စစ်ကောင်စီတပ်ထံက သိမ်းဆည်းရရှိထားတဲ့ သံချပ်ကာယာဉ်တွေကို ပြန်လည်အသုံးပြုတိုက်ခိုက်နေပုံတွေကို TNLA ထုတ်ပြန် (ရုပ်/သံ)

by

in

စစ်ကောင်စီတပ်ထံက သိမ်းဆည်းရရှိထားတဲ့ သံချပ်ကာယာဉ်တွေကို ပြန်လည်အသုံးပြုတိုက်ခိုက်နေပုံတွေကို TNLA ထုတ်ပြန် (ရုပ်/သံ)

TNLA စစ်ဦးစီးမှူး ဒုဗိုလ်မှူးကြီးတားမဝေါနဲ့ တပ်မဟာမှူး(၆) ဒုတိယဗိုလ်မှူးကြီး တာမောရှန်တို့ ဦးဆောင်ပြီး ကျောက်မဲ နဲ့ နောင်ချိုမြို့နယ် တောင်ခမ်းရွာအုပ်စုက စစ်​ကောင်စီရဲ့ အမြောက်တပ် ၂၀၆၊ ၃၅၄၊ ၄၀၆ ၊ ၉၀၂ မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲမှတ်တမ်းရုပ်သံဖိုင်ကို TNLA က ထုတ်ပြန်ခဲ့ပါတယ်။
ရုပ်သံဖိုင်မှာ စစ်ကောင်စီတပ်ထံက သိမ်းဆည်းရရှိထားတဲ့ သံချပ်ကာယာဉ်တွေကို ပြန်လည်အသုံးပြုပြီး တိုက်ခိုက်နေတာကိုလည်း တွေ့ရပါတယ်။
စစ်ကောင်စီတပ်သား အများအပြားသေဆုံးနေတာကိုလည်း တွေ့ရပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။
တောင်ခမ်းတိုက်ပွဲကို သွားရောက်မယ့် TNLA ရဲ့ စစ်ကူစစ်ကြောင်းမှာလည်း စစ်ကောင်စီတပ်ထံက သိမ်းဆည်းရရှိထားတဲ့ သံချပ်ကာယာဉ် ၂ စီးကို တွေ့မြင်ရပါတယ်။

သံချပ်ကာကားတွေနဲ့အတူ ‘တောင်ခမ်းတိုက်ပွဲ’ မှတ်တမ်း TNLA ထုတ်ပြန်

……….
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်နှင့် နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာ တိုက်ပွဲမှတ်တမ်းများကို တအာင်းအမျိုးသားတပ်မတော် TNLA က ယမန်နေ့(စက်တင်ဘာ ၄)ညပိုင်းတွင် ထုတ်ပြန်လိုက်သည်။
စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိထားသည့် သံချပ်ကာကားများကို TNLA တပ်ဖွဲ့ဝင်များက မောင်းနှင်အသုံးပြုနေပြီး၊ သေဆုံးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့နှင့် ၎င်းတို့ထံမှ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများကို TNLA ၏ ထုတ်ပြန်ချက်ထဲတွင် တွေ့ရသည်။
စစ်ကောင်စီ၏ အမြောက်တပ်များ တည်ရှိရာ နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာတွင် တိုက်ပွဲများ ပြင်းထန်နေသည်မှာ ရက်သတ္တပတ် ၃ပတ်ခန့် ရှိလာပြီဖြစ်သည်။
တိုက်ပွဲများ ပြင်းထန်နေသည့် တောင်ခမ်းကျေးရွာသည် စစ်တက္ကသိုလ်များရှိရာ ပြင်ဦးလွင်(ခ)မေမြို့သို့ ကားဖြင့်သွားလျှင် နှစ်နာရီအတွင်း ရောက်နိုင်သည်။
သို့ဖြစ်ရာ တောင်ခမ်းရှိ စစ်ကောင်စီစခန်းများအားလုံးကျလျှင် ပြင်ဦးလွင်မြို့ကို တော်လှန်ရေးတပ်များက စစ်ရေးအရ ခြိမ်းခြောက်နိုင်တော့မည် ဖြစ်သည်။