Author: admin
-
စစ်အုပ်စု၏ ရာဇဝတ်မှုများတွင် ကျူးလွန်သူ၊ စေခိုင်းသူ၊ ပံ့ပိုးကူညီသူနှင့် သတင်းမှား ဖြန့်ချိသူအားလုံးကို အရေးယူနိုင်ရေး လုပ်ဆောင်မည်ဟု NUG ထုတ်ပြန်… ၂၀၂၃ ခုနှစ်မှ ယခု မေလ (၁၂) ရက်အထိ စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုများကြောင့် အသက် (၁၈) နှစ်အောက် ကလေးငယ် (၄၄၁) ဦးအပါ အရပ်သားပြည်သူ ၃,၀၄၃ ဦး သေဆုံးခဲ့…
စစ်အုပ်စု၏ ရာဇဝတ်မှုများတွင် ကျူးလွန်သူ၊ စေခိုင်းသူ၊ ပံ့ပိုးကူညီသူနှင့် သတင်းမှား ဖြန့်ချိသူအားလုံးကို အရေးယူနိုင်ရေး လုပ်ဆောင်မည်ဟု NUG ထုတ်ပြန်… ၂၀၂၃ ခုနှစ်မှ ယခု မေလ (၁၂) ရက်အထိ စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုများကြောင့် အသက် (၁၈) နှစ်အောက် ကလေးငယ် (၄၄၁) ဦးအပါ အရပ်သားပြည်သူ ၃,၀၄၃ ဦး သေဆုံးခဲ့… မေ ၁၆၊ ၂၀၂၅ မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်အုပ်စု ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေမှာ ကျူးလွန်သူ၊ စေခိုင်းသူ၊ ပံ့ပိုးကူညီသူနဲ သတင်းမှား ဖြန့်ချိသူအားလုံးကို နိုင်ငံတကာတရားရုံးတွေနဲ့ နိုင်ငံအလိုက်တရားရုံးတွေမှာသာမက ပြည်တွင်းတရားဥပဒေတွေနဲ့ပါ အရေးယူနိုင်ရေး အစွမ်းကုန် ကြိုးပမ်းသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ကြေညာပါတယ်။ အကြမ်းဖက် စစ်အုပ်စုကျူးလွန်ခဲ့၊ ကျူးလွန်နေဆဲဖြစ်တဲ့ စစ်ရာဇဝတ်မှုတွေမှာ…
-
ဝယ်သူမရှိသည့် ခြံအမှတ် (၅၄) ကို ဒေါ်အောင်ဆန်းစုကြည်ဘက်က လေလံဈေး သတ်မှတ်ရန် ဦးအောင်ဆန်းဦး ပြော
ဝယ်သူမရှိသည့် ခြံအမှတ် (၅၄) ကို ဒေါ်အောင်ဆန်းစုကြည်ဘက်က လေလံဈေး သတ်မှတ်ရန် ဦးအောင်ဆန်းဦး ပြော 001 (မဇ္ဈိမ) ။ ။ လေးကြိမ်တိုင် လေလံပစ်ခဲ့သော်လည်း ဝယ်ယူသူမရှိသည့် ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် (၅၄)ကို ဒေါ်အောင်ဆန်းစုကြည်ဘက်က လေလံကြမ်းခင်းဈေး သတ်မှတ်ရန် ဦးအောင်ဆန်းဦးဘက်က ပြောထားကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။ ထိုသို့ ဒေါ်အောင်ဆန်းစုကြည်ဘက်က လေလံစျေးသတ်မှတ်ပေးရန်ကိစ္စနှင့် ပတ်သက်ပြီး ယနေ့ (မေ ၁၅) ရုံးချိန်းတွင် နှစ်ဖက်တင်ပြလျှောက်ထားမှုများ ပြုလုပ်ခဲ့ကြကာ လာမည့် မေလ ၂၂ ရက်နေ့ ရုံးချိန်းတွင် ကြားဖြတ်အမိန့်တရပ်ချမှတ်သွားရန်ရှိကြောင်း တရားရုံးနှင့် နီးစပ်သူတဦးက မဇ္ဈိမသို့ ပြောသည်။ အာဏာသိမ်းပြီးနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဖမ်းဆီးထိန်းသိမ်းခံထားရကာ ခြံအမှတ်…
-
