-
ပဲခူးတွင် ကျောင်းသား ၃၀ ကျော်ကို အဓမ္မပြုကျင့်ခဲ့သည့် ယာယီကျောင်းအုပ်ကို ဖမ်းဆီးစစ်ဆေးနေ
ပဲခူးတွင် ကျောင်းသား ၃၀ ကျော်ကို အဓမ္မပြုကျင့်ခဲ့သည့် ယာယီကျောင်းအုပ်ကို ဖမ်းဆီးစစ်ဆေးနေ ဧရာဝတီတိုင်းမ် ဇန်နဝါရီ ၂၄ ရက် ပဲခူးတိုင်း၊ ပဲခူးမြို့၊ မုက္ကလကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲမှ ယာယီကျောင်းအုပ် ဆရာဖြစ်သူက ကျောင်းသား ၃၀ ကျော်ကို အဓမ္မပြုကျင့်ခဲ့ သည့်အတွက် ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။ အဓမ္မပြုကျင့်ခဲ့သည့် အသက် ၂၉ နှစ်အရွယ် ယာယီကျောင်းအုပ် ဦးသက်ဇော်အောင်ကို ယမန်နေ့ ဇန်နဝါရီ ၂၃ ရက် နံနက်ပိုင်းက ပဲခူးမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူထံက သိရသည်။ “သူထွက်ဆိုတာက အရင်ဆုံး ၁၇ ယောက်ပေါ့။ နောက်မှ ကလေးတွေက တဖြည်းဖြည်း လာထွက် ဆိုကြလို့ အဲ့ဒီလောက်ဆိုတာ သိရတာ။ ထပ်စစ်နေတုန်းပဲ။ လောလောဆယ် ပဲခူးမြို့မရဲစခန်းမှာ ချုပ်ထားတယ်”ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူက…
-
ရန်ကုန်တိုင်းစစ်ဌာန တပ်ရင်း ၅၁၀၂နှင့် ဗျူဟာစစ်ကြောင်း ၁ ကို ကျည်ကာပစ္စည်းများတပ်ဆင်ခြင်းအခမ်းအနား ကျင်းပ
ရန်ကုန်တိုင်းစစ်ဌာန တပ်ရင်း ၅၁၀၂နှင့် ဗျူဟာစစ်ကြောင်း ၁ ကို ကျည်ကာပစ္စည်းများတပ်ဆင်ခြင်းအခမ်းအနား ကျင်းပ ရန်ကုန်၊ ဇန်နဝါရီ ၂၄ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊ ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း၅၁၀၂ နှင့် ဗျူဟာစစ်ကြောင်း ၁ ကို ကျည်ကာပစ္စည်းများတပ်ဆင်ခြင်းအခမ်းအနားကို ရှေ့တန်းတစ်နေရာတွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။ အဆိုပါ အခမ်းအနားကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ရန်ကုန်တိုင်းစစ်ဌာနမှ စစ်ဦးစီးအဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး တပ်ရင်း ၅၁၀၂ နှင့် ဗျူဟာစစ်ကြောင်း ၁ မှ ရဲဘော်များကို ကျည်ကာအင်္ကျီ၊ ကျည်ကာပြားနှင့် ကျည်ကာဦးထုပ်တို့ကို တပ်ဆင်ပေးခဲ့ကြောင်း သိရှိရသည်။
-
မန္တလေးမှာ စစ်အုပ်စုက ဆိုက်ဘာလုံခြုံရေး ဥပဒေ အကြောင်းပြပြီး ဖမ်းဆီးငွေညှစ်မှုတွေ ပိုလုပ်လာ၊ ဖုန်းစစ်ဆေးရာမှာ VPN သာမက ဖုန်း Contact list တွေအထိ စစ်ဆေးနေ၊
မန္တလေးမှာ စစ်အုပ်စုက ဆိုက်ဘာလုံခြုံရေး ဥပဒေ အကြောင်းပြပြီး ဖမ်းဆီးငွေညှစ်မှုတွေ ပိုလုပ်လာ၊ ဖုန်းစစ်ဆေးရာမှာ VPN သာမက ဖုန်း Contact list တွေအထိ စစ်ဆေးနေ၊ ဇူဇူး/MFP၊ ဇန်နဝါရီ – ၂၄ မန္တလေးမြို့မှာ ယခု ဇန်နဝါရီ လဆန်းကစလို့ စစ်အုပ်စုက လမ်းသွားလမ်းလာ ပြည်သူတွေကို ဖမ်းဆီးစစ်ဆေး ငွေညှစ်တာတွေ ပိုမို လုပ်ဆောင်နေပြီး ဖုန်းတွေကို အဓိကထား စစ်ဆေးနေတယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။ ဇန်နဝါရီလ ၁ရက်မှာ စစ်အုပ်စုက ဆိုက်ဘာလုံခြုံရေး ဥပဒေကို အတည်ပြုပြီးနောက် အခုလို စစ်ဆေး ငွေညှစ်တာတွေ ပိုလုပ်နေတာ ဖြစ်ပြီး ဖုန်းတွေကို စစ်ဆေးရာမှာ VPN (Virtual Private Network) သာမက…
