-
သင်္ဃန်းကျွန်း၊ ကြီးပွားရေးရပ်ကွက်က စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေသူတွေရှိရာကို လက်ပစ်ဗုံး ပစ်ခတ် သတိပေး
သင်္ဃန်းကျွန်း၊ ကြီးပွားရေးရပ်ကွက်က စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေသူတွေရှိရာကို လက်ပစ်ဗုံး ပစ်ခတ် သတိပေး မတ် ၂၀၊ ၂၀၂၅ ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်က အကြမ်းဖက်စစ်တပ်အတွက် အလုပ်လုပ်ပေးနေတဲ့ ပျူစောထီးတွေရှိရာကို လက်ပစ်ဗုံးတွေနဲ့ သွားရောက်သတိပေးတိုက်ခိုက်ခဲ့တယ်လို့ Mother Son မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ ဗိုလ်နိုင်က မောင်းကိုပြောပါတယ်။ မတ်လ ၂၀ရက်၊ ဒီနေ့ နေ့လယ်ပိုင်းမှာ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်၊ သွားဆေးတက္ကသိုလ်အနောက်ဘက်မှာရှိတဲ့ အောင်သစ္စာလမ်းနေ စစ်အုပ်စုလက်ဝေခံတွေရှိရာကို ပြောက်ကျားတပ်ဖွဲ့ဝင်တွေက လက်ပစ်ဗုံး ၂လုံးနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ “အဲ့ဒီအောင်သစ္စာလမ်းက စစ်တပ်နဲ့ပေါင်းနေတဲ့ ဒလန်တွေ၊ ပျူစောထီးတွေကို သွားရောက်သတိပေးတဲ့အနေနဲ့ တိုက်ခိုက်ခဲ့တာပါ။ အခုကာလက စာမေးပွဲလည်း ဖြေနေကြတဲ့အချိန်ဆိုတော့ အရပ်သားတွေမထိခိုက်ဖို့ စာမေးပွဲဖြေတာပြီးတဲ့အထိ အသင့်စောင့်ပြီး ခွဲခဲ့ပါတယ်။” လို့ Mother Son မြို့ပြပြောက်ကျားတပ်ဖွဲ့…
-
ရန်ကုန်-ပြည် လမ်းပိုင်းရှိ စစ်တပ်၏ အုတ်တွင်း တာဆုံဂိတ်ကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်စဉ် စစ်ကောင်စီ တပ်သား အားလုံး အလံဖြူထောင်၍ စစ်ကွင်းမြို့ထဲ ဝင်ပြေး
ရန်ကုန်-ပြည် လမ်းပိုင်းရှိ စစ်တပ်၏ အုတ်တွင်း တာဆုံဂိတ်ကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်စဉ် စစ်ကောင်စီ တပ်သား အားလုံး အလံဖြူထောင်၍ စစ်ကွင်းမြို့ထဲ ဝင်ပြေး ရန်ကုန်၊ မတ် ၂၀ ရန်ကုန်-ပြည် လမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ်၏ အုတ်တွင်း တာဆုံဂိတ်ကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်စဉ် စစ်ကောင်စီ တပ်သား အားလုံး အလံဖြူထောင်၍ စစ်ကွင်းမြို့ထဲ ဝင်ပြေးလာကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ မတ်လ ၂၀ ရက်နေ့ နံနက် အစောပိုင်း ၁ နာရီ ၃၀ မိနစ်ခန့်တွင် မင်းလှမြို့နယ်အပိုင်း ရန်ကုန်-ပြည် လမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ်၏ အုတ်တွင်း တာဆုံဂိတ်ကို…
