Author: admin

  • တောင်ငူရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့်လေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက် ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

    တောင်ငူရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့်လေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက် ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

    by

    in

    တောင်ငူရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့်လေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက် ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက် ရန်ကုန်၊ ဒီဇင်ဘာ ၁၂ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ ည ၁၁ နာရီခန့်အချိန် တောင်ငူမြို့ရှိ တောင်ပိုင်းတိုင်း စစ် ဌာနချုပ် (တပခ) ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ လုံးအောင်မြင်စွာ ကျရောက်ပေါက်ကွဲမှုရှိခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း သိရ သည်။…

  • ဖာပွန်တွင် စစ်ကောင်စီ၏ တောင်သုံးလုံး နှင့်ဆင်စွယ်စခန်း  ၂ ခုကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၁၆ ဦး သေဆုံးပြီး ၁၂၀ မမ အမြောက် အပါအဝင် လက်နက်ခဲယမ်းများ ရရှိ

    ဖာပွန်တွင် စစ်ကောင်စီ၏ တောင်သုံးလုံး နှင့်ဆင်စွယ်စခန်း ၂ ခုကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၁၆ ဦး သေဆုံးပြီး ၁၂၀ မမ အမြောက် အပါအဝင် လက်နက်ခဲယမ်းများ ရရှိ

    by

    in

    ဖာပွန်တွင် စစ်ကောင်စီ၏ တောင်သုံးလုံး နှင့်ဆင်စွယ်စခန်း ၂ ခုကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၁၆ ဦး သေဆုံးပြီး ၁၂၀ မမ အမြောက် အပါအဝင် လက်နက်ခဲယမ်းများ ရရှိ ရန်ကုန်၊ ဒီဇင်ဘာ ၁၂ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် စစ်ကောင်စီ၏ တောင်သုံးလုံး နှင့်ဆင်စွယ်စခန်း ၂ ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၁၆ ဦး သေဆုံးပြီး ၁၂၀ မမ အမြောက် အပါအဝင် လက်နက်ခဲယမ်းများ ရရှိကြောင်း တောင်ပိုင်းတိုင်း စစ်ဒေသနှင့် PDF သတင်းရင်းမြစ်များထံမှ သိရှိရသည်။ ဒီဇင်ဘာလ ၇ ရက်နေ့ ဖာပွန်မြို့နယ်၊ ဖာပွန် -ကမမောင်းလမ်းပေါ်ရှိ စစ်တပ် ၏ ဆင်စွယ်စခန်းကို လည်းကောင်း၊ ဒီဇင်ဘာလ ၁၁…

  • မြောက်ဒဂုံ ၇/၈လမ်းဆုံတွင် ယာဥ်စစ်နေသည့်စစ်အုပ်စုပစ်ခတ်ခံရပြီး ယာဥ်ထိန်းရဲတစ်ဦးသေဆုံး

    မြောက်ဒဂုံ ၇/၈လမ်းဆုံတွင် ယာဥ်စစ်နေသည့်စစ်အုပ်စုပစ်ခတ်ခံရပြီး ယာဥ်ထိန်းရဲတစ်ဦးသေဆုံး

    by

    in

    မြောက်ဒဂုံ ၇/၈လမ်းဆုံတွင် ယာဥ်စစ်နေသည့်စစ်အုပ်စုပစ်ခတ်ခံရပြီး ယာဥ်ထိန်းရဲတစ်ဦးသေဆုံး ရဲခေါင်/People’s Spring ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ် ၇/၈လမ်းဆုံတွင် ယာဥ်စစ်နေသည့်စစ်အုပ်စု ပစ်ခတ်ခံရပြီး ယာဥ်ထိန်းရဲတစ်ဦးသေဆုံးကြောင်း ဒေသခံအချို့က လူထုနွေဦးသို့ ပြောသည်။ ဒီဇင်ဘာ ၁၁ ရက် နေ့လယ် ၂နာရီဝန်းကျင်တွင် ဖြစ်ပွားခဲ့သော အခင်းဖြစ်စဥ်ကြောင့် မြောက်ဒဂုံနှင့် အရှေ့ဒဂုံမြို့နယ်ရှိလမ်းပိုင်းများကို စစ်ကောင်စီက ပိတ်ဆို့ စစ်ဆေးပြီး အမျိုးသားများကို ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။ “၇/၈ လမ်းဆုံက မြောက်ဒဂုံနဲ့ အရှေ့ဒဂုံလမ်းဆုံ မျိုး။အဲဒီမှာ စခတွေ ဘဲဥတွေ အမြဲနီးပါးစစ်နေတာ။မနေ့က ပစ်ခတ်မှုဖြစ်တော့ စစ်ကားချည်းပဲ ၁၀စီးလောက်နဲ့ လမ်းတွေပိတ်၊ လူတွေစစ်တယ်။ဘဲဥ တစ်ယောက်တော့သေတယ်တဲ့”ဟု ၇/၈ လမ်းဆုံအနီး နေထိုင်သူက ပြောသည်။ ပစ်ခတ်မှုဖြစ်စဥ်တွင် အင်္ကျီအနက် ဝတ်ဆင်ထားသူနှစ်ဦးက ဆိုင်ကယ်ဖြင့် ပစ်ခတ်သွားသည်ဟု ဆိုကာ အခင်းဖြစ်ပွားပြီးချိန်တွင်…

