Author: admin

  • စားသောက်ကုန်စည်ဈေးနှုန်းနှင့် ဆေးဝါးပစ္စည်းများဈေးခုန်တက်

    စားသောက်ကုန်စည်ဈေးနှုန်းနှင့် ဆေးဝါးပစ္စည်းများဈေးခုန်တက်

    by

    in

    စားသောက်ကုန်စည်ဈေးနှုန်းနှင့် ဆေးဝါးပစ္စည်းများဈေးခုန်တက် ဧရာဝတီတိုင်းမ် ဩဂုတ် ၁၃ ရက် ရန်ကုန်မြို့ရှိ လက်လီလီစျေးကွက်အတွင်း ယခုရက်ပိုင်းတွင် စားသောက်ကုန်စည်ဈေးနှုန်းနှင့် ဆေးဝါးပစ္စည်းများဈေးနှုန်း ခုန်တက်သွားကြောင်းသိရသည်။ လက်ရှိတွင်စားသောက်ကုန်စည်ဈေးနှုန်းတွင် ကြက်ဥ၊ အသားနှင့် ဟင်းသီးဟင်းရွက်ဈေးများအပါအဝင် စား သောက်ကုန်ဈေးနှုန်းများက အချိန်တိုင်းပင်အပြောင်းအလဲဖြစ်နေကြောင်း ရန်ကုန်မြို့ခံ အိမ်ရှင်မ များထံက သိရသည်။ ယခင်ရက်များတွင် ကြက်ဥတစ်လုံး ၃၈၀ ကျပ်မှ ယမန်နေ့ ဩဂုတ် ၁၂ ရက်နေ့တွင် ကြက်ဥ တစ်လုံး ၅၀၀ ကျပ်ဖြစ်ပြီး ကန်စွန်းရွက်တစ်စီးကို ကျပ် ၁၀၀၀ မှ ၁၂၀၀ ကျပ်ကြား၊ ဝက်သား တစ်ပိဿာ ကျပ် ၂၀၀၀၀ မှ ၂၅၀၀၀ ကျပ်အထိ ဈေးတက်ကာ ကျန်ရှိနေသည့်ဟင်းသီးဟင်းရွက်အမယ်စုံလည်း ဈေးတက် လာကြောင်း သိရသည်။ “ဟင်းချက်စရာတွေဈေးတက်တယ်။ ဆပ်ပြာတို့…

  • ရန်ကုန်နှင့် မန္တလေးတွင် စစ်ဘေးရှောင် ပိုများလာပြီး အိမ်ငှားရခက်ခဲ၊ ဧည့်စာရင်း တင်းကျပ် စစ်ဆေး

    ရန်ကုန်နှင့် မန္တလေးတွင် စစ်ဘေးရှောင် ပိုများလာပြီး အိမ်ငှားရခက်ခဲ၊ ဧည့်စာရင်း တင်းကျပ် စစ်ဆေး

    by

    in

    ရှမ်းပြည်မြောက်ပိုင်း၊ မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ အထက်ပိုင်းက တိုက်ပွဲတွေကြောင့် ရန်ကုန်နဲ့ မန္တလေးမြို့မှာ စစ်ဘေးတိမ်းရှောင်သူတွေ ပိုများလာပြီး အိမ်ငှားရ ခက်ခဲလာသလို၊ ဧည့်စာရင်း တင်းတင်းကျပ်ကျပ် စစ်ဆေးတာတွေလည်း ရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ပြင်ဦးလွင်နဲ့ မန္တလေးအထိ နီးကပ်လာတဲ့ စစ်ရေးသတင်းတွေကြောင့် အဲဒီဒေသက ငွေကြေးတတ်နိုင်တဲ့သူတွေ၊ စစ်တပ်နဲ့ ပတ်သက်တဲ့ အသိုင်းအဝိုင်းတွေနဲ့ မြို့ခံအချို့ ရန်ကုန်နဲ့ မန္တလေးမြို့တွေကို စစ်ဘေး တိမ်းရှောင် ပြောင်းရွှေ့လာကြပါတယ်။ အထူးသဖြင့် ရှမ်းပြည်မြောက်ပိုင်းနဲ့ ပြင်ဦးလွင်ဒေသက လူတွေက မန္တလေးဘက်နဲ့ ရန်ကုန်ကို အဓိက စစ်ဘေးတိမ်းရှောင်ကြပြီး၊ ရှမ်းမြောက်၊ ရခိုင်ပြည်နယ်နဲ့ မန္တလေးတိုင်းက ဒေသခံတချို့ကတော့ ရန်ကုန်မြို့ကို စစ်ဘေးရှောင်လာကြတယ်လို့ ဆိုပါတယ်။ ရန်ကုန်မှာတော့ ပြီးခဲ့တဲ့ ဇွန်လလောက်ကတည်းက စစ်ဘေးတိမ်းရှောင်လာသူတွေ ရောက်ရှိလာခဲ့ပြီး အိမ်ငှားခတွေကလည်း ၂ ဆကနေ ၃…