-
ဖလမ်း နောက်ဆုံးခံစစ်ဖြစ်သည့် ခလရ ၂၆၈ မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သေဆုံး
ဖလမ်း နောက်ဆုံးခံစစ်ဖြစ်သည့် ခလရ ၂၆၈ မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သေဆုံး မတ် ၂၀၊ ၂၀၂၅ စစ်ကောင်စီတပ်တွေနဲ့ ချင်းညီနောင်တပ်ဖွဲ့တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဖလမ်းမြို့မှာ စစ်ကောင်စီရဲ့ နောက်ဆုံးခံစစ်ဖြစ်တဲ့ အမှတ် ၂၆၈ ခြေလျင်တပ်ရင်း (ခလရ ၂၆၈) က တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဝေလင်းထွန်း ဆိုသူဟာ တိုက်ပွဲအတွင်း သေဆုံးသွားတယ်လို့ တပ်တွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ဖလမ်းမြို့ရဲ့ နောက်ဆုံးလက်ကျန်စခန်း မကျရေးအတွက် ခလရ ၂၆၈ ထံကို တပ်ကူတွေ ပို့ခဲ့ပေမယ့် တပ်ကူတွေရောက်ပြီး နောက်တစ်ရက် မတ်လ ၁၇ ရက်နေ့မှာပဲ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဝေလင်းထွန်း သေဆုံးသွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ “ဖလမ်းမှာက ၂၆၈…
-
နိုင်ငံတကာက ယူကရိန်းအရေးမှာသာ အာရုံစိုက်နေတာကြောင့် မြန်မာ့အရေးကို အာဆီယံ ဦးဆောင်ဖြေရှင်းပေးဖို့ NUG တိုက်တွန်းတောင်းဆို
နိုင်ငံတကာက ယူကရိန်းအရေးမှာသာ အာရုံစိုက်နေတာကြောင့် မြန်မာ့အရေးကို အာဆီယံ ဦးဆောင်ဖြေရှင်းပေးဖို့ NUG တိုက်တွန်းတောင်းဆို မတ် ၂၀၊ ၂၀၂၅ . နိုင်ငံတကာဟာ မြန်မာ့အရေးထက် ယူကရိန်းအရေးမှာသာ အာရုံစိုက်နေတာကြောင့် အာဆီယံအနေနဲ့ ပိုမိုဆိုးရွားလာတဲ့ မြန်မာ့အရေးကို ဦးဆောင်ဖြေရှင်းပေးဖို့ လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုက မြန်မာပြည်သူလူထုအပေါ် အကြမ်းဖက်မှုတွေ တိုးမြှင့်ကျူးလွန်လာမှုနဲ့ စပ်လျဉ်းပြီး နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ မလေးရှားနိုင်ငံရဲ့ ဥက္ကဌအဖြစ် ဦးဆောင်မှုအောက်ကနေ အာဆီယံအနေတဲ့ လူ့အခွင့်အရေးနဲ့ ဒေသတွင်းလုံခြုံရေး အပေါ်ထားရှိတဲ့ ကတိကဝတ်တွေကို ဆက်လက်စောင့်ထိန်းဖို့ လိုအပ်တာကြောင့် မြန်မာ့အရေးမှာ ဝင်ရောက် ဦးဆောင်ဖို့ တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။ နိုင်ငံတကာရဲ့ အာရုံစိုက်မှုတွေက ယူကရိန်းအရေးမှာသာ ဆက်ရှိနေရာ အာဆီယံအနေနဲ့ မြန်မာနိုင်ငံရှိ ပိုမိုဆိုးရွားလာတဲ့…