-
ရန်ကုန်မြို့ခံများ ညဘက် ဖုန်းမီးရောင်ဖြင့် သွားလာနေရ၊ ခိုးဆိုး လုယက်မှုများဖြင့် မလုံမခြုံ ဖြစ်နေ
ရန်ကုန်မြို့မှာ ညဘက်လျှပ်စစ်မီးမလာလို့ မြို့ခံတွေဟာ ဖုန်းမီးရောင်ကို အားကိုး သွားလာနေကြပြီး လုံခြုံမှုမရှိ သူခိုးနဲ့ ဒုစရိုက်သမားတွေ သောင်းကျန်းလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။ အရင်ကမီးထိန်ထိန်လင်းပြီးစည်ကားခဲ့တဲ့ ရန်ကုန်မြို့ရဲ့ ညတွေဟာ အခုတော့ ဖုန်းမီးကိုအားပြုပြီး ခပ်သွက်သွက်သွားလာရတဲ့အခြေအနေအထိ ပြောင်းလဲလာသလို သူခိုးတွေသောင်းကျန်းလို့ သာမန်ပြည်သူတွေသာမက ပုဂ္ဂလိက လုံခြုံရေးဝန်ထမ်းတွေပါ ညဘက်အလုပ်ဆင်းရတာ စိုးရိမ်စရာဖြစ်လာတယ်လို့ ပန်းဘဲတန်းမြို့နယ်က ပုဂ္ဂလိကလုံခြုံရေးအဖွဲ့ဝင် တယောက်က ပြောပါတယ်။ “ညတိုင်းလိုလိုပတ်နေတာ သူခိုးက။ ရဲလည်း လာတော့လာတာပဲ။ သူတို့ကရှေ့ကသွား။ သူတို့ကနောက်ကဝင်ပေါ့။ မီးကတော့ညတိုင်းလိုလို ပျက်တာပဲ။ မီးပျက်တဲ့ရက်တွေ ပိုဂရုစိုက်ရတယ်။ ကျန်တဲ့အချိန်ကတော့ မီးလေးလာနေရင် နည်းနည်း သာသာယာယာ ရှိတာပေါ့။ မီးမလာတဲ့အချိန်ကျတော့ ပိုစိုးရိမ်ရတာပေါ့။ ကိုယ်ကလည်း ကိုယ့်နယ်မြေမဟုတ်တော့ ဂရိုစိုက်ရတာပေါ့။ ခိုးတာကတော့ ပိုးဆိုးပက်စက်။ ရဲကရှေ့ကသွား။ သူတို့က နောက်ကဝင်။ ပတ်တာကတော့…
-
ရေးတွင် ခလရ-၃၁ လက်အောက်ခံ စခန်းတစ်ခု တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံး
ရေးတွင် ခလရ-၃၁ လက်အောက်ခံ စခန်းတစ်ခု တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံး ဧရာဝတီတိုင်းမ် (ခေါဇာ)၊ ဇန်နဝါရီ ၂၄ ရက် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့အခြေစိုက် စစ်ကောင်စီ ခလရ-၃၁ တပ်ရင်းလက်အောက်ခံ စခန်းတစ်ခုကို ယမန်နေ့ ဇန်နဝါရီ ၂၃ ရက်နေ့ နံနက်ပိုင်းက တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF) ထံက သိရသည်။ ခလရ-၃၁ တပ်ရင်းအနီးရှိ စစ်ကောင်စီ၏ မီးတိုင်တတ် စခန်းမှာ အင်အား ၃၀ ဝန်းကျင်ရှိ စစ်ကောင်စီစခန်းတစ်ခုဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ရာ မိနစ် လေးဆယ် ဝန်းကျင်တိုက်ပွဲအတွင်း စစ် ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦးသေဆုံးခဲ့ပြီး သုံး ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ “ပထမ တပ်မှူးတွေရဲ့ သတင်းပို့ချက်အရ အလောင်းနှစ်လောင်းနဲ့ ဒဏ်ရာရတဲ့…
-
မြစ်ကြီးနားလေတပ်ကို KIA က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှုဖြစ်ပွားပြီး ဗန်းမော်ရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ်များကို တော်လှန်ရေးတပ်များက အပြီးသတ် ထိုးစစ်ဆင်နေ