  • ရန်ကုန် PDFနဲ့ ရန်ကုန်ပကဖ အတူတကွ ဟန်ချက်ညီဆောင်ရွက်ကြမယ့် ရန်ကုန်သို့လျှောက်သောလမ်း “Road to Rangoon”ကမ်ပိန်းကို ဒီဇင်ဘာလ ၁၅ ရက်မှာ စတင်တော့မှာဖြစ်ပါတယ်။

    ရန်ကုန် PDFနဲ့ ရန်ကုန်ပကဖ အတူတကွ ဟန်ချက်ညီဆောင်ရွက်ကြမယ့် ရန်ကုန်သို့လျှောက်သောလမ်း “Road to Rangoon”ကမ်ပိန်းကို ဒီဇင်ဘာလ ၁၅ ရက်မှာ စတင်တော့မှာဖြစ်ပါတယ်။

    by

    in

    ရန်ကုန် PDFနဲ့ ရန်ကုန်ပကဖ အတူတကွ ဟန်ချက်ညီဆောင်ရွက်ကြမယ့် ရန်ကုန်သို့လျှောက်သောလမ်း “Road to Rangoon”ကမ်ပိန်းကို ဒီဇင်ဘာလ ၁၅ ရက်မှာ စတင်တော့မှာဖြစ်ပါတယ်။ ရန်ကုန်တိုင်းက PDF တပ်ရင်းတွေ၊ ပကဖတပ်ဖွဲ့တွေအတွက် စစ်ဆင်ရေးလိုအပ်ချက်တွေ ဖြည့်တင်းဖို့ ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ကမ်ပိန်းရည်မှန်းချက်မှာ ကျပ်သိန်းပေါင်း ၅၀၀၀ ဖြစ်ပြီး မိဘပြည်သူတွေ Road to Rangoon လမ်းဖောက်ရာမှာ ပါဝင်ကူညီကြဖို့ ရန်ကုန် PDFက နှိုးဆော်ထားပါတယ်။ ကျရာတာဝန် ကျေပွန်နေကြတဲ့ အမျိုးသမီးရဲဘော်လေးများ (ရုပ်/သံ) ဒီဇင်ဘာ ၁၁၊ ၂၀၂၄ ကျရာတာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်နေကြတဲ့ အမျိုးသမီးရဲဘော်လေးတွေရဲ့ တစ်နေ့တာ တာဝန်တွေကို မုံရွာခရိုင်တပ်ရင်း(၄) Monywa The Boys က ထုတ်ပြန်လိုက်ပါတယ်။

  • စစ်ရှုံးနေသည့် မင်းအောင်လှိုင် ပြင်ဦးလွင် စစ်နည်းပညာတက္ကသိုလ် ကျောင်းဆင်းပွဲ တက်ရောက်မည်၊ စစ်တပ်ပြိုကွဲပျက်စီးနေ၍ မင်းအောင်လှိုင်ကို လဲလှယ်ရန် အမျိုးသားရေးသမားများနှင့်စစ်တပ်ထောက်ခံသူများအကြား တောင်းဆိုနေ

