လှိုင် (၁) ရပ်ကွက်အုပ်ကြီးအရိုက်ခံရပြီး ပြည်သူအချို့အဖမ်းခံရ

by

in

လှိုင် (၁) ရပ်ကွက်အုပ်ကြီးအရိုက်ခံရပြီး
ပြည်သူအချို့အဖမ်းခံရ
“လမ်းထဲနေသူကိုအာဏာပြပါးတွေရိုက်၊ ဆဲဆိုနေတယ်၊၊ PDF ကိုလည်း သူပုန်ဆိုပြီး အော်ဟစ်ဆဲ
ဆိုနေပါတယ်၊၊ အရိုက်ခံရတာကို ကြည့်ပြီးမခံနိုင်လို့ လူတစ်ဦးက အုပ်ချုပ်ရေးမှူး ခေါင်းကို ဝင်ရိုက်သွားတယ်၊၊အုပ်ကြီး ခေါင်းကွဲသွားပါတယ်၊၊ရိုက်တဲ့သူက တော့ ထွက်ပြေးသွားပြီးအိမ်ရှိ ကျန်ခဲ့တဲ့ မိသားစုဝင်များကို ဖမ်းဆီးခေါ် ဆောင်သွားတယ်”-ပြည်သူတစ်ဦး
ရဲခေါင်/People’s Spring
ရန်ကုန်တိုင်း၊လှိုင်မြို့နယ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး အရိုက်ခံရပြီး နောက် ပြည်သူအချို့ဖမ်းဆီးခံရကြောင်း ရပ်ကွက်နေထိုင်သူအချို့က ပြော သည်။
ကြာသာပ​တေး​နေ့(စက်တင်ဘာ ၅) ည ၉ နာရီခန့်က ဇေယျသိဒ္ဓိ(၄)လမ်းတွင် လက်တွန်းလှည်းများဖယ်ရှားရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးသိန်းမြင့်ဦးက အော်ဟစ်ကြိမ်းမောင်း၍ ပြည်သူအချို့ကိုပါးရိုက်​သော​ကြောင့် လမ်းတွင်နေထိုင်သူတစ်ဦးက မခံနိုင်၍ တုတ်ဖြင့်ရိုက်နှင်ခဲ့ခြင်းဟုသိရသည်။
“လမ်းထဲနေသူကိုအာဏာပြပါးတွေရိုက်၊ ဆဲဆိုနေတယ်၊၊ PDF ကိုလည်း သူပုန်ဆိုပြီး အော်ဟစ်ဆဲ
ဆိုနေပါတယ်၊၊ အရိုက်ခံရတာကို ကြည့်ပြီးမခံနိုင်လို့ လူတစ်ဦးက အုပ်ချုပ်ရေးမှူး ခေါင်းကို ဝင်ရိုက်သွားတယ်၊၊အုပ်ကြီး ခေါင်းကွဲသွားပါတယ်၊၊ရိုက်တဲ့သူက တော့ ထွက်ပြေးသွားပြီးအိမ်ရှိ ကျန်ခဲ့တဲ့ မိသားစုဝင်များကို ဖမ်းဆီးခေါ် ဆောင်သွားတယ်”ဟု ဖြစ်စဥ်ကို သိရှိ​သောပြည်သူက လူထု​နွေဦးသို့ ပြောသည်။
စစ်ကောင်စီဝါဒဖြန့်နေသည့် လူမှုကွန်ယက်အကောင့်တချို့တွင် လှိုင်မြို့နယ် ၁ ရပ်ကွက် ရပ်
ကွက်အုပ်ချုပ်ရေးမှူး ဦးခေါင်းထိပ်ပေါက်ပြဲဒဏ်
ရာနှင့်ရာအိမ်မှူးတွင်ဝဲလက်ဖူးယောင်ဒဏ်ရာများရခဲ့ကြောင်း ဖြန့်ဝေထားသည်။
လှိုင်မြို့နယ်အတွင်း ယခုရက်ပိုင်း၌စစ်ကောင်စီ
ခန့် အုပ်ချုပ်ရေးမှူးများ ၊ ရာအိမ်မှူးများ နှင့် ဒလန်များသည် ပြည်သူများကို အာဏာပြဆိုးရွားနေကြောင်းလည်း လှိုင်မြို့နယ် သတင်းအချက် အလက်စုဆောင်​သူက အသိပေးထားသည်။