တောင်ကိုရီးယားတွင် ဒီပဲယင်းစာသင်ကျောင်း လေကြောင်းတိုက်ခိုက်မှု အပါ အဝင် မြန်မာစစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်နေမှုများကို ဆန္ဒပြ
တောင်ကိုရီးယားတွင် ဒီပဲယင်းစာသင်ကျောင်း လေကြောင်းတိုက်ခိုက်မှု အပါ အဝင် မြန်မာစစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်နေမှုများကို ဆန္ဒပြ ရန်ကုန်၊ မေ ၁၆ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ တွင် တောင်ကိုရီးယားရောက် တော်လှန်ရေးတက်ကြွလှုပ်ရှားသူများက အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကျဲသတ်ဖြတ်သည့် လုပ်ရပ်များနှင့် အာဏာသိမ်း ဖက်ဆစ်စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်နေမှုအပေါ် ယနေ့ ဆန့်ကျင်ဆန္ဒပြကြသည်။ တောင်ကိုရီးယားနိုင်ငံရောက် မြင်းခြံGZအဖွဲ့နှင့် ဗိုလ်သံချောင်းထောက်ပို့အဖွဲ့က ဦးဆောင်ပြီး Yaw-Funding – ကိုရီးယား၊ ကြောက်ခေတ်ကို မှောက်ပစ်မယ့် ညီနောင်များ၊အသောကသုခအဖွဲ့-ဂူမိီ၊ကလေးကဘော်ညီနောင်များ၊ရေစကြိုအဖွဲ့နှင့် ကိုလင်းထက်အောင်(ပြည်သူ့ရင်ခွင်)နှင့် ကျောင်းသားလူငယ်တော်လှန်ပြည်သူများက လာရောက် အားဖြည့် ဝန်းရံပြီး အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်မှောက်ကြခြင်းဖြစ်ကြောင်း သိရှိရသည်။ Photo News ========= တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ မြောင်းဒုံစျေးထိပ် နိုင်ငံခြားသားခရီးသွားများနှင့်ကိုရီးယားနိုင်ငံသားများစည်ကားရာနေရာတွင် တောင်ကိုရီးယားရောက် တော်လှန်ရေးတက်ကြွလှုပ်ရှားသူများက…
-
ဘားအံခရိုင်အတွင်း ဝင်ရောက် ကျူးကျော် တပ်စွဲထားသော စစ်တပ်၏ မော်ကွီးလု တပ်စခန်းကို အပြီးသတ် တိုက်ခိုက် သိမ်းပိုက်
ဘားအံခရိုင်အတွင်း ဝင်ရောက် ကျူးကျော် တပ်စွဲထားသော စစ်တပ်၏ မော်ကွီးလု တပ်စခန်းကို အပြီးသတ် တိုက်ခိုက် သိမ်းပိုက် ရန်ကုန်၊ မေ ၁၆ ကရင်ပြည်နယ်၊ ဘားအံခရိုင် အတွင်း ဝင်ရောက် ကျူးကျော် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်၏ မော်ကွီးလု တပ်စခန်းကို အပြီးသတ် ပြန်လည် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။ မေလ ၁၆ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် ဘားအံခရိုင်၊ တာကရယ် (ပိုင်ကျုံ) မြို့နယ်အတွင်း ဝင်ရောက်ကျူးကျော် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်၏ ခလရ−၂၄ မှ စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော မော်ကွီးလု တပ်စခန်းကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း…
-
