-
မင်းအောင်လှိုင်ကို ဖမ်း၀ရမ်းထုတ်ရန် ပြင်ဆင်နေသည့် ICC တရားရုံး၏ လုပ်ရပ်များ မှားယွင်းနေပြီဟု ကြံ့ဖွတ် ဥက္ကဋ္ဌ ခင်ရီ ထွက်ပြော
မင်းအောင်လှိုင်ကို ဖမ်း၀ရမ်းထုတ်ရန် ပြင်ဆင်နေသည့် ICC တရားရုံး၏ လုပ်ရပ်များ မှားယွင်းနေပြီဟု ကြံ့ဖွတ် ဥက္ကဋ္ဌ ခင်ရီ ထွက်ပြော 🟥 ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးကို ICC တရားရုံးက ဖမ်းဆီးစစ်ဆေးနေမှု မင်းအောင်လှိုင်နှင့်နေပြည်တော်မှ ဗိုလ်ချုပ်များ ထိတ်လန့်တုန်လှုပ် ရန်ကုန်၊ မတ် ၂၀ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်း၀ရမ်းထုတ်ရန် ပြင်ဆင်နေသည့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး ICC ၏ လုပ်ရပ်များမှာ မှားယွင်းနေကြောင်း ကြံ့ဖွတ် ဥက္ကဋ္ဌ ခင်ရီက ထွက်၍ ပြောဆိုလာသည်။ ယမန်နေ့ ICC တရားရုံး၏လုပ်ရပ်များအပေါ် ကြံ့ဖွတ်ဥက္ကဋ္ဌ ခင်ရီ၏ သုံးသပ်ချက် ဗီဒီယိုကို စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်များမှတစ်ဆင့် ထုတ်ပြန်လာပြီး ယင်းသုံးသပ်ချက်ဗီဒီယိုတွင် ကြံ့ဖွတ် ခင်ရီက ဖိလစ်ပိုင် သမ္မတဟောင်း ဒူတာတေးကို…
-
ဧရာဝတီနှင့်ရခိုင်အစပ် တိုက်ပွဲတွင် သေဆုံးသွားသည့် တန်းမြင့်သင်တန်းကျောင်းမှ စစ်ကောင်စီတပ် အရာရှိကို ကျောင်းအနီးတွင် တိတ်တဆိတ်သင်္ဂြိုဟ်
ဧရာဝတီနှင့်ရခိုင်အစပ် တိုက်ပွဲတွင် သေဆုံးသွားသည့် တန်းမြင့်သင်တန်းကျောင်းမှ စစ်ကောင်စီတပ် အရာရှိကို ကျောင်းအနီးတွင် တိတ်တဆိတ်သင်္ဂြိုဟ် ဧရာဝတီတိုင်းမ် မတ် ၁၉ ရက် ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်မြို့ အမှတ်(၅) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း(တကက-၅)မှ စစ်ကောင်စီအရာရှိတစ်ဦး သေဆုံးသွား၍ ကျောင်းအနီးတွင် တိတ်တဆိတ် သင်္ဂြိုဟ်သွားကြောင်း သိရသည်။ တတက-၅ မှ စစ်ကောင်စီတပ်အရာရှိတစ်ဦးသည် ဧရာဝတီနှင့်ရခိုင်အစပ် တိုက်ပွဲတွင် သေဆုံး သွားသဖြင့် ယနေ့ မတ် ၁၉ ရက် နံနက်ပိုင်း ၈ နာရီ ၃၀ မိနစ်တွင် သင်တန်းကျောင်းအနီး ရခိုင်ကုန်း ကျေးရွာ သုဿာန်တွင် သင်္ဂြိုဟ်သွားကြောင်း ဒေသခံများထံမှ သိရသည်။ “ရခိုင် ဧရာအစပ်မှာတိုက်ပွဲတွေပြင်းထန်နေတာ။ ဒီမနက် ၁၀ နာရီလောက်က ပုသိမ်နတခက တက်လာတဲ့…
-
ဥသျှစ်ပင်သို့ AA နှင့်ပူးပေါင်းအဖွဲ့ရောက်လာပါက သေဒဏ်ဟုခြိမ်းခြောက်ပြီး ညောင်ကျိုးကို စစ်ကူထပ်လွှတ်
