Author: admin
-
ညောင်ကျိုးတွင် စစ်ကောင်စီက အပြင်းအထန်ထိုးစစ်ဆင်နေပြီး ညောင်ခြေထောက်ဘက်မှာပါ လက်နက်ကြီးများဖြင့် ပစ်ကူပေးနေ
ညောင်ကျိုးတွင် စစ်ကောင်စီက အပြင်းအထန်ထိုးစစ်ဆင်နေပြီး ညောင်ခြေထောက်ဘက်မှာပါ လက်နက်ကြီးများဖြင့် ပစ်ကူပေးနေ ဧရာဝတီတိုင်းမ် ဧပြီ ၂၅ ရက် အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားသည့် ပဲခူးတိုင်းအနောက်ခြမ်းရှိ ညောင်ကျိုးစခန်းကို ပြန်လည်ရရှိရေးအတွက် စစ်ကောင်စီက အပြင်းအထန်ထိုးစစ်ဆင်နေကြောင်း သိရသည်။ ညောင်ကျိုးစခန်းအနီးသိုံ ပြီးခဲ့သည့်ရက်ပိုင်း ဧပြီ ၂၃ ရက်နေ့က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် AA တို့ အပြင်းအထန်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ “ဆင်လန်ရွာနားမှာ တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲမတိုင်ခင်နေ့ကတည်းက စစ်တပ်ဘက်ကနေ အင်အားစုဖွဲ့ပြီး ညောင်ကျိုးကို ချီတက်လာတာ။ ကျွံထွက်လာတဲ့ စစ်ကြောင်းနဲ့ AA တို့ တိုက်ပွဲဖြစ်တာ”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။ ပြီးခဲ့သည့် မတ်လ ၁၂ ရက်နေ့က ညောင်ကျိုးစခန်းကို AA ကသိမ်းယူခဲ့ပြီးနောက် စစ်ကောင်စီက စခန်းပြန်လည်ရရှိစေရေးအတွက်…
-
ဆင်ပေါင်ဝဲရှိ စစ်တပ်၏ ကပစ ၁၃ ကို ၁ဝ၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု စက်ရုံများ ထိမှန်ခဲ့ပြီး ထိခိုက်မှု အများအပြားရှိ
ဆင်ပေါင်ဝဲရှိ စစ်တပ်၏ ကပစ ၁၃ ကို ၁ဝ၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု စက်ရုံများ ထိမှန်ခဲ့ပြီး ထိခိုက်မှု အများအပြားရှိ ရန်ကုန်၊ ဧပြီ ၂၆ မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ကပစ ၁၃ ကို ၁ဝ၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စက်ရုံများ ထိမှန်ခဲ့ပြီး ထိခိုက်မှု အများအပြားရှိကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဧပြီလ ၂၅ ရက်နေ့ ည ၁၂ နာရီခန့်တွင်…
-
ဘိလပ်မြေတစ်အိတ်လျှင် စျေးကွက်ပေါက်စျေး ငွေကျပ် ၄၀၀၀၀ ကျော်သွားချိန် ဒုစစ်ခေါင်းဆောင် စိုးဝင်းက တစ်အိတ်လျှင် ၁၇၀၀၀ ဖြင့် ရောင်းရန် စျေးနှုန်းသတ်မှတ်အမိန့်ပေး 🟥 ဘိလပ်မြေများ အမြတ်တင် ရောင်းချမှုဖြင့် ဆိုင် ၆၂ ဆိုင်နှင့်ပိုင်ရှင် ၈ ဦးကို စစ်ကောင်စီက ဖမ်းဆီး