    စစ်ရှုံးနေသည့် မင်းအောင်လှိုင် ပြင်ဦးလွင် စစ်နည်းပညာတက္ကသိုလ် ကျောင်းဆင်းပွဲ တက်ရောက်မည်၊ စစ်တပ်ပြိုကွဲပျက်စီးနေ၍ မင်းအောင်လှိုင်ကို လဲလှယ်ရန် အမျိုးသားရေးသမားများနှင့်စစ်တပ်ထောက်ခံသူများအကြား တောင်းဆိုနေ

    by

    in

    စစ်ရှုံးနေသည့် မင်းအောင်လှိုင် ပြင်ဦးလွင် စစ်နည်းပညာတက္ကသိုလ် ကျောင်းဆင်းပွဲ တက်ရောက်မည်၊ စစ်တပ်ပြိုကွဲပျက်စီးနေ၍ မင်းအောင်လှိုင်ကို လဲလှယ်ရန် အမျိုးသားရေးသမားများနှင့်စစ်တပ်ထောက်ခံသူများအကြား တောင်းဆိုနေ ရန်ကုန်၊ ဒီဇင်ဘာ ၁၂ မြန်မာနိုင်ငံတစ်ဝန်းတွင် စစ်ရှုံးမှုများ ဆက်တိုက်ကြုံတွေ့နေရသော်လည်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြင်ဦးလွင်တွင် စစ်နည်းပညာတက္ကသိုလ်ကျောင်းဆင်းပွဲ တက်ရောက်မည်ဖြစ်ကြောင်း တပ်သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ပြင်ဦးလွင်တွင် DSTA ခေါ် စစ်နည်းပညာတက္ကသိုလ်ကျောင်းဆင်းပွဲ ပြုလုပ်ရန် ရှိနေပြီး မူလအစီအစဉ်တွင် မင်းအောင်လှိုင် တက်ရောက်မည်ဟု အစီအစဉ်ရေးဆွဲထားကြောင်း၊ အဆိုပါ ကျောင်းဆင်းပွဲအတွက် လုံခြုံရေး အကြို လေ့ကျင့်ခြင်းနှင့် ကျောင်းဆင်းပွဲ အကြိုလေ့ကျင့်ခြင်းများကို ဒီဇင်ဘာလ ၁၀ ရက်နေ့၊ ဒီဇင်ဘာလ ၁၁ ရက်နေ့တို့တွင် လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။ “DSTAကျောင်းဆင်းပွဲကို တပ်ချုပ်တက်မယ်။ လုံခြုံရေးတွေလည်း အထူးတင်းကျပ်ထားပါတယ်” ဟု…

  • စစ်ခေါင်းဆောင်ကို ICC ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားချက် ဗြိတိန်အမတ်တချို့ အဆိုတင်

    စစ်ခေါင်းဆောင်ကို ICC ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားချက် ဗြိတိန်အမတ်တချို့ အဆိုတင်

    by

    in

    စစ်ခေါင်းဆောင်ကို ICC ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားချက် ဗြိတိန်အမတ်တချို့ အဆိုတင် ~~~ ■ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) ရှေ့နေရဲ့တောင်းဆိုချက်ကို ကြိုဆိုကြောင်း ဗြိတိန်လွှတ်တော်အမတ်တွေက လွှတ်တော်ကို လက်မှတ်ရေးထိုး အဆိုတင်သွင်းလိုက်ပါတယ်။ ဗြိတိန်တစ်သီးပုဂ္ဂလအမတ် လေးဦး၊ မြောက်စကော့တစ် နေရှင်နယ်လစ်ပါတီက အမတ်တစ်ဦးနဲ့ ဒီမိုကရက်တစ်ယူနီယံနစ်ပါတီ အမတ်တစ်ဦး စုစုပေါင်း ခြောက်ဦးက ဒီအဆိုကို ဒီဇင်ဘာလ ၁၀ ရက်နေ့က တင်သွင်းခဲ့တာလို့ ဗြိတိန်နိုင်ငံဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ် ဒေါက်တာသက်ကိုကိုက RFA ကို‌ ပြောပါတယ်။ “ကျွန်တော်တို့ NUG အနေနဲ့ ဒါကို ကြိုဆိုပါတယ်၊ အခုလို တင်သွင်းလိုက်တာဟာ ပြစ်မှုကျူးလွန်သူတွေအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု ဖြစ်ကိုဖြစ်ရမယ်၊ ပြည်သူလူထုကို မတရားလုပ်ခဲ့တဲ့သူတွေဟာ…

