စစ်ကောင်စီ၏ တိုက်ခိုက်ရေးလေယာဉ် ပျံသန်းနေစဉ် နေပြည်တော်အနီး ပျောက်ဆုံး
မဇ္ဈိမ
စစ်ကောင်စီလေတပ်မှ တိုက်ခိိုက်ရေး လေယာဉ်တစီးသည် လေ့ကျင့်ပျံ့သန်းနေစဉ် စက်ချွတ်ယွင်းမှု (သို့မဟုတ်) ရာသီဥတုဆိုးရွားမှုကြောင့် ဇူလိုင်လ ၁ ရက်နေ့ ညအချိန်တွင် ရုတ်တရက် ပျောက်ဆုံးသွားကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။
ယနေ့ (ဇူလိုင်လ ၃ ရက်) ထုတ် စစ်ကောင်စီ၏ သတင်းစာတွင် ဖော်ပြချက်အရ အဆိုပါ လေယာဉ်သည် နေပြည်တော်၏ အရှေ့တောင်ဘက် ၁၃၀ ကီလိုမီတာအကွာတွင် ရုတ်တရက် ရေဒါမြင်ကွင်းမှ ပျောက်ကွယ်ပြီး ဆက်သွယ်မှု ပြတ်တောက်သွားခြင်းဖြစ်ကြောင်း စစ်ကောင်စီက ပြောထားသည်။
ဆက်သွယ်မှုပြတ်တောက်နေသည့် လေယာဉ်အမျိုးအစားကိုတော့ ဖော်ပြထားခြင်းမရှိပေ။ လက်ရှိတွင် ဆက်သွယ်မှုပြတ်တောက်ရာ နေရာတဝိုက်တွင် ရှာဖွေမှုများ လုပ်ဆောင်နေကြောင်း စစ်ကောင်စီက ဆိုသည်။
ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်နေ့ကလည်း စစ်ကောင်စီ၏ F-7 အမျိုးအစား တိုက်ခိုက်ရေး ဂျက်ဖိုက်တာတစီးသည် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် ထိုးကျမီးလောင် ပျက်စီးမှု ဖြစ်ပွားခဲ့သေးသည်။
ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ထိုလေယာဉ်ကို ၎င်းတို့တပ်ဖွဲ့မှ ပစ်ချလိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး၊ စစ်ကောင်စီဘက်ကတော့ လေယာဉ်သည် လေ့ကျင့်ပျံသန်းနေစဉ် စက်ချို့ယွင်းပြီး ပျက်ကျခြင်းသာဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
စာတည်း။ ။ နောင်နောင်
#တိုက်ခိုက်ရေးလေယာဉ်
#လေယာဉ်ပျောက်ဆုံး
#Mizzima
#နေပြည်တော်
စစ်ကောင်စီတိုက်လေယာဥ် ၁ စင်း
ပျံသန်းရင်းပျောက်ဆုံးနေ
■စစ်ကောင်စီ နဲ့ အဆက်အသွယ်စပြတ်သွားတယ်ဆိုတဲ့နေရာဝန်းကျင်ဟာကရင် နဲ့ ကရင်နီနယ်စပ် ဖြစ်နေ၊ တိုက်ပွဲတွေပြင်းထန်နေတဲ့ဖားဆောင်းမြို့နဲ့အကြမ်းဖျင်း၂၄ မိုင်ကျော်အကွာအဝေးမှာဖြစ်
ဇူလိုင်-၃၊၂၀၂၅။ဒီပ/People’s Spring
စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးလေယာဥ် ၁ စင်းဟာ ဇူလိုင် ၁ ရက်ညမှာ လေ့ကျင့်ပျံသန်းရင်း ပျောက်
ဆုံးနေတယ်လို့ စစ်ကောင်စီက ဇူလိုင် ၃ ရက်မှာထုတ်ပြန်ပါတယ် ။
စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးလေယာဥ် ၁ စင်းဟာ ဇူလိုင် ၁ ရက်ညမှာခရီးဝေးလေ့ကျင့်ပျံသန်းစဥ်နေပြည်တော်ရဲ့အရှေ့တောင်ဘက် ၁၃၀ ကီလိုမီတာအကွာမှာရုတ်တရက်ရေဒါမြင်ကွင်းကပျောက်ကွယ်ပြီး အဆက်အသွယ်ပြတ်တောက်သွားတာလို့ဖော်ပြထားပါတယ် ။ တာဝန်ရှိသူတွေရဲ့ ပဏာမစစ်ဆေူချက်အရ စက်ချွတ်ယွင်းမှု ဒါမှမဟုတ် ရုတ်တရက်ရာသီဥတု ဆိုးရွားမှုကြောင့်ဖြစ်နိုင်တယ်လို့လည်းဆိုပါတယ် ။အဆက်
