-
မလှိုင်မြို့ပေါ် စားသောက်ဆိုင်တွင် သောက်စားမူးရူးပြီး ကွမ်းထွက်ဝယ်သည့် တပ်ကြပ်ကြီး အောင်ဝင်းကို ကို PDF ရဲမေများက လက်နက်များနှင့် အတူ အရှင် ဖမ်းမိ
မလှိုင်မြို့ပေါ် စားသောက်ဆိုင်တွင် သောက်စားမူးရူးပြီး ကွမ်းထွက်ဝယ်သည့် တပ်ကြပ်ကြီး အောင်ဝင်းကို ကို PDF ရဲမေများက လက်နက်များနှင့် အတူ အရှင် ဖမ်းမိ ရန်ကုန်၊ ဇွန် ၂၂ မန္တလေးတိုင်း၊ မလှိုင်မြို့ပေါ် စားသောက်ဆိုင်တွင် သောက်စားမူးရူးပြီး ကွမ်းထွက်ဝယ်သည့် တပ်ကြပ်ကြီး အောင်ဝင်းကို ကို PDF ရဲမေများက လက်နက်များနှင့် အတူ အရှင် ဖမ်းမိခဲ့ကြောင်း တောင်သာမြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇွန်လ ၂၂ ရက်နေ့ နံနက် ၉ နာရီခန့်တွင် မလှိုင်မြို့ပေါ်ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် သောက်စား မူးရူးနေသည်ဟု သတင်းရရှိ၍ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲမေများ…
-
စစ်တပ် စစ်ကူစစ်ကြောင်း ကျုံဒိုး – ကော့ကရိတ်လမ်းပိုင်းမှာ တိုက်ခိုက်ခံရ
စစ်တပ် စစ်ကူစစ်ကြောင်း ကျုံဒိုး – ကော့ကရိတ်လမ်းပိုင်းမှာ တိုက်ခိုက်ခံရ ဇွန် – ၂၂ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring ကရင်ပြည်နယ်အတွင်းက အောင်ဇေယျ စစ်ကြောင်းဆီ စစ်ကူပေးဖို့ ကျုံဒိုးမြို့က တက်လာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းနဲ့ ကျုံဒိုး – ကော့ကရိတ် လမ်းပိုင်းမှာ မွန် – ကရင် ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA) က သတင်းထုတ်ပြန်ပါတယ်။ တိုက်ပွဲဟာ ဇွန်လ ၁၉ ရက်က ကျုံဒိုး – ကော့ကရိတ်လမ်းပိုင်း ၇ တိုင် ရွာအနီး ဖြစ်ပွားခဲ့တာဖြစ်ပြီး ၇ နာရီကျော်ကြာ ထိတွေ့ တိုက်ပွဲဖြစ်ခဲ့တာလို့ MLA က အသိပေးပါတယ်။ စစ်ကောင်စီတပ်ဘက်က တပ်မ (၄၄)…
-
ဒေါ်အောင်ဆန်းစုကြည်၏(၈၀)နှစ်ပြည့်မွေးနေ့ အ ထိမ်းအမှတ်ဆုတောင်းပွဲနယူးယောက်တွင်ကျင်းပ
ဒေါ်အောင်ဆန်းစုကြည်၏(၈၀)နှစ်ပြည့်မွေးနေ့ အ ထိမ်းအမှတ်ဆုတောင်းပွဲနယူးယောက်တွင်ကျင်းပ ဇွန်-၂၂၊၂၀၂၅။ သုည/People’s Spring အမေရိကန်ပြည်ထောင်စု နယူးယောက်စီးတီးရှိ Time Square ရင်ပြင်တွင်နိုင်ငံတော်အတိုင်ပင် ခံ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက်(၈၀) ပြည့် မွေးနေ့ဆုတောင်းပွဲနှင့်အဖမ်း ဆီးခံနိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက် ရေး