ဘိလပ်မြေတစ်အိတ်လျှင် စျေးကွက်ပေါက်စျေး ငွေကျပ် ၄၀၀၀၀ ကျော်သွားချိန် ဒုစစ်ခေါင်းဆောင် စိုးဝင်းက တစ်အိတ်လျှင် ၁၇၀၀၀ ဖြင့် ရောင်းရန် စျေးနှုန်းသတ်မှတ်အမိန့်ပေး 🟥 ဘိလပ်မြေများ အမြတ်တင် ရောင်းချမှုဖြင့် ဆိုင် ၆၂ ဆိုင်နှင့်ပိုင်ရှင် ၈ ဦးကို စစ်ကောင်စီက ဖမ်းဆီး ရန်ကုန်၊ ဧပြီ ၂၆ မြန်မာနိုင်ငံတွင် စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်မှုကြောင့် အဆောက်အအုံပြိုကျပျက်စီးမှုများပြားချိန် ဘိလပ်မြေ တစ်အိတ်လျှင် စျေးကွက်ပေါက်စျေး ၄၀၀၀၀ ကျော်သွားသော်လည်း စစ်ကောင်စီ၏ ဒုစစ်ခေါင်းဆောင် စိုးဝင်းက ဘိလပ်မြေတစ်အိတ်လျှင် ငွေကျပ် ၁၇၀၀၀ ဖြင့် ရောင်းချရမည်ဟု စျေးနှုန်းသတ်မှတ်လိုက်သည်။ ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သည့် အမျိုးသားသဘာ၀ဘေးစီမံခန့်ခွဲရေးအစည်းအဝေးတွင် အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်းက အထက်ပါအတိုင်း စျေးနှုန်းသတ်မှတ်လိုက်ခြင်းဖြစ်သည်။ စိုးဝင်းက ဘိလပ်မြေတစ်အိတ်လျှင်…
-
ဗန်းမော်တိုက်ပွဲ စစ်ကောင်စီတပ်စွဲရာ နေရာအချို့ကို KIAထပ်မံသိမ်း
ဗန်းမော်တိုက်ပွဲ စစ်ကောင်စီတပ်စွဲရာ နေရာအချို့ကို KIAထပ်မံသိမ်း ဧပြီ-၂၅၊၂၀၂၅။ထားမြတ်/People’s Spring ကချင်ပြည်နယ် ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်စွဲရာနေရာအချို့ကိုကချင်လွတ် လပ်ရေးတပ်မတော်(KIA) ဦးဆောင်သောပူး ပေါင်းတပ်ဖွဲ့က ဧပြီ ၂၅ရက်တွင် ထိုးစစ်ဆင်တိုက်ခိုက်ပြီးထပ်မံသိမ်းနိုင်ခဲ့ကြောင်းကချင်စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။ KIA က ဧပြီ ၂ရက်မှ ၂၂ရက်အထိ ယာယီအပစ်ရပ်ခဲ့ပြီးနောက် ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးကိုဧပြီလ ၂၅ရက်တွင် ပြန်လည်ထိုးစစ်ဆင်ခဲ့ရာ အ မှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ၂၁) အပါအဝင် ဗန်းမော်ရှိ လက်ကျန်တပ်စခန်းအား လုံးကို တပြိုင်းတည်း တိုက်ခိုက်နေခြင်းဖြစ်သည်။ “ဒီမနက် မြို့တွင်း တချို့နေရာတွေ ရထားတာရှိတယ်။ အခြေအနေကောင်းတယ်။”ဟု စစ်ရေးသတင်းရင်းမြစ်ကပြောကြားသည်။သို့သော်သိမ်းပိုက်နိုင်ခဲ့သောစခန်းများနှင့်ပတ်သက်သောအသေးစိပ်အချက်အလက်များကိုမူမသိရသေးပေ။ စစ်ကောင်စီကလည်း လေကြောင်းမှဗုံးကြဲ၍ အပြင်းအထန်ခုခံလျက်ရှိရာ ဧပြီ ၂၅ ရက်တစ်ရက်တည်းလေကြောင်းမ ဗုံး ၁၃ ကြိမ်ထက်မနည်းကြဲခဲ့ကြောင်း၎င်းကပြောသည်။ “အခုပြောနေရင်းမြစ်ကြီးနားဖိုက်တာတစ်စီးလာကြဲသွားပြီ”ဟုစစ်ရေးသတင်းရင်းမြစ်က ဧပြီ ၂၅ ရက် ညနေ ၅နာရီ ကျော်အချိန်တွင်ပြောသည်။ KIA…