  • ဖာပွန်က စခန်းနှစ်ခုကို KNU ဆက်လက်သိမ်းယူ

    ဖာပွန်က စခန်းနှစ်ခုကို KNU ဆက်လက်သိမ်းယူ

    by

    in

    ဖာပွန်က စခန်းနှစ်ခုကို KNU ဆက်လက်သိမ်းယူ နိုင်ပကောင်း/People’s Spring ကရင်ပြည်နယ် ၊ဖာပွန် – ကမမောင်း ကားလမ်းပေါ်က စစ်ကောင်စီတပ်ရဲ့ ဆင်စွယ်စခန်းနဲ့တောင်သုံးလုံးစခန်း တွေကို KNU တပ်မဟာ (၅) ပူးပေါင်းတပ်က သိမ်းယူလိုက်ပြီလို့ တပ်မဟာ (၅) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးစောကလယ်ဒိုက ဒီနေ့ ဒီဇင်ဘာလ ၁၁ ရက်မှာ အတည်ပြုပါတယ်။ ကတိုင်တိဒေသမှာ ရှိတဲ့ ဆင်စွယ်စခန်းနဲ့ တောင်သုံးလုံးစခန်း ကို ပြီးခဲ့တဲ့ ရက်ပိုင်း ဒီဇင်ဘာလ ၇ ရက်နဲ့ ဒီဇင်ဘာလ ၁၀ ရက်တို့မှာ KNU က သိမ်းယူခဲ့တာပါ။ စခန်းသိမ်းတိုက်ပွဲမှာ လက်နက်ခဲယမ်းအချို့လည်းသိမ်းဆည်းရမိတယ်လို့သိရပါတယ်။ ဖာပွန်ခရိုင်ထဲက ဆယ်စုနှစ်နဲ့ချီပြီး နေရာယူတပ်စွဲထားတဲ့စစ်တပ်စခန်းတွေဖြစ်တဲ့ ကူးဆိပ် ၊ မထောတပ်စခန်း တွေကို သိမ်းပြီးနောက်…

  • နပခဒုတိုင်းမှူးနှင့် တိုင်းဦးစီးချုပ်တို့၏ အမ်းမြို့ရှိနေအိမ်ကို AA ချိပ်ပိတ်

    နပခဒုတိုင်းမှူးနှင့် တိုင်းဦးစီးချုပ်တို့၏ အမ်းမြို့ရှိနေအိမ်ကို AA ချိပ်ပိတ်

    by

    in

    နပခဒုတိုင်းမှူးနှင့် တိုင်းဦးစီးချုပ်တို့၏ အမ်းမြို့ရှိနေအိမ်ကို AA ချိပ်ပိတ် အိမ်သွင်/People’s Spring အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနှင့် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ပိုင်ဆိုင်သည့် အမ်းမြို့ရှိ နေအိမ်နှစ်လုံးကို အာရက္ခတပ်တော်(AA)က ချိပ်ပိတ် သိမ်းဆည်းလိုက်ကြောင်း သတင်းရရှိသည်။ ” မြို့ထဲက အိမ်တွေကို ချိပ်ပိတ်ပစ်တာ။ မြို့ကို လေကြောင်းကနေအပစ်ခံရတော့ သူတို့ အိမ်တွေလည်း ထိတော့ ထိထားတယ်။ အိမ်တွေကတော့ အကောင်းစားတွေ”ဟု မြို့ခံတစ်ဦးက ပြောသည်။ နပခဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းသည် ပြီးခဲ့သည့် နိုဝင်ဘာ ၄ရက်က မကွေးမြို့အခြေစိုက် တပ်မ(၈၈)သို့ ရဟတ်ယာဉ်ဖြင့်ထွက်ပြေးသွားခဲ့ပြီး ယင်းအချိန်ကတည်းက နေအိမ်ကို ပိတ်ထားခြင်းဖြစ်သည်။ တိုင်းစစ်ဦးစီးမှူးယာယီဗိုလ်မှူးချုပ်ကျော်ကျော်သန်းသည် နပခအတွင်း ရှိနေသည်ဟု သတင်းရ‌ထားကြောင်းAAနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက နိုဝင်ဘာလဆန်းပိုင်းတွင် ပြောထားသည်။ ပြီးခဲ့သည့်သြဂုတ်က နပခအနီးရှိ အမြောက်ကြီးတပ်နှင့် အရိုးတောင်လက်နက်ကြီးစခန်းကို…

  • နပခဒုတိုင်းမှူးနှင့် တိုင်းဦးစီးချုပ်တို့၏ အမ်းမြို့ရှိနေအိမ်ကို AA ချိပ်ပိတ်

    နပခဒုတိုင်းမှူးနှင့် တိုင်းဦးစီးချုပ်တို့၏ အမ်းမြို့ရှိနေအိမ်ကို AA ချိပ်ပိတ်

    by

    in

    နပခဒုတိုင်းမှူးနှင့် တိုင်းဦးစီးချုပ်တို့၏ အမ်းမြို့ရှိနေအိမ်ကို AA ချိပ်ပိတ် အိမ်သွင်/People’s Spring အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနှင့် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ပိုင်ဆိုင်သည့် အမ်းမြို့ရှိ နေအိမ်နှစ်လုံးကို အာရက္ခတပ်တော်(AA)က ချိပ်ပိတ် သိမ်းဆည်းလိုက်ကြောင်း သတင်းရရှိသည်။ ” မြို့ထဲက အိမ်တွေကို ချိပ်ပိတ်ပစ်တာ။ မြို့ကို လေကြောင်းကနေအပစ်ခံရတော့ သူတို့ အိမ်တွေလည်း ထိတော့ ထိထားတယ်။ အိမ်တွေကတော့ အကောင်းစားတွေ”ဟု မြို့ခံတစ်ဦးက ပြောသည်။ နပခဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းသည် ပြီးခဲ့သည့် နိုဝင်ဘာ ၄ရက်က မကွေးမြို့အခြေစိုက် တပ်မ(၈၈)သို့ ရဟတ်ယာဉ်ဖြင့်ထွက်ပြေးသွားခဲ့ပြီး ယင်းအချိန်ကတည်းက နေအိမ်ကို ပိတ်ထားခြင်းဖြစ်သည်။ တိုင်းစစ်ဦးစီးမှူးယာယီဗိုလ်မှူးချုပ်ကျော်ကျော်သန်းသည် နပခအတွင်း ရှိနေသည်ဟု သတင်းရ‌ထားကြောင်းAAနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက နိုဝင်ဘာလဆန်းပိုင်းတွင် ပြောထားသည်။ ပြီးခဲ့သည့်သြဂုတ်က နပခအနီးရှိ အမြောက်ကြီးတပ်နှင့် အရိုးတောင်လက်နက်ကြီးစခန်းကို…

  • တရားမဝင်ကုန်စည်များ လေးဆတိုးဖမ်းရန် ဒုစစ်ခေါင်းဆောင် ပြော

    တရားမဝင်ကုန်စည်များ လေးဆတိုးဖမ်းရန် ဒုစစ်ခေါင်းဆောင် ပြော

    by

    in

    တရားမဝင်ကုန်စည်များ လေးဆတိုးဖမ်းရန် ဒုစစ်ခေါင်းဆောင် ပြော ဧရာဝတီ၊ ဒီဇင်ဘာ ၁၁၊ ၂၀၂၄ မြန်မာနိုင်ငံနှင့်ကုန်သွယ်ဘက် အိမ်နီးချင်းနိုင်ငံများ၏ ပို့ကုန်/သွင်းကုန် လက်ခံစာရင်းများတိုက်ဆိုင်စစ်ဆေးရာတွင် မိမိနိုင်ငံ စာရင်းဇယားမှာများစွာလျော့နည်းနေသဖြင့် တရားမဝင်ကုန်ပစ္စည်းများကို ယခုထက်ပို၍ လေးဆခန့်ထိထိရောက်ရောက် ဖမ်းဆီးရန် လိုအပ်နေကြောင်း အာဏာသိမ်း ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။ ယမန်နေ့က နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ ပြုလုပ်သော တရားမဝင်ကုန်သွယ်မှု တိုက် ဖျက်ရေး ဦးဆောင်ကော်မတီအစည်းအဝေးတွင် ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်ပြီး မှောင်ခိုတင်သွင်းမှုကို ယခု ထက်ပို၍ သတင်းပေးသူ များလာစေရန် ကြိုးစားရမည်ဟုလည်း ဒုစစ်ခေါင်းဆောင်က ညွှန်ကြားသည်။ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီမှ ၂၀၂၄ ခုနှစ် နိုဝင်ဘာအထိ ၁၇၂၅၈ မှု ခန့်မှန်းတန်ဖိုးငွေ ကျပ် ၃၇၉ ဒသမ…