-
ပေါက်ကွဲအားပြင်းထန်သော ဗုံးများကို အရေအတွက်အများအပြား တိုးမြှင့်ထုတ်လုပ်နိုင်ရေး နိုင်ငံတစ်ဝန်း ဓာတ်မြေဩဇာစက်ရုံများမှ အမိုနီယမ်နိုက်ထရိတ် ၅ ဆတိုး၍ စစ်တပ်က ထုတ်လုပ်ခိုင်းနေ
ပေါက်ကွဲအားပြင်းထန်သော ဗုံးများကို အရေအတွက်အများအပြား တိုးမြှင့်ထုတ်လုပ်နိုင်ရေး နိုင်ငံတစ်ဝန်း ဓာတ်မြေဩဇာစက်ရုံများမှ အမိုနီယမ်နိုက်ထရိတ် ၅ ဆတိုး၍ စစ်တပ်က ထုတ်လုပ်ခိုင်းနေ ရန်ကုန်၊ မတ် ၂၀ မြန်မာနိုင်ငံတစ်ဝန်းမှ တော်လှန်ရေးတပ်များကို ထိုးစစ်ဆင်ရန်အတွက် ပေါက်ကွဲအားပြင်းထန်သော လက်နက် ကြီးများနှင့် ဗုံးများ အရေအတွက်အများအပြား တိုးမြှင့်ထုတ်လုပ်နိုင်ရေး နိုင်ငံတစ်ဝန်း ဓာတ် မြေဩဇာစက်ရုံများမှ အမိုနီယမ်နိုက်ထရိတ် ၅ ဆတိုး၍ စစ်ကောင်စီက ထုတ်လုပ်ခိုင်းနေကြောင်း မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းထံမှ သိရှိရသည်။ စစ်ကောင်စီက ဒရုန်းဗုံး၊ လေယာဉ်ဗုံး၊ ဆင့်ကွဲဗုံးများ၊ လက်နက်ကြီးဗုံးများကို တိုးမြှင့်ထုတ်လုပ်ခိုင်းနေရာတွင် ယင်းသို့ ခဲယမ်းများ ထုတ်လုပ်ရန် အဓိက လိုအပ်နေသော အမိုနီယမ်နိုက်ထရိတ်ကိုလည်း ၅ ဆတိုး၍ ထုတ်လုပ်ခိုင်းနေခြင်းဖြစ်ကြောင်း၊ အမိုနီယမ်နိုက်ထရိတ် မှာ ဗုံးခဲယမ်းများ ထုတ်လုပ်ရာတွင် အဓိကကျသော ဓာတ်ပေါင်းဖြစ်ပြီး ဓာတ်မြေဩဇာစက်ရုံများက…
-
အွန်လိုင်းကနေ ဖုန်းရောင်းသူအမျိုးသမီးကို ချိန်းဆိုကာ ဓားနဲ့ခုတ်ပြီး လုယက်မှု ဖြစ်ပွား
အွန်လိုင်းကနေ ဖုန်းရောင်းသူအမျိုးသမီးကို ချိန်းဆိုကာ ဓားနဲ့ခုတ်ပြီး လုယက်မှု ဖြစ်ပွား မတ် – ၂၀ ၊ ၂၀၂၅ ၊ ဆိုင်းမင်း /People’s Spring မန္တလေးမြို့ ၊ ပုသိမ်ကြီးမြို့နယ်မှာ အွန်လိုင်းကနေ ဖုန်းရောင်းတဲ့အမျိုးသမီးကို ဖုန်းဝယ်ဖို့ ချိန်းဆိုကာ ဓားနဲ့ခုတ်ပြီး ဖုန်းလုယက်မှု မနေ့ (မတ်လ ၁၉ ) က ဖြစ်ပွားခဲ့ပါတယ်။ ပုသိမ် ကြီးမြို့အရှေ့ဘက် ရွှေကျင်တောင်ခြေမှာ မတ်လ၁၉ရက် နေ့ခင်း ၁နာရီဝန်းကျင်က သစ်ပင်ခြေရင်းမှာ ဒဏ်ရာတွေနဲ့ လဲနေတဲ့ အမျိုးသမီးတစ်ဦးကို တွေ့ခဲ့ရတာလို့ ကူညီရေးအဖွဲ့ဝင်တစ်ဦးထံက သိရပါတယ်။ ” ကောင်မလေးက ဒဏ်ရာပြင်းတော့ နေရာမှာတင်လဲကျနေတာ” လို့အဲဒီကူညီရေးအဖွဲ့ဝင်က ပြောပါတယ်။ ဖုန်းဝယ်မယ်ဆိုပြီး အွန်လိုင်းကနေ နေရာချိန်းဆိုကာ ၊ အရောင်းအဝယ်ပြုလုပ်မယ့်နေရာကိုအရောက်မှာ အမျိုးသား…
-
ဧရာဝတီတိုင်း မြို့နယ်သုံးခုမှာ တိုက်ပွဲဖြစ်နေ
