-
လက်နက်အားကိုးဖြင့် ရှင်ဘုရင်လုပ်နိုင်ပြီဟု လက်ခံထားသော စစ်အာဏာရှင်ကို တိုင်းရင်းသားများနှင့်ပူးပေါင်း၍ တော် လှန်ရေး မဟာမိတ် တပ်ပေါင်းစု အသွင်ဖြင့် တိုက်ခိုက်မည်ဟု NUG ယာယီသမ္မတ ပြော
လက်နက်အားကိုးဖြင့် ရှင်ဘုရင်လုပ်နိုင်ပြီဟု လက်ခံထားသော စစ်အာဏာရှင်ကို တိုင်းရင်းသားများနှင့်ပူးပေါင်း၍ တော် လှန်ရေး မဟာမိတ် တပ်ပေါင်းစု အသွင်ဖြင့် တိုက်ခိုက်မည်ဟု NUG ယာယီသမ္မတ ပြော ရန်ကုန်၊ ဖေဖော်ဝါရီ ၁ မြန်မာနိုင်ငံတွင် လက်နက်အားကိုးဖြင့် သေသည်အထိ ရှင်ဘုရင်လုပ်နိုင်ပြီဟု ယူဆ လက်ခံ ထားသော စစ်အာဏာရှင်ကို တိုင်း ရင်းသားများနှင့်ပူးပေါင်း၍ တော်လှန်ရေး မဟာမိတ်တပ်ပေါင်းစုအသွင်ဖြင့် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ- NUG ယာယီသမ္မတဒူဝါလရှီးလက ပြောဆိုလိုက်သည်။ နွေဦးတော်လှန်ရေး (၄) နှစ်ပြည့် ၊ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် နိုင်ငံ တော် အခြေပြမိန့်ခွန်းတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုသွားခြင်းဖြစ်သည်။ မြန်မာစစ်တပ် ခေါင်းဆောင် အဆက်ဆက်က လက်နက်အားကိုးပြီး အာဏာသိမ်းနိုင်လျှင်…
-
စစ်ကောင်စီ၏ Army Rumစက်ရုံကို ရန်ကုန်တိုင်း ပကဖ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်
စစ်ကောင်စီ၏ Army Rumစက်ရုံကို ရန်ကုန်တိုင်း ပကဖ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက် သတိုး/People’s Spring ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်ရှိ စစ်ကောင်စီ၏ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC)ပိုင်ဆိုင်သည့် Army Rum စက်ရုံကို ၄၀ မမ ဗုံးသီးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း အနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေး(ပကဖ) တိုက်ခိုက်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။ “သေချာတော့ အထဲရောက်အောင်ပစ်နိုင်ခဲ့ပါတယ်။ အထိအခိုက်တော့ မသိရသေးပါဘူး” ဟု ၎င်းက ပြောသည်။ ဇန်နဝါရီ ၃၁ ရက် ည ၁၀နာရီခန့်တွင် အဝေးပစ်လောင်ချာ(79) ဖြင့် ၄၀ မမ ဗုံးသီးသုံးလုံးပစ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။ အဆိုပါစစ်ဆင်ရေးကို ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၏ ဦးဆောင်မှုဖြင့် အနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေး(ပကဖ) တိုက်ခိုက်ရေးအဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့အာဏာကို အကြမ်းဖက်သိမ်းယူသည့် လေးနှစ်ပြည့်…
