Author: admin
-
နေပြည်တော် ဧလာလေဆိပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှု လေယာဉ်သိုလှောင်ရုံနှင့် ထိန်းချုပ်ခန်းအဆောက်အအုံတို့ ထိခိုက်မီးလောင်ပျက်စီးပြီး စစ်သား ၆ ဦး ဒဏ်ရာရဟုဆို
နေပြည်တော် ဧလာလေဆိပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှု လေယာဉ်သိုလှောင်ရုံနှင့် ထိန်းချုပ်ခန်းအဆောက်အအုံတို့ ထိခိုက်မီးလောင်ပျက်စီးပြီး စစ်သား ၆ ဦး ဒဏ်ရာရဟုဆို ရန်ကုန်၊ ဧပြီ ၂၀ အကြမ်းဖက်စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော် ဧလာလေဆိပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ် ခတ်တိုက် ခိုက်ခဲ့ရာ လေယာဉ်သိုလှောင်ရုံနှင့် ထိန်းချုပ်ခန်းအဆောက်အအုံတို့ ထိခိုက်မီးလောင်ပျက်စီးပြီး စစ်သား ၆ ဦး ဒဏ်ရာရကြောင်းBrave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြား သည်။ ဧပြီလ ၁၈ ရက်နေ့ ည ၈ နာရီ ၃၅ မိနစ်အချိန် အကြမ်းဖက်စစ်ကောင်စီရုံးစိုက်ရာ နေပြည် တော် အေ လာလေတပ်…
-
တိုက်ပွဲများ ဟင်္သာတခရိုင်အတွင်း ရောက်ရှိနေပြီဖြစ်၍ ပြည်သူများ သတိရှိစွာနေထိုင်ကြပါရန် ဟင်္သာတ ပအဖ ထုတ်ပြန်
တိုက်ပွဲများ ဟင်္သာတခရိုင်အတွင်း ရောက်ရှိနေပြီဖြစ်၍ ပြည်သူများ သတိရှိစွာနေထိုင်ကြပါရန် ဟင်္သာတ ပအဖ ထုတ်ပြန် ဧပြီ ၁၉၊ ၂၀၂၅ ဧရာဝတီတိုင်းအတွင်း ဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေဟာ ဟင်္သာတခရိုင်အတွင်း ရောက်ရှိနေပြီဖြစ်လို့ ပြည်သူများ သတိရှိစွာနေထိုင်ကြဖို့ ဟင်္သာတမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။ တိုက်ပွဲဖြစ်ပွါးရာဒေသများမှ ပြည်သူတွေဟာ နီးစပ်ရာ မြို့နယ်/ကျေးရွာများကို စစ်ဘေးရှောင်နေကြရပြီး၊ စစ်ပွဲဧရိယာ ပိုမိုကျယ်ပြန့်လာသောကြောင့် ဟင်္သာတမြို့နယ်အတွင်းရှိ ပြည်သူများအနေနဲ့ အစစအရာရာ သတိထားနေထိုင်ကြဖို့ အသိပေးတိုက်တွန်းကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။ တဆက်ထဲမှာပဲ ပြည်သူတွေအနေနဲ့- – မိမိနဲ့ တပါတည်း ယူဆောင်ဖို့ လိုအပ်တဲ့ အရေးကြီး စာရွက်စာတမ်းများ၊ ပစ္စည်းများ၊ ဆေးဝါး ရိက္ခာတွေကို အဆင်သင့်ထုပ်ပိုး ပြင်ဆင်ထားဖို့။ – မြေပြင်သတင်းများအား မပြတ်နားစွင့်ပြီး အသွားအလာ သတိထားဖို့။ –…
-
စစ်ကောင်စီက အရပ်သားများအပေါ် ပစ်မှတ်ထားလာသော စစ်ရာဇဝတ်မှုများအပေါ် နိုင်ငံတကာက အရေးယူဆောင်ရွက်ပေးရန် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က တိုက်တွန်း
စစ်ကောင်စီက အရပ်သားများအပေါ် ပစ်မှတ်ထားလာသော စစ်ရာဇဝတ်မှုများအပေါ် နိုင်ငံတကာက အရေးယူဆောင်ရွက်ပေးရန် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က တိုက်တွန်း ရန်ကုန်၊ ဧပြီ ၂၀ အကြမ်းဖက်စစ်ကောင်စီက အရပ်သားများအပေါ် ပစ်မှတ်ထားလာသော စစ်ရာဇဝတ်မှုများအပေါ် နိုင်ငံတကာက အရေးယူဆောင်ရွက်ပေးရန် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ယမန်နေ့ တိုက်တွန်းပြောဆိုလိုက်သည်။ အကြမ်းဖက်စစ်ကောင်စီက အရပ်ဘက်ပစ်မှတ်များပေါ် လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှုများကို ယခုကာလအတွင်း ပိုမိုပြင်းထန် ဆိုးရွားစွာ ဆက်တိုက်ဆောင်ရွက်လာကြောင်း၊ အရပ်သားပစ်မှတ်များအပေါ် အဆက် မပြတ် ဗုံးကျဲတိုက်ခိုက်နေမှုများ၊ အထူးသဖြင့် ယခုကဲ့သို့ လူသားချင်းစာနာမှုဆိုင်ရာ ယာယီအပစ်အခတ်ရပ်စဲရေး ပြုလုပ်ထားသည့်အချိန်တွင် ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများအပေါ် တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံကဲ့သို့ သော အိမ်နီးချင်းနိုင်ငံများ၊ အမေရိကန်၊ ရုရှားကဲ့သို့သော ကမ္ဘာ့အင်အားကြီးနိုင်ငံများ၊ အာဆီယံအဖွဲ့၊ ဥရောပသမဂ္ဂနှင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ် အစရှိသည့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် မျက်ခြည်မပြတ် စောင့်ကြည့် ရန်…
-
ထိုင်း -မြန်မာနယ်စပ်၊ ထီးထဗျူဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်ကောင်စီ၏ ဗျူဟာမှူးအပါအဝင် စစ်သား အများအပြားသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
ထိုင်း -မြန်မာနယ်စပ်၊ ထီးထဗျူဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်ကောင်စီ၏ ဗျူဟာမှူးအပါအဝင် စစ်သား အများအပြားသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ ရန်ကုန်၊ ဧပြီ ၂၀ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထိုင်း -မြန်မာနယ်စပ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ထီးထ ဗျူဟာ စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ဗျူဟာမှူးအပါအဝင် စစ်သားအများအပြားသေဆုံးပြီး လက်နက်ခဲ ယမ်းများလည်း အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း Force for Federal – FFD တပ်ဖွဲ့မှ ဒုတာ ဝန်ခံ ကိုအောင်အောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့ ဧပြီလ ၁၉ ရက် ညနေ ၅ နာရီခွဲခန့်တွင် ထားဝယ်ခရိုင်၊ ထိုင်း-မြန်မာနယ်စပ်ရှိ ထီးထဗျူဟာ စခန်းကို KNU/KNLA တပ်မဟာ ၄ ဦးဆောင်မှုဖြင့် FFD…
-
မင်းအောင်လှိုင်က “ရန်နိုင်မင်း” စစ်ဆင်ရေးဖြင့် လေကြောင်းတိုက်ခိုက်မှုများ ထပ်မံအရှိန်မြှင့်တင်ရန် ညွှန်ကြားထား၊ ၂ ရက်အတွင်း ပြည်သူ ၄၅ ဦး လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့
မင်းအောင်လှိုင်က “ရန်နိုင်မင်း” စစ်ဆင်ရေးဖြင့် လေကြောင်းတိုက်ခိုက်မှုများ ထပ်မံအရှိန်မြှင့်တင်ရန် ညွှန်ကြားထား၊ ၂ ရက်အတွင်း ပြည်သူ ၄၅ ဦး လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ ရန်ကုန်၊ ဧပြီ ၂၀ အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတစ်ဝန်းတွင် လေကြောင်းတိုက်ခိုက်မှုများ ထပ်မံ အရှိန်မြှင့်တင်ရန် ညွှန်ကြားထားပြီး ယခုလာမည့် မိုးတွင်းကာလမတိုင်မီ လေကြောင်းတိုက်ခိုက်မှုများ ပိုမိုများပြားလာမည်ဖြစ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မိုးတွင်းကာလမတိုင်မီ ရနိုင်သမျှ နယ်မြေများနှင့် မြို့နယ်များကို ပြန်လည် သိမ်းပိုက်ရန် ညွှန်ကြားထားကြောင်း၊ ယင်းသို့ သိမ်းပိုက်ရန် ကြိုးစားရာတွင် ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံကို အသုံးပြုရန် ညွှန်ကြားထားခြင်းဖြစ်ကြောင်း သိရှိရသည်။ “ဒီမိုးတွင်းကာလ မတိုင်မီမှာ လေကြောင်းကနေ ထိုးစစ်ဆင်ပြီး မြေပြင်ကလည်း နယ်မြေသိမ်းပိုက်မှုတွေ ဆက်လက် ဆင်နွှဲဖို့ ညွှန်ကြားပါတယ်။…
-
ကျိုက်ထီးရိုး ဘုရားဖူးပြည်သူများအား တော်လှန်ရေးတပ်ဖွဲ့များက ဖမ်းဆီးသွားကြောင်း စစ်ကောင်စီဝါဒဖြန့်နေမှုအပေါ် အမှတ် ၂၇ စစ်ဗျူဟာတာဝန်ခံမှ ပြန်လည်ရှင်းလင်း (ရုပ်/သံ)
ကျိုက်ထီးရိုး ဘုရားဖူးပြည်သူများအား တော်လှန်ရေးတပ်ဖွဲ့များက ဖမ်းဆီးသွားကြောင်း စစ်ကောင်စီဝါဒဖြန့်နေမှုအပေါ် အမှတ် ၂၇ စစ်ဗျူဟာတာဝန်ခံမှ ပြန်လည်ရှင်းလင်း (ရုပ်/သံ) ဧပြီ ၁၉ ၊ ၂၀၂၅ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးတောင်ခြေရှိ ကင်မွန်းချောင်းကျေးရွာ ကဒက်ချောင်း ရေတံခွန်မှာ ဖမ်းဆီးမိခဲ့တဲ့ ပျူစောထီးခေါင်းဆောင်တွေကို စစ်ကောင်စီတပ်က ကျိုက်ထီးရိုး ဘုရားဖူးပြည်သူတွေကို တော်လှန်ရေးတပ်တွေက ဖမ်းဆီးသွားတယ်လို့ ဝါဒဖြန့်ခဲ့တဲ့အပေါ် အမှတ် (၂၇) စစ်ဗျူဟာတာဝန်ခံက အခုလိုပဲ ရှင်းလင်းတင်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၁၅ ရက်မှာ ကဒက်ချောင်းရှိ စားသောက်ဆိုင်တစ်ခုမှာ သောက်စားယူးယစ်နေတဲ့ ညောင်လေးပင်မြို့နယ်က ပျူစောထီးခေါင်းဆောင် လှိုင်မင်း၊ ဒုတိပျူစောထီးခေါင်းဆောင် မဲကြီးအပါအဝင် မိသားစုဝင် ၄၈ ယောက်ကို ကျိုက်ထိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းအရ သွားရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ပျူစောထီးခေါင်းဆောင်ဖြစ်တဲ့ လှိုင်မင်းဆိုသူနဲ့…
-
မြင်းမူမြို့နယ်၊ ကန်တော်ရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကလေးငယ်များ အပါအဝင် ပြည်သူများ ထိခိုက်သေဆုံးမှုရှိ
မြင်းမူမြို့နယ်၊ ကန်တော်ရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကလေးငယ်များ အပါအဝင် ပြည်သူများ ထိခိုက်သေဆုံးမှုရှိ ရန်ကုန်၊ ဧပြီ ၁၉ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ကန်တော်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကလေးငယ်များ အပါအဝင် ပြည်သူများ ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဧပြီလ ၁၉ ရက်နေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်ခန့်တွင် မြင်းမူမြို့နယ်၊ ကန်တော်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း…
-
သပိတ်ကျင်း ရေထွက်ရွာကို စစ်ကောင်စီထပ်မံလေကြောင်းတိုက်ခိုက်လို့ ပြည်သူ ၁၀ဦးထက်မနည်း သေဆုံး၊ ၁၅ဦးထက်မနည်း ဒဏ်ရာရ ရေထွက်ရွာကို စစ်ကောင်စီက နှစ်ရက်ဆက် လေကြောင်းတိုက်မှု ပြည်သူ၂၀ကျာ်သေဆုံး
