Author: admin

  • ◾သံတွဲဒေသတစ်ခုလုံးကို AA သိမ်းပိုက်၊ စစ်ကောင်စီတပ် ပြန်လည်ထိုးစစ်ဆင်ဖို့ လူအင်အားဖြည့်တင်းနေ ◾နှစ်ဖက်တိုက်ပွဲဆက်လက်ပြင်းထန်

    ◾သံတွဲဒေသတစ်ခုလုံးကို AA သိမ်းပိုက်၊ စစ်ကောင်စီတပ် ပြန်လည်ထိုးစစ်ဆင်ဖို့ လူအင်အားဖြည့်တင်းနေ ◾နှစ်ဖက်တိုက်ပွဲဆက်လက်ပြင်းထန်

    by

    in

    ◾သံတွဲဒေသတစ်ခုလုံးကို AA သိမ်းပိုက်၊ စစ်ကောင်စီတပ် ပြန်လည်ထိုးစစ်ဆင်ဖို့ လူအင်အားဖြည့်တင်းနေ ◾နှစ်ဖက်တိုက်ပွဲဆက်လက်ပြင်းထန် CJ Platform ရခိုင်ပြည်(တောင်ပိုင်း)၊ သံတွဲမြို့ရဲ့ နောက်ဆုံးလက်ကျန် မောင်ရွှေလေးနဲ့ ကွင်းဝိုင်းရွာကြားက ပင်မဆက်သွယ်ရေးနဲ့ ရေငုပ်တပ်ကို အာရက္ခတပ်တော်(AA)က ဒီကနေ့ မနက်ပိုင်းမှာပဲ သိမ်းပိုက်လိုက်နိုင်ပြီဖြစ်တာကြောင့် သံတွဲမြို့ကို အလုံးစုံသိမ်းပိုက်ရရှိသွားပြီလို့ စစ်ရေးသတင်းရင်းမြစ်များထံမှ သိရပါတယ်။ ဒါပေမဲ့ စစ်ကောင်စီတပ်ဘက်က ပြန်လည်ရယူနိုင်ဖို့ လူအင်အားဖြည့်တင်းနေပြီး ထိုးစစ်ပြန်ဆင်ဖို့ ပြင်ဆင်နေပါတယ်။ ဒါ့အပြင် ရေတပ်ဘက်ကလည်း လက်နက်ကြီးတွေနဲ့ သံတွဲမြို့ကို ပစ်ခတ်နေတာကြောင့် တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်တယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ “ရေတပ်လည်းကျသွားပြီ။ သံတွဲကို AA ရသွားပြီ။ စစ်တပ်ဘက်ကတော့ နေဗီတွေကနေ ဆက်ပစ်နေတုန်းပဲ။ သူတို့ပြန်ထိုးစစ်ဆင်ဖို့ လူအင်အားဖြည့်ပြီး ကမ်းတက်ဖို့ကြိုးစားနေတာရှိတယ်” လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ သံတွဲတိုက်ပွဲဟာ ရေတပ်စခန်းပါရှိတဲ့အတွက် ခက်ခက်ခဲခဲတိုက်ယူခဲ့ရပြီး…

  • စစ်ကောင်စီတပ်ထံက သိမ်းဆည်းရရှိထားတဲ့ သံချပ်ကာယာဉ်တွေကို ပြန်လည်အသုံးပြုတိုက်ခိုက်နေပုံတွေကို TNLA ထုတ်ပြန် (ရုပ်/သံ)

    စစ်ကောင်စီတပ်ထံက သိမ်းဆည်းရရှိထားတဲ့ သံချပ်ကာယာဉ်တွေကို ပြန်လည်အသုံးပြုတိုက်ခိုက်နေပုံတွေကို TNLA ထုတ်ပြန် (ရုပ်/သံ)

