ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၃၁၉ တွင် ရဲကား ၊ အိမ်စီးကား တို့ဖြင့် ကင်းပတ်ရန်ထွက်လာသည့် စစ်ကောင်စီ တပ်သားများကို နွားထိုးကြီး PDF က ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံး (ရုပ်/သံ)

အမြန်လမ်း​ပေါ်မှာ PDF​တွေက ရဲကား သုံးစီးကိုတိုက်ခိုက် ရဲ ၅ဦးထက်မနည်း​သေဆုံး
မတ်-၁၉၊၂၀၂၅။​နေ့သစ်/People’s Spring

ရန်ကုန်- မန္တလေးအမြန်လမ်းမှာ မန္တလေးဘက်က နေ မိတ္ထီလာဘက်ကို စစ်​ကောင်စီရဲ​တွေ​မောင်းနှင်းလာတဲ့ ရဲကား ၁စီး နဲ့ အိမ်စီးကား ၂ စီ စုစု​ပေါင်း ၃စီးကို ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ရဲ၅ဦးထပ်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေ များတယ်လို့ မြင်းခြံခရိုင်တပ်ရင်း၄-၁၀ တာဝန်ရှိသူက​ပြောပါတယ်။
မတ်လ၁၉ရက်နေ့၊ မနက်၁၁နာရီခန့်က မန္တလေးဘက်က နေ မောင်းနှင်လာတဲ့ရဲကား တွေကို မိုင်တိုင် ၃၁၉မှာ မြင်းခြံခရိုင်တပ်ရင်း(၄)၊ ခရိုင်တပ်ရင်း(၁၀) နဲ့ မဟာမိတ်ဖြစ်တဲ့ မြစ်သားမြို့နယ်ပကဖတို့က ပူး ပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ရဲကား တွေကို အနီးကပ် လက်နက်ငယ် တွေနဲ့ဝင် ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ရဲကားတစီးဟာ အရှိန်လွန်ပြီး နောက်တမိုင်တိုင်အ ကျော်က လုံခြုံရေးကင်းစခန်းအထိ ရောက်သွားခဲ့တယ်လို့တပ်ရင်းတာဝန်ရှိသူက ပြောပါတယ်။
ရဲကား တွေနဲ့လုံခြုံရေး ကင်းကလည်း ပြန်လည်တိုက်ခိုက်ခဲ့တာမို့ တိုက်ပွဲဖြစ်ချိန် မိနစ်၄၀အထိကြာခဲ့တယ်လို့သိရပါတယ်။
“မျက်မြင်ပြည်သူရဲ့ သတင်း ပေးချက်အရ လမ်းပေါ်လဲ နေတဲ့အ လောင်းငါး လောင်းနဲ့ ကား ပေါ်မှာလည်းထိခိုက်ဒဏ်ရာ ရတဲ့သူအများကြီးရှိတယ်လို့သိရတယ်။သေတာကအကုန်ရဲတွေချည်းပါပဲ”လို့တပ်ရင်းတာဝန်ရှိသူက ပြောပါတယ်။
နွားထိုးကြီးPDF(မြင်းခြံခရိုင်အမှတ် (၄)တပ်ရင်း)
ရဲ့ ပြောရေးဆိုခွင့်ရှိသူက”မိုင်တိုင် ၃၁၉ မှာရဲကား
တစီးနဲ့ အိမ်စီးကား ၂ စီး မောင်းတက်လာတယ်။ မန္တလေးဘက်ကနေ မိတ္ထီလာဘက်ကို မောင်းလာတဲ့ စကစ ကား ၃ စီးကို ပစ်တာပါ။ ငါးယောက်ပွဲချင်းပြီးသေဆုံးပြီး ထိခိုက်ဒဏ်ရာရတာတွေလည်းများတယ်လို့ မျက်မြင်ပြည်သူတွေဆီကနေ သိရတယ်။”လို့ ​ပြောပါတယ်။
တိုက်ပွဲမှာတော်လှန် ရေးတပ် တွေဘက်ကအကျဆုံးမရှိခဲ့ဘူးလို့သိရပါတယ်။တိုက်ပွဲအပြီး PDF ​တွေ ပြန်သွားကြပြီးချိန်မှာ စစ်ကောင်စီတပ်ယာဉ်တန်းရောက်လာပြီး​တော့ ပစ်ခတ်မှု​တွေပြုလုပ်ခဲ့တယ် လို့သိရပါတယ် ။
တိုက်ပွဲဖြစ်ပွားစဥ် အမြန်လမ်းမ​ပေါ်မှာတစ်နာရီခန့်ကြာ ကား​တွေသွားလာမှုရပ်နားထားခဲ့ကြတယ်လို့ ယာဉ်မောင်းတစ်ဦးကပြောပါတယ်။
၂၀၂၄ ဒီဇင်ဘာ ၁၂ ရက်နေ့ကလည်း ပြင်စည်ရဲကင်းစခန်းကိုPDF​တွေက တိုက်ခိုက်ခဲ့ပါ​သေးတယ်။ ဒါအပြင် ၂၀၂၄ ဒီဇင်ဘာ ၂၃ ရက်​နေ့မှာ PDF ​တွေ မြန်လမ်းပေါ်သို့တက်လာခဲ့ပြီး ခရီးသည်တင်ယာဉ်​တွေ၊ ခရီးသွားကား​တွေကိုလုံခြုံ​ရေး စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး​တော့ ခရီးသွား ပြည်သူ​တွေနဲ့တွေ့ဆုံစကားပြောခဲ့ပါတယ်။
PDF တပ်ရင်း​တွေက တာဝန်ရှိသူ​တွေက ခရီးသွားပြည်သူ​တွေကို​တွေ့ဆုံစဥ်မှာရန်ကုန်-မန္တလေး အမြန်လမ်းဟာ စစ်ကောင်စီရဲ့ အဓိကထောက်ပို့လမ်း ကြောင်းဖြစ်တာမို့ အချိန်မရွေးတိုက်ပွဲ တွေပြင်းထန်လာဖို့ရှိ​နေတာ​ကြောင့် ၊ပြည်သူတွေအနေနဲ့ မလိုအပ်ပဲ အပျော်ခရီးသွားလာတာနဲ့ ဘုရားဖူးသွားလာ တာတွေ ရှောင်ကျဉ်ကြဖို့ ၊မဖြစ်မ​နေ ခရီးသွားရင် အမြန်လမ်းမှာကားမှန်​တွေချမောင်းကြဖို့ ၊လမ်းကို ညပိုင်းအသုံးမပြုကြဖို့ ၊ တိုက်ပွဲ​တွေဖြစ်လာရင် ရောက်ရာနေရာ
၌ရပ်ပြီး လုံခြုံ တဲ့ နီးစပ်ရာနေရာ​တွေမှာ နေထိုင်ဖို့ ပြောခဲ့ပါတယ် ။
(အမြန်လမ်း​ပေါ်တွင် ၂၀၂၄ ဒီဇင်ဘာလက PDF ​တွေက လမ်းလုံခြုံ​ရေး​ဆောင်ရွက်စဥ်။
ဓါတ်ပုံ-နွားထိုးကြီးPDF Screen Shot)

