MDY-PDF ရဲ့ စစ်သင်တန်းနည်းပြ အမျိုးသမီးများ
———
၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာခဲ့တဲ့ နွေဦးတော်လှန်ရေးမှာ အမျိုးသားတွေနဲ့တန်းတူ အမျိုးသမီးတော်လှန်ရေးသမားများစွာဟာလည်း လက်နက်ကိုင်တပ်ဖွဲ့အသီးသီးမှာ ကျရာအခန်းကဏ္ဍကနေ ပါဝင်နေကြပါတယ်။
ဒီရုပ်သံမှာတော့ စစ်ကောင်စီကို ခြေသံလုံလုံနဲ့ တိုက်ခိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) MDY-PDF ရဲ့ စစ်သင်တန်းတွေမှာ နည်းပြအဖြစ် တာဝန်ယူထားကြတဲ့ အမျိုးသမီးတွေ အကြောင်းကို ကြည့်ရှုနိုင်ပါတယ်။
ရိုက်ကူး၊ တင်ဆက် – မိုးဦး၊ စထွန်းအောင်
ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)-MDY-PDF ၏ အခြေခံစစ်ပညာသင်တန်း သင်တန်းအမှတ်စဉ် (၁၅) ပုံရိပ်များ ဖြစ်သည်။
အဆိုပါ အခြေခံစစ်ပညာသင်တန်းကို ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်ခဲ့ပြီး ၃လအကြာ ဒီဇင်ဘာလကုန်ရက်များတွင် သင်တန်းပြီးစီးခဲ့ကာ အင်အားရာဂဏန်းအထိ ရှိကာ MDY-PDF နည်းပြများကသာ ဦးဆောင်သင်တန်းပေးခဲ့ကြောင်း သိရသည်။
MDY-PDF သည် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်(TNLA) ထိန်းချုပ်ဒေသတွင် စတင်စုဖွဲ့ပြီး၊ စစ်ပညာများ သင်ယူလာခဲ့ခြင်းဖြစ်ပြီး MDY-PDF ၏ လက်ရှိအချိန်အထိ စစ်ပညာသင်တန်းအများစုကို TNLA အရာရှိများနှင့် ပူးတွဲဖော်ဆောင်ခဲ့ကြရသော်လည်း ယခုသင်တန်းအမှတ်စဉ် (၁၅) တွင်မှ MDY-PDF ၏ နည်းပြများက သင်တန်းပေးခဲ့ခြင်းဖြစ်သည်။
MDY-PDF ထံ ရောက်ရှိသည့် တော်လှန်ရေးရဲဘော်သစ်များသည် အခြေခံစစ်ပညာသင်တန်းပြီးမြောက်ပါက ရက်အနည်းငယ်အနားရကြပြီးကျွမ်းကျင်ရာကဏ္ဍအလိုက် တာဝန်များခွဲဝေပေးအပ်ခြင်းခံရကာ ရဲဘော်အများစုမှာ တိုက်ခိုက်ရေးတပ်ရင်းများသို့ သွားရောက်၍ တိုက်ပွဲအတွေ့အကြုံများရယူကြရမည်ဖြစ်သည်။
ဓာတ်ပုံ- မိုးဦး/Myanmar Now