MYIA MM

    • Sample Page
Illustration of a bird flying.
  • မင်းအောင်လှိုင်က လုပ်ငန်းရှင်များကို ဆိုလာစနစ်ဖြင့် ဓာတ်အားထုတ်ရေး ဆောင်ရွက်ကြရန် ညွှန်ကြား၊ သားအောင်ပြည့်စုံက ဆိုလာပြားများစွာ တင်သွင်းနေဆဲဖြစ်ပြီး သမီးခင်သီရိသက်မွန်ကလည်း EV ကားများ တိုးမြှင့်တင်သွင်းနေဆဲ

    မင်းအောင်လှိုင်က လုပ်ငန်းရှင်များကို  ဆိုလာစနစ်ဖြင့် ဓာတ်အားထုတ်ရေး  ဆောင်ရွက်ကြရန် ညွှန်ကြား၊ သားအောင်ပြည့်စုံက ဆိုလာပြားများစွာ  တင်သွင်းနေဆဲဖြစ်ပြီး သမီးခင်သီရိသက်မွန်ကလည်း EV ကားများ တိုးမြှင့်တင်သွင်းနေဆဲ

    မင်းအောင်လှိုင်က လုပ်ငန်းရှင်များကို ဆိုလာစနစ်ဖြင့် ဓာတ်အားထုတ်ရေး ဆောင်ရွက်ကြရန် ညွှန်ကြား၊ သားအောင်ပြည့်စုံက ဆိုလာပြားများစွာ တင်သွင်းနေဆဲဖြစ်ပြီး သမီးခင်သီရိသက်မွန်ကလည်း EV ကားများ တိုးမြှင့်တင်သွင်းနေဆဲ ရန်ကုန်၊ ဇန်နဝါရီ ၁၁ မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက်အတွက် ဆိုလာစနစ်ဖြင့် ဓာတ်အားရရှိရေး လုပ်ငန်းရှင်များက ၀ိုင်းဝန်း ဆောင်ရွက်ကြရန် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ညွှန်ကြားပြောဆိုသည်။ ယမန်နေ့ မိတ္တီလာတွင် စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံတွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ရှိနေပြီး လျှပ်စစ်ဓာတ်အားဖြန့်ဝေပေးနိုင်မှုနှင့် ပတ်သက်၍ ဖျက်ဆီးခံရမှုများ၊ အချို့စက်ရုံများအနေဖြင့် စွမ်းအားပြည့် လည်ပတ်နိုင်မှု မရှိခြင်းများ၊ ဓာတ်ငွေ့လိုအပ်ချက် မပြည့်မီမှု များကြောင့် အခက်အခဲများရှိကြောင်း၊ ထို့ပြင် အကောင်အထည်ဖော်လျက်ရှိသည့် ရေအားလျှပ်စစ်စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် ကန့်ကွက်မှုများလည်း ရှိကြောင်း၊…

    January 11, 2025
  • နမခမှ ထွက်လာသည့် စစ်တပ်ယာဉ်တန်းကို PDFများစီးနင်းတိုက်ခိုက်မှုရုပ်သံထုတ်ပြန်