Breaking News- သပိတ်ကျင်းမြို့နယ်၊ ရေထွက်ရွာ ကို စစ်တပ်က ယနေ့ လေယာဉ်ဖြင့် ထပ်မံဗုံးကျဲ၍ ကလေးများ အပါအဝင် ပြည်သူ ၁၃ ဦး ထပ်မံသေဆုံး၊ ယမန်နေ့နှင့် ယနေ့ ၂ ရက်ပေါင်း လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၆ ဦးကျော်ရှိလာ ရန်ကုန်၊ ဧပြီ ၁၉ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ရေထွက်ရွာ ဓာတ်ဆီဆိုင်ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၃ နှစ်နှင့် ၂ နှစ်ကျော် အရွယ် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၁၃ ဦးသေဆုံးပြီး ထိခိုက် ဒဏ်ရာရသူ ၂၀ ကျော်ရှိကာ သေဆုံးမှု ပိုများနိုင်ကြောင်း သပိတ်ကျင်းမြို့နယ်…
-
ဝမ်းတွင်းမြို့အနီး ဗဟိုပြုပြီး ရစ်ချက်တာစကေး ၄.၂ အဆင့်ရှိ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့
ဝမ်းတွင်းမြို့အနီး ဗဟိုပြုပြီး ရစ်ချက်တာစကေး ၄.၂ အဆင့်ရှိ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ ဧပြီ ၁၉ ၊ ၂၀၂၅ မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့အနီး မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ရစ်ချက်တာစကေး ၄.၂ အဆင့်ရှိ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခု ဧပြီလ ၁၉ ရက် ဒီနေ့ မနက် ၇နာရီ ၅၀ မိနစ်အချိန်မှာ ထပ်မံလှုပ်ခတ်ခဲ့တယ်လို့ NUG လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက သတိပေးထုတ်ပြန်ပါတယ်။ မတ်လ ၂၈ ရက်နေ့ ပြင်းအား ၇.၇ အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲငလျင်တွေ ဆက်တိုက် လှုပ်ခတ်နေရာ ဧပြီလ ၁၉ ရက် ဒီနေ့အထိ ငလျင်လှုပ်ခတ်မှုပေါင်း အကြိမ်ရေ ၁၅၀…
-
ကျိုက်ထီးရိုးလာတဲ့ ပျူစောထီးခေါင်းဆောင်အပါအဝင် မိသားစုဝင် ၅၀ နီးပါး ဖမ်းဆီးမှု PDF အတည်ပြု
ကျိုက်ထီးရိုးလာတဲ့ ပျူစောထီးခေါင်းဆောင်အပါအဝင် မိသားစုဝင် ၅၀ နီးပါး ဖမ်းဆီးမှု PDF အတည်ပြု ဧပြီ ၁၉ ရက် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးတောင်ခြေရှိ ကဒက်ချောင်းရေတံခွန်မှာ ရေလာကစားတဲ့ ညောင်လေးပင်မြို့နယ်က ပျူစောထီးခေါင်းဆောင်အပါအဝင် မိသားစုဝင် ၅၀ နီးပါးကို ဖမ်းဆီးခဲ့တယ်လို့ သထုံခရိုင် PDF တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၁၅ ရက်နေ့က ကဒက်ချောင်းရှိ စားသောက်ဆိုင်တစ်ခုမှာ ညောင်လေးပင်မြို့နယ်က စစ်ကောင်စီ သြဇာခံ ပျူစောထီးခေါင်းဆောင် ဦးလှိုင်မင်း၊ ဒုတိပျူစောထီးခေါင်းဆောင် ကိုမဲကြီးအပါအဝင် မိသားစုဝင် ၄၈ ဦးကို ကျိုက်ထိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းအရ သွားရောက်ဖမ်းဆီးခဲ့တာပါ။ ဖမ်းဆီးထားတဲ့ ပျူစောထီးခေါင်းဆောင်တွေအပါအဝင် မိသားစုဝင်အားလုံးကို စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်နေပြီး မကြာမီ အသေးစိတ် အချက်အလက်ထုတ်ပြန်ပေးမယ်လို့…