Author: admin

  • ကားများကို စက်သုံးဆီအကြိမ်​ရေအကန့်အသတ်ဖြင့်​သာရောင်း​သော ကတ်စနစ်အသုံးပြုရန်စစ်​ကောင်စီ စီစဥ်​​နေဟုဆို

    ကားများကို စက်သုံးဆီအကြိမ်​ရေအကန့်အသတ်ဖြင့်​သာရောင်း​သော ကတ်စနစ်အသုံးပြုရန်စစ်​ကောင်စီ စီစဥ်​​နေဟုဆို

    by

    in

    ကားများကို စက်သုံးဆီအကြိမ်​ရေအကန့်အသတ်ဖြင့်​သာရောင်း​သော ကတ်စနစ်အသုံးပြုရန်စစ်​ကောင်စီ စီစဥ်​​နေဟုဆို စောနွေဦး/People’s Spring စက်သုံးဆီအရောင်းဆိုင်များတွင် ဆီဝယ်ယူ​သောကားများကို အကြိမ်​ရေအကန့်အသတ်ဖြင့် သာဝယ်ယူခွင့်ရှိမည့်စမတ်ကတ်စနစ်ကို မကြာခင်စတင်တော့မည်ဖြစ်ကြောင်းစက်သုံးဆီလုပ်ငန်းရှင်များထံမှသိရသည်။ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံခြားငွေနည်း ပါးလာပြီ စစ်​ကောင်စီက ​ဒေါ်လာကို လက်နက်နှင့် ​လေယာဥ်ဆီဝယ်ယူရန်သာအသုံးပြုလိုပြီး အများပြည်သူအတွက် အသုံးမပြုလိုသဖြင့်စက်သုံးဆီဝယ်ယူရန် ​ဒေါ်လာပိုမိုရှားပါးလာသည်။ နိုင်ငံခြား​ငွေရှားပါးသဖြင့် ပြည်ပမှစက်သုံးဆီဝယ်ယူတင်သွင်းနိုင်မှု နည်းပါး​သော​ကြောင့် စက်သုံးဆီပြတ် လပ်မှုများမကြာခဏဖြစ်​နေသည်။ထို​ကြောင့်စစ်ကောင်စီကစက်သုံးဆီရောင်းချမှုကို ယခင် စစ်အာဏာရှင်များ​ခေတ်ကကဲ့သို့ ဆီစာအုပ်ဖြင့် ဝယ်ရ​သောစနစ်မျိုးကို စမတ်ကတ်အဖြစ်ပြန်အသွင်​ပြောင်းအသုံးပြု၍ဆီ​ရောင်းဝယ်မှုအ​ပေါ်ကန့် သတ်ရန် စီစဉ်နေခြင်းဖြစ်သည်ဟု စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးကပြောသည်။ “ ကားတွေကို ဆီသတ်မှတ်နှုန်းအတိုင်းပဲရောင်းပေးတော့မယ့်သဘောမျိုးပါ”ဟု ၎င်းကဆိုသည်။ ထိုစနစ်ကိုပြန်ကျင့်သုံးရန် စစ်​ကောင်စီက ဆွေး နွေးနေဆဲဖြစ်ပြီး လက်တွေ့အကောင်ထည်ဖော်မည့်နေကို ထုတ်ပြန်ပေးသွားမည်ဟု အခြားလုပ်ငန်းရှင်တစ်ဦးကလည်းပြောသည်။ “ဒီစနစ်က အရင် အာဏာရှင်ဟောင်းတွေခေတ်က စနစ်ပဲ။ စက်သုံးဆီလည်းမကြာခင် မှောင်ခိုဈေးကွက်ကြီးတစ်ခုဖြစ်လာတော့မယ်လို့ ကြိုတင်နိမိတ်ဖက်ရမယ်”ဟု စက်သုံးဆီဆိုင်အရောင်းမန်နေဂျာတစ်ဦးကပြောသည်။ လက်ရှိတွင် ကားတစ်စီးကို…

  • ထီးချိုင့်မြို့သိမ်းတိုက်ပွဲ ယာယီ ရပ်နားထား၊  မြို့လုံးကျွတ် သိမ်းနိုင်ဖို့ စခန်းနှစ်ခုသာ ကျန်၊