ဧရာဝတီတိုင်း မြို့နယ်သုံးခုမှာ တိုက်ပွဲဖြစ်နေ ~~~ ■ ဧရာဝတီတိုင်း လေးမျက်နှာ၊ ရေကြည်နဲ့ သာပေါင်းမြို့နယ်တို့မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်တို့ ဒီရက်ပိုင်းတိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ စစ်ရေးအခြေအကိုသိရှိတဲ့ ဒေသခံတွေက မတ် ၂၀ ရက် ဒီနေ့မှာ ပြောပါတယ်။ လေးမျက်နှာမြို့နယ် ချင်းလယ်ရွာအနီး တိုက်ပွဲအတွင်း မတ် ၁၈ ရက်နေ့မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မတ် ၂၀ ရက်နေ့အထိထည်း တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတယ်လို့ ဆိုပါတယ်။ လေးမျက်နှာမြို့နယ်နဲ့ နယ်မြေတစ်ဆက်တည်းဖြစ်တဲ့ ရေကြည်မြို့နယ်အခြေစိုက် ရေကြည်မြို့နယ်အခြေစိုက် အမတ (၃၄၄) အမြောက်တပ်အနီးမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “ဟုတ်တယ် ဗုံးကြဲသွားတယ်၊ လေးမျက်နှာမြို့နယ်ထဲမှာ။ ရေကြည်မြို့နယ်မှာတော့ ကင်းထောက်လေယာဥ်…
-
မင်္ဂလာဒုံ မှုခင်းရဲတပ်ဖွဲ့ ကင်းစခန်း မိုင်းခွဲတိုက်ခိုက်ခံရ
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အောက်မင်္ဂလာဒုံ လမ်းမကြီးဘေးမှာရှိတဲ့ အမှတ် ၂ မှုခင်းရဲတပ်ဖွဲ့၊ တပ်ခွဲရုံးရဲ့ ကင်းစခန်းကို မတ် ၁၉ ရက် ည ၈ နာရီလောက်က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန်မြို့ပြပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ (RUC) ထံက သိရပါတယ်။ မှုခင်းရဲတပ်ဖွဲ့ရဲ့ ကင်းစခန်း မိုင်းဖောက်ခွဲတိုက်ခိုက်ခံရတာကြောင့် ကင်းစောင့်နေတဲ့ ရဲတပ်ဖွဲ့ဝင် တယောက် ထိခိုက်ဒဏ်ရာရရှိပြီး ညတွင်းချင်း အရေးပေါ် ဆေးရုံပို့ခဲ့ရတယ်လို့ ဆိုပါတယ်။ RUCမြို့ပြပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ တာဝန်ခံရဲဘော် ရဲခေါင်က ”ပြင်းအားမြင့် အဝေးထိန်း မိုင်းထောင်ပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့တာ။ အမှတ် ၂ မှုခင်းရဲတပ်ဖွဲ့ရဲ့ တပ်ခွဲရုံး ကင်းစခန်းကို တိုက်ခိုက်ခဲ့တာ ထိခိုက်မှုတော့ရှိတယ်။ ကင်းစောင့်နေတဲ့သူကတော့ သေဖို့များတယ်။ ညတွင်းချင်း ဆေရုံခေါ်သွားတယ်”လို့ ပြောပါတယ်။ တိုက်ခိုက်မှုတွေကို ထိထိရောက်ရောက်လှုပ်ရှားနိုင်ဖို့နဲ့ ရန်ကုန်ကို အလုံးစုံ…
-
မင်းအောင်လှိုင်ကို ဖမ်း၀ရမ်းထုတ်ရန် ပြင်ဆင်နေသည့် ICC တရားရုံးက ဖိလစ်ပိုင်သမ္မတဟောင်းကို ဖမ်းဆီးတရားစွဲသည့် လုပ်ရပ် မှားယွင်းနေဟု ကြံ့ဖွတ် ဥက္ကဋ္ဌ ခင်ရီ ထွက်ပြော (ရုပ်/သံ)
