Author: admin

  • လှိုင် (၁) ရပ်ကွက်အုပ်ကြီးအရိုက်ခံရပြီး  ပြည်သူအချို့အဖမ်းခံရ

    လှိုင် (၁) ရပ်ကွက်အုပ်ကြီးအရိုက်ခံရပြီး ပြည်သူအချို့အဖမ်းခံရ

    by

    in

    လှိုင် (၁) ရပ်ကွက်အုပ်ကြီးအရိုက်ခံရပြီး ပြည်သူအချို့အဖမ်းခံရ “လမ်းထဲနေသူကိုအာဏာပြပါးတွေရိုက်၊ ဆဲဆိုနေတယ်၊၊ PDF ကိုလည်း သူပုန်ဆိုပြီး အော်ဟစ်ဆဲ ဆိုနေပါတယ်၊၊ အရိုက်ခံရတာကို ကြည့်ပြီးမခံနိုင်လို့ လူတစ်ဦးက အုပ်ချုပ်ရေးမှူး ခေါင်းကို ဝင်ရိုက်သွားတယ်၊၊အုပ်ကြီး ခေါင်းကွဲသွားပါတယ်၊၊ရိုက်တဲ့သူက တော့ ထွက်ပြေးသွားပြီးအိမ်ရှိ ကျန်ခဲ့တဲ့ မိသားစုဝင်များကို ဖမ်းဆီးခေါ် ဆောင်သွားတယ်”-ပြည်သူတစ်ဦး ရဲခေါင်/People’s Spring ရန်ကုန်တိုင်း၊လှိုင်မြို့နယ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး အရိုက်ခံရပြီး နောက် ပြည်သူအချို့ဖမ်းဆီးခံရကြောင်း ရပ်ကွက်နေထိုင်သူအချို့က ပြော သည်။ ကြာသာပ​တေး​နေ့(စက်တင်ဘာ ၅) ည ၉ နာရီခန့်က ဇေယျသိဒ္ဓိ(၄)လမ်းတွင် လက်တွန်းလှည်းများဖယ်ရှားရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးသိန်းမြင့်ဦးက အော်ဟစ်ကြိမ်းမောင်း၍ ပြည်သူအချို့ကိုပါးရိုက်​သော​ကြောင့် လမ်းတွင်နေထိုင်သူတစ်ဦးက မခံနိုင်၍ တုတ်ဖြင့်ရိုက်နှင်ခဲ့ခြင်းဟုသိရသည်။ “လမ်းထဲနေသူကိုအာဏာပြပါးတွေရိုက်၊ ဆဲဆိုနေတယ်၊၊ PDF ကိုလည်း သူပုန်ဆိုပြီး…

  • နိုင်ငံတစ်ဝန်းလုံးတွင် ဓာတ်ဆီနှင့်ဒီဇယ်စျေးနှုန်းများ တစ်လီတာလျှင် ငွေကျပ် ၁၀၀ ကျော် ထပ်မံမြင့်တက်သွားပြန်

    နိုင်ငံတစ်ဝန်းလုံးတွင် ဓာတ်ဆီနှင့်ဒီဇယ်စျေးနှုန်းများ တစ်လီတာလျှင် ငွေကျပ် ၁၀၀ ကျော် ထပ်မံမြင့်တက်သွားပြန်

    by

    in

    နိုင်ငံတစ်ဝန်းလုံးတွင် ဓာတ်ဆီနှင့်ဒီဇယ်စျေးနှုန်းများ တစ်လီတာလျှင် ငွေကျပ် ၁၀၀ ကျော် ထပ်မံမြင့်တက်သွားပြန် ရန်ကုန်၊ စက်တင်ဘာ ၆ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ဓာတ်ဆီနှင့်ဒီဇယ်ဆီ အပါအဝင် စက်သုံးဆီစျေးနှုန်းများ တစ်လီတာလျှင် ငွေကျပ် ၁၀၀ ကျော် ထပ်မံမြင့်တက်သွားကြောင်း သိရှိရသည်။ ယနေ့ စက်တင်ဘာလ ၆ ရက်နေ့တွင် 92 နှင့် 95 အမျိုးအစား ဓာတ်ဆီ တစ်လီတာလျှင် ၁၂၅ ကျပ်နှုန်းမြင့်တက်သွားပြီး ပရီမီယံဒီဇယ်ဆီ တစ်လီတာလျှင် ငွေကျပ် ၁၀၀ ကျပ်ထပ်မံမြင့်တက်သွားကြောင်း သိရှိရသည်။ ယနေ့ ရန်ကုန်မြို့တွင် သတ်မှတ်ထားသော စက်သုံးဆီစျေးနှုန်းများမှာ 92 ဓာတ်ဆီ တစ်လီတာလျှင် ငွေကျပ် ၃၂၁၅ ကျပ်၊ 95 ဓာတ်ဆီတစ်လီတာလျှင် ငွေကျပ် ၃၃၅၅ ကျပ် ပေါက်စျေးရှိပြီး ဓာတ်ဆီ…