မြစ်ကြီးနားလေတပ်ကို KIA က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှုဖြစ်ပွားပြီး ဗန်းမော်ရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ်များကို တော်လှန်ရေးတပ်များက အပြီးသတ် ထိုးစစ်ဆင်နေ ရန်ကုန်၊ ဇန်နဝါရီ ၂၄ ကချင်ပြည်နယ်၊ မြစ်ကြီးနားလေတပ်အတွင်းသို့ KIA ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဇန်နဝါရီလ ၂၃ ရက်နေ့ ညနေ ၄ နာရီကျော်အချိန် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ လေတပ်ဝင်းအတွင်းသို့ KIA က ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ရှော့တိုက်ဒုံးသည် လေတပ်ဝင်းအတွင်းတွင် ကျရောက်ပေါက်ကွဲခဲ့သော်လည်း တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။ “ဟုတ်တယ်။ မြစ်ကြီးနား လေတပ် ကို ငါတို့လက်နက်ကြီးနဲ့ပစ်တာပါ” ဟု KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မြစ်ကြီးနားလေတပ်မှာ KIA…
-
ဗန်းမော်မြို့ရှိ စစ်ကောင်စီ သံချပ်ကာတပ်ရင်းကို KIA ပူးပေါင်းတပ် သိမ်းပိုက်၊ သံချပ်ကာယာဉ် ၄စီး ရဟုဆို
ဗန်းမော်မြို့ရှိ စစ်ကောင်စီ သံချပ်ကာတပ်ရင်းကို KIA ပူးပေါင်းတပ် သိမ်းပိုက်၊ သံချပ်ကာယာဉ် ၄စီး ရဟုဆို ဟန်နွေ/People’s Spring ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးဆောင်ရွက်လျက်ရှိသည့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က ယနေ့(ဇန်နဝါရီ ၂၄ရက်)တွင် စစ်ကောင်စီ၏ ဗန်းမော်အခြေစိုက် သံချပ်ကာ တပ်ရင်းသိမ်းပိုက်ရာ သံချပ်ကာယာဉ် ၄စီးကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ KIAနှင့် မဟာမိတ်တပ်များသည် ယနေ့တွင် ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ်များကို ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့သည်။ “ဗန်းမော် သံချပ်ကာ တပ်ရင်းသိမ်းပိုက်။ သံချပ်ကာ တင့်ကား ၄စီး သိမ်းဆည်းရရှိထား” ဟု ကချင်စစ်ရေး သတင်းရင်းမြစ်က ယနေ့ နေ့လည်ပိုင်းတွင် ပြောသည်။ ယင်းနှင့်ပတ်သက်၍ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူအား ဆက်သွယ်မေးမြန်းရာ သံချပ်ကာတပ်ကို ဝင်စီးပြီး သံချပ်ကာ…
-
ဆိပ်ဖြူ အခြေစိုက် ငွေစက္ကူရိုက်ထုတ်နေသော ဝါဇီစက်ရုံ အပါအဝင် စစ်တပ်ဂိတ်စခန်းများကို ရှော့တိုက်ဒုံး၊ ဒရုန်း၊ လက်နက် ကြီးများဖြင့် တိုက်ခိုက်မှု စက်ရုံလိုင်းခန်းအဆောက်အအုံများ ထိခိုက်ပျက်စီး
ဆိပ်ဖြူ အခြေစိုက် ငွေစက္ကူရိုက်ထုတ်နေသော ဝါဇီစက်ရုံ အပါအဝင် စစ်တပ်ဂိတ်စခန်းများကို ရှော့တိုက်ဒုံး၊ ဒရုန်း၊ လက်နက် ကြီးများဖြင့် တိုက်ခိုက်မှု စက်ရုံလိုင်းခန်းအဆောက်အအုံများ ထိခိုက်ပျက်စီး ရန်ကုန်၊ ဇန်နဝါရီ ၂၄ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ငွေစက္ကူရိုက်ထုတ်နေသော ဝါဇီစက်ရုံအပါအဝင် စစ်တပ်ဂိတ်စခန်းများကို