-
ရခိုင်ပြည်နယ်ပြင်ပအထိရောက်လာတဲ့ AAရဲ့ အာဏာရှင် ဖြုတ်ချရေးတိုက်ပွဲတွေ
ရခိုင်ပြည်နယ်ပြင်ပအထိရောက်လာတဲ့ AAရဲ့ အာဏာရှင် ဖြုတ်ချရေးတိုက်ပွဲတွေ ကဖေး/People’s Spring အာရက္ခတပ်တော် (AA)ရဲ့ ရခိုင်ပြည်နယ် နဲ့ ထိစပ်နေတဲ့ တိုင်း ၃ တိုင်းအထိပါ ထိုးစစ်ဆင်နေတဲ့အကြောင်း ဒီတစ်ပါတ်ပြောပြပါမယ် ။ အာရက္ခတပ်တော်(AA)က ဂွမြို့၊တောင်ကုတ်နဲ့ အမ်းမြို့တွေကို သိမ်းပိုက်ပြီးနောက်ပိုင်း အဲဒီမြို့တွေနဲ့ဆက်စပ်နေတဲ့ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနဲ့ မကွေးတိုင်းနယ်စပ်တွေမှာပါ တိုက်ပွဲဖြစ်နေတဲ့အကြောင်း ဇန်နဝါရီလ (၂၀) ရက်မှာ ပထမဆုံးအကြိမ် အသိပေးလာပါတယ်။ ဂွမြို့ကို ၂၀၂၄ခုနှစ် ဒီဇင်ဘာလ ၂၉ရက်နေ့မှာ AAက သိမ်းယူခဲ့တာပါ။ အဲ့ဒီနောက်ပိုင်းမှာ ဂွမြို့နဲ့ဆက်စပ်နေတဲ့ ဧရာဝတီတိုင်း၊ ရွှေသောင်ယံ၊ ရေကြည်၊သာပေါင်းမြို့နယ်တွေထဲမှာ တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ ဂွမြို့နဲ့ရွှေသောင်ယံမြို့ကြားရှိတဲ့ မကျီးစင်ကျေးရွာမှာ ဇန်နဝါရီလ ၈ ရက်နေ့ကစပြီး တိုက်ပွဲအပြင်းထန်ဆုံးဖြစ်ခဲ့တာပါ။ ဧရာဝတီတိုင်းအတွင်း လူထုတော်လှန်ရေးတိုက်ပွဲခေါ်သံ စတင်ထွက်ပေါ်လာခဲ့တာလည်းဖြစ်ပါတယ်။ စစ်ကောင်စီတပ်အထိနာပြီး ဧရာဝတီတိုင်းအတွင်းပထမဆုံးအကြိမ် လေကြောင်းသုံးခုခံတိုက်ခိုက်ခဲ့ပါတယ်…
-
အကြမ်းဖက် မင်းအောင်လှိုင်က စစ်ကောင်စီကို ၆ လ ထပ်မံသက်တမ်းတိုးမည်ဖြစ်ပြီး ယခု ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက် ပွဲ မလုပ်တော့ဘဲ ၂၀၂၆ ခုနှစ်တွင် ပြုလုပ်ရန် လျာထားဟုဆို
အကြမ်းဖက် မင်းအောင်လှိုင်က စစ်ကောင်စီကို ၆ လ ထပ်မံသက်တမ်းတိုးမည်ဖြစ်ပြီး ယခု ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက် ပွဲ မလုပ်တော့ဘဲ ၂၀၂၆ ခုနှစ်တွင် ပြုလုပ်ရန် လျာထားဟုဆို ရန်ကုန်၊ ဇန်နဝါရီ ၂၆ အကြမ်းဖက် မင်းအောင်လှိုင်က စစ်ကောင်စီကို ယခုလာမည့် ဇန်နဝါရီလကုန်တွင် ၆ လ ထပ်မံ သက်တမ်းတိုးမည်ဖြစ်ပြီး ရွေး ကောက်ပွဲကိုလည်း ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပြုလုပ်ရန် ဆွေးနွေး ပြောဆိုလျာထားကြောင်း နေပြည်တော် တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ လာမည့် ဇန်နဝါရီလ ၃၁ ရက်နေ့ သက်တမ်းကုန်မည့် အကြမ်းဖက်စစ်ကောင်စီကို ယာယီသမ္မတ ခံယူထားသော အကြမ်း ဖက်မင်းအောင်လှိုင် ၆ လ ထပ်မံ သက်တမ်းတိုးမည်ဖြစ်ပြီး ရွေးကောက်ပွဲကိုမူ…
-
အမျိုးသမီးများ စစ်မှုထမ်းဆောင်ရန် သန်လျင်တွင် စာရင်းစတင်ကောက်ယူ ဧရာဝတီတိုင်းမ်