    by

    in

    စစ်ကောင်စီတပ်ထံက သိမ်းဆည်းရရှိထားတဲ့ သံချပ်ကာယာဉ်တွေကို ပြန်လည်အသုံးပြုတိုက်ခိုက်နေပုံတွေကို TNLA ထုတ်ပြန် (ရုပ်/သံ) TNLA စစ်ဦးစီးမှူး ဒုဗိုလ်မှူးကြီးတားမဝေါနဲ့ တပ်မဟာမှူး(၆) ဒုတိယဗိုလ်မှူးကြီး တာမောရှန်တို့ ဦးဆောင်ပြီး ကျောက်မဲ နဲ့ နောင်ချိုမြို့နယ် တောင်ခမ်းရွာအုပ်စုက စစ်​ကောင်စီရဲ့ အမြောက်တပ် ၂၀၆၊ ၃၅၄၊ ၄၀၆ ၊ ၉၀၂ မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲမှတ်တမ်းရုပ်သံဖိုင်ကို TNLA က ထုတ်ပြန်ခဲ့ပါတယ်။ ရုပ်သံဖိုင်မှာ စစ်ကောင်စီတပ်ထံက သိမ်းဆည်းရရှိထားတဲ့ သံချပ်ကာယာဉ်တွေကို ပြန်လည်အသုံးပြုပြီး တိုက်ခိုက်နေတာကိုလည်း တွေ့ရပါတယ်။ စစ်ကောင်စီတပ်သား အများအပြားသေဆုံးနေတာကိုလည်း တွေ့ရပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။ တောင်ခမ်းတိုက်ပွဲကို သွားရောက်မယ့် TNLA ရဲ့ စစ်ကူစစ်ကြောင်းမှာလည်း စစ်ကောင်စီတပ်ထံက သိမ်းဆည်းရရှိထားတဲ့ သံချပ်ကာယာဉ် ၂ စီးကို တွေ့မြင်ရပါတယ်။ သံချပ်ကာကားတွေနဲ့အတူ…

  • လပခ ကို တိုက်ခိုက်မှု မန္တလေးတိုင်းကို သိမ်းမယ့် စစ်ဆင်ရေးကို ကူညီတာလို့ BWM ပြော၊

    လပခ ကို တိုက်ခိုက်မှု မန္တလေးတိုင်းကို သိမ်းမယ့် စစ်ဆင်ရေးကို ကူညီတာလို့ BWM ပြော၊

    by

    in

    လပခ ကို တိုက်ခိုက်မှု မန္တလေးတိုင်းကို သိမ်းမယ့် စစ်ဆင်ရေးကို ကူညီတာလို့ BWM ပြော၊ မှူးအိန်ဂျယ်လ်/MFP၊ စက်တင်ဘာ – ၅ မန္တလေးမြို့ နန်းမြို့တွင်းက စစ်အုပ်စုရဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်(လပခ)ကို ရှော့ဒုံးတွေနဲ့ ပစ်ခတ် တိုက်ခိုက်မှုဟာ မန္တလေးတိုင်းကို သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေတဲ့ တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်ကို ကူညီအားဖြည့်တာ ဖြစ်ပြီး UG (Urban Guerrilla- မြို့ပြပြောက်ကျား) တွေကလည်း မြို့သိမ်းနိုင်ရေး အစွမ်းကုန် ကူညီ တိုက်ခိုက်မယ်လို့ Brave Warriors for Myanmar (BWM) ရဲ့ ပြောရေးဆိုခွင့်ရှိသူက MFP ကို ပြောပါတယ်။ စက်တင်ဘာလ (၃) ရက် မနက်ပိုင်းက BWM နဲ့ Shadow Mandalay…

  • “ရှမ်းပြည်နယ်ထဲအထိရောက်လာမယ့်ဖျက်စွမ်းအားအပြင်းဆုံးမုန်တိုင်းကြီးကို အတိကျသတိပေးလိုက်တဲ့ စုစုစံ”

    “ရှမ်းပြည်နယ်ထဲအထိရောက်လာမယ့်ဖျက်စွမ်းအားအပြင်းဆုံးမုန်တိုင်းကြီးကို အတိကျသတိပေးလိုက်တဲ့ စုစုစံ”

    by

    in

    “ရှမ်းပြည်နယ်ထဲအထိရောက်လာမယ့်ဖျက်စွမ်းအားအပြင်းဆုံးမုန်တိုင်းကြီးကို အတိကျသတိပေးလိုက်တဲ့ စုစုစံ”

  • စစ်ကောင်စီကို  နိုင်ငံတော် နှင့် ပြည်သူလူထု၏ ရန်သူ (Enemy of the State) အဖြစ် သတ်မှတ်ကြောင်း NUG က ကြေညာလိုက်ပြီး စစ်အုပ်စု၏ စီမံဆောင်ရွက်စေခိုင်းမှုများကို နည်းမျိုးစုံဖြင့် ဆန့်ကျင် တွန်းလှန် တိုက်ပွဲဝင်ရန် တိုက်တွန်း