    ထီးချိုင့်မြို့သိမ်းတိုက်ပွဲ ယာယီ ရပ်နားထား၊ မြို့လုံးကျွတ် သိမ်းနိုင်ဖို့ စခန်းနှစ်ခုသာ ကျန်၊

    by

    in

    ထီးချိုင့်မြို့သိမ်းတိုက်ပွဲ ယာယီ ရပ်နားထား၊ မြို့လုံးကျွတ် သိမ်းနိုင်ဖို့ စခန်းနှစ်ခုသာ ကျန်၊ AN/MFP၊ စက်တင်ဘာ – ၃ ထီးချိုင့်မြို့သိမ်း တိုက်ပွဲကို ယာယီ ရပ်ထားတားပြီး မြို့ထဲမှာ ပြည်သူတွေ ပိတ်မိနေတာ ရှိ၊မရှိ ပြန်လည် စိစစ်နေတယ်လို့ ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ စစ်ကိုင်းတိုင်း အထက်ပိုင်း ထီးချိုင့်မြို့ကို သိမ်းပိုက်နိုင်ဖို့ တော်လှန်ရေး တပ်တွေက ဩဂုတ်လလယ်ပိုင်းက စလို့ ထပ်မံ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး မြို့လုံးကျွတ် သိမ်းပိုက်နိုင်ဖို့ နေရာ နှစ်နေရာသာ ကျန်ရှိတော့တဲ့အချိန် တိုက်ပွဲကို ယာယီ ရပ်နားထားပြီး မြို့တွင်း နယ်မြေရှင်းလင်း စိစစ်နေတာလို့ ဆိုပါတယ်။ “အခုက အထဲမှာ ပိတ်မိနေတဲ့ ပြည်သူတွေ စိစစ်နေတာ။ အဲဒီလူတွေက စစ်ကောင်စီ အားပေးတွေ…

  • တောင်ခမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်၊ ​နေရာအများစုတွင်​တော်လှန်​ရေးတပ်များဝင်​ရောက်​နေရာယူ

    တောင်ခမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်၊ ​နေရာအများစုတွင်​တော်လှန်​ရေးတပ်များဝင်​ရောက်​နေရာယူ

    by

    in

    တောင်ခမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်၊ ​နေရာအများစုတွင်​တော်လှန်​ရေးတပ်များဝင်​ရောက်​နေရာယူ ကိုပုဂံ၊သတိုး/People’s Spring ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နှင့် မိုင်(၂၀) ခန့်ဝေးသော စစ်ကောင်စီ၏ အမြောက်စခန်းကွပ် ကဲမှုဌာနချုပ်ရှိရာတောင်ခမ်းကျေးရွာ၌ တိုက်ပွဲဆက်လက်ပြင်ထန်နေပြီး နေရာအများစုတွင် ဝင်ရောက်နေရာယူထားကြောင်း တအာင်းတပ်မ တော်(TNLA)၏ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက People’s Springသို့ ပြောသည်။ လက်ရှိတွင် တောင်ခမ်းကျေးရွာရှိ အမှတ် ၉၀၂ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂)နှင့် အမတ(၃၅၄)တပ်ရင်းနှစ်ခုကြားတွင် တိုက်ပွဲဖြစ်နေသည်ဟု TNLA ပြောရေးဆိုခွင့်ရှိသူက ပြော သည်။ “ရာခိုင်နှုန်းတော့ ကျွန်မပြောကြားလိုခြင်းတော့ မရှိသေးဘူးပေါ့နော်။ကျွန်မတို့က ၉၀၂ ကိုသိမ်းနိုင်ဖို့တော့ ကျွန်မတို့ တိုက်ခိုက်နေရဆဲဖြစ်ပါတယ်။ လက်ရှိကတော့ ၉၀၂ နဲ့ ၃၅၄ ကြားမှာဖြစ်တယ်။ အဲဒီ့မှာ တော်တော်များများက နေရာဝင်ယူနိုင်တဲ့ အခြေအနေဖြစ်ပါတယ်”ဟု TNLA ပြော ရေးဆိုခွင့်ရှိသူက ပြောသည်။ နောင်ချိုမြို့တောင်ဘက်…