ဆုတောင်းပွဲကိုယနေ့(ဇွန်လ ၂၂)ကျင်းပခဲ့သည်။ အဆိုပါဆုတောင်းပွဲတွင်ဘာသာကြီးလေးဘာသာမှ ကိုယ်စားလှယ်များက ဆုတောင်းစကားများရွတ်ဆို ဆုတောင်းခဲ့ကြသည်။ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အတွက် မွေး နေ့အမှတ်တရဂုဏ်ပြုစကားပြောကြားပေးခဲ့သည်။ ထို့အပြင် တော်လှန်အဆိုတော်များဖြစ်သော ကျော်သီဟ၊ ဝင်းနိုင်စိုး၊ Leo နှင့် အခြားအဆိုရှင်များမှလည်း မွေးနေ့အမှတ်တရ သီချင်းများ သီဆိုဖျော်ဖြေခဲ့ကြသည်။ Time Square ရင်ပြင်တွင် NYCBC မှစီစဉ်သော လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ ဓါတ်ပုံ Gallery ကိုပြသထားပြီး လာရောက်ကြည့်ရှုကြသော ကမ္ဘာအရပ်ရပ်မှ ခရီသွားများ စိတ်ပါဝင်စားစွာကြည့်ရှုအားပေးခဲ့ကြသည်ဟုသိရသည်။ ထိုနောက်…
-
မန္တလေးက ရွှေဆိုင်တချို့ အမျိုးသားတွေ ဝင်ရောက်ခွင့်တားမြစ်
မန္တလေးက ရွှေဆိုင်တချို့ အမျိုးသားတွေ ဝင်ရောက်ခွင့်တားမြစ် ဇွန်-၂၂၊ ၂၀၂၅။မေရီ/People’s Spring မန္တလေးကရွှေဆိုင်တချို့အမျိုးသားတွေဝင်ရောက်ခွင့်တားမြစ်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။ မန္တလေးမှာ ရွှေဆိုင်တွေမကြာခဏ ဓါးပြတိုက်ခံနေရတာကြောင့် ရွှေဆိုင်တွေဟာလုံခြုံရေး ပိုဂရု စိုက်လာကြောင်း၊ ဓားပြတိုက်သူတွေဟာ အမျိုး သားတွေဖြစ်လေ့ရှိတာကြောင့် အမျိုးသားတွေ ရွှေဆိုင်ထဲ ဝင်ရောက်တာကို ကန့်သတ်တာတွေ ရှိလာကြောင်း မြို့ခံတွေက ပြောပါတယ်။ ချမ်းမြသာစည်မြို့နယ်ထဲက ရွှေဆိုင်တဆိုင်ဆိုရင် အမျိုးသားများလုံးဝမဝင်ရဆိုပြီး ဆိုင်အဝင်ဝမှာ ဗီနိုင်းနဲ့ချိတ်ထားကြောင်းမြို့ခံတွေကပြောပါတယ်။ “အမျိုးသားတွေဆိုရင်ဝင်မရဘူး။အပြင်မှာပဲ ထိုင်စောင့်ရတယ်။”လို့ သွားရောက်ဝယ်ယူဖူးသူတဦးက ပြောပါတယ်။ တချို့ဆိုင်တွေကတော့ အမျိုးသား ဝင်ခွင့်ပေးပေမယ့် ဆိုင်ကယ်ဦးထုပ်ဆောင်းတာ၊ မျက်မှန်တပ်တာ၊ mask တပ်တာတွေဆိုရင် ဝင်ခွင့်မပေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။ ဒါ့အပြင် ရွှေဆိုင်တွေဟာလုံခြုံရေးဝန်ထမ်းအများအပြားနဲ့ အဆင့်ဆင့်ပိတ်ဆို့ထားပြီး ဆိုင်တံခါးကိုလည်းအနည်းငယ်ပဲဖွင့်ကာရောင်းချနေရတယ်လို့ သိရပါတယ်။ အာဏာသိမ်းကာလတလျှောက်မန္တလေးမြို့အပါ အဝင်အခြားမြို့ကြီးတွေမှာပါရွှေဆိုင်ကိုဝင်ရောက်လုယက် ဓါးပြတိုက်တာတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။…
-