သီလဝါ ဘက်စုံဆိပ်ကမ်းစီမံကိန်းမှ ဂျပန်ရင်းနှီးမြုပ်နှံမှုများ ပြန်ရုပ်သိမ်းတော့မည်
သီလဝါ ဘက်စုံဆိပ်ကမ်းစီမံကိန်းမှ ဂျပန်ရင်းနှီးမြုပ်နှံမှုများ ပြန်ရုပ်သိမ်းတော့မည် ရန်ကုန်၊ မေ ၁၄ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိ သီလဝါ ဘက်စုံဆိပ်ကမ်းစီမံကိန်းမှ ဂျပန်ရင်းနှီးမြုပ်နှံမှုများ ပြန်ရုပ်သိမ်းတော့မည်ဖြစ်ကြောင်း Kamigumi Co., Ltd.၊ Sumitomo Corporation နှင့် Toyota Tsusho တို့က တရားဝင် အသိပေးကြေညာလိုက်သည်။ မြန်မာနိုင်ငံရှိ သီလဝါဘက်စုံသုံး နိုင်ငံတကာဆိပ်ကမ်းစီမံကိန်းမှ နုတ်ထွက်ရာ တွင် ပွင့်လင်းမြင်သာမှု ရှိရေးနှင့် လူ့အခွင့်အရေးစံနှုန်းများကို လေးစားလိုက်နာရေးအတွက် ဂျပန်ရင်းနှီးမြှုပ်နှံသူများကို ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံအရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုထားကြောင်း သိရသည်။ Kamigumi Co., Ltd.၊ Sumitomo Corporation နှင့် Toyota Tsusho တို့က သီလဝါ ဆိပ်ကမ်းစီမံကိန်းမှ နုတ်ထွက်တော့မည် ဖြစ်ကြောင်းနှင့် စာရင်းဖျက်သိမ်းမှုများကို စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း Justice For…
-
ထိုင်း-မြန်မာနယ်စပ်အနီးသို့ မြန်မာစစ်တပ်၏ K-8 တိုက်လေယာဉ် ပျံသန်းလာသဖြင့် ထိုင်းလေတပ်က F-16 လေယာဉ် ၂ စီး အရေးပေါ် စေလွှတ်
ထိုင်း-မြန်မာနယ်စပ်အနီးသို့ မြန်မာစစ်တပ်၏ K-8 တိုက်လေယာဉ် ပျံသန်းလာသဖြင့် ထိုင်းလေတပ်က F-16 လေယာဉ် ၂ စီး အရေးပေါ် စေလွှတ် ရန်ကုန်၊ မေ ၁၆ ထိုင်း-မြန်မာနယ်စပ်အနီးသို့ မြန်မာစစ်တပ်၏ K-8 တိုက်လေယာဉ် ပျံသန်းလာသဖြင့် ထိုင်းလေတပ်က F-16 လေယာဉ် ၂ စီး အရေးပေါ် စေလွှတ်ထားကြောင်း ထိုင်းတော်ဝင်လေတပ်က သတင်းထုတ်ပြန်သည်။ ယနေ့ မေလ ၁၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၂ မိနစ်အချိန် ထိုင်းနိုင်ငံ၊ ကန်ချနဘူရီ နယ်စပ်အနီးသို့ မြန်မာဘက်မှ K-8 တိုက်လေယာဉ်တစ်စီး ချည်းကပ်လာသဖြင့် အရေးပေါ် အမိန့်ဖြင့် ထိုင်း-မြန်မာနယ်စပ်သို့ F-16 တိုက်လေယာဉ် ၂ စီးစေလွှတ်လိုက်ကြောင်း ထိုင်းတော်ဝင်လေတပ်က ဆိုသည်။ မေလ…
-
ဒီပဲယင်းစာသင်ကျောင်း လေကြောင်းတိုက်ခိုက်မှု နှင့်စစ်ရာဇဝတ်မှုများအတွက် မင်းအောင်လှိုင် အပါအဝင် စစ်ခေါင်းဆောင်များ၊ အမိန့်ပေးသူ၊ လက်တွေ့လုပ်ဆောင်သူနှင့် သတင်းမှန်ဖုံးကွယ်သော စစ်လော်ဘီများကို အရေးယူမည်ဟု NUG ကြေညာ