    စစ်ကောင်စီကို နိုင်ငံတော် နှင့် ပြည်သူလူထု၏ ရန်သူ (Enemy of the State) အဖြစ် သတ်မှတ်ကြောင်း NUG က ကြေညာလိုက်ပြီး စစ်အုပ်စု၏ စီမံဆောင်ရွက်စေခိုင်းမှုများကို နည်းမျိုးစုံဖြင့် ဆန့်ကျင် တွန်းလှန် တိုက်ပွဲဝင်ရန် တိုက်တွန်း

    by

    in

    စစ်ကောင်စီကို နိုင်ငံတော် နှင့် ပြည်သူလူထု၏ ရန်သူ (Enemy of the State) အဖြစ် သတ်မှတ်ကြောင်း NUG က ကြေညာလိုက်ပြီး စစ်အုပ်စု၏ စီမံဆောင်ရွက်စေခိုင်းမှုများကို နည်းမျိုးစုံဖြင့် ဆန့်ကျင် တွန်းလှန် တိုက်ပွဲဝင်ရန် တိုက်တွန်း ရန်ကုန်၊ စက်တင်ဘာ ၅ အကြမ်းဖက် စစ်ကောင်စီကို နိုင်ငံတော်နှင့် ပြည်သူလူထု၏ ရန်သူအဖြစ် သတ်မှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG က ယနေ့ တရားဝင် ကြေညာသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမည်ခံ အကြမ်းဖက်စစ်အုပ်စုသည် နိုင်ငံတော် ပုန်ကန်မှု၊ နိုင်ငံတော်နှင့် ပြည်သူလူထုအပေါ် သစ္စာ ဖောက်ဖျက်မှု တို့ကို ကျူးလွန်ခဲ့ရုံသာမက မြို့ပြ၊ ကျေးရွာနှင့် စစ်ရှောင်စခန်းနေ အရပ်သား ပြည်သူလူထုအား လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံဖြင့် ပစ်မှတ်ထား၍ ပစ်ခတ်သတ်ဖြတ်ခြင်း၊ လေကြောင်းအင်အား…

  • TNLA က တောင်ခမ်းတိုက်ပွဲတွင် စစ်တပ်ထံမှ သိမ်းထားသည့်သံချပ်ကာယာဉ် ၂ စီးကို အသုံးပြုတိုက်ခိုက်

    TNLA က တောင်ခမ်းတိုက်ပွဲတွင် စစ်တပ်ထံမှ သိမ်းထားသည့်သံချပ်ကာယာဉ် ၂ စီးကို အသုံးပြုတိုက်ခိုက်

    by

    in

    TNLA က တောင်ခမ်းတိုက်ပွဲတွင် စစ်တပ်ထံမှ သိမ်းထားသည့်သံချပ်ကာယာဉ် ၂ စီးကို အသုံးပြုတိုက်ခိုက် ဟန်နွေ/People’s SPring နောင်ချိုမြို့နယ်တောင်ခမ်းရွာရှိ စစ်ကောင်စီ၏ အမြောက်တပ်များကို သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်တိုက်ခိုက်သည့် ရုပ်သံမှတ်တမ်းကို တအာင်းတပ်မတော်(TNLA)က ယနေ့ စက်တင်ဘာ ၄ရက်တွင် ထုတ်ပြန်သည်။ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း တောင်ခမ်းဒေသတပ်စခန်း တိုက်ပွဲမှတ်တမ်းကို ဖော်ပြခဲ့ရာ TNLA အနေဖြင့် စစ်ကောင်စီထံမှ သိမ်းရသည့် သံချပ်ကာယာဉ်များကို အသုံးပြု တိုက်ပွဲဝင်နေသည်ကို ရုပ်သံမှတ်တမ်းတွင်တွေ့ရသည်။ စက်တင်ဘာ ပထမပတ်အတွင်း စစ်ဦးစီးမှူး ဒုဗိုလ် မှူးကြီးတားမဝေါ နှင့် တပ်မဟာမှူး(၆)ဒုတိယဗိုလ် မှူးကြီး တာမောရှန်တို့ ဦးဆောင်၍ ကျောက်မဲ နှင့် နောင်ချိုမြို့နယ် တောင်ခမ်းရွာအုပ်စု ရှိစစ်​ကောင်စီ၏ အမြောက်တပ် ၂၀၆၊ ၃၅၄၊ ၄၀၆ ၊…

