ငလျင်ဘေးသင့် တံတားဦးမှာတစ်ရွာကိုစစ်မှုထမ်း
ဖို့၅ ဦးစီတောင်းလို့အုပ်ကြီး၁၆ယောက်နှုတ်ထွက်
ဇွန်-၁၃၊၂၀၂၅။ဇေအောင်/People’s Spring
ငလျင်ဘေးဒဏ်သင့်တံတားဦးမြို့နယ်မှာစစ်တပ်က တစ်ရွာကို စစ်မှုထမ်းဖို့ လူ ၅ ဦး တောင်းလို့ ကျေးရွာအုပ်ချုပ်ရေးမှူး ၁၆ ဦး နှုတ်ထွက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။
မန္တလေးတိုင်း၊ တံတားဦးမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်မှုထမ်းဖို့ တစ်ရွာကို ၅ ဦးနှူန်း မဖြစ်မနေပေးရမယ်ဆိုလို့ ဒီကနေ့ ဇွန်လ (၁၃)ရက်နေ့မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူး (၁၆)ဦးဟာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို နူတ်ထွက်စာတွေတင်ပြီး တာဝန်ကနေ နှုတ်ထွက်လိုက်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“လူအတင်းလာတောင်းနေလို့ လက်မှတ်ထိုး နူတ်ထွက်ကြတာပြောတယ်။”လို့ ဒေသခံတဦးက ပြောပါတယ်။
နှုတ်ထွက်ကြတဲ့ အုပ်ကြီးတွေရဲ့ ကျေးရွာအမည်တွေကိုတော့ လူထုနွေဦးက မသိရသေးပါဘူး။ တံတားဦးမြို့နယ်အနောက်ခြမ်းက စစ်ကောင်စီလက်
လှမ်းမမီတဲ့ ရွာတွေဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် မြို့ပေါ်မှာလည်းယာဥ်လိုင်စင်စစ်တာအကြောင်းပြပြီး လူငယ်တွေကို ဖမ်းဆီးနေပြီး လူငယ်အများအပြား ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တံတားဦးမြို့နယ်အပြင်မန္တလေး၊ စစ်ကိုင်းနဲ့ အခြားတိုင်းနဲ့ပြည်နယ်အသီးသီးမှာပါစစ်ကောင်စီတပ်က ယာဥ်စစ်ဆေးရင်း လူငယ်တွေကို ဖမ်းဆီးနေပါတယ်။
ငလျင်ဘေးကြောင့် လူရာချီသေဆုံးပြီး ထိခိုက်ပျက်စီးမှုများတဲ့ တံတားဦးမြို့နယ်ဟာ အပျက်
အစီးတွေရှင်းလင်းနေရဆဲဖြစ်ပြီး အကူအညီတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။
(စစ်ကောင်စီအာဏာသိမ်းပြီးနောက် တံတားဦးမြို့တွင် ၂၀၂၁ ခုနှစ် မေလက စစ်ကောင်စီ၏ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ တွေ့ဆုံစဥ်။ ဓာတ်ပုံ-MOI)
