-
တနိုင်းရှိ ရွှေမှော်ကို စစ်ကောင်စီလေကြောင်း တိုက်ခိုက် ▪️ကနဦးသတင်းများအရ ပြည်သူ ၁၀ဦးထက်မနည်းသေဆုံး၊ ဒဏ်ရာရသူ များပြား
တနိုင်းရှိ ရွှေမှော်ကို စစ်ကောင်စီလေကြောင်း တိုက်ခိုက် ▪️ကနဦးသတင်းများအရ ပြည်သူ ၁၀ဦးထက်မနည်းသေဆုံး၊ ဒဏ်ရာရသူ များပြား ဟန်နွေ ၊အိမ်သွင် /People’s Spring ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ရှိ လပူခရွှေမှော်ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သေဆုံးသူ ၁၀ဦးထက်မနည်းရှိခဲ့ပြီး အများအပြားဒဏ်ရာရခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။ စစ်ကောင်စီသည် ယနေ့ (ဇန်နဝါရီ ၁၁ရက်) နံနက် ၁၁နာရီဝန်းကျင်တွင် တပိုင်တနိုင်ရွေတူးသူများရှိနေသည့် နေရာကို ဗုံးကြဲခြင်းဟု ဒေသခံများကပြောသည်။ “ရုပ်အလောင်းသိရတာတွေရော မသိရသေးတာတွေရော ၁၂ဦး အနည်းဆုံးရှိတယ်။ သေဆုံးတာ။ ဒဏ်ရာရတွေလည်း ဆေးရုံမှာ” ဟု ဒေသခံတဦးကပြောသည်။ အခြားသတင်းရင်းမြစ်အချို့၏ပြောကြားချက်တွင် လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသူရုပ်အလောင်း ၁၀ခုကောက်ရထားပြီး ၈ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း၊ ပျောက်ဆုံးသူများလည်း ရှိနေသည်ဟု ဆိုသည်။ အခြား ကချင်စစ်ရေးသတင်းရင်းမြစ်၏…
-
အနန်းကွင်းဗျူဟာကုန်းစခန်းကို စစ်ကူလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင် ထုတ်ပြန်
အနန်းကွင်းဗျူဟာကုန်းစခန်းကို စစ်ကူလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင် ထုတ်ပြန် ဇန်နဝါရီ ၁၁၊ ၂၀၂၅ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းဗျူဟာကုန်းစခန်းကို စစ်ကူလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင်ကို Lion Battalion Commando စစ်ကြောင်းက ယနေ့ထုတ်ပြန်လိုက်ပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားအများအပြား ထိခိုက်သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ Lion Battalion Commando စစ်ကြောင်းက လွန်ခဲ့တဲ့နှစ်ရက်က သတင်းထုတ်ပြန်ခဲ့ပါသေးတယ်။
-
မန္တလေးတက္ကသိုလ်အနီးရှိ KBZ ဘဏ် ဓားပြတိုက်ခံရ
မန္တလေးတက္ကသိုလ်အနီးရှိ KBZ ဘဏ် ဓားပြတိုက်ခံရ ဆိုင်းမင်း၊ရှိန်း / People’s Spring မန္တလေးမြို့ ၊ မန္တလေး တက္ကသိုလ် ဘေးမှာရှိတဲ့ ကမ္ဘောဇဘဏ်ခွဲ (KBZ) ဒီနေ့ ဇန်နဝါရီလ ၁၁ ရက် နေ့ခင်းပိုင်း ၂ နာရီခွဲခန့်က ဓားပြ တိုက်ခံလိုက်ရတယ်လို့သိရပါတယ်။ မန္တလေး တက္ကသိုလ်ဘေးမှာရှိတဲ့ KBZ ဘဏ်ကို သေနတ်အတိုကိုင်ဆောင်ထားတဲ့အမျိုးသားတစ်ဦးဝင်ရောက်လာပြီး ဓားပြတိုက်သွားတာလို့ ဖြစ်စဉ်ကိုသိတဲ့မန္တလေးအခြေစိုက် အခြားသော KBZ ဘဏ်ခွဲက အမျိုးသမီးဝန်ထမ်းတစ်ဦးက ပြောပါတယ်။ ဓားပြက အသင့်ယူလာတဲ့ ကျောပိုးအိတ်ထဲ ငွေထည့်ပြီး ဘဏ်ကနေ ပြန်ထွက်ချိန်မှာ ဝိုင်းဝန်းဖမ်းဆီးခံရတာဖြစ်ပြီး သေနတ်နဲ့ ပြန်ပစ်လို့ ဘဏ်ဒုမန်နေဂျာအမျိုးသားလက်မောင်းထိမှန်ခဲ့ရတယ်လို့လည်း အဲဒီဝန်ထမ်းထံက သိရပါတယ်။ စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာလည်း KBZ ဘဏ်ဓားပြတိုက်တာကို ဖြန့်ဝေထားပါတယ်။ လုပ်သေနတ်နဲ့ဓားပြတိုက်တာဖြစ်ပြီး ဘဏ်လုံခြုံရေးနဲ့…
-
AA ဝင်မလာစေရေး ခံစစ်ပြင်ထားသည့် စစ်ကောင်စီတပ်များမှထွက်ပြေးသည့်တပ်ပြေး ရာချီရှိလာ
AA ဝင်မလာစေရေး ခံစစ်ပြင်ထားသည့် စစ်ကောင်စီတပ်များမှထွက်ပြေးသည့်တပ်ပြေး ရာချီရှိလာ မင်းထက် မဇ္စျိမ။ ။ဧရာဝတီတိုင်းအတွင်းသို့ အာရက္ခတပ်တော်(AA)တပ်ဖွဲ့များဝင်မလာရေး ခံစစ်ပြင်ထားသည့် နေရာများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ မကြာခဏထွက်ပြေးနေပြီး တပ်ပြေးဦးရေ ရာချီရှိကြောင်း ဒေသခံ များနှင့် တော်လှန်ရေးအင်အားစုများက မဇ္စျိမကိုပြောသည်။ ဧရာဝတီတိုင်းသို့ အဓိကဝင်ပေါက်ဖြစ်သည့် ဂွ-ငါးသိုင်းချောင်းလမ်းပေါ်တွင် ခံစစ်ပြင်ထားသောနေရာ များနှင့် အမှတ်(၃၄၄)အမြောက်တပ်တို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များထွက်ပြေးနေသည်ဟု ငါးသိုင်းချောင်း ဒေသခံများက ဆိုသည်။ ထို့ပြင် ဂွမြို့နယ်နှင့်ထိစပ်နေသည့် ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့အတွင်း ခံစစ်ပြင်ထားသည့် စစ်ကောင် စီတပ်များမှတပ်ဖွဲ့ဝင်များလည်း ထွက်ပြေးနေကြကြောင်း မကျီးဇင်ဒေသခံများက ပြောသည်။ ယင်းသို့ထွက်ပြေးနေသည်မှာ AA က ဂွမြို့သိမ်းတိုက်ပွဲဖော်ဆောင်ခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလလယ် ခန့်ကတည်းကဖြစ်သည်ဟု ဒေသခံများ၏ အဆိုအရသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ဒီဇင်ဘာလကုန်ခန့်က ဂွ-ငါးသိုင်းချောင်းလမ်းပေါ်ရှိ အမှတ်(၃၄၄) အမြောက်တပ်သို့…
-
နေပြည်တော်၊ တပ်ကုန်းတွင် စစ်တပ်စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရမှု ၆ ဦး ဒဏ်ရာရကာ ၁ ဦးသေဆုံးနိုင်
နေပြည်တော်၊ တပ်ကုန်းတွင် စစ်တပ်စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရမှု ၆ ဦး ဒဏ်ရာရကာ ၁ ဦးသေဆုံးနိုင် ရန်ကုန်၊ ဇန်နဝါရီ ၁၁ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် နယ်မြေရှင်းလင်းရန် ထွက်လာသည့် အင်အား ၄၆ ဦးပါ စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး ဒဏ်ရာရရှိကာ ၁ ဦးသေဆုံးနိုင်ကြောင်း ရဲကြေးနန်းအစီရင်ခံစာနှင့် ရဲသတင်းရင်းမြစ်ထံမှ သိရှိရသည်။ ယမန်နေ့ ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် လေကြောင်းရန်ကာကွယ်ရေးတပ်ရင်း (လကတ ၂၀၂၃) မှ ဗိုလ်ကြီး ကောင်းခန့် ဦးဆောင်သော အင်အား ၁၀ ဦး၊ လေကြောင်းရန် ကာကွယ်ရေး အီလက်ထရောနစ် စစ်ဆင်ရေးတပ်ရင်း…
-
မင်္ဂလာတောင်ညွန့်တွင် ကား ၂ စီး တိုက်မှု ဖြစ်ပွားပြီးနောက် အတိုက်ခံရသည့်ကားပေါ်လိုက်ပါသူ ကိုရန်နိုင်မင်းကို ရပ်ကွက်လူမိုက်အဖွဲ့က အကြောင်းမဲ့ ၀ိုင်းရိုက်သဖြင့် သေဆုံး၊ ရဲတိုင်သော်လည်း ထိရောက်စွာ အရေးယူမှုမရှိ
