ထားဝယ် စီးပွားရေးဇုန် စီမံကိန်းကို ရုရှား စိတ်ဝင်စားမှု ပြသလာ
-People’s Spring
ကာလရှည်ကြာ ရပ်နားထားရတဲ့ ထားဝယ် အထူး စီးပွားရေးဇုန် (ထားဝယ် SEZ) စီမံကိန်းမှာ ပါဝင် ရင်းနှီးမြှုပ်နှံဖို့ တရုတ်၊ အိန္ဒိယတို့နဲ့အပြိုင် ရုရှားကလည်း စိတ်ဝင်စားမှု ပြသလာကြောင်း သိရပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ရုရှား သံအမတ်ကြီး အစ္စခန်ဒါ အဇီဇော့ဗ်က အခုသီတင်းပတ် အစောပိုင်းမှာ မြန်မာနိုင်ငံတောင်ပိုင်း၊ တနင်္သာရီ တိုင်းဒေသကြီးထဲမှာရှိတဲ့ ထားဝယ်မြို့ဆီသွားရောက်ပြီး စီမံကိန်း
နဲ့ ပတ်သက်တဲ့ အခြေအနေတွေကို စစ်ကောင်စီခန့် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ စီမံကိန်း စီမံခန့်ခွဲရေး ကော်မတီ ဥက္ကတို့နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း ဧရာဝတီ သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
မနှစ်က မတ်လတုန်းက အာဏာသိမ်း စစ်ခေါင်း
ဆောင် မင်းအောင်လှိုင်ဟာ အနာဂတ် မရေမရာနဲ့ ဒယိမ်းဒယိုင် ဖြစ်နေတဲ့ စီမံကိန်းအတွက် ရုရှားဆီက တွန်းအားပေး ပံ့ပိုးမှုတွေ လိုအပ်တယ်ဆိုပြီး အကူအညီ တောင်းခံခဲ့ဖူးကြောင်း ရုရှားရဲ့ Tass သတင်းဌာနက ဖော်ပြခဲ့ဖူးပါတယ်။ ထားဝယ် SEZဟာ တန် ၂ သိန်းထိ လေးလံကြီးမားတဲ့ ရေ
ယာဉ်တွေ ဆိုက်ကပ်နိုင်မယ့် ဆိပ်ကမ်း တည်
ဆောက်ဖို့ အလေးပေး ရည်ရွယ်ထားပါတယ်။
ရုရှားသံအမတ်ကတော့ စီမံကိန်းမှာ ထည့်ဝင် ရင်း
နှီး မြှုပ်နှံဖို့အပြင် တနင်္သာရီ တိုင်းဒေသကြီးထဲမှာ ကမ္ဘာလှည့် ခရီးသွားကဏ္ဍ မြှင့်တင်ရေးအတွက်ပါ စိတ်ဝင်စားတယ်လို့ ပြောကြားခဲ့ပြီး ဒေသတွင်းက မြိတ်ကျွန်းစုလိုမျိုး ခရီးသွား ဧည့်သည်တွေကြား ထင်ရှားတဲ့ နေရာတွေအကြောင်း စုံစမ်းမေးမြန်းခဲ့တယ်လို့ သိရပါတယ်။
ထားဝယ် SEZဟာ ကပ္ပလီပင်လယ်နဲ့ ဆက်စပ် တည်ရှိနေပြီး ဆိပ်ကမ်းကနေတဆင့် ကားလမ်းအတိုင်းထိုင်းနိုင်ငံကို ဖြတ်သန်းပြီး ထိုင်းပင်လယ်
ကွေ့ကို ဆက်သွယ်ဖို့ ရည်ရွယ်ထားတာပါ။ တစ်
နည်းအားဖြင့် အာရှတောင်ပိုင်းနဲ့ အရှေ့တောင်အာရှကြားကုန်စည်ကူးသန်းမှုတွေကို ချိတ်ဆက်ပေးရာမှာ အဲဒီ စီမံကိန်းဟာ အရေးကြီးတဲ့ ကဏ္ဍတစ်ခု ဖြစ်နိုင်ပါတယ်။
၁၉၆ စတုရန်း ကီလိုမီတာ ကျယ်ဝန်းတဲ့ မြေပြင်ပေါ်မှာ တည်ဆောက်ပြီး ရေနက်ဆိပ်ကမ်း ပါဝင်မယ့် စီမံကိန်းဟာ ကုန်သွယ်ရေကြောင်း ကဏ္ဍမှာ အသွားအလာ ရှုပ်ထွေးတဲ့ မလက္ကာ ရေလက်ကြားကို ရှောင်လွှဲပြီး ခရီးတာ ချုံ့နိုင်ဖို့ ရည်ရွယ်ထားတာပါ။ စီမံကိန်း ရေးဆွဲရာမှာတော့ အဆင့်မြင့် စက်မှုဇုန်တွေ၊ အိုင်တီ နည်းပညာဇုန်တွေ၊ ပို့ကုန် ထိန်းချုပ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ ရုံးခန်းဧရိ