  • ပြည်ပရောက် မြန်မာအလုပ်သမားများ လုပ်ခလစာ ၂၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံသို့ ပြန်လည် လွှဲပြောင်းခြင်းမပြုပါက နိုင်ငံကူးလက်မှတ်သက်တမ်းတိုးမပေးခြင်း၊ ပြည်ပထွက်ခွင့် ပိတ်ပင်ခြင်းနှင့် OWIC ကတ် ထုတ်မပေးခြင်းများဖြင့် အရေးယူမည်ဟု စစ်ကောင်စီက ကြေညာ

    ပြည်ပရောက် မြန်မာအလုပ်သမားများ လုပ်ခလစာ ၂၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံသို့ ပြန်လည် လွှဲပြောင်းခြင်းမပြုပါက နိုင်ငံကူးလက်မှတ်သက်တမ်းတိုးမပေးခြင်း၊ ပြည်ပထွက်ခွင့် ပိတ်ပင်ခြင်းနှင့် OWIC ကတ် ထုတ်မပေးခြင်းများဖြင့် အရေးယူမည်ဟု စစ်ကောင်စီက ကြေညာ

    by

    in

    ပြည်ပရောက် မြန်မာအလုပ်သမားများ လုပ်ခလစာ ၂၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံသို့ ပြန်လည် လွှဲပြောင်းခြင်းမပြုပါက နိုင်ငံကူးလက်မှတ်သက်တမ်းတိုးမပေးခြင်း၊ ပြည်ပထွက်ခွင့် ပိတ်ပင်ခြင်းနှင့် OWIC ကတ် ထုတ်မပေးခြင်းများဖြင့် အရေးယူမည်ဟု စစ်ကောင်စီက ကြေညာ ရန်ကုန်၊ စက်တင်ဘာ ၆ ပြည်ပနိုင်ငံများတွင် ရောက်ရှိ အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားများအနေဖြင့် လုပ်ခလစာ၏ ၂၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံသို့ ပြန်လည် လွှဲပြောင်းခြင်းမပြုပါက နိုင်ငံကူးလက်မှတ် သက်တမ်း တိုးမပေးခြင်း၊ ပြည်ပထွက်ခွင့် ပိတ်ပင်ခြင်းနှင့် OWIC ကတ် ထုတ်မပေးခြင်းများဖြင့် အရေးယူဆောင်ရွက်မည်ဟု စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီး ဗိုလ်မှူးချုပ်ဟောင်း မြင့်နောင်က ထုတ်ပြန်ကြေညာသည်။ ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများသည် ပြည်ပနိုင်ငံတွင် မိမိရရှိမည့် လုပ်ခလစာ၏ အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို မိမိ၏ မိသားစုဝင်များထံသို့…

  • ပေါ်တာဆွဲတဲ့သတင်းတွေကြောင့် ပုသိမ်မှာ ညပိုင်းအပြင်ထွက်သူမရှိသလောက်ဖြစ်လာ

    ပေါ်တာဆွဲတဲ့သတင်းတွေကြောင့် ပုသိမ်မှာ ညပိုင်းအပြင်ထွက်သူမရှိသလောက်ဖြစ်လာ

    by

    in

    ပေါ်တာဆွဲတဲ့သတင်းတွေကြောင့် ပုသိမ်မှာ ညပိုင်းအပြင်ထွက်သူမရှိသလောက်ဖြစ်လာ ဧရာဝတီတိုင်းမ် စက်တင်ဘာ ၅ ရက် ဧရာ၀တီတိုင်း ၊ ပုသိမ်မြို့နယ်မှာ စက်တင်ဘာလအစပိုင်းမှစတင်ပြီး စစ်ကောင်စီက ပေါ်တာဆွဲတဲ့ သတင်းများထွက်ပေါ်လာပြီးနောက် ညပိုင်းအပြင်ထွက်သူမရှိသလောက်နည်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တည်းဖြတ်/ထုတ်လုပ် – ဧရာဝတီတိုင်းမ် #Ayeyarwaddy_Times