    နမခမှ ထွက်လာသည့် စစ်တပ်ယာဉ်တန်းကို PDFများစီးနင်းတိုက်ခိုက်မှုရုပ်သံထုတ်ပြန်

    နမခမှ ထွက်လာသည့် စစ်တပ်ယာဉ်တန်းကို PDFများစီးနင်းတိုက်ခိုက်မှုရုပ်သံထုတ်ပြန် တေဇ/People’s Spring စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှထွက်လာသည့် စစ်ကောင်စီယာဉ်တန်းကို PDF များက စီးနင်းတိုက်ခိုက်​သောရုပ်သံမှတ်တမ်းကို Burma Liberation Democratic Front – BLDF က ဒီက​နေ ညမှာထုတ်ပြန်လိုက်သည်။ စစ်တပ်ယာဥ်တန်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ၁၅ဦးသေဆုံးပြီး ခုနစ်ဦးဖမ်းဆီးရရှိကြောင်း အမှတ် (၁)စစ်ဒေသက ယနေ့(ဇန်နဝါရီ ၁၀ရက်)တွင် ထုတ်ပြန်သည်။ နမခမှ ထွက်လာသော ထပရ-၉၂၉ တပ်ရင်းနှင့် တပ်မ(၇၇)လက်အောက်ခံ ထုတ်နုတ်အင်အားပါ Jammer ကား (၃)စီးနှင့် ချောဆွဲခံထားရသော ရိက္ခာတင်ကုန်ကား (၇)စီးအား အရာတော်မြို့နယ်၊ မုံရွာ-အရာတော်လမ်းပိုင်း၌ ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းတွင် တိုက်ခိုက်ခဲ့ခြင်းဟု အမှတ် (၁) စစ်ဒေသက ဆိုသည်။ တိုက်ပွဲအတွင်း…

    January 10, 2025
  • ဘီးလင်းမြို့နယ်၊ လဂွန်းပျို စစ်စခန်းမှ စစ်ကောင်စီ တပ်သား ၁၆ ဦး သည် လက်နက်မျိုးစုံ ၁၅ လက် ယူဆောင်လာပြီး PDF တပ်ဖွဲ့ထံ အလင်းဝင်

    ဘီးလင်းမြို့နယ်၊ လဂွန်းပျို စစ်စခန်းမှ စစ်ကောင်စီ တပ်သား ၁၆ ဦး သည် လက်နက်မျိုးစုံ ၁၅ လက် ယူဆောင်လာပြီး PDF တပ်ဖွဲ့ထံ အလင်းဝင်

    မွန်ပြည်နယ်တွင် စစ်ကောင်စီတပ်သား ၁၆ ဦး ၈၀ မမနှင့် ၆၀ မမ လက်နက်ကြီးများဖြင့် လက်နက်ချ အလင်းဝင် ဘီးလင်းမြို့နယ်၊ လဂွန်းပျို စစ်စခန်းမှ စစ်ကောင်စီ တပ်သား ၁၆ ဦး သည် လက်နက်မျိုးစုံ ၁၅ လက် ယူဆောင်လာပြီး PDF တပ်ဖွဲ့ထံ အလင်းဝင် ရန်ကုန်၊ ဇန်နဝါရီ ၁၀ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ လဂွန်းပျို စစ်စခန်းမှ စစ်ကောင်စီ တပ်သား ၁၆ ဦး လက်နက်မျိုးစုံ ၁၅ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသက ပြောဆိုသည်။ ဇန်နဝါရီလ ၇ ရက်နေ့ နံနက်ပိုင်းတွင် ဘီးလင်းမြို့နယ်၊ လဂွန်းပျို စစ်စခန်းမှ စစ်ကောင်စီ တပ်သား ၁၆ ဦးသည်…

    January 10, 2025
  • သမိုင်းတွင်​အောင် စစ်ကောင်စီ ရှုံး​နေချိန် တော်လှန်ရေးအရှိန်ကို အမြင့်ဆုံးလွှင့်တင်ကာ အောင်ပွဲရယူရန် အချိန်ခါကောင်းဖြစ်ဟု TNLA ထုတ်ပြန် ■လူထုအစိုးရ အမြန်ဆုံးပေါ်ပေါက်လာဖို့လည်း ဆောင်ရွက်သွားမယ်ဟုဆို

    သမိုင်းတွင်​အောင် စစ်ကောင်စီ ရှုံး​နေချိန် တော်လှန်ရေးအရှိန်ကို အမြင့်ဆုံးလွှင့်တင်ကာ အောင်ပွဲရယူရန် အချိန်ခါကောင်းဖြစ်ဟု TNLA ထုတ်ပြန် ■လူထုအစိုးရ အမြန်ဆုံးပေါ်ပေါက်လာဖို့လည်း ဆောင်ရွက်သွားမယ်ဟုဆို