အသွယ်ပြတ်တောက်ခဲ့တဲ့နေရာကို ရာသီဥတုဆိုးရွားနေပေမယ့် ရှာဖွေကယ်ဆယ်ရေးစေလွှတ်ဖို့ဆောင်ရွက်နေတယ်လို့လည်းဆိုပါတယ် ။
စစ်ကောင်စီက တိုက်လေယာဥ်အမျိုးအစားကိုဖော်ပြမထားပါဘူး ။ အဆက်အသွယ်ပြတ်တောက်သွားတယ်ဆိုတာဟာစစ်ကောင်စီအဆိုအရ ဇူလိုင် ၁ ရက်ည ကတွက်ရင် သတင်းထုတ်ပြန်တဲ့ ဇူလိုင် ၃ ရက်နေ့မနက်ပိုင်းအထိ နာရီ ၃၀ ကျော်ရှိနေပြီဖြစ်ပါတယ် ။
ဒါအပြင်အဆက်အသွယ်ပြတ်တောက်ခဲ့တယ်ဆိုတဲ့ နေပြည်တော် ရဲ့အရှေ့တောင်ဘက်နဲ့ ကီလို
မီတာ ၁၃၀ အကွာ (မိုင် ၈၀ ဝန်းကျင်)ဆိုတာ အဖြောင့်တိုင်းရင် အကြမ်းဖျင်းကရင် နဲ့ ကရင်နီပြည် အစပ်တွေဖြစ်နေပါတယ် ။ကရင်နီပြည်မှမော်ချီး၊ဖားဆောင်း ၊ ကရင် ပြည်နယ်မှာဆိုရင် ဘောဂလိ ၊သံတောင်ကြီးဝန်းကျင်တဝိုက်ဖြစ်နေပါတယ်။အဆိုပါဒေသတွေမှာလတ်တလောတိုက်ပွဲတွေဖြစ်နေပါတယ် ။အထူးသဖြင့် ကရင်နီတပ်ပေါင်းစုက ဖားဆောင်းမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ စစ်တပ်ရဲ့ လက်ကျန်တပ်ရင်း နှစ်ခုကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ အပြင်းအထန်ထိုးစစ်ဆင်နေတာဖြစ်ပါတယ် ။ အခုတိုက်လေယာဥ်နဲ့ရေဒါမှစပျောက်အဆက်အသွယ်ပြတ်သွားတဲ့ဆိုတဲ့နေရာဟာဖားဆောင်းမြို့နဲ့ အကြမ်းဖျင်း၂၄ မိုင်ကျော်
(၄၀ ကီလိုမီတာ)ဝန်းကျင်ပဲကွာဝေးပါတယ်။
နေပြည်တော်အရှေ့တောင်ဘက် ကီလိုမီတာ ၂၂၀ ဆိုရင် မြန်မာ-ထိုင်းနယ်စပ်ကိုရောက်သွားမှာဖြစ်ပါတယ်။
စစ်ကောင်စီဟာ နွေဦးတော်လှန်ရေးကာလတလျှောက် တော်လှန်ရေးတပ်တွေက တိုက်လေယာဥ် ၊ရဟတ်ယာဥ်တွေ ပစ်ချခဲ့ရင်လည်း စက်ချို့ယွင်းပျက်ကျတာ၊ ရာသီဥတုဆိုးရွားလို့ပျက်ကျတာလို့ပဲထုတ်ပြန်လေ့ရှိတာမို့ ဒီတကြိမ် တိုက်လေယာဥ် ပျောက်နေတာဟာ အမှန်ဘယ်လိုလဲဆိုတာ မသိနိုင်သေးပါဘူး။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော်လှန်ရေးအဖွဲ့တွေက စစ်တပ်ရဲ့ တိုက်လေယာဥ် ၊ရဟတ်ယာဥ် အစီးရေ အနည်းဆုံး ၁၂ စင်းကိုပစ်ချထားနိုင်ပါတယ် ။ဒါအပြင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာပဲစစ်ကောင်စီရဲ့လေယာဥ်၊ရ
ဟတ်ယာဥ် ပျက်ကျတာ အနည်းဆုံး ၇ စင်းရှိခဲ့ပါသေးတယ် ။ဒါဟာ ဇူလိုင် ၁ ရက်ညမှာပျောက်ဆုံးနေတဲ့ တိုက်လေယာဥ် မပါသေးပါဘူး။
(စစ်ကောင်စီ တိုက်လေယာဥ် အဆက်အသွယ်စပြတ်သွားတဲ့နေရာ ကိုအကြမ်းဖျင်းတိုင်းတာချက် /စစ်ကောင်စီ တိုက်လေယာဥ် ၊ရဟတ်ယာဥ်
တွေပစ်ချခံရမှု နဲ့ ပျက်ကျမှုအခြေအနေပြ အင်ဖိုဂရပ် / စစ်ကောင်စီထုတ်ပြန်ချက် )