MYIA MM

    • Sample Page
Illustration of a bird flying.
  • စစ်ကောင်စီ၏ တိုက်ခိုက်ရေးလေယာဉ် ပျံသန်းနေစဉ် နေပြည်တော်အနီး ပျောက်ဆုံး

    စစ်ကောင်စီ၏ တိုက်ခိုက်ရေးလေယာဉ် ပျံသန်းနေစဉ် နေပြည်တော်အနီး ပျောက်ဆုံး

    စစ်ကောင်စီ၏ တိုက်ခိုက်ရေးလေယာဉ် ပျံသန်းနေစဉ် နေပြည်တော်အနီး ပျောက်ဆုံး မဇ္ဈိမ စစ်ကောင်စီလေတပ်မှ တိုက်ခိိုက်ရေး လေယာဉ်တစီးသည် လေ့ကျင့်ပျံ့သန်းနေစဉ် စက်ချွတ်ယွင်းမှု (သို့မဟုတ်) ရာသီဥတုဆိုးရွားမှုကြောင့် ဇူလိုင်လ ၁ ရက်နေ့ ညအချိန်တွင် ရုတ်တရက် ပျောက်ဆုံးသွားကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။ ယနေ့ (ဇူလိုင်လ ၃ ရက်) ထုတ် စစ်ကောင်စီ၏ သတင်းစာတွင် ဖော်ပြချက်အရ အဆိုပါ လေယာဉ်သည် နေပြည်တော်၏ အရှေ့တောင်ဘက် ၁၃၀ ကီလိုမီတာအကွာတွင် ရုတ်တရက် ရေဒါမြင်ကွင်းမှ ပျောက်ကွယ်ပြီး ဆက်သွယ်မှု ပြတ်တောက်သွားခြင်းဖြစ်ကြောင်း စစ်ကောင်စီက ပြောထားသည်။ ဆက်သွယ်မှုပြတ်တောက်နေသည့် လေယာဉ်အမျိုးအစားကိုတော့ ဖော်ပြထားခြင်းမရှိပေ။ လက်ရှိတွင် ဆက်သွယ်မှုပြတ်တောက်ရာ နေရာတဝိုက်တွင် ရှာဖွေမှုများ လုပ်ဆောင်နေကြောင်း စစ်ကောင်စီက ဆိုသည်။ ပြီးခဲ့သည့် ဇွန်လ ၁၀…