  • ရန်ကုန်မှာ ပြည်သူ့စစ်ဖွဲ့ဖို့ အုပ်ချုပ်ရေးမှူးတွေ နှာစေးနေလို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုယ်တိုင် လိုက်လံခြိမ်းခြောက်ပြောဆိုနေ

    ရန်ကုန်မှာ ပြည်သူ့စစ်ဖွဲ့ဖို့ အုပ်ချုပ်ရေးမှူးတွေ နှာစေးနေလို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုယ်တိုင် လိုက်လံခြိမ်းခြောက်ပြောဆိုနေ

    by

    in

    ရန်ကုန်မှာ ပြည်သူ့စစ်ဖွဲ့ဖို့ အုပ်ချုပ်ရေးမှူးတွေ နှာစေးနေလို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုယ်တိုင် လိုက်လံခြိမ်းခြောက်ပြောဆိုနေ CJ Platform ရန်ကုန်တိုင်း၊ ရန်ကုန်မြို့က မြို့နယ်တချို့မှာ ဘေးတွဲဆိုင်ကယ်မောင်းသူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြည်သူ့စစ်အဖွဲ့ထဲ ဝင်ရမယ်လို့ သတိပေးပြောဆိုမှုတွေရှိနေကြောင်း အပြောခံရသူဘေးတွဲမောင်းသူများထံမှ သိရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လတတိယပတ်အတွင်းမှစတင်ပြီး ရန်ကုန်မြို့မှာ ပြည်သူ့လုံခြုံရေးလို့ခေါင်းစဉ်တပ်ပြီး စစ်ကောင်စီက ပြည်သူ့စစ်ဖွဲ့ဖို့ စတင်လာခဲ့တာပါ။ အခုတော့ လှိုင်သာယာ၊ သင်္ဃန်းကျွန်း၊ မြောက်ဥက္ကလာပနဲ့ တောင်ဒဂုံမြို့နယ်တွေမှာ အခြေခံလူတန်းစားတွေဖြစ်တဲ့ သုံးဘီးဆိုင်ကယ်မောင်းနှင်နေသူတွေကို စစ်ကောင်စီတပ်က ပြည်သူ့စစ်ထဲဝင်ဖို့ လာ‌ရောက်ပြောဆို ဖိအားပေးတာလို့လည်း အဲဒီမြို့ခံများထံမှ သိရပါတယ်။ “အသက်အရမ်းမကြီးတဲ့သူတွေကို အဓိကခေါ်ချင်တာ။ ဂိတ်ကိုလာပြောတာ။ ကျွန်တော်ကတော့ အသက်လည်းကြီးပြီး ကျန်းမာရေး‌လည်းမကောင်းဘူးလို့ငြင်းလိုက်တယ်။ တချို့သန်သန်မာမာ ၄၀ ဝန်းကျင်ရှိသူတွေကိုတော့ မဖြစ်မနေဝင်ရမယ်။ သင်တန်းတက်ရမယ်။ ကင်းလှည့်တာတွေမှာ လိုက်ရမယ်။ တချို့လည်းငြင်းမရတော့ စာရင်းပါသွားတယ်” လို့ သင်္ဃန်းကျွန်းမြို့နယ်နေ…

  • မင်းလှမြို့နယ်၊ ဦးတိုမြန်မာစုကျေးရွာတွင် ညအချိန် ပေါ်တာဆွဲ ဖမ်းဆီးနေသည့် စစ်သားများက ရွှေပြည်အေး အောင်တော်မူစေတီတော်ကြီးမှ စိန်ဖူးတော်ကို ခိုးယူသွား

