Author: admin
-
ဒေါနတောင်တန်း အရှေ့ခြမ်းက တာလယ်ဗျုဟာ ကို KNU ဝန်းရံပိတ်ဆို့တိုက်ခိုက်
ဒေါနတောင်တန်း အရှေ့ခြမ်းက တာလယ်ဗျုဟာ ကို KNU ဝန်းရံပိတ်ဆို့တိုက်ခိုက် မေ – ၁၃ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring ကရင်ပြည်နယ် ၊ လှိုင်းဘွဲ့မြို့နယ် ၊ ဒေါနတောင်တန်း အရှေ့ခြမ်း ၊ နော်တရာတောင်ခြေမှာရှိတဲ့ တာလယ်ဗျုဟာစခန်းကို KNU က တိုက်ခိုက်ရာမှာ စခန်းမကျဖို့ စစ်ကောင်စီတပ်ကလေကြောင်းပစ်ကူသုံးပြီး ခုခံနေတယ်လို့ ကရင်စစ်ရေးသတင်းမြစ်ထံကသိရပါတယ်။ ဘားအံခရိုင် ၊ လှိုင်းဘွဲ့မြို့နယ် ၊ ပိုင်ကျုံမြို့ ၊ တပ်မဟာ (၇) စစ်ရေးလှုပ်ရာနယ်မြေထဲက တာလယ်ကျေးရွာအနီးမှာရှိတဲ့ ဗျုဟာစခန်းကို ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA) ၊ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) တို့က မေလ ၉ ရက်က စတင်တိုက်ခိုက်နေတာပါ။ ထိုင်းနယ်စပ်အနီးက တခေါဘီခွီးစခန်းကို သိမ်းယူလိုက်တဲ့ နေ့မှာပဲ…
-
မင်းအောင်လှိုင် လာရန် ရှိနေ၍ မန္တလေးရှိ ငလျင်ဒဏ်သင့် အဆောက်အအုံများ အမြင် တင့်တယ်စွာ ထားရန်နှင့် အပြိုအပျက်အစီးများကို အမြန်ဆုံးရှင်းလင်းရန် စည်ပင်နှင့်စစ်တပ်က အိမ်ပိုင်ရှင်များကို သတိပေး လက်မှတ်ထိုးခိုင်း
မင်းအောင်လှိုင် လာရန် ရှိနေ၍ မန္တလေးရှိ ငလျင်ဒဏ်သင့် အဆောက်အအုံများ အမြင် တင့်တယ်စွာ ထားရန်နှင့် အပြိုအပျက်အစီးများကို အမြန်ဆုံးရှင်းလင်းရန် စည်ပင်နှင့်စစ်တပ်က အိမ်ပိုင်ရှင်များကို သတိပေး လက်မှတ်ထိုးခိုင်း ရန်ကုန်၊ မေ ၁၃ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်အဖွဲ့ လာရောက်ရန် ရှိနေ၍ မန္တလေးရှိ ငလျင်ဒဏ်သင့် အ ဆောက် အအုံများကို အမြင်တင့်တယ်စွာ ကာ ရန်ထားကြရန်၊ အပြိုအပျက်အစီးများကို အမြန်ဆုံးရှင်းလင်းရန် မန္တလေးစည်ပင်နှင့်စစ်ကောင်စီက ငလျင်ဒဏ်သင့်နေအိမ်နှင့်အဆောက်အအုံပိုင်ရှင်များကို သတိပေးလက် မှတ်ထိုးခိုင်းလာကြောင်း မန္တလေးမှ အိမ်ပိုင်ရှင်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ စစ်ကောင်စီလက်အောက်ခံ မန္တလေးစည်ပင်က ငလျင်ဒဏ်သင့် မန္တလေးမှ အိမ်ပိုင်ရှင်များကို အမိန့် အမျိုးမျိုးထုတ်၍ ဖိအားပေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း၊ မေလအတွင်း မန္တလေးတွင် ငလျင်ဒဏ်သင့် အဆောက် အဦများကို…
-
နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုများ စစ်ကောင်စီက တိုးမြှင့်လာရန်ရှိနေ ၊ ဒီပဲယင်းမြို့နယ်ကို ယမန်နေ့ညသန်းခေါင်ယံအချိန် စစ်တပ်က လေယာဉ်ဖြင့် ထပ်မံဗုံးကျဲခဲ့ပြန်
နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုများ စစ်ကောင်စီက တိုးမြှင့်လာရန်ရှိနေ ၊ ဒီပဲယင်းမြို့နယ်ကို ယမန်နေ့ညသန်းခေါင်ယံအချိန် စစ်တပ်က လေယာဉ်ဖြင့် ထပ်မံဗုံးကျဲခဲ့ပြန် ရန်ကုန်၊ မေ ၁၃ မြန်မာနိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုများကိုစစ်ကောင်စီက တိုးမြှင့်လာရန်ရှိနေကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ အကြမ်းဖက် မင်းအောင်လှိုင်က ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမတိုင်မီ ရွေးကောက်ပွဲကျင်းပရန်အတွက် ရနိုင်သမျှ မြို့ နယ်များအား လုံးကို နယ်မြေစိုးမိုးမှု ပြန်လည်ရရှိပြီး ရွေးကောက်ပွဲကျင်းပနိုင်ရန်၊ ဆုံးရှုံးထားသော နယ်မြေများကို စစ်တပ်က စိုးမိုးမှု ပြန် လည်ရရှိရေး၊ မိုးတွင်းကာလမတိုင်မီ နယ်မြေစိုးမိုးမှုအတွက် စစ်ကြောင်းထိုးမှုများ တိုးမြှင့်ခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများ တိုးမြှင့်လာမည်ဖြစ်ကြောင်း၊ အခြားတစ်ဖက်တွင်လည်း စစ်ကောင်စီ၏ “ရန်နိုင်မင်း” စစ်ဆင်ရေးမှာလည်း ဆက်လက် အကောင် အထည်ဖော်နေဆဲဖြစ်ကြောင်း သိရှိရသည်။ “လေကြောင်းစစ်ဆင်ရေးတွေက ဒီမေလထဲမှာ ပိုပြီး တိုးလာဖို့ရှိပါတယ်။…
-
စစ်တပ်ကဓါတ်ပုံအဟောင်းများဖြင့်ခမရ (၅၉၈) ပြန်ရဟုသတင်းအမှားဖြန့် ■တပ်ရင်းကိုPDF၊KNLAထိန်းချုပ်ထားဆဲဖြစ်ပြီးတိုက်ပွဲဖြစ်ပွားနေဟု SOFတပ်မှူးပြော
စစ်တပ်ကဓါတ်ပုံအဟောင်းများဖြင့်ခမရ (၅၉၈) ပြန်ရဟုသတင်းအမှားဖြန့် ■တပ်ရင်းကိုPDF၊KNLAထိန်းချုပ်ထားဆဲဖြစ်ပြီးတိုက်ပွဲဖြစ်ပွားနေဟု SOFတပ်မှူးပြော -မေ-၁၂၊ ၂၀၂၅။ ကျော်ဇော/People’s Spring ပဲခူးတိုင်း၊ရွှေကျင်မြို့နယ်၊ညောင်ခြေတောက်ကျေးရွာရှိ စစ်ကောင်စီ၏ ခမရ ၅၉၈ တပ်ရင်းဌာနချုပ်အား PDF ၊ KNLA နှင့် ပူးပေါင်းတပ်များက မေလ ၈ ရက်နေ့တွင်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ တပ်ရင်းပြန်လည်ရရှိရန် ကြိုးပမ်းနေကြောင်း ပြည့်သူ့ကာကွယ်ရေးတပ်မတော် PDF၊ တောင်ပိုင်းစစ်ဒေသ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)တပ်မှူး ကိုအောင်စံရှားက လူထုနွေဦးသို့ ပြောသည်။ အဆိုပါ ခမရ ၅၉၈ တပ်ရင်းစခန်းသိမ်းတိုက်ပွဲတွင် စခန်းစွန့်ထွက်ပြေးသွားသော စစ်ကောင်စီအရှိ၊ အရာခံနှင့် အကြပ်စစ်သည်အချို့မှာ တပ် ရင်းအနီး တောတောင်လျှိုမြောင်များနှင့် ကျေး ရွာများသို့ ထွက်ပြေးရှောင်တိမ်းသွားကြရာမှ တပ် ရင်းပိုင်နက်အနီးပြန်လည်ခြေချ၍ ခုခံတိုက် ခိုက်ခြင်း၊ ဝေါမြို့နယ် သူရဲသမိန်ဘက်မှ ကမ်းကူးလာသော အင်အား ၁၀၀…
-
ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ဆရာမ၊ ကျောင်း သားကျောင်းသူ စုစုပေါင်း ၂၀ ဝန်းကျင်သေဆုံးပြီး ၃၀ ကျော်ဒဏ်ရာရ ၊ သေဆုံးသူအရေအတွက် တိုးလာနိုင်
ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ဆရာမ၊ ကျောင်း သားကျောင်းသူ စုစုပေါင်း ၂၀ ဝန်းကျင်သေဆုံးပြီး ၃၀ ကျော်ဒဏ်ရာရ ၊ သေဆုံးသူအရေအတွက် တိုးလာနိုင် ရန်ကုန်၊ မေ ၁၂ မိခင်တစ်ယောက်ရဲ့ငိုကြွေးသံ😢 စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ဆရာ၊ ဆရာမ ၂ ဦး အပါအဝင် ကျောင်းသားကျောင်းသူ စုစုပေါင်း ၂၀ ဝန်းကျင် သေဆုံးပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာရကြောင်း ဒီပဲယင်းမြို့နယ်မှ ကူညီကယ်ဆယ်ရေးလုပ်ဆောင်သူက ပြောဆိုသည်။ ယနေ့ နံနက် ၉ နာရီ ၅၅ မိနစ်ဝန်းကျင်အချိန် ဒီပဲယင်းမြို့နယ်၊အိုးထိမ်းကွင်းရွာကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဆရာမများနှင့် ကျောင်းသားကျောင်းသူ ကလေးငယ်အများအပြား…