-
နိုင်ငံတစ်ဝန်း တိုင်းရင်းသားအဖွဲ့များနှင့် PDF များပူးပေါင်း တိုက်ခိုက်မှုခံနေရပြီး ရခိုင်နှင့်ထိစပ်နေသော မကွေး၊ ပဲခူးနှင့်ဧရာ၀တီတိုင်းတို့အထိ တိုက်ပွဲများ ရောက်ရှိဟု မင်းအောင်လှိုင် ဝန်ခံ
နိုင်ငံတစ်ဝန်း တိုင်းရင်းသားအဖွဲ့များနှင့် PDF များပူးပေါင်း တိုက်ခိုက်မှုခံနေရပြီး ရခိုင်နှင့်ထိစပ်နေသော မကွေး၊ ပဲခူးနှင့်ဧရာ၀တီတိုင်းတို့အထိ တိုက်ပွဲများ ရောက်ရှိဟု မင်းအောင်လှိုင် ဝန်ခံ ရန်ကုန်၊ ဖေဖော်ဝါရီ ၁ မြန်မာနိုင်ငံတစ်ဝန်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် PDF များပူးပေါင်း၍ တိုက်ခိုက်မှုခံနေရပြီး ရခိုင်ပြည်နယ်နှင့်ထိစပ်နေသော မကွေး၊ ပဲခူးနှင့်ဧရာ၀တီတိုင်းအထိ တိုက်ပွဲများ ရောက်ရှိလာနေပြီဖြစ်ကြောင်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဝန်ခံပြောဆိုလိုက်သည်။ ယမန်နေ့ ဇန်နဝါရီလ ၃၁ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သော ၆ လသက်တမ်းတိုးသည့် ကာ/လုံအစည်းအဝေးတွင် အကြမ်း ဖက်မင်းအောင်လှိုင်က အထက်ပါအတိုင်းပြောဆိုခြင်းဖြစ်သည်။ လွန်ခဲ့သော ၆ လတာ ကာလအတွင်း ကချင်ပြည်နယ်တွင် KIA က PDF များနှင့်ပေါင်း၍ တရုတ်-မြန်မာနယ်စပ်ဒေသ၊ ဗန်းမော်ဒေသ၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ အင်းတော်ဒေသ၊ ကရင်ပြည်နယ်တွင်…
-
စစ်ကိုင်းနှင့် မကွေးတို့တွင်ပါ စစ်ရေးအရှိန်မြှင့်မည်ဟု ယောကာကွယ်ရေး YDF ပြော
စစ်ကိုင်းနှင့် မကွေးတို့တွင်ပါ စစ်ရေးအရှိန်မြှင့်မည်ဟု ယောကာကွယ်ရေး YDF ပြော ဧရာဝတီတိုင်းမ် ဇန်နဝါရီ ၃၁ ရက် ယောကာကွယ်ရေးတပ် (YDF) အနေဖြင့် စစ်ရေးအရှိန်မြှင့်တင်ပြီး မကြာမီတိုက်ပွဲများ ဖော်ဆောင်တော့မည်ဖြစ်၍ စစ်ကိုင်းနှင့် မကွေးတိုင်းတို့တွင်ပါ စစ်ရေး အရှိန်မြှင့်မည်ဖြစ်ကြောင်း တပ်ဖွဲ့ထံက သိရသည်။ စစ်ကောင်စီတပ်စခန်းနှင့် မြို့သိမ်းတိုက်ပွဲများဖော် ဆောင်ခဲ့သည့် YDF အနေဖြင့် မကြာမီ စစ်ရေးအရှိန်မြှင့်တင်ပြီး တိုက်ပွဲများဖော်ဆောင်မည်ဖြစ်၍ မိဘပြည်သူများအနေဖြင့် စစ်ဘေးအန္တရာယ်များကို ကြိုတင်ပြင်ဆင်ထားကြရန် ပြီးခဲ့သည့် ဇန်နဝါရီ ၂၉ ရက်နေ့က အသိပေးထုတ်ပြန်ထား သည်။ “ယောနယ်အပြင် စစ်ကိုင်းနဲ့ မကွေးကတော့ အဓိကဖြစ်ပါလိမ့်မယ်ဗျ”ဟု ယောကာကွယ်ရေးတပ် YDF မှ ပြောဆိုခွင့်ရှိသူ ကိုစိုးဝေက ဧရာဝတီတိုင်းမ်ကို ပြောသည်။ ၎င်းတို့အနေဖြင့် ယောနယ်တစ်ခုတည်းတွင်သာမက မကွေးတိုင်းတွင်အဓိက စစ်ရေးအရှိန်မြှင့်တင် မည်ဖြစ်ပြီး…