  • စစ်အုပ်စုကို မြို့ပြင်မထွက်နိုင်အောင် ဝိုင်းပတ်ပိတ်လှောင်ထားတဲ့မြို့ ၁၀၅ မြို့အထိရှိ တယ်လို့ ဦးရည်မွန်ပြော

    စစ်အုပ်စုကို မြို့ပြင်မထွက်နိုင်အောင် ဝိုင်းပတ်ပိတ်လှောင်ထားတဲ့မြို့ ၁၀၅ မြို့အထိရှိ တယ်လို့ ဦးရည်မွန်ပြော

    by

    in

    စစ်အုပ်စုကို မြို့ပြင်မထွက်နိုင်အောင် ဝိုင်းပတ်ပိတ်လှောင်ထားတဲ့မြို့ ၁၀၅ မြို့အထိရှိ တယ်လို့ ဦးရည်မွန်ပြော သက်တန့်/ MFP ၊ ဩဂုတ် – ၁၃ မြို့တွေ တမြို့ပြီးတမြို့ သိမ်းပိုက်နေတဲ့ တော်လှန်ရေးတပ်တွေက စစ်အုပ်စုကို မြို့ပြင်မထွက်နိုင်အောင် ဝိုင်းပတ် ပိတ်လှောင်ထားတဲ့မြို့ ၁၀၅ မြို့အထိရှိ တယ်လို့ NUGရဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားလိုက်ပါတယ်။ ဒီလိုအရေးကြီးတဲ့ စစ်ရေးအောင်မြင်မှုရတာက တော်လှန်ရေးအင်အားစုအားလုံးက နိုင်ငံရေးအပြင် စစ်ရေးမှာပါ ဟန်ချက်ညီမှုရဲ့ အသီးအပွင့်ဖြစ်တယ်လို့ ဦးရည်မွန်က ဆိုပါတယ်။ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်အနေနဲ့ ၂၀၂၃-၂၄ ခုနှစ်တွေမှာ မြန်မာပြည်အထက်ပိုင်းကို လှည့်ပတ်သွားရောက် ခဲ့ပြီး ဒီလိုသွားရောက်နိုင်တာကလည်း မြေပြင်စိုးမိုးနိုင်မှုကို ဖော်ပြနေတာဖြစ်တယ်လို့ ဆိုပါတယ်။ နိုင်ငံတစ်ဝန်းမှာ ၁၀၂၇ စစ်ဆင်ရေးလှိုင်းလုံးတွေနဲ့အတူ တော်လှန်ရေးအဖွဲ့တွေက မြို့တွေ၊ စခန်းတွေကို ဆက်တိုက်…

  • ကျပ်​ငွေတန်ဖိုး စံချိန်တင်ထပ်မံကျဆင်း ▪︎တစ်​ဒေါ်လာ ၇၀၀၀ ကျပ်​ ၊၁ ဘတ် ၂၀၀ ကျပ် ​၊၁ ယွမ် ၁၀၀၀ ကျပ်​ကျော်ဈေး​ပေါက်

    ကျပ်​ငွေတန်ဖိုး စံချိန်တင်ထပ်မံကျဆင်း ▪︎တစ်​ဒေါ်လာ ၇၀၀၀ ကျပ်​ ၊၁ ဘတ် ၂၀၀ ကျပ် ​၊၁ ယွမ် ၁၀၀၀ ကျပ်​ကျော်ဈေး​ပေါက်