-
ချင်းညီနောင်ကို Standard Army တပ်မတော်တစ်ရပ် အဖြစ် ဖွဲ့စည်းမည်ဟု ကြေညာ
ချင်းညီနောင်ကို Standard Army တပ်မတော်တစ်ရပ် အဖြစ် ဖွဲ့စည်းမည်ဟု ကြေညာ ရန်ကုန်| မေ ၁၂ ချင်းပြည်နှင့် ချင်းတစ်မျိုးသားလုံးကို အကာအကွယ်ပေးနိုင်ရန် ချင်းညီနောင်အဖွဲ့ကို ပိုမိုကျစ်လစ်ခိုင်မာသော တပ်မတော်တစ်ရပ် Standard Army အဖြစ် ဖွဲ့စည်းသွားမည်ဟု ချင်းညီနောင်က ထုတ်ပြန်ကြေညာသည်။ ချင်းညီနောင်အဖွဲ့ကို ပိုမိုကျစ်လစ်ခိုင်မာသော တပ်မတော်တစ်ရပ် Standard Army အဖြစ် ဖွဲ့စည်းနိုင်ရန် အခြေခံမူများ ချမှတ်နိုင်ခဲ့ကြောင်း ချင်းညီနောင်၏ မေလ ၁၁ ရက်တွင် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ချင်းညီနောင်အဖွဲ့အား တပ်အင်အားတစ်ခုအဖြစ် တိုးမြှင့်ဖွဲ့စည်းနိုင်ရန် လွတ်မြောက်နယ်မြေတစ်နေရာတွင် ဧပြီလ ၂၆ ရက်မှ ၂၉ ရက်နေ့အထိ ကိုယ်စားလှယ် ၃၉ ဦးဖြင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ချင်းညီနောင်က ထုတ်ပြန်လာခြင်းဖြစ်သည်။ ယင်းအပြင် ချင်းအမျိုးသားစည်းလုံးညီညွတ်ရေးနှင့် အနာဂတ်တွင်…
-
စမ်းချောင်းမြို့နယ်၊ မဟာမြိုင်ရဲရိပ်သာကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်၊ ဗုံးပေါက်ကွဲသံကို စမ်းချောင်းမှ ပြည်သူအများစု ကြားသိ
စမ်းချောင်းမြို့နယ်၊ မဟာမြိုင်ရဲရိပ်သာကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်၊ ဗုံးပေါက်ကွဲသံကို စမ်းချောင်းမှ ပြည်သူအများစု ကြားသိ ရန်ကုန်၊ မေ ၁၂ ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ မဟာမြိုင် ရဲ ရိပ်သာကို လက်ပစ်ဗုံးဖြင့်ပစ်ခတ်ဖောက်ခွဲ တိုက်ခိုက်ခဲ့ ကြောင်း Freeland Attack Force – FLA မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။ ယမန်နေ့ မေလ ၁၁ ရက်နေ့ ည ၈ နာရီ ၄၀ မိနစ်က စမ်းချောင်းမြို့နယ်၊ မဟာမြိုင်ရဲဝန်းအတွင်းသို့ ရန်ကုန်မြို့ပြ ပြောက်ကျားရဲဘော်များက လက်ပစ်ဗုံးဖြင့် ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရဲတန်း လျား၏ ထိပ်ဆုံးအခန်းတွင် ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ထိခိုက်မှုအခြေအနေကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။ “ထိခိုက်မှုအခြေအနေ အသေးစိတ်တော့ မသိရသေးပါဘူး။ စုံစမ်းနေဆဲပါပဲ၊…
-
Breaking News- ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ကျောင်းသားကျောင်းသူ ၅၀ ဝန်းကျင် ထိခိုက်သေဆုံးဟုဆို