PDF မြိတ်ခရိုင် တပ်ရင်း(၁)သို့ အလင်းဝင်လာသည့်စစ်သား၁၈ဦးထက်မနည်းရှိဟုအဖွဲ့တာဝန်ရှိသူပြော
PDF မြိတ်ခရိုင် တပ်ရင်း(၁)သို့ အလင်းဝင်လာသည့်စစ်သား၁၈ဦးထက်မနည်းရှိဟုအဖွဲ့တာဝန်ရှိသူပြော ဇွန်-၂၂၊၂၀၂၅။ထားမြတ်/People’s Spring ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းထံသို့စစ်ကောင်စီတပ်သား ၁၈ ဦးထက်မနည်းအလင်းဝင်ခဲ့ကြောင်းမြိတ်ခရိုင် အမှတ်(၁)တပ်ရင်းသတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ခံ ရဲဘော်အာနိုးကပြောကြားသည်။ အလင်းဝင်လာသူများအနက် ဇွန်လ ၁၈ရက်တွင် စစ်ကောင်စီတပ်သား ၄ဦး၊ ဇွန်လ ၂၁ရက်တွင် စစ်ကောင်စီတပ်သား၂ဦးအလင်းဝင်ခဲ့ဟု၎င်းကပြော သည်။ ဇွန်လ ၂၁ရက်တွင် အလင်းဝင်လာသူများမှာ မြိတ်မြို့နယ် ဘုတ်ခြံအခြေစိုက် ခလရ(၁၇) မှ တပ် ကြပ်ကြီးစာရေး(အကူ) ၁ဦးနှင့် ဒုတပ်ကြပ် ၁ဦး တို့ ဖြစ်ကြပြီး ၎င်းတို့ နှစ်ဦးက လက်နက် ၂လက်၊ ခဲယမ်း၊ကျည်များယူလာသည်။ ဇွန်လ ၁၈ရက်ကအလင်းဝင်လာသူများမှာပလောက်မြိုတိုင်းဗဟို (၁၂) မှ သင်တန်းသားသစ် ၄ဦးဖြစ်ပြီး ၎င်းတို့က လက်နက်မပါလာဟု ရဲဘော်အာနိုးကပြောသည်။ “စစ်မှုထမ်းဥပဒေမကြေညာခင်ကအလင်းဝင်လာသူ ၂ဦး ရှိခဲ့တယ်။စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက်ပိုင်းထွက်ပြေးခိုလှုံလာသူ ၁၀ဦး…
-
ချောင်းဦးမြို့ ထွေအုပ်ရုံးမှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲမှု စစ်သား ၂ ဦး ပွဲချင်းပြီးသေဆုံး
ချောင်းဦးမြို့ ထွေအုပ်ရုံးမှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲမှု စစ်သား ၂ ဦး ပွဲချင်းပြီးသေဆုံး ရန်ကုန်၊ ဇွန် ၂၂ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ ထွေအုပ်ရုံးမှ ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း BLDF တပ်ခွဲ အညာမိုင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ယမန်နေ့ ဇွန်လ ၂၁ ရက်နေ့ ညနေ ၅နာရီ ၄၅မိနစ်ခန့်အချိန် ချောင်းဦးမြို့ ထွေအုပ်ရုံးမှ ထွက်လာသော အကြမ်း ဖက် စစ်ကောင်စီ တပ်သား အင်အား ၃၀ ခန့်ပါ စစ်ကြောင်းကို ချောင်းဦးမြို့ ဆုတောင်းပြည့် ကျောင်းနားတွင် BLDF တပ်ခွဲ အညာမိုင်း တပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊…
-
ပြင်ဦးလွင်တွင် စစ်အရာရှိများက ပြည်သူများထံသို့ အဆင့်ဆင့် ရောင်းချထားသော MIC ဆိုင်ခန်း ၅၄ ခန်းကို စစ်ကောင်စီက အတင်းအဓမ္မ ဖျက်သိမ်းခိုင်းနေ