အမျိုးသမီးများ စစ်မှုထမ်းဆောင်ရန် သန်လျင်တွင် စာရင်းစတင်ကောက်ယူ ဧရာဝတီတိုင်းမ် ဇန်နဝါရီ ၂၅ ရက် စစ်ကောင်စီသည် စစ်မှုမထမ်းမနေရ ဥပဒေဖြင့် စစ်မှုထမ်းဆောင်ရန် အမျိုးသမီးများကိုပါ စာရင်း စတင်ကောက်ယူနေပြီဖြစ်ကြောင်း သိရသည်။ သန်လျင်မြို့၊ ဗိုလ်ချုပ်ကျေးရွာအုပ်စုတွင် ယမန်နေ့ ဇန်နဝါရီ ၂၄ ရက်နေ့က အသက် ၁၈ နှစ်နှင့် ၂၇ နှစ်ကြားရှိ စစ်မှုထမ်းရန်အကျုံးဝင်သည့် အမျိုးသမီးများ စာရင်းကို ကောက်ယူခဲ့ကြောင်း သန်လျင်မြို့ ဗိုလ်ချုပ်ကျေးရွာနေ အမျိုးသမီးတစ်ဦးထံက သိရသည်။ “မိန်းမတွေကိုပါ စာရင်းတွေကောက်နေပြီ။ စာရင်းထဲတွေ့လိုက်တာ အယောက် ၂၀ လောက်ရှိတယ် “ဟု သန်လျင်မြို့နေ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။ ထို့အပြင် သာကေတမြို့နယ်၊ တာမွေမြို့နယ်တို့ရှိ ရပ်ကွက်နှင့် လမ်းအချို့တွင်လည်း စစ်မှုထမ်း ဆောင်ရမည့်အမျိုးသမီးများစာရင်းကို ကောက်ယူသွားကြောင်း ဒေသခံများထံက…
-
အကြမ်းဖက်စစ်တပ် ခြေလျင်စစ်ကြောင်းနဲ့ ရိက္ခာပို့ယာဉ်တန်းကို ရော့ကတ် ၁၉ လုံး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)
အကြမ်းဖက်စစ်တပ် ခြေလျင်စစ်ကြောင်းနဲ့ ရိက္ခာပို့ယာဉ်တန်းကို ရော့ကတ် ၁၉ လုံး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ) ဇန်နဝါရီ ၂၅၊ ၂၀၂၅ မကွေးတိုင်း မြိုင်မြို့ကနေ စက်မှု ၂ ဘက် ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ခြေလျင်စစ်ကြောင်းနဲ့ ရိက္ခာပို့ယာဉ်တန်းကို ရော့ကတ် ၁၄ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဘာမထီ လက်နက်ကြီးပြောက်ကျားတပ်ဖွဲ့ မြိုင်ထံက သိရပါတယ်။ ဇန်နဝါရီ ၂၃ ရက် ညနေ ၄ နာရီခန့်မှာ အကြမ်းဖက်စစ်သားတွေ နားနေတဲ့ နေရာကို ရော့ကတ် ၁၄ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ည ၁၁ နာရီခွဲအချိန်မှာ နောက်ထပ် ရော့ကတ် ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ရော့ကတ်တွေဟာ သူတို့ နားနေတဲ့ နေရာကို ကျရောက်ပေါက်ကွဲခဲ့ပြီး…
-
ဗန်းမော် သံချပ်ကာတပ်ရင်း KIA သိမ်းပိုက်၊ သံချပ်ကာယာဉ် ၇ စီးရရှိ
ဗန်းမော် သံချပ်ကာတပ်ရင်း KIA သိမ်းပိုက်၊ သံချပ်ကာယာဉ် ၇ စီးရရှိ ရွှေနွယ် မဇ္ဈိမ။ ။ ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း ယနေ့ (ဇန်နဝါရီ ၂၅ ရက်) ညနေ ၃ နာရီ ၄၅ မိနစ်အချိန်တွင် စစ်ကောင်စီ၏ သံချပ်ကာတပ်ရင်း အမှတ် (၇၀၀၆) တပ်ရင်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA ပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ အဆိုပါ တပ်ရင်းအတွင်းမှ သံချပ်ကာယာဉ် ခုနစ်စီးကိုလည်း KIA ပူးပေါင်းတပ်များက သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ “အပြီးသိမ်းပိုက်လို့ရပြီလို့ ရှေ့တန်းသမားတွေ သတင်းပေးတာရှိပါတယ်။ ဒါကတော့ အတည်ပြုလို့ရတယ်။ လောလောဆယ်ကတော့ ခုနစ်စီးကတော့ သိမ်းဆည်းရမိတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူကပြောသည်။ အဆိုပါ သံချပ်ကာယာဉ်များအား…
-
စကခ-၂၁ အပါအဝင် ဗန်းမော်မြို့တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွား ■မြို့ဧရိယာအများစုကို KIA ပူးပေါင်းတပ်က ရှင်းလင်းရေးလုပ်ဆောင်ထားနိုင်ဟု သတင်းရင်းမြစ်ပြော