    July 3, 2025
  • KNLA ဦး​ဆောင်တဲ့တော်လှန်ရေးတပ်တွေ ​ဝေါ​လေဗျူဟာကိုစတင်ထိုးစစ်ဆင်

    KNLA ဦး​ဆောင်တဲ့တော်လှန်ရေးတပ်တွေ ​ဝေါ​လေဗျူဟာကိုစတင်ထိုးစစ်ဆင်

    KNLA ဦး​ဆောင်တဲ့တော်လှန်ရေးတပ်တွေ ​ဝေါ​လေဗျူဟာကိုစတင်ထိုးစစ်ဆင် ဇူလိုင်-၂၊၂၀၂၅၊/People’s Spring မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့အရှေ့တောင်ဘက်မှာရှိတဲ့ စစ်ကောင်စီရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို တော်လှန်ရေးတပ်တွေကစတင်ထိုးစစ်ဆင်တိုက်ခိုက်နေပြီလို့ လူထုနွေဦးရဲ့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ” မနေ့ကစတိုက်ပြီ။မြေပြင်ထိုးစစ်စတာ။စိတ်ရှည် ရှည်နဲ့ သည်းခံစောင့်ပေးပါ။ မကြာခင် ရမှာပါ”လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ဒီကနေ့(ဇူလိုင် ၂ရက်) ညပိုင်းမှာ ပြောပါတယ်။ ဝေါ်လေဗျူဟာကုန်းကို တော်လှန်ရေးတပ်ဖွဲ့တွေကကာလရှည် ပိတ်ဆို့ဖြတ်​တောက်ထားတာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ဝေါ်လေဗျူဟာကုန်းဟာ ဝေါ်လေကျေးရွာရဲ့ တောင်ဘက်မှာ တည်ရှိပါတယ်။ အဲဒီ ဝေါ်လေဗျူဟာကုန်းနဲ့ လက်တလော တော်လှန်ရေးတပ်ဖွဲ့တွေ ပိတ်ဆို့ဖြတ်တောက်ထားတဲ့ ဥကရစ်ထတပ်စခန်းဟာ(၉)မိုင်လောက်ပဲ ကွာဝေးပါတယ်။ ဥကရစ်ထရွာဟာ မြဝတီမြို့တောင်ဘက် လေးကေကော်ဒေသနှင့် မြဝတီမြို့ရဲ့ အရှေ့တောင်ဘက် ဝေါ်လေဒေသကို ဆက်သွယ်ထားတဲ့ ကားလမ်းပေါ်မှာ တည်ရှိပြီး စစ်တပ်စခန်းဟာ ဥကရစ်ထရွာရဲ့မြောက်ဘက်ရွာလမ်းမကြီးဘေးမှာ တည် ရှိပါတယ်။ ဥကရစ်ထတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ပြီးခဲ့တဲ့…

    July 3, 2025
  • မန္တလေး၊ တံတားဦးမြို့အနီးကို ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်မှု မန္တလေးပြည်သူများ လမ်းပေါ် ပြေးထွက်ရသည်အထိ ထိတ်လန့်၊ မြင်းခြံနှင့် ပြင်ဦးလွင်တို့တွင်လည်း ခံစားရ

    မန္တလေး၊ တံတားဦးမြို့အနီးကို ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်မှု မန္တလေးပြည်သူများ လမ်းပေါ် ပြေးထွက်ရသည်အထိ ထိတ်လန့်၊ မြင်းခြံနှင့် ပြင်ဦးလွင်တို့တွင်လည်း ခံစားရ

    မန္တလေး၊ တံတားဦးမြို့အနီးကို ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်မှု မန္တလေးပြည်သူများ လမ်းပေါ် ပြေးထွက်ရသည်အထိ ထိတ်လန့်၊ မြင်းခြံနှင့် ပြင်ဦးလွင်တို့တွင်လည်း ခံစားရ ရန်ကုန်၊ ဇူလိုင် ၃ မန္တလေး၊ တံတားဦးမြို့အနီးကို ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်မှု မန္တလေးပြည်သူများ ထိတ်လန့်ပြီး လမ်းပေါ်သို့ ထွက်ပြေးခဲ့ရကြောင်း မန္တလေးမှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဇူလိုင်လ ၃ ရက်နေ့ နံနက် ၇ နာရီ ၁၀ မိနစ်အချိန် မန္တလေး၊ တံတားဦးမြို့၏ အနောက်မြောက်ဘက် ၅ မိုင်ခန့်အကွာကို ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၈…