ရှော့တိုက်ဒုံး၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဝါဇီစက်ရုံအတွင်းရှိ လိုင်းခန်းအဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိန်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦး (B.H.S.R.F) တပ်ဖွဲ့မှ ကိုCyrus က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်ကစတင်ပြီး နိုင်ငံ့ငွေတန်ဖိုး ကျဆင်းစေမှုတွင် အဓိက အခန်းကဏ္ဍမှ ပါ၀င်၍ အကြမ်းဖက်စစ်ကောင်စီ ခိုင်းသမျှ ငွေစက္ကူ ထုတ်လုပ်ပေးနေသော ဆိပ်ဖြူ မြို့နယ်အတွင်းရှိ…
-
ကိုယ်ပိုင်သံစဉ်အဆိုတော် မာရဇ္ဇ ကျောက်ကပ်ရောဂါဖြင့် ကွယ်လွန်
ကိုယ်ပိုင်သံစဉ်အဆိုတော် မာရဇ္ဇ ကျောက်ကပ်ရောဂါဖြင့် ကွယ်လွန် ဆဏ်း /People’s Spring ကိုယ်ပိုင်သံစဉ်သီချင်းတွေနဲ့ ပရိသတ် အားပေးမှုရရှိထားတဲ့ ဝါရင့်အဆိုတော် မာရဇ္ဇဟာ ကျောက်ကပ်ရောဂါနဲ့ ဗဟိုစည်ဆေးရုံမှာ ကွယ်လွန်သွားတယ်လို့ သူ့ရဲ့ မိသားစုဝင်တစ်ဦးကပြောပါတယ်။ “မနေ့ည(ဇန်နဝါရီ ၂၃ရက်) ၁၁ နာရီ ၅ မိနစ်မှာဆုံးသွားတာပါ။ နာရေးကိုတော့ မနက်ဖြန် နေ့လည်ရေဝေးမှာပြုလုပ်မှာပါ” လို့ သူ့ရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။ အဆိုတော်မာရဇ္ဇက မြန်မာအနုပညာလောကမှာ ကိုယ်ပိုင်သံစဉ် သီချင်းတွေနဲ့ ရပ်တည်နိုင်ခဲ့တဲ့ အဆိုတော်တစ်ဦးပါ။ ကွယ်လွန်ချိန်မှာ အသက်(၅၈)နှစ်အရွယ်ရှိပြီဖြစ်ပြီး အနုပညာမောင်နှမတွေအပါအဝင် ပရိသတ်တွေက နှမြောရကြောင်း လူမှုကွန်ရက်မှာရေးသားထားကြပါတယ်။ “ကိုမာကြီးရေ စိတ်မကောင်းဘူးဗျာ ကောင်းရာသုဂတိလားပါစေဗျာ အေးချမ်းပါစေဗျာ” လို့ အဆိုတော် R ဇာနည်က စိတ်မကောင်းကြောင်း ရေးသားထားပါတယ်။ အဆိုတော် မာရဇ္ဇက ဆွဲအား…
-
ဗန်းမော်မြို့အပြီးသတ်သိမ်းနိုင်ရေး KIA ထိုးစစ်အရှိန်ထပ်မံမြှင့်တင်၍ ယနေ့ နံနက် တိုက်ပွဲပြင်းထန်
ဗန်းမော်မြို့အပြီးသတ်သိမ်းနိုင်ရေး KIA ထိုးစစ်အရှိန်ထပ်မံမြှင့်တင်၍ ယနေ့ နံနက် တိုက်ပွဲပြင်းထန် ဟန်နွေ/People’s Spring ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ကချင် လွတ်လပ်ရေးတပ်မတော်(KIA) မဟာမိတ် ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ် အကြား ယနေ့(ဇန်နဝါရီ ၂၄ရက်)နံနက်တွင် တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ KIA ပူးပေါင်းတပ်သည် ၂၀၂၄ ဒီဇင်ဘာ ၄ရက် ကတည်းက ဗန်းမော်မြို့သိမ်း စစ်ဆင်ရေးဆောင်ရွက်နေခြင်းဖြစ်ပြီး ထိုးစစ်အရှိန်ကို လိုအပ်လျင်လိုအပ်သလို အရှိန်မြှင့် ဆောင်ရွက် နေခြင်းဖြစ်သည်။ ဇန်နဝါရီ ၆ရက်က ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်ခဲ့ပြီး ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တိုက်ပွဲအနည်းငယ် ငြိမ်သက်နေရာ ယနေ့ ဇန်နဝါရီ ၂၄ရက် နံနက် ၆နာရီမှစ၍ KIA ပူးပေါင်းတပ်က ထပ်မံ၍ ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ” ဒီမနက် ဗန်းမော်မှာတိုက်ပွဲရက်စက်…