ကိုယ်ပိုင်သံစဉ်အဆိုတော် မာရဇ္ဇ ကျောက်ကပ်ရောဂါဖြင့် ကွယ်လွန်
ဆဏ်း /People’s Spring
ကိုယ်ပိုင်သံစဉ်သီချင်းတွေနဲ့ ပရိသတ် အားပေးမှုရရှိထားတဲ့ ဝါရင့်အဆိုတော် မာရဇ္ဇဟာ ကျောက်ကပ်ရောဂါနဲ့ ဗဟိုစည်ဆေးရုံမှာ ကွယ်လွန်သွားတယ်လို့ သူ့ရဲ့ မိသားစုဝင်တစ်ဦးကပြောပါတယ်။
“မနေ့ည(ဇန်နဝါရီ ၂၃ရက်) ၁၁ နာရီ ၅ မိနစ်မှာဆုံးသွားတာပါ။ နာရေးကိုတော့ မနက်ဖြန် နေ့လည်ရေဝေးမှာပြုလုပ်မှာပါ” လို့ သူ့ရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
အဆိုတော်မာရဇ္ဇက မြန်မာအနုပညာလောကမှာ ကိုယ်ပိုင်သံစဉ် သီချင်းတွေနဲ့ ရပ်တည်နိုင်ခဲ့တဲ့ အဆိုတော်တစ်ဦးပါ။
ကွယ်လွန်ချိန်မှာ အသက်(၅၈)နှစ်အရွယ်ရှိပြီဖြစ်ပြီး အနုပညာမောင်နှမတွေအပါအဝင် ပရိသတ်တွေက နှမြောရကြောင်း လူမှုကွန်ရက်မှာရေးသားထားကြပါတယ်။
“ကိုမာကြီးရေ စိတ်မကောင်းဘူးဗျာ ကောင်းရာသုဂတိလားပါစေဗျာ အေးချမ်းပါစေဗျာ” လို့ အဆိုတော် R ဇာနည်က စိတ်မကောင်းကြောင်း ရေးသားထားပါတယ်။
အဆိုတော် မာရဇ္ဇက ဆွဲအား ၊အိပ်ရေးပျက် ၊ ရင်သို့တိုးဝှေ့ဆဲပါခိုင် ၊ မအေးကိုချစ်လို့ပါ ၊ ဒွိဟ ၊ မုန်းခိုင်းတိုင်း မမုန်းနိုင်ဘူး ၊ ဟင်္သာတို့ရဲ့ နန်းတော်ရှေ့ ၊ ဝေးဝေးကလွမ်းအပါအဝင် ပရိသတ်အားပေးမှုရရှိခဲ့တဲ့ သီချင်းများစွာကို သီဆိုခဲ့သူပါ။
ဓာတ်ပုံ − မာရဇ္ဇ/ဖေ့စ်ဘွတ်ခ်
မာကြီး(မာရဇ္ဇ) ရဲ့
နောက်ဆုံးခရီးကို(25-2-2025)စနေနေ့
နေ့လည်၂း၀၀ မှ၃:၀၀
ရေဝေးသုဿာန်တွင်ပို့ဆောင်ပါမည်။
မာကြီးကိုချစ်သောသူများအားသိစေအပ်ပါသည်။
Kaung Sett