  • မြောက်ဒဂုံ (၄၅)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

    မြောက်ဒဂုံ (၄၅)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

    by

    in

    မြောက်ဒဂုံ (၄၅)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက် သုည/People’s Spring ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ (၄၅) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းဖြင့် စက်တင်ဘာ ၄ရက် ညက ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Rangoon Urban Column က အသိပေးထုတ်ပြန်သည်။ ယမန်နေ့ည ၇ နာရီ ၄၅ မိနစ်တွင် ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် (၄၅) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းနှစ်လုံးဖြင့် တပြိုင်တည်း ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ပျူစောထီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Rangoon Urban Column က ဖော်ပြထားသည်။ “ညက ၇ နာရီခွဲကျော်လောက်မှာ ၄၅ ရပ်ကွက်အုပ်ကြီးရုံး ဗုံးပေါက်တာပါ။ အသံက တော်တော် ကျယ်တယ် တစ်ရပ်ကွက်လုံးနီးပါး ကြားလိုက်ရတယ်။ ရုံးအုတ်တံတိုင်း နေရာအချို့ နည်းနည်းပြိုသွားတယ် ပြောကြတယ်။ အုပ်ကြီးရဲ့…

  • အာဏာသိမ်း​ခေါင်း​ဆောင်လွိုင်​ကော်လာစဥ်  KNDF က တိုက်ခိုက် “အကြမ်းဖက်စစ်တပ်စီကသိမ်းထားတဲ့ ၁၂၀ နဲ့ အကြမ်းဖက်စစ်ခေါင်းဆောင်ကို ပစ်ခဲ့တာပါ”

    အာဏာသိမ်း​ခေါင်း​ဆောင်လွိုင်​ကော်လာစဥ် KNDF က တိုက်ခိုက် “အကြမ်းဖက်စစ်တပ်စီကသိမ်းထားတဲ့ ၁၂၀ နဲ့ အကြမ်းဖက်စစ်ခေါင်းဆောင်ကို ပစ်ခဲ့တာပါ”

    by

    in

    ▪︎Breaking News အာဏာသိမ်း​ခေါင်း​ဆောင်လွိုင်​ကော်လာစဥ် KNDF က တိုက်ခိုက် “အကြမ်းဖက်စစ်တပ်စီကသိမ်းထားတဲ့ ၁၂၀ နဲ့ အကြမ်းဖက်စစ်ခေါင်းဆောင်ကို ပစ်ခဲ့တာပါ” -KNDF ဒုတိယစစ်ဦးစီးချုပ်မာဝီ -ဒီပ၊ ရဲ​ခေါင် /People’s Spring အာဏာသိမ်း​ခေါင်း​ဆောင် ဗိုလ်ချုပ်မှူးကြီးမင်း​အောင်လှိုင် ယ​နေ့ (စက်တင်ဘာ၄) ကရင်နီပြည် ၊လွိုင်​ကော်မြို့သို့လာ​ရောက်စဥ် ကရင်နီအမျိုးသားများကာကွယ်​ရေးတပ် (KNDF)က ၁၂၀ မမဖြင့်ပစ်ခတ် တိုက်ခိုက်ခဲ့​ကြောင်း KNDF ဒုတိယစစ်ဦးစီးချုပ် မာဝီက အတည်ပြု​ပြောကြားသည်။ “အကြမ်းဖက်စစ်တပ်စီက သိမ်းထားတဲ့ ၁၂၀ နဲ့ အကြမ်းဖက်စစ်ခေါင်းဆောင်ကို ပစ်ခဲ့တာပါ” ဟု KNDF ဒုစစ်ဦးစီးချုပ်က လူထု​နွေဦးသို့အတည်ပြု​ပြောကြားသည်။ “သတင်းကြိုရတဲ့အတွက် KNDF ရဲ့ လက်နက် ကြီးတပ်ဖွဲ့ကို ကျနော််တို့ အမိန့်ပေး တိုက်ခိုက်ခိုင်းခဲ့တာပါ” ဟု ၎င်းက ဆက်​ပြောသည်။ တိုက်ခိုက်မှု​ကြောင့် စစ်​ကောင်စီတပ်…