  • ◾သံတွဲဒေသတစ်ခုလုံးကို AA သိမ်းပိုက်၊ စစ်ကောင်စီတပ် ပြန်လည်ထိုးစစ်ဆင်ဖို့ လူအင်အားဖြည့်တင်းနေ ◾နှစ်ဖက်တိုက်ပွဲဆက်လက်ပြင်းထန်

    ◾သံတွဲဒေသတစ်ခုလုံးကို AA သိမ်းပိုက်၊ စစ်ကောင်စီတပ် ပြန်လည်ထိုးစစ်ဆင်ဖို့ လူအင်အားဖြည့်တင်းနေ ◾နှစ်ဖက်တိုက်ပွဲဆက်လက်ပြင်းထန်

    by

    in

    ◾သံတွဲဒေသတစ်ခုလုံးကို AA သိမ်းပိုက်၊ စစ်ကောင်စီတပ် ပြန်လည်ထိုးစစ်ဆင်ဖို့ လူအင်အားဖြည့်တင်းနေ ◾နှစ်ဖက်တိုက်ပွဲဆက်လက်ပြင်းထန် CJ Platform ရခိုင်ပြည်(တောင်ပိုင်း)၊ သံတွဲမြို့ရဲ့ နောက်ဆုံးလက်ကျန် မောင်ရွှေလေးနဲ့ ကွင်းဝိုင်းရွာကြားက ပင်မဆက်သွယ်ရေးနဲ့ ရေငုပ်တပ်ကို အာရက္ခတပ်တော်(AA)က ဒီကနေ့ မနက်ပိုင်းမှာပဲ သိမ်းပိုက်လိုက်နိုင်ပြီဖြစ်တာကြောင့် သံတွဲမြို့ကို အလုံးစုံသိမ်းပိုက်ရရှိသွားပြီလို့ စစ်ရေးသတင်းရင်းမြစ်များထံမှ သိရပါတယ်။ ဒါပေမဲ့ စစ်ကောင်စီတပ်ဘက်က ပြန်လည်ရယူနိုင်ဖို့ လူအင်အားဖြည့်တင်းနေပြီး ထိုးစစ်ပြန်ဆင်ဖို့ ပြင်ဆင်နေပါတယ်။ ဒါ့အပြင် ရေတပ်ဘက်ကလည်း လက်နက်ကြီးတွေနဲ့ သံတွဲမြို့ကို ပစ်ခတ်နေတာကြောင့် တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်တယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ “ရေတပ်လည်းကျသွားပြီ။ သံတွဲကို AA ရသွားပြီ။ စစ်တပ်ဘက်ကတော့ နေဗီတွေကနေ ဆက်ပစ်နေတုန်းပဲ။ သူတို့ပြန်ထိုးစစ်ဆင်ဖို့ လူအင်အားဖြည့်ပြီး ကမ်းတက်ဖို့ကြိုးစားနေတာရှိတယ်” လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ သံတွဲတိုက်ပွဲဟာ ရေတပ်စခန်းပါရှိတဲ့အတွက် ခက်ခက်ခဲခဲတိုက်ယူခဲ့ရပြီး…

  • စစ်ကောင်စီတပ်ထံက သိမ်းဆည်းရရှိထားတဲ့ သံချပ်ကာယာဉ်တွေကို ပြန်လည်အသုံးပြုတိုက်ခိုက်နေပုံတွေကို TNLA ထုတ်ပြန် (ရုပ်/သံ)

    စစ်ကောင်စီတပ်ထံက သိမ်းဆည်းရရှိထားတဲ့ သံချပ်ကာယာဉ်တွေကို ပြန်လည်အသုံးပြုတိုက်ခိုက်နေပုံတွေကို TNLA ထုတ်ပြန် (ရုပ်/သံ)