    သမိုင်းတွင်​အောင် စစ်ကောင်စီ ရှုံး​နေချိန် တော်လှန်ရေးအရှိန်ကို အမြင့်ဆုံးလွှင့်တင်ကာ အောင်ပွဲရယူရန် အချိန်ခါကောင်းဖြစ်ဟု TNLA ထုတ်ပြန် ■လူထုအစိုးရ အမြန်ဆုံးပေါ်ပေါက်လာဖို့လည်း ဆောင်ရွက်သွားမယ်ဟုဆို အီယိုရီ/People’s Spring. .. အာဏာသိမ်းစစ်ကောင်စီက သမိုင်းတွင်သော ကျဆုံးမှုများ ကြုံတွေ့နေရချိန်မှာ တော်လှန်ရေးအရှိန်ကို အမြင့်ဆုံးလွှင့်တင်ကာ တော်လှန်ရေးအောင်ပွဲရယူဖို့ အချိန်ခါကောင်းဖြစ်တယ်လို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။ ၅ရက်ကြာကျင်းပပြီးစီးခဲ့တဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF ရဲ့ နှစ်ပတ်လည်အစည်းအဝေးမှာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၊ နွေဦး တော်လှန်ရေးအင်အားစုများအားလုံး စုပေါင်းရုန်းကန်ပြီး တော်လှန်ရေးအရှိန်ကို အမြင့်ဆုံးလွှင့်တင်ကာ တော်လှန်ရေး အောင်ပွဲရယူရန် အချိန်ခါကောင်းဖြစ်တယ်လို့ ရှုမြင့်သုံးသပ်ကြောင်း ဆိုပါတယ်။ ဖိအားအမျိုးမျိုးကြားမှ ရုန်းကန်နိုးထကြရတဲ့ တော်လှန်ရေးအင်အားစုအသီးသီးဟာ နိုင်ငံတဝှမ်း နယ်မြေ ဒေသအသီးသီးမှာ ဘုံရန်သူကို ထိုးစစ်ဆင်တော်လှန်နေကြတာကြောင့် အာဏာသိမ်းစစ်ကောင်စီဟာ သမိုင်းတွင်သော ကျဆုံးမှုများနှင့် ဆက်တိုက်ကြုံတွေ့နေရတယ်လို့ ဖော်ပြပါတယ်။…

    January 10, 2025
  • ပုသိမ်မြို့နယ် မကျီးဇင်ရဲစခန်းကို AA နှင့် ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်

    ပုသိမ်မြို့နယ် မကျီးဇင်ရဲစခန်းကို AA နှင့် ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်

    ပုသိမ်မြို့နယ် မကျီးဇင်ရဲစခန်းကို AA နှင့် ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက် မင်းထက် မဇ္စျိမ။ ။ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ မကျီးဇင်ကျေးရွာရဲစခန်းကို အာရက္ခတပ်တော်( AA )နှင့် ပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့(ဇန်နဝါရီ ၉ ရက်) ညပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲ တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံများ၏ အဆိုအရသိရပြီး AA နှင့် ပူးပေါင်းတပ်များ၏ ထိုးစစ်ကို တောင့်မခံနိုင်ဘဲ ဆုတ်ခွာထွက်ပြေးသွားကြသည်ဟု ဒေသခံတဦးကပြောသည်။ “စစ်တပ်က အရင်ရက်တွေတည်းက တဖြည်းဖြည်းတပ်ဆုတ်နေတာ အခုတော့ ဗောမိအထိ တပ်အကုန်ဆုတ်သွားပြီ၊ သူတို့(စစ်ကောင်စီတပ်)ဘက်က အခြေအနေမကောင်းမှန်းသိလို့ ထွက်ပြေးနေတာတွေလည်းအများကြီးပဲ တပ်ပြေးတွေပေါ့”ဟု ၎င်းကဆိုသည်။ စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ တိုက်ခိုက်မှုများကြောင့်…

