ဒေါ်အောင်ဆန်းစုကြည်၏(၈၀)နှစ်ပြည့်မွေးနေ့ အ ထိမ်းအမှတ်ဆုတောင်းပွဲနယူးယောက်တွင်ကျင်းပ

by

in

ဒေါ်အောင်ဆန်းစုကြည်၏(၈၀)နှစ်ပြည့်မွေးနေ့ အ
ထိမ်းအမှတ်ဆုတောင်းပွဲနယူးယောက်တွင်ကျင်းပ
ဇွန်-၂၂၊၂၀၂၅။ သုည/People’s Spring

အမေရိကန်ပြည်ထောင်စု နယူးယောက်စီးတီးရှိ Time Square ရင်ပြင်တွင်နိုင်ငံတော်အတိုင်ပင်
ခံ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက်(၈၀) ပြည့် မွေးနေ့ဆုတောင်းပွဲနှင့်အဖမ်း
ဆီးခံနိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်
ရေး ဆုတောင်းပွဲကိုယနေ့(ဇွန်လ ၂၂)ကျင်းပခဲ့သည်။
အဆိုပါဆုတောင်းပွဲတွင်ဘာသာကြီးလေးဘာသာမှ ကိုယ်စားလှယ်များက ဆုတောင်းစကားများရွတ်ဆို ဆုတောင်းခဲ့ကြသည်။
ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်
သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အတွက် မွေး
နေ့အမှတ်တရဂုဏ်ပြုစကားပြောကြားပေးခဲ့သည်။
ထို့အပြင် တော်လှန်အဆိုတော်များဖြစ်သော ကျော်သီဟ၊ ဝင်းနိုင်စိုး၊ Leo နှင့် အခြားအဆိုရှင်များမှလည်း မွေးနေ့အမှတ်တရ သီချင်းများ သီဆိုဖျော်ဖြေခဲ့ကြသည်။
Time Square ရင်ပြင်တွင် NYCBC မှစီစဉ်သော လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ ဓါတ်ပုံ Gallery ကိုပြသထားပြီး လာရောက်ကြည့်ရှုကြသော ကမ္ဘာအရပ်ရပ်မှ ခရီသွားများ စိတ်ပါဝင်စားစွာကြည့်ရှုအားပေးခဲ့ကြသည်ဟုသိရသည်။
ထိုနောက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အမှတ်
တရကိတ်မုန့်ခွဲကာ ဒေါ်အောင်ဆန်းစုကြည် အပါ
အဝင် အဖမ်းဆီးခံနိုင်ငံရေး အကျဉ်းသားအားလုံး အမြန်ဆုံးပြန်လည်လွတ်မြောက်ပါစေကြောင်း ဆုတောင်းခဲ့ကြသည်။
ဓာတ်ပုံ – Kyaw Soe Latt