မန္တလေးမှာ နောက်ဆက်တွဲငလျင်တခုလှုပ်လို့ ပြည်သူတွေ နေအိမ်ပေါ်ကဆင်းပြေးရ

by

in

မန္တလေးမှာ နောက်ဆက်တွဲငလျင်တခုလှုပ်လို့ ပြည်သူတွေ နေအိမ်ပေါ်ကဆင်းပြေးရ
ဇွန် ၂၂၊ ၂၀၂၅
မေရီ/ People’s Spring

မန္တလေးအနီးတဝိုက်မှာ ဒီကနေ့မနက်ပိုင်း သိသာတဲ့ နောက်ဆက်တွဲ ငလျင်ငယ်တခု လှုပ်ခတ်သွားပြီး နေအိမ်ပေါ်ကနေ ဆင်းပြေးခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒီကနေ့ ဇွန်လ (၂၂)ရက် မနက် ၄ နာရီ ၄၂ မိနစ်ခန့်က မန္တလေးမြို့နဲ့အနီးတဝိုက် အမရပူရ၊ စစ်ကိုင်း၊ ပလိပ် စတဲ့ ဒေသတွေမှာ အချိန်အနည်းငယ်ကြာပြီး သိသာတဲ့ငလျင်ငယ်တခု လှုပ်ခတ်သွားကြောင်း၊ ငလျင်ကြီးလှုပ်ပြီထင်လို့ နေအိမ်နဲ့ တိုက်ခန်းတွေပေါ်ကနေ ဆင်းပြေးကြကြောင်း မြို့ခံတွေက ပြောပါတယ်။
“အတော်သိသာပါတယ်။ အထက်အောက် ၂ ခါဆင့် လှုပ်တာ။ ထွက်ပြေးလိုက်ရတယ်။ ကြာလ​ည်းကြာတယ်။”လို့ မန္တလေးမြို့ခံတဦးက ပြောပါတယ်။
စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနကတော့ ပုသိမ်ကြီးမြို့ရဲ့ အရှေ့-အရှေ့မြောက်ဘက် (၇) မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အား ၃.၈ ရစ်(ခ်)တာစကေး အဆင့်ရှိတဲ့ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ ထုတ်ပြန်ထားပါတယ်။
ငလျင်အနည်းငယ်ပြင်းတာကြောင့် ပြိုလက်စအဆောက်အအုံ တချို့ ထပ်ပြိုမှာကို မြို့ခံတွေက စိုးရိမ်နေကြပြီး ထိခိုက်မှု ရှိမရှိ မသိရသေးပါဘူး။
မတ်လ (၂၈)ရက်က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးကြောင့် မန္တလေးမြို့မှာ လူရာချီသေဆုံးပြီး အဆောက်အဦးလေးထောင်ကျော် ပျက်စီးခဲ့ပါတယ်။