ဒီပဲယင်းစာသင်ကျောင်း လေကြောင်းတိုက်ခိုက်မှု နှင့်စစ်ရာဇဝတ်မှုများအတွက် မင်းအောင်လှိုင် အပါအဝင် စစ်ခေါင်းဆောင်များ၊ အမိန့်ပေးသူ၊ လက်တွေ့လုပ်ဆောင်သူနှင့် သတင်းမှန်ဖုံးကွယ်သော စစ်လော်ဘီများကို အရေးယူမည်ဟု NUG ကြေညာ ရန်ကုန်၊ မေ ၁၆ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းစာသင်ကျောင်း လေကြောင်းတိုက်ခိုက်မှု နှင့်စစ်ရာဇဝတ်မှုများအတွက် စစ်ခေါင်းဆောင်များ၊ အမိန့်ပေးသူ၊ လက်တွေ့လုပ်ဆောင်သူနှင့် သတင်းမှန်ဖုံးကွယ်သော လော်ဘီများကို အရေးယူမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ- NUGက ကြေညာသည်။ အကြမ်းဖက် စစ်အုပ်စုကျူးလွန်ခဲ့၊ ကျူးလွန်လျက်ရှိသော စစ်ရာဇဝတ်မှုများတွင် အဓိကတာဝန်ရှိသူ စစ်ခေါင်း ဆောင်များ၊ အမိန့်ပေးစေခိုင်းသူ အရာရှိများ၊ လက်တွေ့လုပ်ကိုင်ဆောင်ရွက်သူ လေယာဉ်မှူးများ၊ အကြမ်းဖက် တပ်ဖွဲ့ဝင်များ၊ ပံ့ပိုးကူညီသူ အားပေးအားမြှောက်ပြုသူများနှင့် သတင်းမှန်ကို ဖုံးကွယ်လိမ်ညာနေကြသည့် စစ်တပ်လော်ဘီများ အားလုံးကို ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေးအတွက် နိုင်ငံတကာတရားရုံးများ၊ နိုင်ငံအလိုက်တရားရုံးများတွင်သာမက ပြည်တွင်းတရားဥပဒေများနှင့်ပါ တရားမျှတမှုဖော်ဆောင်နိုင်ရေး အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း…
-
မိုးဗြဲသို့ စစ်ကောင်စီက အင်အား ၆၀၀ ကျော်ဖြင့် ထိုးစစ်ဆင်ခဲ့ပြီး စစ်တပ်ဘက်မှ ၂၃ ဦး သေဆုံးကာ စစ်တပ်စစ် ကြောင်းများ ပြန်ဆုတ်သွား၊ အလင်းဝင်သူ စစ်သား ၁၆ ဦးရှိပြီး စစ်သား ၃ ဦးကို အရှင်ဖမ်းဆီးရရှိ
မိုးဗြဲသို့ စစ်ကောင်စီက အင်အား ၆၀၀ ကျော်ဖြင့် ထိုးစစ်ဆင်ခဲ့ပြီး စစ်တပ်ဘက်မှ ၂၃ ဦး သေဆုံးကာ စစ်တပ်စစ် ကြောင်းများ ပြန်ဆုတ်သွား၊ အလင်းဝင်သူ စစ်သား ၁၆ ဦးရှိပြီး စစ်သား ၃ ဦးကို အရှင်ဖမ်းဆီးရရှိ ရန်ကုန်၊ မေ ၁၆ ရှမ်းပြည်နယ်နှင့်ကရင်နီ အစပ် မိုးဗြဲမြို့နယ်သို့ စစ်ကောင်စီက အင်အား ၆၀၀ ကျော်ဖြင့် ထိုးစစ်ဆင်လာပြီး တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေကာ စစ်တပ်ဘက်မှ ၂၃ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ အမှတ် ၁ ၏ ပြောရေးဆိုခွင့်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယခု မေလ ၆ ရက်နေ့မှစတင်ပြီး မေလ ၁၆ ရက်နေ့အထိ စစ်ကောင်စီတပ်က ပြည်သူ့စစ်၊ PNO တပ်များနှင့်ပူးပေါင်းပြီး…
-
မြင်းခြံခရိုင်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ခရိုင်အဆင့်စစ်ဆင်ရေးအဖြစ် စစ်အုပ်စုစခန်းတွေကို စီးနင်းတိုက်ခိုက် တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုရှိပြီး လေကြောင်းဗုံးကြဲခံရလို့ တော်လှန်ရေးရဲဘော်ခြောက်ဦးကျဆုံး
