ပြည်တွင်းစက်သုံးဆီစျေး ဆက်တိုက်မြင့်တက်နေပြီး လေးလအတွင်း အမြင့်ဆုံးဖြစ်လာ
ရဲခေါင်း/People’s Spring
ပြည်တွင်းစက်သုံးဆီစျေး ဆက်တိုက်မြင့်တက်နေပြီး လေးလအတွင်းအမြင့်ဆုံးစျေးနှုန်းဖြစ်လာကြောင်း စက်သုံးဆီစျေးကွက်လေ့လာသူများက ပြောသည်။
ယနေ့(ဇန်နဝါရီ ၃၁ရက်)တွင် ပြည်တွင်းစက်သုံးဆီ စျေးနှုန်းများအရ ရန်ကုန်စျေးကွက် ရည်ညွှန်းစျေးကွက်တွင် ၉၂တစ်လီတာ ၃,၁၈၀ ကျပ်၊ ၉၅ တစ်လီတာ ၃,၂၆၀ ကျပ်၊ဒီဇယ်တစ်လီတာ ၂,၈၂၀ ကျပ်နှင့် ပရီ မီယံ ဒီဇယ်တစ်လီတာ ၃,၄၈၅ ကျပ် နှုန်း သတ်မှတ်ထားသည်ဟု ဆိုသည်။
ယင်းဈေးနှုန်းသည် ယမန်နေ့(ဇန်နဝါရီ ၃၀ ရက်)စျေးများနှင့် နှိုင်းယှဉ်ပါက ၉၂ တစ်လီတာ ၅၀ကျပ် နှင့် ၉၅ တစ်လီတာ ၆၀ကျပ် မြင့်တက်ခဲ့ပြီး ဒီဇယ်တစ်လီတာ ၄၀ကျပ် ခန့်စျေးကျခဲ့သည်ကို တွေ့ရသည်။
“ဒီလအစကတည်းက တောက်လျှောက်တက်နေတဲ့ စက်သုံးဆီစျေးနှုန်းက ပြီးခဲ့တဲ့ နှစ် စက်တင်ဘာလတုန်းက ပြည်တွင်းစက်သုံးဆီအမြင့်ဆုံးဖြစ်ခဲ့တဲ့စျေးကို မီတော့မယ်။ဘာကြောင့်လည်းဆိုတာ လုပ်ငန်းရှင်နဲ့ စကစ ပဲ ပိုသိလိမ့်မယ်”ဟု စက်သုံးစျေးကွက်လေ့လာစောင့်ကြည့်သူတစ်ဦးက ပြောသည်။
ဇန်နဝါရီ ၃ ရက်အထိ ပြည်တွင်းစက်သုံးဆီစျေးမှာ ၉၂ တစ်လီတာ ၂,၉၈၅ ကျပ်၊ ၉၅ တစ်လီတာ ၃,၀၉၅ ကျပ်၊ဒီဇယ်တစ်လီတာ ၂,၆၁၅ ကျပ်နှင့် ပရီ မီယံ ဒီဇယ်တစ်လီတာ ၃,၂၂၅ ကျပ် ရှိခဲ့သည်။
ထို့နောက် အပတ်စဥ်သောကြာနေ့တိုင်း စက်သုံးဆီ စျေးနှုန်းများမှာ အမျိုးအစားအလိုက် တစ်လီတာ ၅၀ ကျပ် မှ ၁၆၀ ကျပ်အထိ မြင့်တက်ခဲ့ခြင်းဖြစ်သည်။
“ဒေါ်လာစျေး ၆၀၀၀ ကျော်တုန်းကလည်း စက်သုံးဆီ က အခုစျေးနှုန်းနီးပါးပဲ။အခု ဒေါ်လာစျေး ၄၀၀၀ ကျော်မှာလည်း ဒီစျေးပဲ။နောက်ပြီး ဆီစျေးကျပြီဆိုပြီး သွားမကြည်နဲ့ တစ်လီတာ ၁၀ ကျပ်တို့ ၃၀ ကျပ်တို့ လောက်ပဲကျတာ”ဟု စက်သုံးဆီသုံးစွဲနေသူတစ်ဦးက ပြောသည်။
ဒေါ်လာငွေထိန်းချုပ်သည့် အာဏာသိမ်းစစ်ကောင်စီ၏ မူဝါဒကြောင့် လုပ်ငန်းရှင်များ၏ စက်သုံးဆီ သိုလှောင်နိုင်မှုလျှော့ချခြင်းနှင့် အတူ ပြည်တွင်းစက်သုံးဆီပြတ်လပ်မှုများမကြာခဏ ကြုံခဲ့ရသည့်အပြင် စံချိန်တင် စျေးနှုန်းများဖြစ်လာခဲ့သည်။
ထို့အပြင် စစ်ကောင်စီနှင့် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း (MPTA)တို့ပူး ပေါင်းပြီး စက်သုံးဆီ ဝယ်ယူခွင့်ကတ်ပြား (စမတ်ကတ်)ဖြင့် ပြည်တွင်း၌စက်သုံးဆီ ပြတ်လပ်မှုကို ထိန်းချုပ်ရန်နှင့် စက်သုံးဆီဝယ်ယူမှုကို ကန့်သတ်ခြင်းများ လုပ်ဆောင်မည့်သတင်းထွက်ပေါ်ခဲ့သည်။
စစ်ကောင်စီ အာဏာမသိမ်းမီ အရပ်သား အစိုးရလက်ထက်တွင် ပြည်တွင်းစက်သုံးဆီစျေးသည် ၉၂ တစ်လီတာ ၄၀၄ကျပ်၊ ၉၅ တစ်လီတာ ၅၁၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၄၅၀ကျပ် နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၄၆၀ ကျပ် သာရှိခဲ့သည်။
(ရန်ကုန်မြို့ဆီဆိုင်တစ်ဆိုင်တွင် ဆီဖြည့်ရန် တန်းစီနေကြသောယာဉ်များအား တွေ့ရစဉ်။ ဓာတ်ပုံ – PS)