-
စစ်အာဏာသိမ်းမှု ၄နှစ်တာအတွင်း မြန်မာပြည်သူများအတွက် နေ့ရက်တိုင်းသည် ကြေကွဲဖွယ်အတိဖြစ်ဟု သံအမတ်ကြီးဦးကျော်မိုးထွန်းပြော ■ကုလလုံခြုံရေးကောင်စီမှ ထိရောက်သည့် အရေးယူဆောင်ရွက်မှု မရှိသည့်အပေါ် မြန်မာပြည်သူများက အလွန်အမင်း စိတ်ပျက်နေဟု ရှင်းလင်း
စစ်အာဏာသိမ်းမှု ၄နှစ်တာအတွင်း မြန်မာပြည်သူများအတွက် နေ့ရက်တိုင်းသည် ကြေကွဲဖွယ်အတိဖြစ်ဟု သံအမတ်ကြီးဦးကျော်မိုးထွန်းပြော ■ကုလလုံခြုံရေးကောင်စီမှ ထိရောက်သည့် အရေးယူဆောင်ရွက်မှု မရှိသည့်အပေါ် မြန်မာပြည်သူများက အလွန်အမင်း စိတ်ပျက်နေဟု ရှင်းလင်း အီယိုရီ/People’s Spring မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ၄နှစ်ပြည့်တော့မည်ဖြစ်ရာ ပြီးခဲ့သော ၄နှစ်တာကာလအတွင်း မြန်မာပြည်သူများအတွက် နေ့ရက်တိုင်းသည် ကြေကွဲဖွယ်အတိဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောကြားသည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာနိုင်ငံအရေးကိစ္စနှင့်စပ်လျဉ်း၍ သတင်းမီဒီယာများသို့ ရှင်းလင်းပြောကြားသည့် အစီအစဉ်ကို ယမန်နေ့(ဇန်နဝါရီ ၃၀ရက်)တွင် ပြုလုပ်ခဲ့ရာ သံအမတ်ကြီးဦးကျော်မိုးထွန်းက စစ်အာဏာသိမ်းမှု ၄နှစ်အတွင်း မြန်မာပြည်သူများသည် နေ့စဉ်ရက်ဆက် အကြောက်တရားအောက်တွင် အသက်ရှင် နေထိုင်လျက်ရှိပြီး မည်သူတစ်ဦးတစ်ယောက်မျှ လုံခြုံဘေးကင်းမှုကို မခံစားရကြောင်းရှင်းလင်းပြောကြားသည်။ ၂၀၂၄ နိုဝင်ဘာက မြန်မာသံအမတ်ကြီးသည် ယခုရှင်းလင်းပြောကြားသည့်နေရာ၌ပင် နိုင်ငံတကာ အသိုက်အဝန်း၊ အထူးအားဖြင့် လုံခြုံရေးကောင်စီမှ…
-
ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် ပိတ်မိနေချိန် ကယ်ထုတ်ပေးရန် စစ်သားများက အကူအညီတောင်းသော်လည်း လေယာဉ် အဆုံးရှုံး မခံနိုင်၍ ကယ်ဆယ်ရန် စစ်ကောင်စီက ငြင်းဆန်
ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် ပိတ်မိနေချိန် ကယ်ထုတ်ပေးရန် စစ်သားများက အကူအညီတောင်းသော်လည်း လေယာဉ် အဆုံးရှုံး မခံနိုင်၍ ကယ်ဆယ်ရန် စစ်ကောင်စီက ငြင်းဆန် ရန်ကုန်၊ ဇန်နဝါရီ ၃၁ ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်း တိုက်ပွဲတွင် ပိတ်မိနေသော စစ်သားများက လေယာဉ်ဖြင့် ကယ်ထုတ်ရန် စစ်ကောင်စီထံ အကူအညီ တောင်းခံခဲ့သော်လည်း