ဥသျှစ်ပင်သို့ AA နှင့်ပူးပေါင်းအဖွဲ့ရောက်လာပါက သေဒဏ်ဟုခြိမ်းခြောက်ပြီး ညောင်ကျိုးကို စစ်ကူထပ်လွှတ် ဧရာဝတီတိုင်းမ် မတ် ၁၉ ရက် စစ်ကောင်စီက တိုက်ပွဲပြင်းထန်နေသည့် ညောင်ကျိုးကို စစ်ကူတပ်များ ထပ်မံစေလွှတ်နေရပြီး ဥသျှစ်ပင်အတွင်းသို့ ရန်သူ ရောက်လာပါက သေဒဏ်ဟု ခြိမ်းခြောက်ပြောဆိုထားကြောင်း သိရသည်။ ယမန်နေ့ မတ် ၁၈ ရက်နေ့က ညောင်ခြေထောက်ရှိ အမှတ်(၆)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၆) အတွင်းသို့ ဒကစ (ပြည်) ခေတ္တဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးဝင်းထွဋ်လာရောက်ပြီး စစ်ကူလွှတ်မည့် တပ်များကို ခြိမ်းခြောက်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း တပ်သတင်းရင်းမြစ်ထံမှ သိရသည်။ “စစ်ထွက်မယ့် တပ်ခေါင်းဆောင်ကို ခေါ်ပြီး ပြောတာ။ စစ်ခေါင်းဆောင်က သူ့ကို သစ္စာမဖောက်ရင် ပြီးရော ပြေးပြေး ပြောင်းပြောင်း ခွင့်လွှတ်တယ်”ဟု တပ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။ ညောင်ကျိုးရှိ စစ်ကောင်စီစခန်းနှင့် ချင်းကုန်းရှိ…
-
ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၃၁၉ တွင် ရဲကား ၊ အိမ်စီးကား တို့ဖြင့် ကင်းပတ်ရန်ထွက်လာသည့် စစ်ကောင်စီ တပ်သားများကို နွားထိုးကြီး PDF က ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံး (ရုပ်/သံ)
အမြန်လမ်းပေါ်မှာ PDFတွေက ရဲကား သုံးစီးကိုတိုက်ခိုက် ရဲ ၅ဦးထက်မနည်းသေဆုံး မတ်-၁၉၊၂၀၂၅။နေ့သစ်/People’s Spring ရန်ကုန်- မန္တလေးအမြန်လမ်းမှာ မန္တလေးဘက်က နေ မိတ္ထီလာဘက်ကို စစ်ကောင်စီရဲတွေမောင်းနှင်းလာတဲ့ ရဲကား ၁စီး နဲ့ အိမ်စီးကား ၂ စီ စုစုပေါင်း ၃စီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ရဲ၅ဦးထပ်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေ များတယ်လို့ မြင်းခြံခရိုင်တပ်ရင်း၄-၁၀ တာဝန်ရှိသူကပြောပါတယ်။ မတ်လ၁၉ရက်နေ့၊ မနက်၁၁နာရီခန့်က မန္တလေးဘက်က နေ မောင်းနှင်လာတဲ့ရဲကား တွေကို မိုင်တိုင် ၃၁၉မှာ မြင်းခြံခရိုင်တပ်ရင်း(၄)၊ ခရိုင်တပ်ရင်း(၁၀) နဲ့ မဟာမိတ်ဖြစ်တဲ့ မြစ်သားမြို့နယ်ပကဖတို့က ပူး ပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ရဲကား တွေကို အနီးကပ် လက်နက်ငယ် တွေနဲ့ဝင် ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ရဲကားတစီးဟာ အရှိန်လွန်ပြီး နောက်တမိုင်တိုင်အ ကျော်က…
-
ရန်ကုန်-မန္တလေး အမြန်လမ်းရှိ ပြင်စည်ရဲကင်းစခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်မှုကြောင့် တိုက်ပွဲဖြစ်ပွား၊ အမြန်လမ်း ယာယီပိတ်ကာ ခရီးသည်တင်ကားများ ရပ်တန့်ခဲ့ရ
ရန်ကုန်-မန္တလေး အမြန်လမ်းရှိ ပြင်စည်ရဲကင်းစခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်မှုကြောင့် တိုက်ပွဲဖြစ်ပွား၊ အမြန်လမ်း ယာယီပိတ်ကာ ခရီးသည်တင်ကားများ ရပ်တန့်ခဲ့ရ ရန်ကုန်၊ မတ် ၁၉ ရန်ကုန်-မန္တလေး အမြန်လမ်းရှိ ပြင်စည်ရဲကင်းစခန်းကို တော်လှန်ရေးတပ်များက ယနေ့ နံနက်ပိုင်း ဝင်ရောက်တိုက်ခိုက်မှုဖြစ်ပွားပြီး တိုက်ပွဲဖြစ်ပွားကာ အမြန်လမ်းယာယီပိတ်သွားခဲ့ကြောင်း ခရီးသွားပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ မတ်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်ဝန်းကျင်မှစတင်ပြီး မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၃၁၉ မိုင် ၆ ဖာလုံရှိ စစ်ကောင်စီ၏ ပြင်စည် အမြန်လမ်း ရဲကင်းစခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ အပြန်အလှန် ပစ်ခတ်မှု မိနစ် ၄၀ ခန့်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။…
-
လက်နက်ကိုင်တိုက်ပွဲများ ရပ်တန့်ပေးကြရန် စစ်ခေါင်းဆောင်ပြော
လက်နက်ကိုင်တိုက်ပွဲများ ရပ်တန့်ပေးကြရန် စစ်ခေါင်းဆောင်ပြော 001 မဇ္ဈိမ။ ။ တိုင်းရင်းသားလက်နက်ကိုင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ပတ်သက်သူများအနေဖြင့် လက်နက်ကိုင်တိုက်ပွဲများရပ်တန့်ပေးကြရန် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ (မတ်လ ၁၉ရက်) ကျရောက်သည့် (၅၁) နှစ်မြောက် မွန်ပြည်နယ်နေ့အခမ်းအနားသို့ သဝဏ်လွှာပေးပို့ရာတွင် ထည့်သွင်းပြောကြားသည်။ ပြည်သူများဒုက္ခရောက်စေပြီး နိုင်ငံကိုအန္တရာယ်ကျရောက်စေမည့် လုပ်ရပ်များကို နိုင်ငံနှင့်ပြည်သူ အကျိုးရှေးရှု၍ ရပ်တန့်ပေးကြရန် အသိပေးလိုကြောင်း စစ်ကောင်စီခေါင်းဆောင် ပြောဆိုထားသည်။ လက်ရှိတွင် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားမှုမရှိသည့်နေရာများကိုပါ ပစ်မှတ်ထားလေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားများထိခိုက်သေဆုံးပြီး အဆောက်အအုံများပျက်စီးနေသော်လည်း စစ်ခေါင်းဆောင်က နယ်မြေဒေသအသီးသီးတွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)များ၏ တိုက်ခိုက်မှုများကြောင့် အခြေခံအဆောက်အအုံများနှင့် ဒေသခံများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်သုန်းကာ ဆင်းရဲဒုက္ခရောက်နေကြကြောင်း အပြစ်တင်ထားသည်။ စစ်ကောင်စီအနေဖြင့် ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေး သန္နိဌာန်ချမှတ်ဆောင်ရွက်လျက်ရှိပြီး ထိုသို့ကျင်းပနိုင်ရေးအတွက် လိုအပ်လျက်ရှိသည့် နိုင်ငံတဝန်းတည်ငြိမ်အေးချမ်းမှုရှိစေရေးကို တိုင်းရင်းသားပြည်သူအားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်…
-
ငါ့သရောက်သို့ ဝင်လာသည့် စစ်ကောင်စီစစ်ကြောင်း ၂ ကြောင်းအနက် သတ်ကွင်းအတွင်း ရောက် လာသည့် စစ်ကြောင်းပျက်စီးပြီး စစ်ကြောင်းမှူးအပါအဝင် ၇၄ ဦးသေဆုံးခြင်းဖြစ်
ငါ့သရောက်သို့ ဝင်လာသည့် စစ်ကောင်စီစစ်ကြောင်း ၂ ကြောင်းအနက် သတ်ကွင်းအတွင်း ရောက် လာသည့် စစ်ကြောင်းပျက်စီးပြီး စစ်ကြောင်းမှူးအပါအဝင် ၇၄ ဦးသေဆုံးခြင်းဖြစ် ဧရာဝတီတိုင်းမ် မတ် ၁၉ ရက် မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့နယ်ခွဲ အတွင်းစစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးတပ်ဖွဲ့များက ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၇၄ ဦးသေဆုံးကာ စစ်ကြောင်းတစ်ခုလုံး ပျက်စီးသွားကြောင်း သိရသည်။ တော်လှန်ရေးတပ်ဖွဲ့များသည် ငါ့သရောက်မြို့နယ်ခွဲအတွင်း စစ်ကြောင်း ထိုးဝင်ရောက်လာသည့် အင်အား ၈၀ ခန့်ပါ စစ်ကောင်စီစစ်နှင့် ပျူပူးပေါင်းစစ်ကြောင်းကို ပြီးခဲ့သည့် မတ် ၁၄ ရက်နေ့ နေ့လယ် ၁ နာရီ ၃၀ မိနစ်က ထောက်ဝရွာနှင့် အိုရင်းရွာကြားအရောက်တွင် ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားနှင့် ပျူအဖွဲ့ဝင် ၆၉ ဦးနေရာတွင်ပင်…
-
ငါ့သရောက်တိုက်ပွဲအတွင်း စစ်တပ်စစ်ကြောင်းတစ်ခုလုံး တပ်ပျက်သည်အထိ အများအပြားသေဆုံး၊ PDF ရဲဘော် ၁ ယောက်ကျဆုံး (ရုပ်/သံ)
ငါ့သရောက်တိုက်ပွဲအတွင်း စစ်တပ်စစ်ကြောင်းတစ်ခုလုံး တပ်ပျက်သည်အထိ အများအပြားသေဆုံး၊ PDF ရဲဘော် ၁ ယောက်ကျဆုံး (ရုပ်/သံ) မတ် ၁၉၊ ၂၀၂၅ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့နယ်ခွဲအတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်း ဖက်စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာ အများအပြားသေပြီး စစ်ကြောင်းတစ်ခုလုံး တပ်ပျက်သွားခဲ့တယ်လို့ Bagan Ogre Force အဖွဲ့ထံက သိရပါတယ်။ မတ်လ ၁၄ ရက် နေ့လယ်ပိုင်းက ငါ့သရောက်မြို့နယ်ခွဲအတွင်း ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ် ကောင်စီစစ်ကြောင်းကို ထောက်ဝရွာနဲ့ အိုရင်းရွာကြား တိုက်ခိုက်ခဲ့ရာ စစ်သား ၆၉ ယောက်သေခဲ့ပါတယ်။ ဒဏ်ရာရရှိသူတွေကို ညောင်ဦးဆေးရုံသို့ ပို့ဆောင်ဆေးကုသရာ ၅ ယောက်ထပ်မံသေဆုံးတာကြောင့် စုစုပေါင်း ၇၄ ယောက်သေခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲအတွင်း ပုဂံပြည်ဘီလူးတပ်က ရဲဘော် ၁…
-
မင်းအောင်လှိုင်၏ သားနှင့်သမီးတို့က စီးပွားရေးလုပ်ငန်းများ အကြီးအကျယ် လုပ်ကိုင်နေချိန် ဝန်ထမ်းများကိုမူ စီးပွားရေး မလုပ်ရန် အကြမ်းဖက် စစ်ခေါင်း ဆောင်က လျှို့ဝှက် ညွှန်ကြားချက် ထုတ်ပြန်
မင်းအောင်လှိုင်၏ သားနှင့်သမီးတို့က စီးပွားရေးလုပ်ငန်းများ အကြီးအကျယ် လုပ်ကိုင်နေချိန် ဝန်ထမ်းများကိုမူ စီးပွားရေး မလုပ်ရန် အကြမ်းဖက် စစ်ခေါင်း ဆောင်က လျှို့ဝှက် ညွှန်ကြားချက် ထုတ်ပြန် ရန်ကုန်၊ မတ် ၁၉ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သားအောင်ပြည့်စုံနှင့် သမီး ခင်သီရိသက်မွန်တို့က မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများစွာ အကြီး အကျယ် လုပ်ကိုင်နေသော်လည်း စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများနှင့် ဇနီး/သားသမီးများကို စီးပွားရေးလုပ်ကိုင်ခြင်းမပြုရန် လျှို့ဝှက် အမိန့်ညွှန်ကြား ချက်တစ်ရပ်ကို ထုတ်ပြန်လာကြောင်း သိရှိရသည်။ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က Non-CDM ဝန်ထမ်းများအနေဖြင့် ပြင်ပစီးပွားရေးများ မလုပ်ကိုင်ရန် တားမြစ်ကြောင်း၊ ဝန်ထမ်းကျင့်ဝတ်၊ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် နည်းဥပဒေများအရ နိုင်ငံ့ဝန်ထမ်းများ အနေ ဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်နှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်၀ိုက်၍…
-
ARSA ခေါင်းဆောင် အပါအဝင် လူ ၁၀ ဦးကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ဖမ်းဆီးလိုက်ပြီး တရားမဝင် ဝင်ရောက်မှု၊ ရာဇဝတ်မှုများဖြင့် စုံစမ်းစစ်ဆေး၊ တိုက်ခိုက်မှုများ လုပ်ရန် လျှို့ဝှက်အစည်းအဝေး လုပ်ခဲ့ဟု ရဲက ပြောဆို
ARSA ခေါင်းဆောင် အပါအဝင် လူ ၁၀ ဦးကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ဖမ်းဆီးလိုက်ပြီး တရားမဝင် ဝင်ရောက်မှု၊ ရာဇဝတ်မှုများဖြင့် စုံစမ်းစစ်ဆေး၊ တိုက်ခိုက်မှုများ လုပ်ရန် လျှို့ဝှက်အစည်းအဝေး လုပ်ခဲ့ဟု ရဲက ပြောဆို ရန်ကုန်၊ မတ် ၁၉ ရခိုင်ပြည်နယ်တွင် လှုပ်ရှားနေသော ARSA ခေါင်းဆောင် အပါအဝင် လူ ၁၀ ဦးကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ဖမ်းဆီးလိုက်ပြီး တရားမဝင် ဝင်ရောက်မှု၊ ရာဇဝတ်မှုများဖြင့် စတင်စုံစမ်းစစ်ဆေးနေကြောင်း ဘင်္ဂလားဒေ့ရှ်မှ လာသော သတင်းများအရ သိရှိရသည်။ မတ်လ ၁၆ ရက်နေ့တွင် ARSA ခေါင်းဆောင် Ataullah Abu Ammar Jununi အပါအဝင် ပတ်သက်ဆက်နွယ်သူ ၁၀ ဦး ဖမ်းဆီးခဲ့ကြောင်း၊ ၎င်းတို့ကို တရား…