    by

    in

    ကျပ်​ငွေတန်ဖိုး စံချိန်တင်ထပ်မံကျဆင်း ▪︎တစ်​ဒေါ်လာ ၇၀၀၀ ကျပ်​ ၊၁ ဘတ် ၂၀၀ ကျပ် ​၊၁ ယွမ် ၁၀၀၀ ကျပ်​ကျော်ဈေး​ပေါက် -ဒီပ/ People’s Spring ပြည်တွင် ​ငွေ​ကြေး​ဈေးကွက်တွင် ကျပ်​ငွေတန်ဖိုးမှာ ယ​​နေ့(သြဂုတ် ၁၃) သမိုင်းတစ်​လျှောက်အနိမ့်ဆုံးစံချိန်သို့ ထပ်မံကျဆင်းခဲ့သည်။ ပြင်ပ​ငွေ​ကြေး​ဈေးကွက်တွင် သြဂုတ် ၁၃ ရက်နေ့လယ်ပိုင်းတွင် အ​​မေရီဒေါ်လာမှာ ၁​ဒေါ်လာလျင် ကျပ် ၇၀၀၀ ​အထက်သို့ စ​ရောက်လာပြီး ၊ ဘတ်​ဈေးမှာ ၁ ဘတ်လျင် ၂၀၀ ကျပ်၊ ယွမ်​ဈေးမှာ ၁ ယွမ်လျင် ၁၀၀၀ ကျပ် ​ဈေး​ပေါက်​နေပြီး အဆိုပါနှုန်းများမှာ သမိုင်းတ​လျှောက် ကျပ်​ငွေတန်ဖိုး အနိမ့်ဆုံးကျဆင်းခြင်းဖြစ်သည်။ ​ရွှေ​ဈေးမှာလည်း အ​ခေါက်​ရွှေ ၁ ကျပ်သားလျင်ကျပ်၇၈ သိန်းခန့်အထိတက်လာ​ကြောင်းစုံစမ်း သိရသည်။…

  • မြန်မာတစ်နိုင်ငံလုံးတွင် စက်သုံးဆီ ပြတ်လပ်မှု အခြေအနေဆိုးရွားနေပြီး ရန်ကုန်ရှိ ဆီဆိုင်များရှေ့တွင်  ညအိပ်စောင့်ဆိုင်း စက်သုံးဆီ တန်းစီနေရ

    မြန်မာတစ်နိုင်ငံလုံးတွင် စက်သုံးဆီ ပြတ်လပ်မှု အခြေအနေဆိုးရွားနေပြီး ရန်ကုန်ရှိ ဆီဆိုင်များရှေ့တွင် ညအိပ်စောင့်ဆိုင်း စက်သုံးဆီ တန်းစီနေရ

    by

    in

    မြန်မာတစ်နိုင်ငံလုံးတွင် စက်သုံးဆီ ပြတ်လပ်မှု အခြေအနေဆိုးရွားနေပြီး ရန်ကုန်ရှိ ဆီဆိုင်များရှေ့တွင် ညအိပ်စောင့်ဆိုင်း စက်သုံးဆီ တန်းစီနေရ ရန်ကုန်၊ ဩဂုတ် ၁၃ မြန်မာတစ်နိုင်ငံလုံးတွင် စက်သုံးဆီ ပြတ်လပ်မှု အခြေအနေဆိုးရွားနေပြီး ရန်ကုန်ရှိ ဆီဆိုင်များရှေ့တွင် ညအိပ်စောင့်ဆိုင်း စက်သုံးဆီ တန်းစီနေရသည်အထိ စက်သုံးဆီ ပြတ်လပ်မှု ဖြစ်ပေါ်နေကြောင်း သိရှိရသည်။ ဇူလိုင်လ ၂၇ ရက်နေ့မှစတင်ပြီး တစ်နိုင်ငံလုံးတွင် စက်သုံးဆီပြတ်လပ်မှု များ စတင်ခဲ့ရာမှ ယခု ရက်ပေါင်း ၂၀ နီးပါး ရှိလာချိန်အထိ စက်သုံးဆီ ပြတ်လပ်မှုမှာ ပြေလည်ခြင်းမရှိဘဲ တစ်နေ့ တစ်ခြား ပိုမိုဆိုးဝါးလာကြောင်း ၊ ယခု ဩဂုတ်လ ဒုတိယအပတ်အခြေအနေသည် အဆိုးရွားဆုံး စက်သုံးဆီပြတ်လပ်မှုများဖြစ်ပေါ်နေကြောင်း၊ ဆီဆိုင်များတွင် နံနက်ပိုင်းသာ စက်သုံးဆီ ဝယ်ယူရရှိနိုင်တော့ပြီး အများစုသော အချိန်များတွင်…