လေယာဉ် အဆုံးအရှုံး မခံနိုင်၍ ကယ်မထုတ်နိုင်ဟု ပြန်လည် ပြောဆိုခဲ့ကြောင်း ချင်းညီနောင် အဖွဲ့က ဖမ်းဆီးရမိသော စစ်သုံ့ပန်းက ဝန်ခံ ပြောဆိုလိုက်သည်။ အဆိုပါ ပြောကြားချက်သည် ယနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ဖလမ်းမြို့သိမ်း စစ်ဆင်ရေးအတွင်း ချင်းညီနောင်မှ ဖမ်းဆီးရမိသော စစ်သုံ့ပန်းများ မေးမြန်းချက် အပိုင်း -၁ အဖြစ် ထုတ်ပြန်သည့် ဗီဒီယိုတွင် စစ်သုံ့ပန်း တပ်သား…
-
စစ်တပ်၏ ထိုးစစ်ကြောင့် တနင်္သာရီ -မောတောင်လမ်းပိုင်းတွင် တိုက်ပွဲပြင်းထန်နေသဖြင့် ခရီးသွားလာ ခြင်းမပြုကြရန် တော်လှန်ရေးတပ်က သတိပေး
စစ်တပ်၏ ထိုးစစ်ကြောင့် တနင်္သာရီ -မောတောင်လမ်းပိုင်းတွင် တိုက်ပွဲပြင်းထန်နေသဖြင့် ခရီးသွားလာ ခြင်းမပြုကြရန် တော်လှန်ရေးတပ်က သတိပေး ရန်ကုန်၊ ဇန်နဝါရီ ၃၁ တနင်္သာရီတိုင်း ၊ တနင်္သာရီမြို့နယ်၊ တနင်္သာရီ -မောတောင်လမ်းပိုင်းတွင် စစ်တပ်၏ ထိုးစစ်ကြောင့် တိုက်ပွဲများပြင်းထန်နေသ ဖြင့် သေရေး ၊ နာရေးမှအပ ခရီးသွားလာ ခြင်းမပြုကြရန် BLACK COBRA COLUMN က သတိပေး ချက် ထုတ် ပြန်သည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့မှစ၍ တနင်္သာရီမြို့နယ်၊ မောတောင်နယ်စပ် စခန်းအား တပ် အချိန်း အပြောင်းပြုလုပ်ရန်၊ မောတောင်မြို့ရှိ ပျူစောထီးများအား လက်နက်တပ်ဆင်ပေးရန်နှင့် တနင်္သာရီ -မောတောင်လမ်းပိုင်းအား ထိန်းချုပ်နိုင်ရေးအတွက် အကြမ်းဖက်စစ်ကောင်စီတပ်က အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်လာသဖြင့်…
-
ဧရာဝတီတိုင်းအတွင်းသို့ ထိုးဖောက်ဝင်ရောက်နေပြီဟု AYA PDF အမှတ်(၂၉)ဗျူဟာ ထုတ်ပြန်
ဧရာဝတီတိုင်းအတွင်းသို့ ထိုးဖောက်ဝင်ရောက်နေပြီဟု AYA PDF အမှတ်(၂၉)ဗျူဟာ ထုတ်ပြန်ဧရာဝတီတိုင်းအတွင်းသို့ ထိုးဖောက်ဝင်ရောက်နေပြီဟု AYA PDF အမှတ်(၂၉)ဗျူဟာ ထုတ်ပြန် မင်းထက် မဇ္စျိမ။ ။ ဧရာဝတီတိုင်းစစ်ဌာန၊ AYA PDF အမှတ်(၂၉) ဗျူဟာအနေဖြင့် ဧရာဝတီတိုင်းအတွင်းသို့ ထိုးဖောက်ဝင်ရောက်နေပြီဖြစ်ကြောင်း အဆိုပါ ဗျူဟာက ဇန်နဝါရီ ၂၉ ရက်တွင် ထုတ်ပြန်သည်။ AYA PDF အမှတ်(၂၉) ဗျူဟာ၏ အပတ်စဉ် (၆) စစ်သင် တန်းအတွက် သင်တန်းသား တပ်ဖွဲ့ဝင်သစ်များခေါ်ယူသည့် ထုတ်ပြန်ချက်တွင် ထိုသို့ ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။ “မဟာမိတ်များနှင့်အတူ ခြေသံလုံလုံဖြင့် စစ်ရေးအတွေ့အကြုံများကို လေ့ကျင့်သင်ယူရင်း ဧရာဝတီတိုင်းအတွင်းသို့ ထိုးဖောက်ဝင်ရောက်နေပြီ” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ AYA PDF အမှတ်(၂၉) ဗျူဟာသည် အမျိုးသားညီညွတ်ရေးအစိုးရ ၊ကာကွယ်ရေးဝန်ကြီးဌာန၊…