    by

    in

    စစ်ကောင်စီတပ်ထံက သိမ်းဆည်းရရှိထားတဲ့ သံချပ်ကာယာဉ်တွေကို ပြန်လည်အသုံးပြုတိုက်ခိုက်နေပုံတွေကို TNLA ထုတ်ပြန် (ရုပ်/သံ) TNLA စစ်ဦးစီးမှူး ဒုဗိုလ်မှူးကြီးတားမဝေါနဲ့ တပ်မဟာမှူး(၆) ဒုတိယဗိုလ်မှူးကြီး တာမောရှန်တို့ ဦးဆောင်ပြီး ကျောက်မဲ နဲ့ နောင်ချိုမြို့နယ် တောင်ခမ်းရွာအုပ်စုက စစ်​ကောင်စီရဲ့ အမြောက်တပ် ၂၀၆၊ ၃၅၄၊ ၄၀၆ ၊ ၉၀၂ မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲမှတ်တမ်းရုပ်သံဖိုင်ကို TNLA က ထုတ်ပြန်ခဲ့ပါတယ်။ ရုပ်သံဖိုင်မှာ စစ်ကောင်စီတပ်ထံက သိမ်းဆည်းရရှိထားတဲ့ သံချပ်ကာယာဉ်တွေကို ပြန်လည်အသုံးပြုပြီး တိုက်ခိုက်နေတာကိုလည်း တွေ့ရပါတယ်။ စစ်ကောင်စီတပ်သား အများအပြားသေဆုံးနေတာကိုလည်း တွေ့ရပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။ တောင်ခမ်းတိုက်ပွဲကို သွားရောက်မယ့် TNLA ရဲ့ စစ်ကူစစ်ကြောင်းမှာလည်း စစ်ကောင်စီတပ်ထံက သိမ်းဆည်းရရှိထားတဲ့ သံချပ်ကာယာဉ် ၂ စီးကို တွေ့မြင်ရပါတယ်။ သံချပ်ကာကားတွေနဲ့အတူ…

  • လပခ ကို တိုက်ခိုက်မှု မန္တလေးတိုင်းကို သိမ်းမယ့် စစ်ဆင်ရေးကို ကူညီတာလို့ BWM ပြော၊

    လပခ ကို တိုက်ခိုက်မှု မန္တလေးတိုင်းကို သိမ်းမယ့် စစ်ဆင်ရေးကို ကူညီတာလို့ BWM ပြော၊

    by

    in

    လပခ ကို တိုက်ခိုက်မှု မန္တလေးတိုင်းကို သိမ်းမယ့် စစ်ဆင်ရေးကို ကူညီတာလို့ BWM ပြော၊ မှူးအိန်ဂျယ်လ်/MFP၊ စက်တင်ဘာ – ၅ မန္တလေးမြို့ နန်းမြို့တွင်းက စစ်အုပ်စုရဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်(လပခ)ကို ရှော့ဒုံးတွေနဲ့ ပစ်ခတ် တိုက်ခိုက်မှုဟာ မန္တလေးတိုင်းကို သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေတဲ့ တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်ကို ကူညီအားဖြည့်တာ ဖြစ်ပြီး UG (Urban Guerrilla- မြို့ပြပြောက်ကျား) တွေကလည်း မြို့သိမ်းနိုင်ရေး အစွမ်းကုန် ကူညီ တိုက်ခိုက်မယ်လို့ Brave Warriors for Myanmar (BWM) ရဲ့ ပြောရေးဆိုခွင့်ရှိသူက MFP ကို ပြောပါတယ်။ စက်တင်ဘာလ (၃) ရက် မနက်ပိုင်းက BWM နဲ့ Shadow Mandalay…

  • “ရှမ်းပြည်နယ်ထဲအထိရောက်လာမယ့်ဖျက်စွမ်းအားအပြင်းဆုံးမုန်တိုင်းကြီးကို အတိကျသတိပေးလိုက်တဲ့ စုစုစံ”

    “ရှမ်းပြည်နယ်ထဲအထိရောက်လာမယ့်ဖျက်စွမ်းအားအပြင်းဆုံးမုန်တိုင်းကြီးကို အတိကျသတိပေးလိုက်တဲ့ စုစုစံ”

    by

    in

    “ရှမ်းပြည်နယ်ထဲအထိရောက်လာမယ့်ဖျက်စွမ်းအားအပြင်းဆုံးမုန်တိုင်းကြီးကို အတိကျသတိပေးလိုက်တဲ့ စုစုစံ”

  • စစ်ကောင်စီကို  နိုင်ငံတော် နှင့် ပြည်သူလူထု၏ ရန်သူ (Enemy of the State) အဖြစ် သတ်မှတ်ကြောင်း NUG က ကြေညာလိုက်ပြီး စစ်အုပ်စု၏ စီမံဆောင်ရွက်စေခိုင်းမှုများကို နည်းမျိုးစုံဖြင့် ဆန့်ကျင် တွန်းလှန် တိုက်ပွဲဝင်ရန် တိုက်တွန်း

    စစ်ကောင်စီကို နိုင်ငံတော် နှင့် ပြည်သူလူထု၏ ရန်သူ (Enemy of the State) အဖြစ် သတ်မှတ်ကြောင်း NUG က ကြေညာလိုက်ပြီး စစ်အုပ်စု၏ စီမံဆောင်ရွက်စေခိုင်းမှုများကို နည်းမျိုးစုံဖြင့် ဆန့်ကျင် တွန်းလှန် တိုက်ပွဲဝင်ရန် တိုက်တွန်း

    by

    in

    စစ်ကောင်စီကို နိုင်ငံတော် နှင့် ပြည်သူလူထု၏ ရန်သူ (Enemy of the State) အဖြစ် သတ်မှတ်ကြောင်း NUG က ကြေညာလိုက်ပြီး စစ်အုပ်စု၏ စီမံဆောင်ရွက်စေခိုင်းမှုများကို နည်းမျိုးစုံဖြင့် ဆန့်ကျင် တွန်းလှန် တိုက်ပွဲဝင်ရန် တိုက်တွန်း ရန်ကုန်၊ စက်တင်ဘာ ၅ အကြမ်းဖက် စစ်ကောင်စီကို နိုင်ငံတော်နှင့် ပြည်သူလူထု၏ ရန်သူအဖြစ် သတ်မှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG က ယနေ့ တရားဝင် ကြေညာသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမည်ခံ အကြမ်းဖက်စစ်အုပ်စုသည် နိုင်ငံတော် ပုန်ကန်မှု၊ နိုင်ငံတော်နှင့် ပြည်သူလူထုအပေါ် သစ္စာ ဖောက်ဖျက်မှု တို့ကို ကျူးလွန်ခဲ့ရုံသာမက မြို့ပြ၊ ကျေးရွာနှင့် စစ်ရှောင်စခန်းနေ အရပ်သား ပြည်သူလူထုအား လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံဖြင့် ပစ်မှတ်ထား၍ ပစ်ခတ်သတ်ဖြတ်ခြင်း၊ လေကြောင်းအင်အား…

  • TNLA က တောင်ခမ်းတိုက်ပွဲတွင် စစ်တပ်ထံမှ သိမ်းထားသည့်သံချပ်ကာယာဉ် ၂ စီးကို အသုံးပြုတိုက်ခိုက်

    TNLA က တောင်ခမ်းတိုက်ပွဲတွင် စစ်တပ်ထံမှ သိမ်းထားသည့်သံချပ်ကာယာဉ် ၂ စီးကို အသုံးပြုတိုက်ခိုက်

    by

    in

    TNLA က တောင်ခမ်းတိုက်ပွဲတွင် စစ်တပ်ထံမှ သိမ်းထားသည့်သံချပ်ကာယာဉ် ၂ စီးကို အသုံးပြုတိုက်ခိုက် ဟန်နွေ/People’s SPring နောင်ချိုမြို့နယ်တောင်ခမ်းရွာရှိ စစ်ကောင်စီ၏ အမြောက်တပ်များကို သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်တိုက်ခိုက်သည့် ရုပ်သံမှတ်တမ်းကို တအာင်းတပ်မတော်(TNLA)က ယနေ့ စက်တင်ဘာ ၄ရက်တွင် ထုတ်ပြန်သည်။ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း တောင်ခမ်းဒေသတပ်စခန်း တိုက်ပွဲမှတ်တမ်းကို ဖော်ပြခဲ့ရာ TNLA အနေဖြင့် စစ်ကောင်စီထံမှ သိမ်းရသည့် သံချပ်ကာယာဉ်များကို အသုံးပြု တိုက်ပွဲဝင်နေသည်ကို ရုပ်သံမှတ်တမ်းတွင်တွေ့ရသည်။ စက်တင်ဘာ ပထမပတ်အတွင်း စစ်ဦးစီးမှူး ဒုဗိုလ် မှူးကြီးတားမဝေါ နှင့် တပ်မဟာမှူး(၆)ဒုတိယဗိုလ် မှူးကြီး တာမောရှန်တို့ ဦးဆောင်၍ ကျောက်မဲ နှင့် နောင်ချိုမြို့နယ် တောင်ခမ်းရွာအုပ်စု ရှိစစ်​ကောင်စီ၏ အမြောက်တပ် ၂၀၆၊ ၃၅၄၊ ၄၀၆ ၊…