    January 10, 2025
  • စစ်ကောင်စီက သမိုင်းတွင် ကျဆုံးမှုများ ဆက်တိုက်ကြုံတွေ့နေရသဖြင့် နွေဦးတော်လှန်ရေးအင်အားစုများ စုပေါင်းရုန်းကန် အရှိန်အမြင့်ဆုံး တင်ကာ တော်လှန်ရေး အောင်ပွဲရယူရန် အချိန်အခါကောင်းဟု TNLA က ကြေညာ

    စစ်ကောင်စီက သမိုင်းတွင် ကျဆုံးမှုများ ဆက်တိုက်ကြုံတွေ့နေရသဖြင့် နွေဦးတော်လှန်ရေးအင်အားစုများ စုပေါင်းရုန်းကန် အရှိန်အမြင့်ဆုံး တင်ကာ တော်လှန်ရေး အောင်ပွဲရယူရန် အချိန်အခါကောင်းဟု TNLA က ကြေညာ

    စစ်ကောင်စီက သမိုင်းတွင် ကျဆုံးမှုများ ဆက်တိုက်ကြုံတွေ့နေရသဖြင့် နွေဦးတော်လှန်ရေးအင်အားစုများ စုပေါင်းရုန်းကန် အရှိန်အမြင့်ဆုံး တင်ကာ တော်လှန်ရေး အောင်ပွဲရယူရန် အချိန်အခါကောင်းဟု TNLA က ကြေညာ 🟥လူထုအစိုးရ အမြန်ဆုံး ပေါ်ပေါက်ရေး ဆောင်ရွက်သွားမည် ရန်ကုန်၊ ဇန်နဝါရီ ၁၀ အကြမ်းဖက် စစ်ကောင်စီက သမိုင်းတွင် ကျဆုံးမှုများ ဆက်တိုက်ကြုံတွေ့နေရသဖြင့် နွေဦးတော်လှန်ရေးအင်အားစုများ စု ပေါင်းရုန်းကန် အရှိန်အမြင့်ဆုံးလွှင့်တင်ကာ တော်လှန်ရေး အောင်ပွဲရယူရန် အချိန်အခါကောင်းဖြစ်ကြောင်း တအာင်း TNLA က ယနေ့ ထုတ်ပြန်ကြေညာသည်။ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ နှစ်ပတ်လည်အစည်းအဝေးက ယင်းသို့ ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်ပြီး အဆိုပါ အစည်းအဝေးကို ဇန်နဝါရီလ ၃ ရက်နေ့မှ ၇ ရက်နေ့ အထိ ၅ ရက်ကြာ ကျင်းပကာ…

    January 10, 2025
  • ရန်ကုန်-မန္တလေးအမြန်လမ်းနှင့် လမ်းခရီးတွင် Non-CDM အရာရှိများ ဖမ်းဆီးခံနေရသဖြင့် ခရီးသွားမည်ဆိုလျှင် ဝန်ထမ်း သက်သေအထောက်အထားများ၊ ဖုန်းအတွင်း ဌာနဆိုင်ရာ လုပ်ငန်းနှင့်ဓာတ်ပုံများ ပယ်ဖျက်ထားရန် အရေးပေါ် ညွှန်ကြား

    ရန်ကုန်-မန္တလေးအမြန်လမ်းနှင့် လမ်းခရီးတွင် Non-CDM အရာရှိများ ဖမ်းဆီးခံနေရသဖြင့် ခရီးသွားမည်ဆိုလျှင် ဝန်ထမ်း သက်သေအထောက်အထားများ၊ ဖုန်းအတွင်း ဌာနဆိုင်ရာ လုပ်ငန်းနှင့်ဓာတ်ပုံများ ပယ်ဖျက်ထားရန် အရေးပေါ် ညွှန်ကြား