-
ငလျင်ဒဏ်သင့် မန္တလေး၊ မဟာအောင်မြေမြို့နယ်တွင် စစ်မှုထမ်းအပတ်စဉ် ၁၃ အတွက် တစ်ရပ်ကွက်လျှင် လူငယ် ၂ ဦး စစ်မှုထမ်းပေးရန် ဆင့်ခေါ် 🟥 အုတ်ဖိုတွင် မျောက်ချောကုန်းရွာအုပ်ချုပ်ရေးမှူးက စစ်မှုထမ်းကြေး တစ်အိမ်ထောင်လျှင် ကျပ် ၃ သိန်းတောင်း
ငလျင်ဒဏ်သင့် မန္တလေး၊ မဟာအောင်မြေမြို့နယ်တွင် စစ်မှုထမ်းအပတ်စဉ် ၁၃ အတွက် တစ်ရပ်ကွက်လျှင် လူငယ် ၂ ဦး စစ်မှုထမ်းပေးရန် ဆင့်ခေါ် 🟥 အုတ်ဖိုတွင် မျောက်ချောကုန်းရွာအုပ်ချုပ်ရေးမှူးက စစ်မှုထမ်းကြေး တစ်အိမ်ထောင်လျှင် ကျပ် ၃ သိန်းတောင်း ရန်ကုန်၊ ဧပြီ ၂၆ စစ်ကိုင်းငလျင်ဒဏ်သင့် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်တွင် စစ်မှုထမ်းအပတ်စဉ် ၁၃ အတွက် တစ်ရပ်ကွက်လျှင် လူငယ် ၂ ဦး စစ်မှုထမ်းတပ်သားအဖြစ် ပေးရန် ဆင့်ခေါ်လာကြောင်း ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တချို့နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ လာမည့် မေလအတွင်း ဖွင့်လှစ်မည့် စစ်မှုထမ်းအပတ်စဉ် ၁၃ အတွက် မဟာအောင်မြေမြို့နယ်အတွင်းရှိ ရပ် ကွက်များတွင် တစ်ရပ်ကွက်လျှင် လူငယ် ၂ ဦးနှုန်း ပေးရမည်ဖြစ်ကြောင်း၊ ငလျင်ဒဏ်ခံထားရ၍…
-
မင်းအောင်လှိုင်က သူတည်တဲ့ မာရဝိဇယဘုရား ငလျင်ဒဏ်ခံနိုင်လို့ အစည်း အဝေးတိုင်းမှာ ဂုဏ်ယူဝင့်ကြား၊ မာရဝိဇယကို ပုံမှန်သွားပေမယ့် သန်းရွှေ တည်ခဲ့တဲ့ ဥပ္ပါတသန္တိစေတီရဲ့ ငလျင်အပျက်အစီးတွေကို ၁ လနီးပါးကြာမှ သွားကြည့်
မင်းအောင်လှိုင်က သူတည်တဲ့ မာရဝိဇယဘုရား ငလျင်ဒဏ်ခံနိုင်လို့ အစည်း အဝေးတိုင်းမှာ ဂုဏ်ယူဝင့်ကြား၊ မာရဝိဇယကို ပုံမှန်သွားပေမယ့် သန်းရွှေ တည်ခဲ့တဲ့ ဥပ္ပါတသန္တိစေတီရဲ့ ငလျင်အပျက်အစီးတွေကို ၁ လနီးပါးကြာမှ သွားကြည့် ရန်ကုန်၊ ဧပြီ ၂၆ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူတည်တဲ့ မာရဝိဇယဘုရား ငလျင်ဒဏ်ခံနိုင်တယ်လို့ အစည်း အဝေးတိုင်းမှာ ဂုဏ်ယူဝင့်ကြားစွာ ပြောဆိုနေတယ်လို့ နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုပါတယ်။ မတ်လ ၂၈ ရက်နေ့ ငလျင်ကြီးလှုပ်ခတ်ပြီးတဲ့နောက် ဧပြီလ ၁ ရက်နေ့မှာ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူတည်ထားခဲ့တဲ့ မာရဝိဇယဘုရားကို သွားရောက်ခဲ့ပြီး စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ငလျင်ဒဏ်ကြောင့် မာရဝိဇယဘုရားနဲ့ ရင်ပြင်တော်မှာ အပျက်အစီး အနည်းငယ်သာရှိတဲ့အပြင် အင်ဂျင် နီယာ တွက်ချက်မှုတွေအရ လည်း…