    မင်းလှမြို့နယ်၊ ဦးတိုမြန်မာစုကျေးရွာတွင် ညအချိန် ပေါ်တာဆွဲ ဖမ်းဆီးနေသည့် စစ်သားများက ရွှေပြည်အေး အောင်တော်မူစေတီတော်ကြီးမှ စိန်ဖူးတော်ကို ခိုးယူသွား

    by

    in

    မင်းလှမြို့နယ်၊ ဦးတိုမြန်မာစုကျေးရွာတွင် ညအချိန် ပေါ်တာဆွဲ ဖမ်းဆီးနေသည့် စစ်သားများက ရွှေပြည်အေး အောင်တော်မူစေတီတော်ကြီးမှ စိန်ဖူးတော်ကို ခိုးယူသွား ရန်ကုန်၊ စက်တင်ဘာ ၃ ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ဦးတိုမြန်မာစု ကျေးရွာတွင် ညအချိန် ပေါ်တာဆွဲ ဖမ်းဆီးနေသည့် စစ်သားများက ရွှေပြည်အေး အောင်တော်မူစေတီတော်ကြီးမှ စိန်ဖူးတော်ကို ခိုးယူသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ဩဂုတ်လ ၃၀ ရက်နေ့ ည ၁၁ နာရီခန့်တွင် ဦးတိုမြန်မာစုကျေးရွာရှိ ရွှေပြည်အေး အောင်တော်မူစေတီတော်ကြီး အနီးတွင် သေနတ်ပစ်ဖောက်၍ ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးနေသည့် အကြမ်းဖက် စစ်တပ်များက ဘုရားစိန်ဖူးတော်ကို ခိုးယူသွားခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ဘုရားစိန်ဖူးတော် ပျောက်ဆုံးနေမှုကို ဒေသပြည်သူများက စက်တင်ဘာလ ၂ ရက်နေ့တွင်…

  • မန္တလေး၊ နန်းတွင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့ဒုံး ၁၀ လုံး ဖြင့်ပစ်ခတ်တိုက်ခိုက်မှု ဗိုလ်မှူးကြီး ၁ ဦး အပါအဝင် ၁၈ ဦးဒဏ်ရာရ (ရုပ်/သံ)

    မန္တလေး၊ နန်းတွင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့ဒုံး ၁၀ လုံး ဖြင့်ပစ်ခတ်တိုက်ခိုက်မှု ဗိုလ်မှူးကြီး ၁ ဦး အပါအဝင် ၁၈ ဦးဒဏ်ရာရ (ရုပ်/သံ)

    by

    in

    မန္တလေး၊ နန်းတွင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့ဒုံး ၁၀ လုံး ဖြင့်ပစ်ခတ်တိုက်ခိုက်မှု ဗိုလ်မှူးကြီး ၁ ဦး အပါအဝင် ၁၈ ဦးဒဏ်ရာရ (ရုပ်/သံ) ရန်ကုန်၊ စက်တင်ဘာ ၃ မန္တလေး၊ နန်းတွင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ယနေ့ နံနက်ပိုင်း ၁၀၇ မမ ရှော့ဒုံး ၁၀ လုံး ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ စက်တင်ဘာလ ၃ ရက်နေ့ နံနက် ၄ နာရီ ၈ မိနစ် အချိန် Brave Warriors for Myanmar (BWM) အဖွဲ့…

  • ကန်ကြီးထောင့်တွင် ပြည်သူ့ လုံခြုံရေးအဖွဲ့ ဝင်ရန်နှင့် စစ်မှုထမ်းရန် အတင်း အကျပ် ဖိအားပေးသည့် အုပ်ချုပ်ရေးမှူးကို ဓားဖြင့် ဝင်ခုတ်မှု အုပ်ချုပ်ရေးမှူး ပွဲချင်းပြီး သေဆုံးကာ အုပ်ချုပ်ရေးမှူးဇနီး ဒဏ်ရာ အပြင်းအထန်ရ