မြင်းခြံခရိုင်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ခရိုင်အဆင့်စစ်ဆင်ရေးအဖြစ် စစ်အုပ်စုစခန်းတွေကို စီးနင်းတိုက်ခိုက် တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုရှိပြီး လေကြောင်းဗုံးကြဲခံရလို့ တော်လှန်ရေးရဲဘော်ခြောက်ဦးကျဆုံး MN/MFP ၊ မေ – ၁၅ မန္တလေးတိုင်း၊ မြင်းခြံခရိုင်မှာ ဒီကနေ့မနက်ပိုင်းကစလို့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့စစ်အုပ်စုတို့ကြားတိုက် ပွဲပြင်းထန်ဖြစ်ပွားနေပြီး ထိခိုက်ကျဆုံးမှုတွေ ရှိနေသလို အထိနာတဲ့ စစ်အုပ်စုက လေကြောင်းဗုံးကြဲခုခံလို့ တော် လှန်ရေး ရဲဘော်ခြောက်ဦး ကျဆုံးခဲ့ရတယ် လို့ ဒေသခံတော်လှန်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး စတဲ့ မြို့နယ်တွေထဲက စစ်အုပ်စု အထိုင်စခန်းတွေကို မေလ ၁၅ ရက် ဒီကနေ့ မ နက်ပိုင်းက စပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက စီးနင်းတိုက်ခိုက်နေတာဖြစ်သလို နှစ်ဖက်ထိခိုက်ကျဆုံးမှု တွေပါ ရှိနေတာဖြစ်တယ်လို့ ဆိုပါတယ်။ “ဒီကနေ့ကတော့ နေရာစုံပေါ့။ ခရိုင်အတွင်း…
-
ရန်ကုန်မြို့လယ်ခေါင်တွင် စစ်ကောင်စီ၏ လူမဆန်သောသတ်ဖြတ်မှုကို နိုးကြားမှုရှိစေရန် သွေးစွန်းကျောင်းလွယ်အိတ်နှင့် ဖတ်စာအုပ်များစုပုံကာ သရုပ်ဖော် ကမ်ပိန်းပြုလုပ်
ရန်ကုန်မြို့လယ်ခေါင်တွင် စစ်ကောင်စီ၏ လူမဆန်သောသတ်ဖြတ်မှုကို နိုးကြားမှုရှိစေရန် သွေးစွန်းကျောင်းလွယ်အိတ်နှင့် ဖတ်စာအုပ်များစုပုံကာ သရုပ်ဖော် ကမ်ပိန်းပြုလုပ် ဧရာ၀တီတိုင်းမ် (ရန်ကုန်) မေ ၁၅ ရက် ရန်ကုန်မြို့လယ်ခေါင်တွင် ယနေ့ မေ ၁၅ ရက်နေ့က ရန်ကုန်တော်လှန်ရေးအင်အားစု (Yangon Revolution Force – YRF) အဖွဲ့သည် သွေးစွန်းကျောင်းလွယ်အိတ်နှင့် ဖတ်စာအုပ်များစုပုံ၍ သရုပ်ဖော် ကမ်ပိန်းပြုလုပ်ခဲ့သည်။ သွေးစွန်းကျောင်းလွယ်အိတ်နှင့် ဖတ်စာအုပ်များစုပုံ၍ သရုပ်ဖော်ခြင်းခဲ့သည် စစ်ကောင်စီ၏ လူမဆန်သော လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုအဖြစ် မှတ်တမ်းတင်နိုင်ရန်နှင့် ကလေးသူငယ်များ၏ စာသင်ကျောင်းအား လေကြောင်းပစ်မှတ်ထားကာ အကြိမ်ကြိမ် တိုက်ခိုက်မှု ပြုလုပ်လျက်ရှိနေခြင်းကို ကမ္ဘာနှင့်အဝန်း သိရှိနိုးကြားစေရန်အတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။ သွေးစွန်းကျောင်းလွယ်အိတ်နှင့် ဖတ်စာအုပ်များစုပုံထားသည့် အဆိုပါပုံများသည် အကြမ်းဖက် စစ်ကောင်စီက ဓမ္မကိုမျက်ကွယ်ပြုလျက် စက်ဆုပ် ရွံရှာဖွယ်အကောင်းဆုံးလုပ်ရပ်များဖြင့်…