    July 3, 2025
  • ပျောက်ဆုံး တိုက်လေယာဉ် ဖားဆောင်းမြို့အနီး ပျက်ကျနေ

    ပျောက်ဆုံး တိုက်လေယာဉ် ဖားဆောင်းမြို့အနီး ပျက်ကျနေ

    ဇူလိုင် ၁ ရက် ညကတည်းက အဆက်အသွယ်ပြတ်ပြီး ပျောက်နေတဲ့ စစ်ကောင်စီလေတပ်က တိုက်လေယာဉ်ကို ကရင်နီ(ကယား)ပြည်နယ်၊ ဖားဆောင်းမြို့နားမှာ ပျက်ကျနေတာ ရှာတွေ့ထားတယ်လို့ အဲဒီဒေသက တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတယောက်က အတည်ပြု ပါတယ်။ တော်လှန်ရေးတပ်တွေ ထိုးစစ်ဆင်နေတဲ့ ဖားဆောင်းမြို့ကို ဗုံးကြဲဖို့လာတဲ့ စစ်ကောင်စီ လေယာဉ်ဖြစ်ပြီး ဖားဆောင်းမြို့အောက်ဘက်မှာ ပျက်ကျနေတဲ့ လေယာဉ်ကို ရှာတွေ့တာလို့ ဆိုပါတယ်။ လေယာဉ်အမျိုးအစားကိုတော့ စစ်ကောင်စီက မထုတ်ပြန်ထားသလို လေယာဉ်ပေါ်မှာ လိုက်ပါသွားတဲ့ လေယာဉ်မှူးတွေရဲ့ အခြေအနေကိုလည်း မသိရသေးပါဘူး။ တိုက်ခိုက်ရေး လေယာဉ်တစီး ပျောက်ဆုံးနေတယ်လို့ ဇူလိုင်လ ၃ ရက်နေ့မှာ စစ်ကောင်စီက ထုတ်ပြန်ထားတာပါ။ နေပြည်တော်ရဲ့ အရှေ့တောင်ဘက် ၁၃၀ ကီလိုမီတာအကွာမှာ ရေဒါမြင်ကွင်းကနေ ပျောက်ကွယ်ပြီး ဆက်သွယ်ရေး ပြတ်တောက်သွားတယ်လို့ ဆိုပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ…

    July 3, 2025
  • ကျောင်းသားလက်ရုံးတပ်တော်နှင့် NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ တပ်ရင်းတပ်ဖွဲ့များ စစ်ရေးပူးပေါင်းမယ်၊ ဘဏ္ဍာရေးရင်းမြစ်များ မျှဝေအသုံးပြုမယ်

    ကျောင်းသားလက်ရုံးတပ်တော်နှင့် NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ တပ်ရင်းတပ်ဖွဲ့များ စစ်ရေးပူးပေါင်းမယ်၊ ဘဏ္ဍာရေးရင်းမြစ်များ မျှဝေအသုံးပြုမယ်

    ကျောင်းသားလက်ရုံးတပ်တော်နှင့် NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ တပ်ရင်းတပ်ဖွဲ့များ စစ်ရေးပူးပေါင်းမယ်၊ ဘဏ္ဍာရေးရင်းမြစ်များ မျှဝေအသုံးပြုမယ် ဇူလိုင် ၂၊ ၂၀၂၅ ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော် (SF/SAF) နဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်က တပ်ရင်းတပ်ဖွဲ့တွေ စစ်ရေးပူးပေါင်းဆောင်ရွက်ဖို့အပြင် ဘဏ္ဍာရေးဆိုင်ရာ ရင်းမြစ်တွေကို မျှဝေအသုံးပြုနိုင်ဖို့ သဘောတူညီမှုရရှိခဲ့ကြောင်း SF/SAF က ထုတ်ပြန်ပါတယ်။ ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော်ရဲ့ ဗဟိုကော်မတီဝင်တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့ ဇွန်လ ၂၉ရက်မှာ အွန်လိုင်းကတဆင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး အခုလို သဘောတူညီမှု ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ တွေ့ဆုံမှုမှာ မကွေးတိုင်း စစ်ဆင်ရေးစီမံချက်နဲ့ပတ်သက်လို့ ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ကျောင်းသားလက်ရုံးတပ်တော်နဲ့ ကာကွယ်ရေးဝန်ကြီးဌာနအောက်က တပ်ရင်းတပ်ဖွဲ့တွေ တာဝန်ခွဲဝေကာ စစ်ဆင်ရေးလုပ်ငန်းတွေကို လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်သွားမယ့်အပြင် ဘဏ္ဍာရေးဆိုင်ရာ အရင်းအမြစ်တွေကို မျှဝေအသုံးပြုနိုင်ရေး ပူးပေါင်းဆောင်ရွက်ဖို့…

    July 2, 2025
  • စစ်တပ် စစ်ကြောင်းတွေ နောင်ချိုနဲ့ ပိုနီးလာ ■ပြင်ဦးလွင်ကလာတဲ့ စစ်တပ်စစ်ကြောင်း ရှေ့တိုးလာ ■ကိုးကန့်ရွာကိုလည်း စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်