    ကန်ကြီးထောင့်တွင် ပြည်သူ့ လုံခြုံရေးအဖွဲ့ ဝင်ရန်နှင့် စစ်မှုထမ်းရန် အတင်း အကျပ် ဖိအားပေးသည့် အုပ်ချုပ်ရေးမှူးကို ဓားဖြင့် ဝင်ခုတ်မှု အုပ်ချုပ်ရေးမှူး ပွဲချင်းပြီး သေဆုံးကာ အုပ်ချုပ်ရေးမှူးဇနီး ဒဏ်ရာ အပြင်းအထန်ရ

    by

    in

    ကန်ကြီးထောင့်တွင် ပြည်သူ့ လုံခြုံရေးအဖွဲ့ ဝင်ရန်နှင့် စစ်မှုထမ်းရန် အတင်း အကျပ် ဖိအားပေးသည့် အုပ်ချုပ်ရေးမှူးကို ဓားဖြင့် ဝင်ခုတ်မှု အုပ်ချုပ်ရေးမှူး ပွဲချင်းပြီး သေဆုံးကာ အုပ်ချုပ်ရေးမှူးဇနီး ဒဏ်ရာ အပြင်းအထန်ရ ရန်ကုန်၊ စက်တင်ဘာ ၃ ဧရာ၀တီတိုင်း၊ ကန်ကြီးထောင်မြို့နယ်တွင် ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်ပြီး စစ်မှု ထမ်းရန် အတင်းအကျပ် ခေါ်ဆောင်နေသည့် အောက်တံခွန်တိုင်ကျေးရွာ အုပ် စု ၏ အုပ်ချုပ်ရေးမှူး အောင်နိုင်ကို ဓားဖြင့် ဝင်ခုတ်ရာမှ အုပ်ချုပ်ရေးမှူး အောင်နိုင် ပွဲချင်းပြီးသေဆုံးကာ ၎င်း၏ဇနီးဖြစ်သူ ဒဏ်ရာ အပြင်းအထန်ရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ စက်တင်ဘာလ ၂ ရက်နေ့ ည ၇ နာရီကျော်အချိန် ကန်ကြီးထောင့်မြို့နယ် အောက်တံခွန်တိုင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အောင်နိုင်ကို တစ်ရွာတည်းနေ…

  • မကွေးတိုင်းတွင် ပခုက္ကူ၊ မြိုင် အပါအဝင် မြို့နယ်များမှ စွန့်ခွာ ထွက်ပြေးလာသော ရဲတပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို ဖမ်းဆီးချုပ်နှောင်ထားပြီး တာဝန် ပြန်ထမ်းဆောင်ရန် ဖိအားပေးကာ ရှေ့တန်းပြန်စေလွှတ်သဖြင့် ရဲအများစု ထွက်ပြေး တိမ်းရှောင်

    မကွေးတိုင်းတွင် ပခုက္ကူ၊ မြိုင် အပါအဝင် မြို့နယ်များမှ စွန့်ခွာ ထွက်ပြေးလာသော ရဲတပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို ဖမ်းဆီးချုပ်နှောင်ထားပြီး တာဝန် ပြန်ထမ်းဆောင်ရန် ဖိအားပေးကာ ရှေ့တန်းပြန်စေလွှတ်သဖြင့် ရဲအများစု ထွက်ပြေး တိမ်းရှောင်

    by

    in

    မကွေးတိုင်းတွင် ပခုက္ကူ၊ မြိုင် အပါအဝင် မြို့နယ်များမှ စွန့်ခွာ ထွက်ပြေးလာသော ရဲတပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို ဖမ်းဆီးချုပ်နှောင်ထားပြီး တာဝန် ပြန်ထမ်းဆောင်ရန် ဖိအားပေးကာ ရှေ့တန်းပြန်စေလွှတ်သဖြင့် ရဲအများစု ထွက်ပြေး တိမ်းရှောင် ရန်ကုန်၊ စက်တင်ဘာ ၃ မကွေးတိုင်း၊ ပခုက္ကူ၊ မြိုင်မြို့နယ် အပါအဝင် မြို့နယ်များမှ ဆုတ်ခွာလာသော ရဲတပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးအချုပ်ချပြီး တာဝန် ပြန်ထမ်းဆောင်ရန် ဖိအားပေးကာ ရှေ့တန်းပြန်စေလွှတ်သဖြင့် ရဲအများစု ထွက် ပြေး တိမ်းရှောင်နေကြကြောင်း မကွေးတိုင်းရဲသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မကွေးတိုင်းအတွင်း ပခုက္ကူမြို့နယ်၊ မြိုင်မြို့နယ်၊ ပေါက်မြို့နယ် အပါအဝင် မြို့နယ်များနှင့် နယ်မြေရဲစခန်းများမှ စွန့်ခွာ ထွက်ပြေးလာသော ရဲတပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို…