    ရန်ကုန်-မန္တလေးအမြန်လမ်းနှင့် လမ်းခရီးတွင် Non-CDM အရာရှိများ ဖမ်းဆီးခံနေရသဖြင့် ခရီးသွားမည်ဆိုလျှင် ဝန်ထမ်း သက်သေအထောက်အထားများ၊ ဖုန်းအတွင်း ဌာနဆိုင်ရာ လုပ်ငန်းနှင့်ဓာတ်ပုံများ ပယ်ဖျက်ထားရန် အရေးပေါ် ညွှန်ကြား ရန်ကုန်၊ ဇန်နဝါရီ ၁၀ ရန်ကုန်-မန္တလေးအမြန်လမ်းနှင့် လမ်းခရီးတွင် Non-CDM အရာရှိများ ဆက်တိုက် ဖမ်းဆီးခံနေရသဖြင့် အရာရှိနှင့် ဝန်ထမ်းများ ခရီးသွားမည်ပါက ဝန်ထမ်းဖြစ်ကြောင်း သက်သေအထောက်အထားနှင့်လက်ကိုင် မိုဘိုင်းလ်ဖုန်းအတွင်း ဌာနဆိုင်ရာ လုပ်ငန်းနှင့်ဓာတ်ပုံများ လုံခြုံရေးအရ ပယ်ဖျက်ထားရန် ပြည်ထဲရေးဝန်ကြီးဌာနက အရေးပေါ် အသိပေးတိုက်တွန်းညွှန်ကြားလာကြောင်း သိရှိရသည်။ ပြည်ထဲရေးဝန်ကြီးဌာန အပါအဝင် ဌာနဆိုင်ရာ အရာရှိများ၊ ဝန်ထမ်းများအနေဖြင့် ရန်ကုန်-မန္တလေး အမြန်လမ်း အပါအဝင် လမ်းခရီးများတွင် ခရီးသွားမည်ဆိုပါက သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက် ရယူရန်၊ လမ်းကြောင်းအခြေအနေကို သက်ဆိုင်ရာ နယ်မြေများမှ စစ်တပ်၊ ရဲနှင့်…

    January 10, 2025
  • အကြမ်းဖက် စစ်ခေါင်းဆောင်များတွင် နိုင်ငံရေးပြဿနာကို ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးအဖြေရှာရန် မူဝါဒ မရှိကြောင်း လေကြောင်းတိုက်ခိုက်မှုများက သက်သေပြနေဟု AA က ပြောဆို

    အကြမ်းဖက် စစ်ခေါင်းဆောင်များတွင် နိုင်ငံရေးပြဿနာကို ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးအဖြေရှာရန် မူဝါဒ မရှိကြောင်း လေကြောင်းတိုက်ခိုက်မှုများက သက်သေပြနေဟု AA က ပြောဆို

    အကြမ်းဖက် စစ်ခေါင်းဆောင်များတွင် နိုင်ငံရေးပြဿနာကို ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးအဖြေရှာရန် မူဝါဒ မရှိကြောင်း လေကြောင်းတိုက်ခိုက်မှုများက သက်သေပြနေဟု AA က ပြောဆို ရန်ကုန်၊ ဇန်နဝါရီ ၁၀ အကြမ်းဖက် စစ်ခေါင်းဆောင်များတွင် နိုင်ငံရေးပြဿနာကို ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးအဖြေရှာရန် မူဝါဒ မရှိကြောင်း လေကြောင်းတိုက်ခိုက်မှုများက သက်သေပြနေကြောင်း AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၈ ရက်နေ့ ရခိုင်ပြည်၊ ရမ်းဗြဲကျွန်း ၊ ကျောက်နီမော်ကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်သဖြင့် ပြည်သူ ၄၀ သေဆုံးခဲ့ပြီးနောက် AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက အထက်ပါအတိုင်းပြောဆိုခြင်းဖြစ်သည်။ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် စစ်ကောင်စီတွင် နိုင်ငံရေးအရ ပြဿနာများကို ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး အဖြေရှာရန်…