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၃၁၉ တွင် ရဲကား ၊ အိမ်စီးကား တို့ဖြင့် ကင်းပတ်ရန်ထွက်လာသည့် စစ်ကောင်စီ တပ်သားများကို နွားထိုးကြီး PDF က ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံး (ရုပ်/သံ)
ရန်ကုန်၊ မတ် ၁၉
ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၃၁၉ တွင် ရဲကား ၊ အိမ်စီးကား တို့ဖြင့် ကင်းပတ်ရန် ထွက်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၅ ဦးသေဆုံးခဲ့ကြောင်း Natogyi People Defence Force မြင်းခြံခရိုင်အမှတ် (၄-၁၀) တပ်ရင်းမှ ပြောရေးဆိုခွင့်ရှိသူ ဆရာစိုးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၃၁၉ တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ရဲကား ၁ စီး၊ အိမ်စီးကား ၂ စီးဖြင့် ကင်းပတ်ရန် ထွက်လာစဉ် နွားထိုးကြီး PDF နှင့် မဟာမိတ် တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ဦး သေဆုံးခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“မိုင်တိုင် ၃၁၉ မှာ ကင်းပတ်တဲ့ကားပေါ့။ အမြန်လမ်းကို ကင်းပတ်တဲ့ ကားကို ပစ်တာပါ။ အိမ်စီးကား ၂ စီးနဲ့ ရဲကား ၁ စီးကို ပစ်တာ ထိခိုက်သေဆုံးမှုတော့ သူတို့ဘက်ကရှိပေမယ့် သတင်တော့ လိမ်ထားတယ်။ ကျနော်တို့ ကြားတဲ့ သတင်းကတော့ မျက်မြင်တွေ ပြေတာတော့ ၅ ယောက်ကို သွေးထွက်သံယိုတွေနဲ့ လဲနေတာမျိုး တွေ့တယ်လို့ ပြောတယ်။ ၅ ယောက်သေတယ်ဆိုတာ သေချာပါတယ်။ သူတို့ဘက်က ထပ်ပြီးတော့ ထိခိုက်သေဆုံးမှုတွေရှိနိုင်သေးတယ်” ဟု Natogyi People Defence Force မြင်းခြံခရိုင်အမှတ် (၄-၁၀) တပ်ရင်းမှ ပြောရေးဆိုခွင့်ရှိသူ ဆရာစိုးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်း ၊ မြင်းခြံခရိုင်အမှတ် (၁၀) တပ်ရင်း (နွားထိုးကြီး PDF) နှင့် မဟာမိတ်ဖြစ်သော မြစ်သားမြို့နယ် ပကဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။