မင်းအောင်လှိုင်ကို ဖမ်း၀ရမ်းထုတ်ရန် ပြင်ဆင်နေသည့် ICC တရားရုံးက ဖိလစ်ပိုင်သမ္မတဟောင်းကို ဖမ်းဆီးတရားစွဲသည့် လုပ်ရပ် မှားယွင်းနေဟု ကြံ့ဖွတ် ဥက္ကဋ္ဌ ခင်ရီ ထွက်ပြော (ရုပ်/သံ) ရန်ကုန်၊ မတ် ၂၀ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်း၀ရမ်းထုတ်ရန် ပြင်ဆင်နေသည့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး ICC တရားရုံး၏ လုပ်ရပ်များမှာ မှားယွင်းနေကြောင်း ကြံ့ဖွတ် ဥက္ကဋ္ဌ ခင်ရီက ထွက်၍ ပြောဆိုလာသည်။ ယမန်နေ့ ICC တရားရုံး၏လုပ်ရပ်များအပေါ် ကြံ့ဖွတ်ဥက္ကဋ္ဌ ခင်ရီ၏ သုံးသပ်ချက် ဗီဒီယိုကို စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်များမှတစ်ဆင့် ထုတ်ပြန်လိုက်ပြီး ယင်းသုံးသပ်ချက်တွင် ခင်ရီက ဖိလစ်ပိုင် သမ္မတဟောင်း ဒူတာတေးကို ဖမ်းဆီးတရားစွဲဆို စစ်ဆေးနေသော ICC တရားရုံး ၏ လုပ်ရပ်များသည် နိုင်ငံတစ်နိုင်ငံ၏…
-
အာဏာရှင်ဟောင်းမိသားစုများကို အကြမ်းဖက်အဖွဲ့ ထောက်ခံသူများအဖြစ် AA သတ်မှတ်
ငပလီကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော်(AA) က ဗိုလ်ချုပ်သန်းရွှေ၊ ဗိုလ်ချုပ်မောင်အေးတို့၏ မိသားစုပိုင် ကမ်းခြေဟိုတယ်နှစ်လုံးကို သိမ်းယူ၊ ချိပ်ပိတ် လိုက်သည်။ အာရက္ခတပ်တော်(AA) သည် စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်သန်းရွှေ၊ ဗိုလ်ချုပ်မောင်အေးတို့၏ သားသမီးများကို အကြမ်းဖက်အဖွဲ့ နှင့်ပတ်သက်သူများဟု သတ်မှတ်ပြီး ငပလီကမ်းခြေမှ ဟိုတယ်နှစ်လုံးကို ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ချိပ်ပိတ်သိမ်းယူလိုက်သည်။ အဆိုပါဟိုတယ်များမှာ ဗိုလ်ချုပ်သန်းရွှေ၏သား ဦးသန့်ဇော်ရွှေပိုင် Thande Beach Hotel – Ngapali (သံတဲကမ်းခြေဟိုတယ်-ငပလီ)၊ ဗိုလ်ချုပ်မောင်အေး၏သမီး ဒေါ်နန္ဒာအေးပိုင် Pristine Mermaid Resort ဟိုတယ်တို့ဖြစ်သည်။ ဘင်္ဂလားပင်လယ်အော်သို့ မေးတင်ထားသည့် မြန်မာနိုင်ငံ၏အလှပဆုံးကမ်းခြေမှ ထိုဟိုတယ်နှစ်လုံး ဆောက်လုပ်ရန် မြေနေရာအတွက် စစ်တပ်ကဒေသခံလယ်သမားများကို ၂၀၀၀ ပြည့်နှစ်ဝန်းကျင်က ခြိမ်းခြောက်မောင်းထုတ်ခဲ့သည်။ ထိုမိသားစုများသည် ကမ်းခြေဇိမ်ခံဟိုတယ်လုပ်ငန်းမှ အကျိုးအမြတ်များ ဆယ်စုနှစ်နှစ်ခုနီးပါးကြာ ရရှိနေခဲ့ရာမှ…