မန္တလေးက ရွှေဆိုင်တချို့ အမျိုးသားတွေ ဝင်ရောက်ခွင့်တားမြစ်

by

in

မန္တလေးက ရွှေဆိုင်တချို့ အမျိုးသားတွေ
ဝင်ရောက်ခွင့်တားမြစ်
ဇွန်-၂၂၊ ၂၀၂၅။မေရီ/People’s Spring
မန္တလေးကရွှေဆိုင်တချို့အမျိုးသားတွေဝင်ရောက်ခွင့်တားမြစ်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မန္တလေးမှာ ရွှေဆိုင်တွေမကြာခဏ ဓါးပြတိုက်ခံနေရတာကြောင့် ရွှေဆိုင်တွေဟာလုံခြုံရေး ပိုဂရု
စိုက်လာကြောင်း၊ ဓားပြတိုက်သူတွေဟာ အမျိုး
သားတွေဖြစ်လေ့ရှိတာကြောင့် အမျိုးသားတွေ ရွှေဆိုင်ထဲ ဝင်ရောက်တာကို ကန့်သတ်တာတွေ ရှိလာကြောင်း မြို့ခံတွေက ပြောပါတယ်။
ချမ်းမြသာစည်မြို့နယ်ထဲက ရွှေဆိုင်တဆိုင်ဆိုရင် အမျိုးသားများလုံးဝမဝင်ရဆိုပြီး ဆိုင်အဝင်ဝမှာ ဗီနိုင်းနဲ့ချိတ်ထားကြောင်းမြို့ခံတွေကပြောပါတယ်။
“အမျိုးသားတွေဆိုရင်ဝင်မရဘူး။အပြင်မှာပဲ ထိုင်စောင့်ရတယ်။”လို့ သွားရောက်ဝယ်ယူဖူးသူတဦးက ပြောပါတယ်။
တချို့ဆိုင်တွေကတော့ အမျိုးသား ဝင်ခွင့်ပေးပေမယ့် ဆိုင်ကယ်ဦးထုပ်ဆောင်းတာ၊ မျက်မှန်တပ်တာ၊ mask တပ်တာတွေဆိုရင် ဝင်ခွင့်မပေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။
ဒါ့အပြင် ရွှေဆိုင်တွေဟာလုံခြုံရေးဝန်ထမ်းအများအပြားနဲ့ အဆင့်ဆင့်ပိတ်ဆို့ထားပြီး ဆိုင်တံခါးကိုလည်းအနည်းငယ်ပဲဖွင့်ကာရောင်းချနေရတယ်လို့ သိရပါတယ်။
အာဏာသိမ်းကာလတလျှောက်မန္တလေးမြို့အပါ
အဝင်အခြားမြို့ကြီးတွေမှာပါရွှေဆိုင်ကိုဝင်ရောက်လုယက် ဓါးပြတိုက်တာတွေ မကြာခဏ
ဖြစ်ပွားနေပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်နေ့ကလည်း မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်မှာဖွင့်ထားတဲ့ ရွှေဇာမဏီရွှေဆိုင်ဓါးပြတိုက်ခံရပြီး ရွှေ ၂၃ ကျပ်သားခန့်နဲ့ Iphone11ဖုန်းတို့ ဆုံးရှုံးခဲ့ပါသေးတယ်။
(ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက မန္တလေးမြို့လယ်ရှိ ရွှေဆိုင်တဆိုင် ဓါးပြတိုက်ခံရပြီးနောက်စစ်အုပ်စုလာရောက်စစ်ဆေးနေစဥ်။ ဓာတ်ပုံ-ဒေသခံ)