    စစ်တပ် စစ်ကြောင်းတွေ နောင်ချိုနဲ့ ပိုနီးလာ ■ပြင်ဦးလွင်ကလာတဲ့ စစ်တပ်စစ်ကြောင်း ရှေ့တိုးလာ ■ကိုးကန့်ရွာကိုလည်း စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်

    စစ်တပ် စစ်ကြောင်းတွေ နောင်ချိုနဲ့ ပိုနီးလာ ■ပြင်ဦးလွင်ကလာတဲ့ စစ်တပ်စစ်ကြောင်း ရှေ့တိုးလာ ■ကိုးကန့်ရွာကိုလည်း စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ် ဇူလိုင် ၂၊ ၂၀၂၅။ People’s Spring ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့အနီးမှာ တိုက်ပွဲတွေပြင်းထန်နေပြီး ပြင်ဦးလွင်ကနေလာတဲ့ စစ်ကြောင်းက အုမ္မခါးရွာအထိရောက်လာပြီး နောင်ချိုမြို့နဲ့ နီးကပ်လာနေပြီလို့ နောင်ချိုမြို့ခံတွေက ပြောပါတယ်။ “အခုက မြို့တောင်ဘက်မှာလည်း မျက်ချင်းနုမှာ တိုက်ပွဲတွေချနေတယ်။အခု နောင်ချိုကနေကို လက်နက်ငယ်သံတွေ ကြားနေရတဲ့အထိ ဖြစ်နေပြီ။ ပြင်ဦးလွင်လမ်းပိုင်းကလည်း အုမ္မခါးရောက် လာတယ်”လို့ နောင်ချိုမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ ဒီကနေ့(ဇွန်လ ၂ရက်)မှာလည်း ညနေ ၄နာရီလောက်ကစပြီး မျက်ချင်းနုရွာမှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ၎င်းက ဆက်ပြောပါတယ်။ နောင်ချိုမြို့နယ်မှာအုမ္မခါး၊ မျက်ချင်းနု၊ လုံစံနဲ့ ကျောက်တောကျေးရွာတို့မှာ စစ်ကောင်စီတပ်နဲ့ ဆက်လက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့…

    July 2, 2025
  • ရွှေပြည်သာ အမှတ် ၄ လမ်းမကြီးကို ၈ လမ်းသွားအဖြစ် ချဲ့ထွင်မည်ဟုဆိုကာ စစ်ကောင်စီက ထောင်နှင့်ချီသော နေအိမ်များကို ၈ ရက်အတွင်း ဖယ်ခိုင်းနေပြီး ဂရန်ရှိအိမ်ခြံမြေဝင်းများပါ ဖျက်သိမ်းရန် ခြိမ်းခြောက်ဖိအားပေးနေ

    ရွှေပြည်သာ အမှတ် ၄ လမ်းမကြီးကို ၈ လမ်းသွားအဖြစ် ချဲ့ထွင်မည်ဟုဆိုကာ စစ်ကောင်စီက ထောင်နှင့်ချီသော နေအိမ်များကို ၈ ရက်အတွင်း ဖယ်ခိုင်းနေပြီး ဂရန်ရှိအိမ်ခြံမြေဝင်းများပါ ဖျက်သိမ်းရန် ခြိမ်းခြောက်ဖိအားပေးနေ