  • ▪︎Breaking News တကောင်းမြို့ကို  PDFများသိမ်းပိုက်

    ▪︎Breaking News တကောင်းမြို့ကို PDFများသိမ်းပိုက်

    by

    in

    ▪︎Breaking News တကောင်းမြို့ကို PDFများသိမ်းပိုက် ယောနသံ/People’s Spring မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းအစပ်ရှိ တကောင်းမြို့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်သည်။ တကောင်းမြို့မှစစ်ကောင်စီစခန်းများကိုဩ ဂုတ်လ ၁၁ရက် နံနက် ၅နာရီခန့်မှ စ၍ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသလက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီး ယနေ့(ဩဂုတ်လ ၁၂ရက်) ညနေ၌ အပြီးသတ်သိမ်းပိုက်ရရှိခြင်းဟုကနဦး သတင်းရရှိသည်။ ” တကောင်းရပြီ” ဟု မြေပြင်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးက အတည်ပြုပြောကြားသည်။ မြို့သိမ်းတိုက်ပွဲအ​ခြေအ​နေအ​သေးစိပ်ကိုမူ သတင်းမရရှိ​သေး​ပေ။ တကောင်းမြို့မရဲစခန်း၊ တ််ိုက်ဆေးရုံတို့မှ စစ်ကောင်စီတပ်စခန်းများကိုသြဂုတ် ၁၁ ရက်ညနေ ပိုင်းတွင် သိမ်းဆည်းရရှိခဲ့သည်။ ထို့​နောက်လေးမျက်နှာဘုရားဝင်းတွင်တပ်စွဲထား​သော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို PDFများကဆက်လက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီက လေကြောင်းမှအပြင်းအထန်ခုခံခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တကောင်းမြို့သည် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နှင့် မန္တလေးတိုင်းသပိတ်ကျင်မြို့ကြား၌တည်ရှိသည်။ ထီးချိုင့်မြို့မှ တရုတ်အစိုးရရင်းနှီးမြှုပ်နှံထားသည့်…

  • လောင်းလုံးမြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးရှိ စစ်တပ် ဘန်ကာကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံး(ရုပ်/သံ)

    လောင်းလုံးမြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးရှိ စစ်တပ် ဘန်ကာကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံး(ရုပ်/သံ)

    by

    in

    လောင်းလုံးမြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးရှိ စစ်တပ် ဘန်ကာကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံး(ရုပ်/သံ) ရန်ကုန်၊ ဩဂုတ် ၁၂ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးရှိ စစ်တပ် ဘန်ကာကို ဝင်ရောက် တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့က ပြောဆိုသည်။ ဩဂုတ်လ ၁၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃ဝ မိနစ်ခန့်တွင် လောင်းလုံးမြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံး (လ.၀က) ၌ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသည့် ဘန်ကာကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယင်း တိုက်ခိုက်မှု အတွင်း ဘန်ကာအတွင်း အကြမ်းဖက်…

  • “ရွှေမန္တလေး တမြို့လုံး ဝမ်းသာနေရတဲ့ သတင်းကောင်းကြီး😍”

    “ရွှေမန္တလေး တမြို့လုံး ဝမ်းသာနေရတဲ့ သတင်းကောင်းကြီး😍”

    by

    in

    “ရွှေမန္တလေး တမြို့လုံး ဝမ်းသာနေရတဲ့ သတင်းကောင်းကြီး😍”