-
ဧရာဝတီတိုင်းအတွင်း တိုက်ပွဲရောက်ရှိလာသည့် အတွက် စစ်ရေးသတင်းပေးကြရန် ပြည်သူများကို စစ်ကောင်စီစည်းရုံး
ဧရာဝတီတိုင်းအတွင်း တိုက်ပွဲရောက်ရှိလာသည့် အတွက် စစ်ရေးသတင်းပေးကြရန် ပြည်သူများကို စစ်ကောင်စီစည်းရုံး ဧရာဝတီတိုင်းမ် ဧပြီ ၂၅ ရက် ဧရာဝတီတိုင်းအတွင်း အာရက္ခတပ်တော် (AA) နှင့် မဟာမိတ်အဖွဲ့များ၏ ထိုးစစ်ကြောင့် စစ်ရေးအရရှုံးနိမ့်နေသည့် စစ်ကောင်စီအနေဖြင့် ကျေးရွာအုပ်စုများအထိဆင်းကာ စည်းရုံးရေးဆင်းနေ ရကြောင်း သိရသည်။ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ဌာနဆိုင် ရာအဖွဲ့များသည် ပြီးခဲ့သည့် ဧပြီ ၂၂ ရက်နေ့မှစ၍ ကျေးရွာများအထိ စည်းရုံးရေးဆင်းရန် အစည်းအဝေးကျင်းပခဲ့ကြောင်း အုပ်ချုပ်ရေး အဖွဲ့နှင့်နီးစပ်သူ သတင်းရင်းမြစ်ထံမှ သိရသည်။ “တိုင်းအတွင်း တိုက်ပွဲရောက်လာပြီဆိုပြီး အသက် ၃၅ နှစ်ကနေ ၅၅ နှစ်အတွင်းလူတွေကို ပြည်သူ့လုံခြုံရေးအဖွဲ့ဆိုပြီး ခေါ်နေတယ်။ စစ်ရေးသတင်းတစ်ခုခုကြားတာနဲ့ ချက်ချင်းသတင်း ပေးရမယ်ဆိုပြီး ညွှန်ကြားထားတယ်”ဟု အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူ သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို…
-
မင်္ဂလာဒုံလေဆိပ် ရဲကင်းကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်
မင်္ဂလာဒုံလေဆိပ် ရဲကင်းကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက် ရန်ကုန် ၊ ဧပြီ ၂၅ ရန်ကုန်မြို့၊ မင်္ဂလာဒုံလေဆိပ် ရဲကင်းကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း Dark Shadow တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့ ဧပြီလ ၂၄ ရက်နေ့ ည ၇ နာရီ ၅၀ မိနစ်ခန့်တွင် မင်္ဂလာဒုံမြို့နယ်၊ ကြံခင်းစုရပ်ကွက်၊ လေဆိပ်လမ်းသွယ်ရှိ ရဲကင်းကို ရန်ကုန်မြို့ပြပြောက်ကျား ရဲဘော်များက အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ရဲကင်းသည် ပြည်သူများကို နေ့စဉ်အမျှ ဒုက္ခပေးနေသော စစ်သားနှင့် ရဲများရှိနေ၍ Dark Shadow တပ်ဖွဲ့၏ မြို့ပြပြောက်ကျား ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။…
-
ငလျင်ဘေးသင့်ပြည်သူများ စားသုံးဖို့ ဖြန့်ဖြူးထားသည့် ဘီစကွတ်များကို ရောင်းချပါက အရေးယူမည်ဟု ကုလ ထုတ်ပြန်