ယာတွေနဲ့ တခြား အခြေခံ အဆောက်အအုံတွေကို ထည့်သွင်း လျာထားခဲ့ပါတယ်။
၂၀၀၈ ခုနှစ်မှာ ထိုင်းအစိုးရနဲ့ အဲဒီတုန်းက မြန်မာ စစ်အစိုးရကြား နှစ်ဖက်သဘောတူညီမှုနဲ့ အစပြုခဲ့တဲ့ စီမံကိန်းဟာ အစောပိုင်း ကာလတွေတုန်းက
တော့ ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ၂၀၁၂ မှာ ထပ်မံ ချုပ်ဆိုတဲ့ စာချုပ်မှာတော့ ၂၀၁၅ ကျရင် စီမံကိန်း အပြီးသတ်ဖို့ သဘောတူခဲ့ပါတယ်။
ဒါပေမဲ့လည်း ထားဝယ် SEZ စီမံကိန်းဟာ ကြန့်
ကြာမှုတွေ အများကြီးနဲ့ ရင်ဆိုင်ခဲ့ရသလို စီမံကိန်းရဲ့ စီမံအုပ်ချုပ်မှု အဖွဲ့တွေက မြန်မာနိုင်ငံမှာ အာ
ဏာသိမ်းမှု မတိုင်ခင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီမှာ ထိုင်း-အီတလီဖက်စပ် လည်ပတ်နေတဲ့ ITD ကုမ္ပဏီနဲ့စာချုပ်တွေကို ဖျက်သိမ်းကြောင်း ကြေ
ညာခဲ့ပါတယ်။
အကျိုးဆက်အဖြစ် ITDဟာ လောလောဆယ်မှာ ကြွေးမြီ ဖိစီးမှု ပြဿနာတွေနဲ့ ရုန်းကန်နေရပြီး ပိုင်
ဆိုင်မှုတွေ လက်လွှဲ ရောင်းချနိုင်ရေး ကြိုးစားနေပါတယ်။ ထိုင်း-တရုတ် ဖက်စပ် ကုမ္ပဏီ တစ်ခုကတော့ ထားဝယ် SEZမှာ အခြေခံ အဆောက်
အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေကိုလက်လွှဲဝယ်ယူ
ဖို့ စိတ်ဝင်တစား စုံစမ်းထားတယ်လို့ အီတာလျံထိုင်းဖွံ့ဖြိုးရေးကုမ္ပဏီ-ITDရဲ့ ထိပ်ပိုင်း အရာရှိတွေက ပြောပါတယ်။ဒါ့အပြင် အိန္ဒိယ အစိုးရဖက်ကလည်း တရုတ်နည်းတူ အဲဒီ စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံမှု အလားအလာတွေနဲ့ ပတ်သက်လို့ စိတ်ဝင်တစားလေ့လာမှုတွေရှိခဲ့ပါတယ်။ အခု
တော့ ရုရှားသံအမတ်က စီမံကိန်းကို ရောက်ရှိခဲ့တာပါ။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတုန်းက အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ထားဝယ်ကို သွားရောက်ခဲ့ပြီး စီမံကိန်း အကောင်အထည်ဖော်မှုတွေ ရှေ့ဆက်နိုင်ရေး တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။ ၂၀၂၄ နှစ်ဆန်းပိုင်းတုန်းက စစ်ကောင်စီ ဒုတိယ ခေါင်းဆောင် စိုးဝင်းက မြန်မာ အနေနဲ့ စီမံကိန်းအပေါ် တကျော့ပြန် စိတ်ဝင်စားလာတဲ့ ထိုင်းအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်
ဆောင်ရမယ်လို့ ပြောကြားခဲ့ဖူးပါတယ်။
ကိုးကား: Bangkok Post /
(ထားဝယ်ရေနက်ဆိပ်ကမ်း ကိုမရပ်နားခင်က
တွေ့ရစဥ်။ ဓါတ်ပုံ-Bangkok Post )
