန်ချိုးမြင့်တက်ခဲ့ပြီး မြန်မာကျပ်ငွေတန်ိဖုး အရှိန်အဟုန်ဖြင့် ထိုးကျနေမှုက ပြည်တွင်းစီးပွားရေးတစ်ခုလုံးကို ဂယက်ဆိုးများ ရိုက်ခတ်နေကြောင်း ရန်ကုန်စီးပွားရေး အသိုင်းအ၀ိုင်းက ပြောဆိုသည်။ ဩဂုတ်လ ၈ ရက်နေ့တွင် မြန်မာကျပ်ငွေတန်ဖိုးသည် စံချိန်တင်ဟု ခေါ်ရမည့် အခြေအနေသို့ ရောက်ရှိ ထိုးကျသွားပြီး အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၅၇၅၀ ဖြင့်စျေးပိတ်သွားခဲ့ကြောင်း၊ ယမန်နေ့ ကျပ်ငွေတန်ဖိုး ထိုးကျမှုကြောင့် သွင်းကုန်များ စျေးနှုန်း မတည်မငြိမ်ဖြစ်မှုနှင့် သွင်းကုန်များ ထပ်မံ တင်သွင်းရန် အခက်အခဲများဖြစ်ပေါ်နေရကြောင်း သိရှိရသည်။ “အခုက ဗဟိုဘဏ်က သွင်းကုန်အတွက် ဒေါ်လာရောင်းမပေးဘူး။ စက်သုံးဆီနဲ့…
-
ပြင်ဦးလွင်ကို တိုက်ခိုက်မည်ဆိုသော သတင်း များကြောင့် စစ်တပ်အရာရှိကြီးများ၏ မိသားစုများ၊ ရဲနှင့် ဝန်ထမ်းများ၏ မိသားစုများ အလုံးအရင်းဖြင့် စတင်ပြောင်းရွှေ့ နေ၊ မန္တလေးမြို့အဝင်တွင် ကားများပိတ်ဆို့နေ (ရုပ်/သံ)
ပြင်ဦးလွင်ကို တိုက်ခိုက်မည်ဆိုသော သတင်း များကြောင့် စစ်တပ်အရာရှိကြီးများ၏ မိသားစုများ၊ ရဲနှင့် ဝန်ထမ်းများ၏ မိသားစုများ အလုံးအရင်းဖြင့် စတင်ပြောင်းရွှေ့ နေ၊ မန္တလေးမြို့အဝင်တွင် ကားများပိတ်ဆို့နေ (ရုပ်/သံ) ရန်ကုန်၊ ဩဂုတ် ၈ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်ကို တော်လှန်ရေးတပ်များက မကြာမီ တိုက် ခိုက်မည်ဆိုသော သတင်းများကြောင့် စစ်တပ်အရာရှိကြီးများ၏ မိသားစုများ၊ ရဲနှင့် ဝန်ထမ်းများ၏ မိသားစုများ အလုံးအရင်းဖြင့် စတင်ပြောင်းရွှေ့ နေကြကြောင်း ပြင်ဦးလွင်မြို့အခြေစိုက် တပ်သတင်းရင်းမြစ်များက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဩဂုတ်လ ၆ ရက်နေ့မှစတင်၍ စစ်တပ်အရာရှိကြီးများ၏ မိသားစုဝင်များ၊ ရဲမိသားစုများ၊ Non-CDM ဝန်ထမ်းများ၏ မိသား စုဝင်များက ပြင်ဦးလွင်မြို့မှ စတင်ပြောင်းရွှေ့နေကြခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ဘက်ကလည်း ပြင်ဦးလွင်တွင် ခံစစ်ပြင်ဆင်မှုများ သိသိသာသာ တိုးမြှင့်လုပ်ဆောင်လာချိန်တွင်…
-
မန္တလေးအနီး ရွှေတွင်းစောင့်တပ်ကို MDY-PDF ဝင်တိုက်
ပုသိမ်ကြီးမြို့နယ် ရွှေတွင်းတွင် အင်အား ၃၀ ဖြင့် စခန်းချထားသောတပ်ကို MDY-PDF က တိုက်ခိုက်ရာ လေတပ်နှင့် အခြားစစ်စခန်းတစ်ခုက ပြင်းပြင်းထန်ထန် ပစ်ကူပေးပြီး ခုခံခဲ့သည်ဟု သိရသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) က မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ဖယောင်းတောင် ရွှေတွင်းကို ယမန်နေ့ (သြဂုတ် ၆) ညနေပိုင်းတွင် ဝင်ရောက်စီးနင်းခဲ့သည်ဟု ဒေသခံများနှင့် စစ်ရေးသတင်းအရင်းအမြစ်များထံမှ သိရသည်။ ရွှေသတ္တုသိုက် တန်ချိန် ၄၇,၀၀၀ ကျော်ရှိနေနိုင်သည်ဟု ၂၀၁၉ ခုနှစ် အစီရင်ခံစာတစ်ခုက ခန့်မှန်းထားသည့် ထိုရွှေတွင်းသည် ပုသိမ်ကြီးမြို့နယ်အတွင်း ပြီးခဲ့သည့် ဇူလိုင်လလယ်က MDY-PDF သိမ်းဆည်းထားသည့် တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းဖြစ်သော အယ်လ်ဖာဘိလပ်မြေစက်ရုံနှင့် တစ်မိုင်ခွဲခန့်အကွာတွင် တည်ရှိသည်။ ရွှေတွင်းနှင့်အနီးတစ်ဝိုက်တွင် အင်အား ၃၀ ခန့်ဖြင့် တပ်စွဲထားသည့်စခန်းကို အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ…