ပြင်ဦးလွင်တွင် စစ်အရာရှိများက ပြည်သူများထံသို့ အဆင့်ဆင့် ရောင်းချထားသော MIC ဆိုင်ခန်း ၅၄ ခန်းကို စစ်ကောင်စီက အတင်းအဓမ္မ ဖျက်သိမ်းခိုင်းနေ ရန်ကုန်၊ ဇွန် ၂၂ မန္တလေးတိုင်း၊ ပြင်ဦးလွင်တွင် စစ်အရာရှိများက ပြည်သူများထံသို့ အဆင့်ဆင့် ရောင်းချထားခဲ့သော ဆိုင်ခန်း ၅၄ ခန်းကို စစ်ကောင်စီက ဖျက်သိမ်းခိုင်းနေကြောင်း ဆိုင်ခန်းအဖျက်ခံရမည့်သူများနှင့်နီးစပ်သူများက ပြောဆိုသည်။ ၁၉၉၅ ခုနှစ် ဝန်းကျင်အချိန် ပြင်ဦးလွင်ရှိ မြန်မာ့မီးရထားပိုင်မြေပေါ်တွင် စစ်တပ်က ဆိုင်ခန်းများ ဆောက်လုပ်ခဲ့ပြီး စစ်အရာရှိများနှင့် အသိုင်းအ၀ိုင်းများကို ချထားပေးခဲ့ကြောင်း၊ ယင်းနောက် အဆိုပါ စစ်အရာရှိများနှင့် အသိုင်းအ၀ိုင်းများက အဆင့်ဆင့် ပြန်လည် ရောင်းချခဲ့ရာမှ ယခုနောက်ဆုံးတွင် အများပြည်သူများ၏ လက်ထဲသို့ ဆိုင်ခန်းများ ရောက်ရှိခဲ့ကြောင်း၊ ယခုအခါ စစ်ကောင်စီလက်အောက်ခံ မြန်မာ့မီးရထားက အဆိုပါ…
-
ရန်ကုန်-ပြည်လမ်းတိုက်ပွဲတွင် မင်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး ရန်နိုင်အောင် သေဆုံးပြီး ဒုတိယဗိုလ်မှူးကြီးရာထူးတိုးပေး၊ သေဆုံးသူ စစ်အရာရှိကြီး ၄ ဦးအထိတိုးလာ
ရန်ကုန်-ပြည်လမ်းတိုက်ပွဲတွင် မင်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး ရန်နိုင်အောင် သေဆုံးပြီး ဒုတိယဗိုလ်မှူးကြီးရာထူးတိုးပေး၊ သေဆုံးသူ စစ်အရာရှိကြီး ၄ ဦးအထိတိုးလာ ရန်ကုန်၊ ဇွန် ၂၂ ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ရန်ကုန်-ပြည်လမ်း၊ စစ်ကွင်းတာဆုံစစ်ဆေးရေးဂိတ်တိုက်ပွဲတွင် မင်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဗိုလ်မှူး ရန်နိုင်အောင် သေဆုံးပြီး သေဆုံးချိန်တွင် ဒုတိယဗိုလ်မှူးကြီးကို စစ်ကောင်စီက ရာထူးတိုးပေးလိုက်ကြောင်း သိရှိရသည်။ ဇွန်လ ၁၆ ရက်နေ့ ညနေ ၄ နာရီခန့်အချိန် မင်းလှမြို့နယ်၊ အုတ်တွင်းရွာ အနီးရှိ အကြမ်းဖက် စစ်တပ်၏ စစ်ကွင်းတာဆုံ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီး ယင်းတိုက်ပွဲတွင် အကြမ်းဖက် စစ်တပ်ဘက်မှ သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဇော်မျိုးဝင်း ၊ အုတ်ဖို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်…
-
မန္တလေးမှာ နောက်ဆက်တွဲငလျင်တခုလှုပ်လို့ ပြည်သူတွေ နေအိမ်ပေါ်ကဆင်းပြေးရ