မင်္ဂလာတောင်ညွန့်တွင် ကား ၂ စီး တိုက်မှု ဖြစ်ပွားပြီးနောက် အတိုက်ခံရသည့်ကားပေါ်လိုက်ပါသူ ကိုရန်နိုင်မင်းကို ရပ်ကွက်လူမိုက်အဖွဲ့က အကြောင်းမဲ့ ၀ိုင်းရိုက်သဖြင့် သေဆုံး၊ ရဲတိုင်သော်လည်း ထိရောက်စွာ အရေးယူမှုမရှိ ရန်ကုန်၊ ဇန်နဝါရီ ၁၁ ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကား ၂ စီး တိုက်မှု ဖြစ်ပွားပြီးနောက် အတိုက်ခံရသည့် ကားပေါ်လိုက်ပါလာသူ အသက် ၃၄ နှစ်အရွယ် ကိုရန်နိုင်မင်းကို ကားတိုက်မှုဖြစ်ပွားရာအနီးရှိ ရပ်ကွက်မှ လူမိုက်အဖွဲ့က ဝိုင်းဝန်း ရိုက်နှက်သဖြင့် ကိုရန်နိုင်မင်း သေဆုံးခဲ့ကြောင်း သေဆုံးသူ၏ မိတ်ဆွေတချို့က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၄ ရက်နေ့တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ၁၁၅ လမ်းထိပ်တွင် အသက် ၃၄ နှစ်အရွယ် ကိုရန်နိုင်မင်းနှင့်မိသားစုလိုက်ပါလာသော ကားကို အခြား…
-
“အညာမြေ စစ်ကိုင်းတိုင်းမှာ တော်လှန်ရေးရဲဘော် ၁၇၇၃ဦးကျဆုံး RIP အလေးနီပြုပါတယ်”
“အညာမြေ စစ်ကိုင်းတိုင်းမှာ တော်လှန်ရေးရဲဘော် ၁၇၇၃ဦးကျဆုံး RIP အလေးနီပြုပါတယ်”
-
MDY-PDF ရဲ့ စစ်သင်တန်းနည်းပြ အမျိုးသမီးများ
MDY-PDF ရဲ့ စစ်သင်တန်းနည်းပြ အမျိုးသမီးများ ——— ၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာခဲ့တဲ့ နွေဦးတော်လှန်ရေးမှာ အမျိုးသားတွေနဲ့တန်းတူ အမျိုးသမီးတော်လှန်ရေးသမားများစွာဟာလည်း လက်နက်ကိုင်တပ်ဖွဲ့အသီးသီးမှာ ကျရာအခန်းကဏ္ဍကနေ ပါဝင်နေကြပါတယ်။ ဒီရုပ်သံမှာတော့ စစ်ကောင်စီကို ခြေသံလုံလုံနဲ့ တိုက်ခိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) MDY-PDF ရဲ့ စစ်သင်တန်းတွေမှာ နည်းပြအဖြစ် တာဝန်ယူထားကြတဲ့ အမျိုးသမီးတွေ အကြောင်းကို ကြည့်ရှုနိုင်ပါတယ်။ ရိုက်ကူး၊ တင်ဆက် – မိုးဦး၊ စထွန်းအောင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)-MDY-PDF ၏ အခြေခံစစ်ပညာသင်တန်း သင်တန်းအမှတ်စဉ် (၁၅) ပုံရိပ်များ ဖြစ်သည်။ အဆိုပါ အခြေခံစစ်ပညာသင်တန်းကို ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်ခဲ့ပြီး ၃လအကြာ ဒီဇင်ဘာလကုန်ရက်များတွင် သင်တန်းပြီးစီးခဲ့ကာ အင်အားရာဂဏန်းအထိ ရှိကာ MDY-PDF နည်းပြများကသာ ဦးဆောင်သင်တန်းပေးခဲ့ကြောင်း သိရသည်။ MDY-PDF…
-
ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၆၂ အနီး စစ်တပ်နှင့်တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲဖြစ်ပွား
ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၆၂ အနီး စစ်တပ်နှင့်တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲဖြစ်ပွား ဇန်နဝါရီ ၁၁ ရက် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၆၂ အနီးတွင် တော်လှန်ရေး တပ်ဖွဲ့နှင့် စစ်တပ်တို့ ထိပ်တိုက် တွေ့ဆုံကာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကား ပျက်စီးခဲ့ကြောင်း Aung San’s Land Natmauk အဖွဲ့တာဝန်ခံ ကိုဘာမထီ က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီ ၁၀ ရက်နေ့ နံနက် ၄ နာရီခန့်အချိန် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၆၂ အထိ တော်လှန်ရေး တပ်ဖွဲ့များ ရောက်ရှိလာပြီးနောက် ရွာသစ်ကျေးရွာအနီးတွင် အကြမ်းဖက် စစ်ကားနှင့် ထိပ်တိုက်တွေ့ဆုံကာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊တိုက်ပွဲအတွင်း စစ်ကားပျက်စီးခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ…