ကမ္မမြို့ ရဲကင်းစခန်းကို ဒရုန်းနဲ့ ဖိအားပေးတိုက်ခိုက်ပြီးနောက် စစ်ကောင်စီလက်အောက်ခံတွေကို စခန်းစွန့်ခွာထွက်ပြေး (ရုပ်/သံ)

by

in

ကမ္မမြို့ ရဲကင်းစခန်းကို ဒရုန်းနဲ့ ဖိအားပေးတိုက်ခိုက်ပြီးနောက် စစ်ကောင်စီလက်အောက်ခံတွေကို စခန်းစွန့်ခွာထွက်ပြေး (ရုပ်/သံ)
စက်တင်ဘာ ၄၊ ၂၀၂၄

မကွေးတိုင်း ပခုက္ကူမြို့နယ် ကမ္မမြို့တောင်ဘက်က စက်ရုံစောင့်ရဲကင်းစခန်းကို သြဂုတ် ၃၁ ရက်ကစလို့ ၄ ရက်ကြာ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ပြီးတဲ့နောက် စစ်ကောင်စီလက်အောက်ခံတွေ ဒီနေ့ စက်တင်ဘာ ၄ ရက် မနက်အစောပိုင်းမှာ ကင်းစခန်းကို စွန့်ခွာထွက်ပြေးသွားတယ်လို့ ကမ္မဒေသ တော်လှန်ရေးတပ်ပေါင်းစုထံက သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို ကမ္မတပ်ပေါင်းစုရဲ့ Droneအဖွဲ့တွေ၊ မြိုင်မြို့နယ် ပကဖ ရဲ့ Droneအဖွဲ့တွေ၊ ပေါက်မြို့နယ် ပကဖ ရဲ့ Droneအဖွဲ့တွေ၊ မကွေးတိုင်း Drone Team နဲ့ မဟာမိတ်တော်လှန်ရေးအဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။