ငလျင်ဘေးသင့်ပြည်သူများ စားသုံးဖို့ ဖြန့်ဖြူးထားသည့် ဘီစကွတ်များကို ရောင်းချပါက အရေးယူမည်ဟု ကုလ ထုတ်ပြန် ဧပြီ ၂၅၊ ၂၀၂၅ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က ငလျင်ဘေးသင့်ပြည်သူတွေ စားသုံးဖို့ ဖြန့်ဖြူးပေးထားတဲ့ ဘီစကွတ်တွေကို ရောင်းချရင် အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ United Nations Myanmar က အသိပေးထုတ်ပြန်ပါတယ်။ WFP ရဲ့ အာဟာရဖြည့်ဘီစကွတ်တွေအကြောင်း ရှင်းပြထားတဲ့ ကြေညာချက်အတွင်း ဘီစကွတ်တွေကို စျေးကွက်အတွင်း ပြန်လည်ရောင်းချရင် အရေးယူမယ်လို့ တစ်ပါတည်း ထည့်သွင်းကြေညာ သတိပေးထားတာ ဖြစ်ပါတယ်။ “လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို ပြန်လည်ရောင်းချဖို့ မသင့်ပါဘူး။ WFP အနေနဲ့ ပုံမှန် လေ့လာစောင့်ကြည့်နေသလို၊ ရောင်းချတာတွေ့ရင်လည်း ချက်ချင်းအရေးယူဆောင်ရွက်သွားမှာပါ။ WFP ရဲ့အထောက်အပံ့တွေက အမြဲတမ်း အခမဲ့ဖြစ်ပါတယ်“ လို့ ဖော်ပြထားပါတယ်။…
-
AA ၊ PDF ပူးပေါင်းတပ်များ ဝင်ရောက်လာနေ၍ လေးမျက်နှာမြို့နယ်အတွင်းရှိ ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ တိမ်းရှောင်ခြင်းနှင့် စစ်တပ်စခန်းများထံတွင် သွားရောက်ခိုလှုံနေ
AA ၊ PDF ပူးပေါင်းတပ်များ ဝင်ရောက်လာနေ၍ လေးမျက်နှာမြို့နယ်အတွင်းရှိ ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ တိမ်းရှောင်ခြင်းနှင့် စစ်တပ်စခန်းများထံတွင် သွားရောက်ခိုလှုံနေ ရန်ကုန်၊ ဧပြီ ၂၅ ဧရာ၀တီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်းသို့ AA ၊ PDF ပူးပေါင်းတပ်များ ထိုးဖောက်ဝင်ရောက်လာနေ၍ လေးမျက်နှာမြို့နယ်အတွင်းရှိ ကျေးရွာများမှ အုပ် ချုပ်ရေးမှူးများ တိမ်းရှောင်ခြင်းနှင့် စစ်တပ်စခန်းများထံတွင် သွားရောက်ခိုလှုံခြင်းများ လုပ်ဆောင်နေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။ လေးမျက်နှာမြို့နယ်၊ ပန်းတောကြီးကျေးရွာ၊ ဝါးတောကွင်းကျေးရွာ၊ တောင်ကျေးရွာမှ အုပ်ချုပ်ရေးမှူးများနှင့် ရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များမှာ ဟင်္သတမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်သွားကြကြောင်း၊ အခြားသော ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများမှာမူ စစ်တပ်က တားဆီးထား၍ ထွက်ပြေးတိမ်းရှောင်ခြင်းမပြုသော်လည်း စစ်တပ်အထိုင်စခန်းများတွင်သာ သွားရောက် အိပ်စက်နေ ထိုင်ကြကြောင်း သိရှိရသည်။ “တောင်ရွာ အုပ်ကြီး ဇော်ဇော်မင်းနဲ့ ရာအိမ်၊ ဆယ်အိမ်းမှူးတွေ…