  • မန္တလေးတွင် ယနေ့ နံနက် ၄ နာရီဝန်းကျင် ရှော့တိုက်ဒုံးပစ်ခတ်သံများနှင့်အတူ ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်၊ ရန်ကုန်မြို့ သီလဝါစက်မှုဇုန် အမှတ် ၁ လုံခြုံရေးဂိတ်ကို လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ခတ်မှု ရဲ ၂ ဦး ထိခိုက်

    မန္တလေးတွင် ယနေ့ နံနက် ၄ နာရီဝန်းကျင် ရှော့တိုက်ဒုံးပစ်ခတ်သံများနှင့်အတူ ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်၊ ရန်ကုန်မြို့ သီလဝါစက်မှုဇုန် အမှတ် ၁ လုံခြုံရေးဂိတ်ကို လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ခတ်မှု ရဲ ၂ ဦး ထိခိုက်

    by

    in

    မန္တလေးတွင် ယနေ့ နံနက် ၄ နာရီဝန်းကျင် ရှော့တိုက်ဒုံးပစ်ခတ်သံများနှင့်အတူ ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်၊ ရန်ကုန်မြို့ သီလဝါစက်မှုဇုန် အမှတ် ၁ လုံခြုံရေးဂိတ်ကို လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ခတ်မှု ရဲ ၂ ဦး ထိခိုက် ရန်ကုန်၊ စက်တင်ဘာ ၃ မန္တလေးမြို့ပေါ် မြောက်ပြင်ဘက်တွင် ယနေ့ နံနက် ၄ နာရီဝန်းကျင်အချိန် ရှော့တိုက်ဒုံးပစ်ခတ်သံများ ဆက်တိုက်ထွက်ပေါ်ပြီး ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့ကြောင်း မန္တလေးမြို့မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ စက်တင်ဘာလ ၃ ရက်နေ့ နံနက် ၄ နာရီ ၁၀ မိနစ်ဝန်းကျင်မှစတင်၍ မန္တလေး မြောက်ပြင်ဘက်တွင် ရှော့တိုက်ဒုံး အနည်းဆုံး ၅ လုံးမှ ၆…

  • ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး မန္တလေးမှာ ဆန္ဒပြ၊

    ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး မန္တလေးမှာ ဆန္ဒပြ၊

    by

    in

    ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး မန္တလေးမှာ ဆန္ဒပြ၊ တေဇ/MFP ၊ စက်တင်ဘာ – ၂ မန္တလေး မြို့ခံပြည်သူတွေ အနေနဲ့ ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး ဆက်လက် တိုက်ပွဲဝင်ကြဖို့ မြို့လယ်က လူစည်ကားတဲ့ စျေးတစ်ခုမှာ လှုံးဆော်ဆန္ဒပြခဲ့တယ်လို့ မန္တလေး သပိတ်အင်အားစုက ဒီကနေ့ စက်တင်ဘာ(၂)ရက်မှာ သတင်း ထုတ်ပြန်ပါတယ်။ “ယခု မြင်ကွင်းကတော့ အကြမ်းဖက် အာဏာသိမ်း စစ်အုပ်စုကို လူထုတိုက်ပွဲ မျက်နှာစာကနေ တွန်းလှန်နေကြတဲ့ မန္တလေး ပြည်သူများရဲ့ လူထုတိုက်ပွဲ လှုပ်ရှားမှု ဖြစ်ပါတယ်။ အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေအပြင် စစ်ကောင်စီ လက်ပါးစေ ပျူစောထီးအုပ်စုတွေ ပတ်ပတ်လည် ရှိနေတဲ့ မြို့လယ်က ဈေးတစ်ခုမှာ ပြည်သူ့ဆန္ဒကို ရဲဝင့်စွာ ပြသခဲ့ကြတာပါ။ စစ်ရေးတိုက်ပွဲနဲ့အတူ လူထုတိုက်ပွဲ မျက်နှာစာကနေလည်း…