  • တောင်သာမြို့ရဲစခန်းအပါအဝင် နေရာလေးခုတွင် တိုက်ပွဲဖြစ်နေ

    တောင်သာမြို့ရဲစခန်းအပါအဝင် နေရာလေးခုတွင် တိုက်ပွဲဖြစ်နေ

    by

    in

    တောင်သာမြို့ရဲစခန်းအပါအဝင် နေရာလေးခုတွင် တိုက်ပွဲဖြစ်နေ အင်ကြင်း/People’s Spring မန္တလေးတိုင်း၊ တောင်သာမြို့ရဲစခန်းအပါအဝင် နေရာ လေးခုတွင် တိုက်ပွဲများဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ယနေ့(သြဂုတ် ၁၂ရက်) နံနက် ၅နာရီခန့်မှစတင်ကာ စစ်ကောင်စီတပ်သားများ တပ်စွဲထားသော တောင်သာမြို့ရဲစခန်း၊ အမှတ်(၁၀)အထည်ချုပ်စက်ရုံ(စွပ်ကျယ်စက်ရုံ)၊ တောင်သာ-မိတ္ထီလာလမ်းပိုင်းရှိ ဓာတ်ငွေ့ပိုက်လိုင်းစက်ရုံအနီးနှင့် ဘုရားလှပျူစောထီးကျေးရွာတို့တွင် တိုက်ပွဲများဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။ “မနက်အစောပိုင်းကတည်းက စဖြစ်တယ်။ ဘယ်သူမှလည်း မထွက်ရဲကြဘူး။”ဟု တောင်သာမြို့ပေါ် ဒေသခံတစ်ဦးက ပြောသည်။ ထို့အပြင် တောင်သာမြို့အထွက် ဥယျာဥ်ရွာထိပ် ရှိ နိုင်ငံပိုင် စွပ်ကျယ်စက်ရုံလည်း မီးလောင်ကျွမ်းနေကြောင်း ဒေသခံများက ပြောသည်။ တိုက်ပွဲဖြစ်ရာနေရာများကို မြင်းခြံမြို့ ခမရ(၁၅)တပ်မှလည်း လက်နက်ကြီးများပစ်ကူနေကြောင်း သိရသည်။ “အရပ်သားထိခိုက်မှုရှိတယ် ကြားတယ်။ လူနာသွားမကောက်ရဲကြဘူး။ မိုးရွာတော့ လေကြောင်းသိပ်မကူနိုင်လောက်ဘူး။ လေယာဥ်သံတော့ နှစ်ကြိမ်ကြားရတယ်။ခုမြေပြင် လှမ်းမေးတာကြားရပုံက နွားထိုးထက်တော့မနိမ့်ဘူး။”ဟု…

  • လားရှိုး ရမခတိုင်းစစ်ဌာနချုပ် ကျဆုံးသွားပြီဖြစ်သော်လည်း မင်းအောင်လှိုင်က အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအသစ်အဖြစ် ဗိုလ်ချုပ်မြင့်ကျော်ထွန်းကို ခန့်အပ်ပြီး စစ်အရာရှိကြီးအသစ်များ ထပ်မံခန့်အပ်သွေးသစ်လောင်းပြန်

    လားရှိုး ရမခတိုင်းစစ်ဌာနချုပ် ကျဆုံးသွားပြီဖြစ်သော်လည်း မင်းအောင်လှိုင်က အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအသစ်အဖြစ် ဗိုလ်ချုပ်မြင့်ကျော်ထွန်းကို ခန့်အပ်ပြီး စစ်အရာရှိကြီးအသစ်များ ထပ်မံခန့်အပ်သွေးသစ်လောင်းပြန်

    by

    in

    လားရှိုး ရမခတိုင်းစစ်ဌာနချုပ် ကျဆုံးသွားပြီဖြစ်သော်လည်း မင်းအောင်လှိုင်က အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအသစ်အဖြစ် ဗိုလ်ချုပ်မြင့်ကျော်ထွန်းကို ခန့်အပ်ပြီး စစ်အရာရှိကြီးအသစ်များ ထပ်မံခန့်အပ်သွေးသစ်လောင်းပြန် ရန်ကုန်၊ ဩဂုတ် ၁၂ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကျဆုံးသွားပြီဖြစ်သော်လည်း မင်းအောင်လှိုင်က တိုင်းမှူးအသစ်အဖြစ် ဗိုလ်ချုပ်မြင့်ကျော်ထွန်းကို ခန့်အပ်ပြီး ရှမ်းမြောက်အတွက် စစ်အရာရှိကြီးအသစ်များ ထပ်မံခန့်အပ်လိုက်ကြောင်း စစ်တပ်သတင်းရင်းမြစ်များကို ကိုးကား၍ CDM ဗိုလ်ကြီးဇင်ယော်က ပြောဆိုသည်။ အကြမ်းဖက်စစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်သည် တပ်တွင်း လူရွေးပွဲများ ဆက်လက်လုပ်ဆောင်နေပြီး ယခင် လူဟောင်းများ နေရာတွင် လူသစ်များကို အစားထိုး ခန့်အပ်နေကြောင်း ၊ လတ်တလောတွင် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံးမှ ဗိုလ်ချုပ်မြင့်ကျော်ထွန်းကို အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအသစ်အဖြစ် ခန့်အပ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။ အကြမ်းဖက်စစ်ကောင်စီသည် ဩဂုတ်လ ၃ ရက်နေ့တွင်…