မန္တလေးမှာ နောက်ဆက်တွဲငလျင်တခုလှုပ်လို့ ပြည်သူတွေ နေအိမ်ပေါ်ကဆင်းပြေးရ ဇွန် ၂၂၊ ၂၀၂၅ မေရီ/ People’s Spring မန္တလေးအနီးတဝိုက်မှာ ဒီကနေ့မနက်ပိုင်း သိသာတဲ့ နောက်ဆက်တွဲ ငလျင်ငယ်တခု လှုပ်ခတ်သွားပြီး နေအိမ်ပေါ်ကနေ ဆင်းပြေးခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဒီကနေ့ ဇွန်လ (၂၂)ရက် မနက် ၄ နာရီ ၄၂ မိနစ်ခန့်က မန္တလေးမြို့နဲ့အနီးတဝိုက် အမရပူရ၊ စစ်ကိုင်း၊ ပလိပ် စတဲ့ ဒေသတွေမှာ အချိန်အနည်းငယ်ကြာပြီး သိသာတဲ့ငလျင်ငယ်တခု လှုပ်ခတ်သွားကြောင်း၊ ငလျင်ကြီးလှုပ်ပြီထင်လို့ နေအိမ်နဲ့ တိုက်ခန်းတွေပေါ်ကနေ ဆင်းပြေးကြကြောင်း မြို့ခံတွေက ပြောပါတယ်။ “အတော်သိသာပါတယ်။ အထက်အောက် ၂ ခါဆင့် လှုပ်တာ။ ထွက်ပြေးလိုက်ရတယ်။ ကြာလည်းကြာတယ်။”လို့ မန္တလေးမြို့ခံတဦးက ပြောပါတယ်။ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒ…
-
မွန်နှင့် ကရင် ပူးပေါင်းတိုက်ခိုက်သည့် ကျုံဒုံးတိုက်ပွဲ စစ်ကောင်စီတပ် သေဆုံးထိခိုက်များ၊ တပ်ရင်းမှူးနှင့် ဒုရင်းမှူး ဒဏ်ရာရ
မွန်နှင့် ကရင် ပူးပေါင်းတိုက်ခိုက်သည့် ကျုံဒုံးတိုက်ပွဲ စစ်ကောင်စီတပ် သေဆုံးထိခိုက်များ၊ တပ်ရင်းမှူးနှင့် ဒုရင်းမှူး ဒဏ်ရာရ ဇွန်-၂၁၊ ၂၀၂၅။ ထားမြတ်/People’s Spring ကရင်ပြည်နယ်အတွင်း စစ်ကောင်စီ၏ အောင်ဇေယျ စစ်ကြောင်းကို စစ်ကူပေးရန် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ရာမညမွနfတပ်တော်(RMA)တို့ ပါဝင်သည့် တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၃၀ဦးထက်မနည်း သေဆုံးကာ စစ်ကောင်စီတပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးတို့ ဒဏ်ရာရခဲ့ဟု မွန်တပ်ဖွဲ့ သတင်းပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။ ဇွန်လ ၁၉ရက်က ဖော်ဆောင်ခဲ့သည့် မွန်-ကရင်စစ်ဆင်ရေးတွင် ကျုံဒိုးမြိုမှတဆင့် အောင်ဇေယျစစ်ကြောင်းကို စစ်ကူပေးရန်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ၏ တပ်မ(၄၄)၊ (၅၅)တို့နှင့် ခုနစ်နာရီကျော်ကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က အထိနာခဲ့သည်ဟု ရာမညမွန်တပ်တော်အဖွဲ့ဝင် မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA)အသိပေးသည်။ “တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူးက ထိခိုက်ဒဏ်ရာပဲ ရသွားကြတာပါရှင့်။…