  • အောင်လံမြို့ပေါ်နှင့် မြို့အဝင်ဂိတ်တို့တွင် ခရီးသွားလူငယ်များ၊ မြို့ခံ လူငယ်များကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးနေပြီး လူငယ် ၃၀ ဦးထက်မနည်း ဖမ်းဆီးခံထားရ

    အောင်လံမြို့ပေါ်နှင့် မြို့အဝင်ဂိတ်တို့တွင် ခရီးသွားလူငယ်များ၊ မြို့ခံ လူငယ်များကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးနေပြီး လူငယ် ၃၀ ဦးထက်မနည်း ဖမ်းဆီးခံထားရ

    by

    in

    အောင်လံမြို့ပေါ်နှင့် မြို့အဝင်ဂိတ်တို့တွင် ခရီးသွားလူငယ်များ၊ မြို့ခံ လူငယ်များကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးနေပြီး လူငယ် ၃၀ ဦးထက်မနည်း ဖမ်းဆီးခံထားရ ရန်ကုန်၊ စက်တင်ဘာ ၅ မကွေးတိုင်း၊ အောင်လံမြို့ပေါ်နှင့် မြို့အဝင်ဂိတ်တို့တွင် ခရီးသွားလူငယ်များ၊ မြို့ခံ လူငယ်များကို အကြမ်းဖက်စစ်တပ်၊ ရဲများနှင့် အုပ်ချုပ်ရေးမှူးများက ပေါ်တာဆွဲ ဖမ်းဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ စက်တင်ဘာလ ၄ ရက်နေ့ အောင်လံမြို့ပေါ် မြို့ပတ်လမ်း၊ ပျားဂေဟာအနီးတွင် ပဲနုတ်သွားသော လူငယ်များကို စစ်တပ်က ဖမ်းဆီးသွားခဲ့ကြောင်း၊ စစ်မှုထမ်း အပတ်စဉ် ၅ အတွက် လူငယ်များ လိုအပ်နေ၍ ဖမ်းဆီးသည်ဟု စစ်တပ်က တရားဝင် ပြောဆို အသိပေးလာကြောင်း သိရှိရသည်။ “မနေ့ စက်တင်ဘာ ၄…

  • ကမ္မမြို့ ရဲကင်းစခန်းကို ဒရုန်းနဲ့ ဖိအားပေးတိုက်ခိုက်ပြီးနောက် စစ်ကောင်စီလက်အောက်ခံတွေကို စခန်းစွန့်ခွာထွက်ပြေး (ရုပ်/သံ)

    ကမ္မမြို့ ရဲကင်းစခန်းကို ဒရုန်းနဲ့ ဖိအားပေးတိုက်ခိုက်ပြီးနောက် စစ်ကောင်စီလက်အောက်ခံတွေကို စခန်းစွန့်ခွာထွက်ပြေး (ရုပ်/သံ)

    by

    in

    ကမ္မမြို့ ရဲကင်းစခန်းကို ဒရုန်းနဲ့ ဖိအားပေးတိုက်ခိုက်ပြီးနောက် စစ်ကောင်စီလက်အောက်ခံတွေကို စခန်းစွန့်ခွာထွက်ပြေး (ရုပ်/သံ) စက်တင်ဘာ ၄၊ ၂၀၂၄ မကွေးတိုင်း ပခုက္ကူမြို့နယ် ကမ္မမြို့တောင်ဘက်က စက်ရုံစောင့်ရဲကင်းစခန်းကို သြဂုတ် ၃၁ ရက်ကစလို့ ၄ ရက်ကြာ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ပြီးတဲ့နောက် စစ်ကောင်စီလက်အောက်ခံတွေ ဒီနေ့ စက်တင်ဘာ ၄ ရက် မနက်အစောပိုင်းမှာ ကင်းစခန်းကို စွန့်ခွာထွက်ပြေးသွားတယ်လို့ ကမ္မဒေသ တော်လှန်ရေးတပ်ပေါင်းစုထံက သိရပါတယ်။ အဲဒီတိုက်ခိုက်မှုကို ကမ္မတပ်ပေါင်းစုရဲ့ Droneအဖွဲ့တွေ၊ မြိုင်မြို့နယ် ပကဖ ရဲ့ Droneအဖွဲ့တွေ၊ ပေါက်မြို့နယ် ပကဖ ရဲ့ Droneအဖွဲ့တွေ၊ မကွေးတိုင်း Drone Team နဲ့ မဟာမိတ်တော်လှန်ရေးအဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။