Breaking News- ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ကျောင်းသားကျောင်းသူ ၅၀ ဝန်းကျင် ထိခိုက်သေဆုံးဟုဆို ရန်ကုန်၊ မေ ၁၂ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ဆရာ၊ ဆရာမ ၂ ဦး အပါအဝင် ကျောင်းသားကျောင်းသူ ၅၀ ဝန်းကျင် ထိခိုက်သေဆုံးကြောင်း ဒီပဲယင်းမြို့နယ်မှ ကူညီကယ်ဆယ်ရေးလုပ်ဆောင်သူက ပြောဆိုသည်။ ယနေ့ နံနက် ၉ နာရီ ၅၅ မိနစ်ဝန်းကျင်အချိန် ဒီပဲယင်းမြို့နယ်၊အိုးထိမ်းကွင်းရွာကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဆရာမ ၂ ဦး သေ ဆုံးခဲ့ပြီး ကလေးငယ်အများအပြား ထိခိုက်သေဆုံးကြောင်း သိရှိရသည်။ “စာသင်ကျောင်းပေါ် တည့်တည့်ကျဲသွားတာ။ ဆရာမ ၂ ဦးကတော့…
-
စစ်တပ်မှလွဲ၍ လက်နက်ကိုင်အဖွဲ့များ လက်နက်စွန့်ရန် ဒေါ်သက်သက်ခိုင် ပြော
စစ်တပ်မှလွဲ၍ လက်နက်ကိုင်အဖွဲ့များ လက်နက်စွန့်ရန် ဒေါ်သက်သက်ခိုင် ပြော ဧရာဝတီ၊ မေ ၁၁၊ ၂၀၂၅ အပစ်ခတ်ရပ်စဲရေးမှ ထာဝရငြိမ်းချမ်းရေးသို့ ရောက်ရှိစေရန် စစ်တပ်ကလွဲ၍ လက်နက်ကိုင်အဖွဲ့အစည်းများ လက်နက်စွန့်ကြရန် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်က ယနေ့ ရန်ကုန်မြို့တွင်ပြုလုပ်သည့် ပါတီသတင်းစာရှင်းလင်းပွဲ၌ ပြောဆိုသည်။ ၎င်းက “အပစ်ခတ်ရပ်စဲရေးကနေ ထာဝရငြိမ်းချမ်းရေးကိုရောက်အောင် တပ်မတော်ကလွဲပြီး ကျန်လက်နက်ကိုင်အဖွဲ့တွေ လက်နက်စွန့်ဖို့ကြိုးစားကြပါ၊ နိုင်ငံရေးစကားဝိုင်းကို လာကြဖို့ အဓိက ပြောချင်ပါတယ်” ဟု ဆိုသည်။ နိုင်ငံရေးဖြစ်စဉ် မတည်ငြိမ်စေရန်လုပ်ဆောင်သည့်သူများမှာ ပြည်သူ လူထု၊ ပြည်တွင်းရှိနိုင်ငံရေးသမားများ၊ စစ်တပ်နှင့် နိုင်ငံတကာစွက်ဖက်မှုများလည်းပါဝင်နေကြောင်း ပြည်သူများ အမြင်ကျယ်ရန်လိုကြောင်းလည်း ၎င်းက ပြောဆိုသည်။ ထို့ပြင် နိုင်ငံရေးပါတီက အစိုးရဖြစ်လာပြီးမှလုပ်ဆောင်သည့် ရွေးကောက်ပွဲမှာ မသမာမှုဖြစ်ဖို့ အလားအလာရှိပြီး စစ်ကောင်စီ ပြုလုပ်သည့် ရွေးကောက်ပွဲမှာ…
-
ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ အားကစားခန်းမတွင် တပ်စွဲထားသော စစ်သားများကို ပြင်းအားမြင့်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်
ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ အားကစားခန်းမတွင် တပ်စွဲထားသော စစ်သားများကို ပြင်းအားမြင့်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက် ရန်ကုန်၊ မေ ၁၂ ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ အမှတ် ၂၉ ရပ်ကွက်၊ ပြည်ထောင်စုလမ်းမဘေးရှိ အားကစားခန်းမ၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို ပြင်းအားမြင့်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့ မေလ ၁၀ ရက် ည ၁၀ နာရီ ၃၅ မိနစ်က မြောက်ဒဂုံမြို့နယ်၊ အမှတ် ၂၉ ရပ်ကွက်၊ ပြည် ထောင်စုလမ်းမဘေးရှိ အားကစားခန်းမ၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများ ကို မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြင်းအားမြင့် မိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထိရောက်စွာတိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီ တပ်သား…