စကခ-၂၁ အပါအဝင် ဗန်းမော်မြို့တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွား ■မြို့ဧရိယာအများစုကို KIA ပူးပေါင်းတပ်က ရှင်းလင်းရေးလုပ်ဆောင်ထားနိုင်ဟု သတင်းရင်းမြစ်ပြော ဟန်နွေ/People’s Spring ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁)တပ်စခန်းနေရာအပါအဝင် မြို့ပေါ်ရှိ စစ်ကောင်စီ လက်ကျန်တပ်စခန်းများ၌ တိုက်ပွဲဆက်ဖြစ်နေကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်အချို့ကပြောသည်။ ဇန်နဝါရီ ၂၄ရက်တွင် KIA နှင့် ပူးပေါင်းတပ်များက မြို့ သိမ်း စစ်ဆင်ရေးအရှိန်မြှင့်တင်၍ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ရင်းဌာနချုပ် တစ်ခု နှင့် သံချပ်ကာယာဉ် ၄စီးကို သိမ်းဆည်းနိုင်ခဲ့သည်ဟု စစ်ရေး သတင်းရင်းမြစ်က ပြောသည်။ “စကခ ၂၁ ဘက်တိုက်ပွဲဖြစ်နေတယ်။ ၇၀၀၆ (သံချပ်ကာတပ်ရင်း)က အပြီးမရသေး” ဟု စစ်ရေးသတင်းရင်းမြစ်တဦးက ပြောသည်။ ဇန်နဝါရီ ၂၄ ရက်နေ့က သိမ်းရသည့် စစ်ကောင်စီ တပ်ရင်းမှာ…
-
စစ်မှုထမ်း အရေအတွက် တိုးမြှင့်ခေါ်ယူရေး ဦးကိုကိုကြီး၊ ဒေါက်တာအေးမောင် တို့၏ ပါတီများ အပါအဝင် နိုင်ငံရေးပါတီက အကြံပြုတိုက်တွန်းဟု စစ်ကောင်စီက ထုတ်ပြန်
စစ်မှုထမ်း အရေအတွက် တိုးမြှင့်ခေါ်ယူရေး ဦးကိုကိုကြီး၊ ဒေါက်တာအေးမောင် တို့၏ ပါတီများ အပါအဝင် နိုင်ငံရေးပါတီက အကြံပြုတိုက်တွန်းဟု စစ်ကောင်စီက ထုတ်ပြန် ရန်ကုန်| ဇန်နဝါရီ ၂၅ အာဏာသိမ်း စစ်ကောင်စီအနေဖြင့် စစ်မှုထမ်းအရေအတွက်ကို တိုးမြှင့်ခေါ်ယူရန် ဦးကိုကိုကြီး ဦးဆောင်သော ပြည်သူ့ပါတီနှင့် ဒေါက်တာအေးမောင် ဦးဆောင်သော ရခိုင့်ဦးဆောင်ပါတီ AFP တို့ ပါဝင်တက်ရောက်သော နိုင်ငံရေးပါတီများအစုအဖွဲ့က အကြုံပြုတိုက်တွန်းထားကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ဇန်နဝါရီလ ၂၄ ရက်နေ့ စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့တို့အကြား နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးရာတွင် နိုင်ငံရေးပါတီဘက်က ထိုသို့ ပြောဆိုခြင်းဖြစ်သည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးချက်များကို စစ်ကောင်စီနှင့် နိုင်ငံရေးပါတီအစုအဖွဲ့တို့ အပါအဝင် နှစ်ဖက်စလုံးက အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြကြောင်း၊ အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသော…
-
ရွှေသောင်ယံမြို့၊ ဘောမိရွာ တိုက်ပွဲတွင် ဒဏ်ရာရရှိပြီး ဆေးကုသမှုခံယူစဉ် သေဆုံးခဲ့သော စစ်အရာရှိနှင့်စစ်သည်များကို ရွှေမြင်တင် မီးသဂြိုလ်စက်တွင် စစ်တပ်က လုံခြုံရေး တင်းကျပ်၍ သဂြိုလ်