-
ပြင်ဦးလွင်မြို့နယ်၊ ရတနာပုံဆိုင်ဘာစီးတီး အဆင့်မြင့် နည်းပညာတက္ကသိုလ်တွင် စစ်တပ်က ဝင်ရောက်တပ်စွဲသဖြင့် ကျောင်းသားကျောင်းသူများနှင့် ဆရာ၊ ဆရာမများ နေရပ်ပြန်
ပြင်ဦးလွင်မြို့နယ်၊ ရတနာပုံဆိုင်ဘာစီးတီး အဆင့်မြင့် နည်းပညာတက္ကသိုလ်တွင် စစ်တပ်က ဝင်ရောက်တပ်စွဲသဖြင့် ကျောင်းသားကျောင်းသူများနှင့် ဆရာ၊ ဆရာမများ နေရပ်ပြန် ရန်ကုန်၊ ဩဂုတ် ၇ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ရတနာပုံဆိုင်ဘာစီးတီး အဆင့်မြင့် နည်းပညာတက္ကသိုလ်တွင် စစ်တပ်က ယနေ့ ဝင်ရောက်တပ်စွဲသဖြင့် ကျောင်းသားကျောင်းသူများနှင့် ဆရာ၊ ဆရာမတချို့ နေရပ်ပြန်ကြကြောင်း အဆိုပါကျောင်းမှ ကျောင်းသားတချို့က ပြောဆိုကြသည်။ ရတနာပုံဆိုင်ဘာစီးတီး အဆင့်မြင့်နည်းပညာတက္ကသိုလ် (University of Technology -Yatanarpon Cyber City)သည် ပြင်ဦးလွင်မြို့နယ်/ရတနာပုံနည်းပညာမြို့သစ်အနီး ပြင်စာရွာနှင့်သုံးတောင်ရွာ အကြားတွင် တည်ရှိကြောင်း၊ ယနေ့ နံနက်ပိုင်းတွင် စစ်တပ်က အဆိုပါ တက္ကသိုလ်အတွင်းသို့ ဝင်ရောက်လာပြီး တပ်စွဲလိုက်သဖြင့် ကျောင်းသားကျောင်းသူတချို့နှင့် ဆရာ၊ ဆရာမတချို့တို့က ကြောက်လန့်ကာ နေရပ်ပြန်ကြခြင်းဖြစ်ကြောင်း သိရှိရသည်။ “ဒီနေ့ ပြင်ဦးလွင်…
-
သန်လျင်နှင့် ကော့မှူး မြို့နယ်ရှိ ကျေးရွာများတွင် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်း ဥပဒေနှင့် ကင်းစောင့်ရန် အကြောင်းပြ၍ ပြည်သူများထံမှ ငွေကြေး အမျိုးမျိုး တောင်းခံ
သန်လျင်နှင့် ကော့မှူး မြို့နယ်ရှိ ကျေးရွာများတွင် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်း ဥပဒေနှင့် ကင်းစောင့်ရန် အကြောင်းပြ၍ ပြည်သူများထံမှ ငွေကြေး အမျိုးမျိုး တောင်းခံ ရန်ကုန်| ဩဂုတ် ၇ ရန်ကုန်မြို့၊ သန်လျင်မြို့နယ်နှင့် ကော့မှူးမြို့နယ်ရှိ ကျေးရွာများတွင် အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်း ဥပဒေနှင့် ကင်းစောင့်ရန် အကြောင်းပြ၍ ပြည်သူများထံမှ ငွေကြေး အမျိုးမျိုး တောင်းခံနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ကော့မှူးမြို့နယ်ရှိ ဇလုတ်ကြီးကျေးရွာနှင့် အဖျောက်ကျေးရွာတို့တွင် အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများက စစ်မှုမထမ်းလိုသော လူငယ်များကို ၁ ဦးလျှင် ၃၀၀၀၀ သောင်းကျပ် တောင်းခံပြီး ပိုက်ဆံရှိ သင်္ဘောသားများကို စစ်မှုထမ်း ကင်းလွတ်ခွင့်ပေးထားပြီး အခွန်ငွေပေးဆောင်ရကြောင်း၊ ထို့ပြင်…