    ရွှေပြည်သာ အမှတ် ၄ လမ်းမကြီးကို ၈ လမ်းသွားအဖြစ် ချဲ့ထွင်မည်ဟုဆိုကာ စစ်ကောင်စီက ထောင်နှင့်ချီသော နေအိမ်များကို ၈ ရက်အတွင်း ဖယ်ခိုင်းနေပြီး ဂရန်ရှိအိမ်ခြံမြေဝင်းများပါ ဖျက်သိမ်းရန် ခြိမ်းခြောက်ဖိအားပေးနေ ရန်ကုန်၊ ဇူလိုင် ၂ ရန်ကုန်တိုင်း၊ ရွှေပြည်သာ အမှတ် ၄ လမ်းမကြီးကို ၈ လမ်းသွားအဖြစ် ချဲ့ထွင်မည်ဟုဆိုကာ ထောင်ချီသော နေအိမ်များကို ၈ ရက်အတွင်း ဖယ်ခိုင်းနေပြီး ဂရန်ရှိ အိမ်ခြံမြေဝင်းများကိုပါ စစ်ကောင်စီက ဖျက်သိမ်းရန် ခြိမ်းခြောက်ဖိအားပေးနေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။ ယမန်နေ့ ဇူလိုင်လ ၁ ရက်နေ့ စစ်ကောင်စီက ရွှေပြည်သာမြို့နယ်၊ အမှတ် ၄ လမ်းမကြီးကို ၈ လမ်းသွား လမ်းမကြီးအဖြစ် တိုးချဲ့မည်ဖြစ်၍ လမ်းနယ်နယ်မိတ်နှင့် မလွတ်သော နေအိမ်များ၊…

    July 2, 2025
  • သန်လျင်မြို့နယ်၌ ဖမ်းဆီးခံထားရသူများသည် စစ်ကောင်စီထံ အလင်းဝင်ထားသူများဖြစ်​နေ

    သန်လျင်မြို့နယ်၌ ဖမ်းဆီးခံထားရသူများသည် စစ်ကောင်စီထံ အလင်းဝင်ထားသူများဖြစ်​နေ ဇူလိုင်-၂၊၂၀၂၅။သတိုး/People’s Spring စစ်​ကောင်စီက သန်လျင်မြို့နယ်၌ ယ​နေ့ နံနက်တွင် ဖမ်းဆီးခဲ့သည်ဟုဆိုသူများသည် စစ်ကောင်စီထံ အလင်းဝင်ထားသူများဖြစ်ကြောင်း တော်လှန်အင်အားစုများကပြောသည်။ “အင်္ကျီအဖြူနဲ့ ကောင်က ချစ်ဇင်လင်း၊တောထဲမှာ အာဏာ ငွေကြေး အလွဲသုံးစားလုပ် ရဲဘော်တွေကို နှိပ်စက်ညှင်းပန်းပြီး စကစ ဆီမှာ ပြည်သူတွေ လှူတဲ့ လ-နတွေနဲ့ သူ့လူတွေခေါ်ပြီး အလင်း ဝင်ထားတာ ကြာပြီ ။မြို့ပေါ်က ကျန်ခဲ့တဲ့ ရဲဘော် မိသားစုဝင် တွေကိုတောင်ခြိမ်းခြောက်ခဲ့တဲ့ကောင် ၊ဘေးကသူ့မိန်းမ ထောက်ပို့ အမည်ခံပြီး လိမ်နေရင်း အဖမ်းခံရလို့ကယ်တာ တလရသစ္စာဖောက်ကောင် ဖောက်ပြန်ရေးသမားတွေ၊ဘာမှသနားစရာ စောက်ကြောင်းမရှိဘူး ” ဟု ‌ရဲဘော်တစ်ဦးက စစ်ကောင်စီဘက်က ထုတ်ပြန်ထားသည့် ဓာတ်ပုံနှင့်အတူရေးသားထားသည်။ ယင်းအဖွဲ့သည် ၂၀၂၃ ဇူလိုင်လတွင် လက်နက် ၊…

    July 2, 2025
  • ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထမင်းနှစ်ဇွန်း

    ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထမင်းနှစ်ဇွန်း

    “ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထမင်းနှစ်ဇွန်း” နေပြည်တော်မှာ အကျဉ်းချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အကြောင်း ပေါက်ကြားမှုတွေဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး အရေးကြီးအချက်အလက်တွေ ပါလာတာတွေ့ရပါတယ်။ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် နေမထွက်ခင်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကိုဝင်ရောက်စီးနင်းမှုအကြောင်း၊ CRPH ဖွဲ့ဖို့ ကြိုပြင်ခဲ့လား၊ PDF က လက်နက်ကိုင်တော်လှန်တာ သိလားဆိုတဲ့ မေးခွန်းတွေအကြောင်း နဲ့ ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးကင်မရာကတဆင့် မိနစ်အလိုက်စောင့်ကြည့်ခံနေရတဲ့ အကြောင်းတွေဖြစ်ပါတယ်။ ဒီအကြောင်းတွေ ဘယ်လောက်ခိုင်မာမှုရှိလဲဆိုတာကို ဘီဘီစီက စုံစမ်းရေးသားထားပါတယ်။ ဒီမှတ်တမ်းတွေထဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေ့လယ်စာမှာ ထမင်းနှစ်ဇွန်းပဲ စားတယ်ဆိုလို့ ဆိုထားပြီး ထောင်ဇာတ်လမ်းတစ်ခုကို ညွှန်းဆိုနေပါတယ်။ နေပြည်တော်မှာ အကျဉ်းချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အကြောင်း ပေါက်ကြားမှုတွေဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး အရေးကြီးအချက်အလက်တွေ ပါလာတာတွေ့ရပါတယ်။ သူ့ကို မိနစ်အလိုက်စောင့်ကြည့်ထားတဲ့မှတ်တမ်း၊ ဂါးဒီးယန်းသတင်းဌာနက ထုတ်လိုက်တဲ့ တရားခွင်ဗီဒီယိုနဲ့…

    July 2, 2025
  • လှိုင်သာယာတွင် နိုင်ငံရေးပုဒ်မဖြင့် ဖမ်းဆီးထားသော မဇွန်ပွင့်လှိုင်ကို ရဲများလက်မှ ပစ်ခတ် ကယ်ထုတ်သွားမှု ပြန်လည် ဖမ်းဆီးရရှိဟုဆို

    လှိုင်သာယာတွင် နိုင်ငံရေးပုဒ်မဖြင့် ဖမ်းဆီးထားသော မဇွန်ပွင့်လှိုင်ကို ရဲများလက်မှ ပစ်ခတ် ကယ်ထုတ်သွားမှု ပြန်လည် ဖမ်းဆီးရရှိဟုဆို

    လှိုင်သာယာတွင် နိုင်ငံရေးပုဒ်မဖြင့် ဖမ်းဆီးထားသော မဇွန်ပွင့်လှိုင်ကို ရဲများလက်မှ ပစ်ခတ် ကယ်ထုတ်သွားမှု ပြန်လည် ဖမ်းဆီးရရှိဟုဆို ရန်ကုန်၊ ဇူလိုင် ၂ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် နိုင်ငံရေးပုဒ်မဖြင့် ဖမ်းဆီးထားသော မဇွန်ပွင့်လှိုင်ကို ရဲများလက်မှ ပစ်ခတ် ကယ်ထုတ်သွားမှုမှ လွတ်မြောက်သွားသူနှင့် ကယ်ထုတ်သွားသူများကို လက်နက်များနှင့်အတူ ဖမ်းဆီးရရှိကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ယမန်နေ့ ဇူလိုင်လ ၁ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်အချိန် လှိုင်သာယာမြို့နယ် အရှေ့ပိုင်းရဲစခန်းတွင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည)ဖြင့် ဖမ်းဆီးထားသော မဇွန်ပွင့်လှိုင် အရေးပေါ် နာမကျန်းဖြစ်၍ လှိုင်သာယာမြို့နယ်ဆေးရုံသို့ ဒုရဲအုပ် ၂ ဦးက ခေါ်ဆောင်လာကြောင်း၊ ထိုသို့ ခေါ်ဆောင်လာစဉ် လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၂…

    July 2, 2025
←Previous Page
1 2 3 4 5 … 201
Next Page→

MYIA MM

Proudly powered by WordPress