ဘောမိကျေးရွာတိုက်ပွဲက ဒဏ်ရာရစစ်သားတွေကို ပုသိမ်စစ်ဆေးရုံမှာ ဆေးကုပေးနေ၊ သေဆုံးသူတွေကိုလည်း လူမသိအောင် သဂြိုလ်ပေးနေ ဇန်နဝါရီ ၂၅၊ ၂၀၂၅ ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့၊ ဘောမိကျေးရွာတိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရခဲ့တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ တပ်သားတွေကို ပုသိမ်မြို့ အမှတ် ၄ ဆေးတပ်မှာ ဆေးကုပေးနေပြီး သေဆုံးစစ်သားတွေကို ရွှေမြင့်တင် သဂြိုလ်စက်မှာ လူမသိသူမသိ သဂြိုလ်ပေးနေတယ် လို့ စစ်တပ်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။ ဆေးကုရင်း သေဆုံးသွားတဲ့ စစ်သားတွေကို မီးသဂြိုလ်စက်မှာ လုံခြုံရေးတွေချကာ ခိုးချောင်ခိုးဝှက် သဂြိုလ်နေတယ်လို့ ဒေသခံတချို့ကလည်း ပြောပါတယ်။ “ဘောမိတိုက်ပွဲမှာ နတခ က လွှတ်တဲ့ တပ်တွေက စစ်သားတွေ အသေအပြောက်များတယ်။ ဒဏ်ရာရထားတဲ့သူတွေကို ပုသိမ်မြို့ အမှတ်၄ စစ်မြေပြင်ဆေးတပ်မှာ ဆေးကုပေးနေကြတာ။ ဒီရက်ထဲ ဆေးကုသပေးနေရင်း သေဆုံးတဲ့ သူတွေများနေလို့…
-
စစ်ကောင်စီ၏ ဗန်းမော်သံချပ်ကာတပ်ရင်းကို KIA သိမ်းပိုက်ပြီး တင့်ကား ၄ စီးပါရရှိ
စစ်ကောင်စီ၏ ဗန်းမော်သံချပ်ကာတပ်ရင်းကို KIA သိမ်းပိုက်ပြီး တင့်ကား ၄ စီးပါရရှိ ဧရာဝတီတိုင်းမ် ဇန်နဝါရီ ၂၄ ရက် ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့များကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က အပြင်း အထန်ထိုးစစ်ဆင် တိုက်ခိုက်နေပြီး သံချပ်ကာ တပ်ရင်းတစ်ခုကို သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။ KIA သည် ဗန်းမော်မြို့ရှိ စစ်ကောင်စီ၏ အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁)၊ ခလရ-၄၇၊ သံချပ်ကာတပ်ရင်းနှင့် ဗန်းမော်တက္ကသိုလ်ဝင်း တို့ကို ယနေ့ ဇန်နဝါရီ ၂၄ ရက် နံနက် ၆ နာရီခန့်ကစတင်ပြီး ထိုးစစ်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်ထံက သိရသည်။ “အခုချိန်ထိ တိုက်ပွဲပြင်းထန်နေတယ်။ လေကြောင်းကလည်း တောက်လျှောက်လာပစ်နေတယ်။ စကခမှူးလည်း ဒဏ်ရာရပြီး ဗန်းမော်မှာမရှိတော့ဘူးလို့ ပြောတယ်။ စစ်ကောင်စီရဲ့ လေးနေရာ ထက်မနည်းကို တပြိုင်ထဲ…
-
ထားဝယ် စီးပွားရေးဇုန် စီမံကိန်းကို ရုရှား စိတ်ဝင်စားမှု ပြသလာ
ထားဝယ် စီးပွားရေးဇုန် စီမံကိန်းကို ရုရှား စိတ်ဝင်စားမှု ပြသလာ -People’s Spring ကာလရှည်ကြာ ရပ်နားထားရတဲ့ ထားဝယ် အထူး စီးပွားရေးဇုန် (ထားဝယ် SEZ) စီမံကိန်းမှာ ပါဝင် ရင်းနှီးမြှုပ်နှံဖို့ တရုတ်၊ အိန္ဒိယတို့နဲ့အပြိုင် ရုရှားကလည်း စိတ်ဝင်စားမှု ပြသလာကြောင်း သိရပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ရုရှား သံအမတ်ကြီး အစ္စခန်ဒါ အဇီဇော့ဗ်က အခုသီတင်းပတ် အစောပိုင်းမှာ မြန်မာနိုင်ငံတောင်ပိုင်း၊ တနင်္သာရီ တိုင်းဒေသကြီးထဲမှာရှိတဲ့ ထားဝယ်မြို့ဆီသွားရောက်ပြီး စီမံကိန်း နဲ့ ပတ်သက်တဲ့ အခြေအနေတွေကို စစ်ကောင်စီခန့် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ စီမံကိန်း စီမံခန့်ခွဲရေး ကော်မတီ ဥက္ကတို့နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း ဧရာဝတီ သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ မနှစ်က မတ်လတုန်းက အာဏာသိမ်း စစ်ခေါင်း…