-
ယာယီသမ္မတ မင်းအောင်လှိုင်က စစ်အုပ်ချုပ်ရေးကာလ ၄ နှစ်ပြည့်ပြီးနောက် ၆ လထပ်မံ သက်တမ်းတိုးလိုက်ပြီး စစ်တပ်ဦးစီးချုပ် မင်းအောင်လှိုင်ထံသို့ အာဏာကုန်လွှဲအပ်
ယာယီသမ္မတ မင်းအောင်လှိုင်က စစ်အုပ်ချုပ်ရေးကာလ ၄ နှစ်ပြည့်ပြီးနောက် ၆ လထပ်မံ သက်တမ်းတိုးလိုက်ပြီး စစ်တပ်ဦးစီးချုပ် မင်းအောင်လှိုင်ထံသို့ အာဏာကုန်လွှဲအပ် ရန်ကုန်၊ ဇန်နဝါရီ ၃၁ အကြမ်းဖက်စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကာလကို ၄ နှစ်ပြည့်ပြီးနောက် ၆ လထပ်မံ သက်တမ်းတိုးလိုက်ကြောင်း သိရှိရသည်။ မိမိကိုယ်ကို ယာယီသမ္မတ ခန့်အပ်ထားသော မင်းအောင်လှိုင်က လက်ရှိ နိုင်ငံတော်၏ အခြေအနေများမှာ ရွေးကောက်ပွဲကျင်းပရန် တည်ငြိမ်ရန် လိုအပ်နေသည့်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်ထံသို့ အာဏာလွှဲပြောင်းပြီး စစ်အုပ်ချုပ်ရေး ထပ်မံ ၆ လသက်တမ်းတိုးမြှင့်ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီတွင် ယနေ့နံနက်ပိုင်း ကြေညာခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်၍ အကြမ်းဖက် စစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်သူလူထု ရွေး ကောက်တင်မြှောက်ထားသော…
-
ပြည်တွင်းစက်သုံးဆီစျေး ဆက်တိုက်မြင့်တက်နေပြီး လေးလအတွင်း အမြင့်ဆုံးဖြစ်လာ
ပြည်တွင်းစက်သုံးဆီစျေး ဆက်တိုက်မြင့်တက်နေပြီး လေးလအတွင်း အမြင့်ဆုံးဖြစ်လာ ရဲခေါင်း/People’s Spring ပြည်တွင်းစက်သုံးဆီစျေး ဆက်တိုက်မြင့်တက်နေပြီး လေးလအတွင်းအမြင့်ဆုံးစျေးနှုန်းဖြစ်လာကြောင်း စက်သုံးဆီစျေးကွက်လေ့လာသူများက ပြောသည်။ ယနေ့(ဇန်နဝါရီ ၃၁ရက်)တွင် ပြည်တွင်းစက်သုံးဆီ စျေးနှုန်းများအရ ရန်ကုန်စျေးကွက် ရည်ညွှန်းစျေးကွက်တွင် ၉၂တစ်လီတာ ၃,၁၈၀ ကျပ်၊ ၉၅ တစ်လီတာ ၃,၂၆၀ ကျပ်၊ဒီဇယ်တစ်လီတာ ၂,၈၂၀ ကျပ်နှင့် ပရီ မီယံ ဒီဇယ်တစ်လီတာ ၃,၄၈၅ ကျပ် နှုန်း သတ်မှတ်ထားသည်ဟု ဆိုသည်။ ယင်းဈေးနှုန်းသည် ယမန်နေ့(ဇန်နဝါရီ ၃၀ ရက်)စျေးများနှင့် နှိုင်းယှဉ်ပါက ၉၂ တစ်လီတာ ၅၀ကျပ် နှင့် ၉၅ တစ်လီတာ ၆၀ကျပ် မြင့်တက်ခဲ့ပြီး ဒီဇယ်တစ်လီတာ ၄၀ကျပ် ခန့်စျေးကျခဲ့သည်ကို တွေ့ရသည်။ “ဒီလအစကတည်းက တောက်လျှောက်တက်နေတဲ့ စက်သုံးဆီစျေးနှုန်းက ပြီးခဲ့တဲ့…