    January 10, 2025
  • မူသယ်ဒေသရှိ စစ်ကောင်စီ နှစ်ပေါင်း၅၀နီးပါးတပ်စွဲထားသည့် ခူသေစိုးတပ်စခန်းအားသိမ်းနိုင်ခဲ့ဟု KNU အသိပေး ▪️စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ဦးသေ၊ လက်နက်ခဲယမ်းများရ

    မူသယ်ဒေသရှိ စစ်ကောင်စီ နှစ်ပေါင်း၅၀နီးပါးတပ်စွဲထားသည့် ခူသေစိုးတပ်စခန်းအားသိမ်းနိုင်ခဲ့ဟု KNU အသိပေး ▪️စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ဦးသေ၊ လက်နက်ခဲယမ်းများရ

    မူသယ်ဒေသရှိ စစ်ကောင်စီ နှစ်ပေါင်း၅၀နီးပါးတပ်စွဲထားသည့် ခူသေစိုးတပ်စခန်းအားသိမ်းနိုင်ခဲ့ဟု KNU အသိပေး ▪️စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ဦးသေ၊ လက်နက်ခဲယမ်းများရ ဟန်နွေ/People’s Spring ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် မူသယ်ဒေသရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ဇန်နဝါရီ ၅ရက်က သိမ်းပိုက်နိုင်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထွက်ပြေးမှုများရှိပြီး လက်နက်များလည်းရရှိခဲ့ကြောင်း KNU ဗဟိုက ဇန်နဝါရီ ၉ရက်တွင် ထုတ်ပြန်သည်။ မူသယ်အခြေစိုက် ခူသေစိုးတပ်စခန်းအား KNU တပ်မဟာ (၃)တပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေး ပူးပေါင်းတပ်များက ၂၀၂၄ ဒီဇင်ဘာ ၃၁ရက် တွင်စတင်တိုက်ခိုက်ခဲ့ရာ ၆ရက်အကြာ ၂၀၂၅ ဇန်နဝါရီ ၅ရက်တွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု ဖော်ပြသည်။ စခန်းသိမ်းပိုက်စဉ်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၈)ဦး သေဆုံးခဲ့ပြီး အချို့ ထွက်ပြေးသွားသည်ဟု ဆိုသည်။ ထို့ပြင် စစ်ကောင်စီတပ်၏ (၈၁)မမ…

    January 10, 2025
  • လှိုင်သာယာတွင် ကြံ့ဖွတ်ပါတီက ဖွဲ့စည်းထားသော ပြည့်မဏ္ဍိုင် ဖောင်ဒေးရှင်းသို့ ပြည်သူများ ဝင်ရောက်ကြရန် အတင်းအကျပ် ဖိအားပေးနေ

    လှိုင်သာယာတွင် ကြံ့ဖွတ်ပါတီက  ဖွဲ့စည်းထားသော ပြည့်မဏ္ဍိုင် ဖောင်ဒေးရှင်းသို့ ပြည်သူများ ဝင်ရောက်ကြရန် အတင်းအကျပ် ဖိအားပေးနေ

    လှိုင်သာယာတွင် ကြံ့ဖွတ်ပါတီက ဖွဲ့စည်းထားသော ပြည့်မဏ္ဍိုင် ဖောင်ဒေးရှင်းသို့ ပြည်သူများ ဝင်ရောက်ကြရန် အတင်းအကျပ် ဖိအားပေးနေ ရန်ကုန်၊ ဇန်နဝါရီ ၁၀ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အမှတ် ၁၅ ရပ်ကွက် အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး အေးကြိုင်က ကြံ့ဖွတ်ပါတီမှ ဖွဲ့စည်းထားသော ပြည့်မဏ္ဍိုင် ဖောင်ဒေးရှင်း အဖွဲ့သို့ ပြည်သူများကို ဖိအားပေး ဝင်ရောက်ခိုင်းနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလပိုင်းမှ စတင်၍ လှိုင်သာယာမြို့နယ်၊ အမှတ် ၁၅ ရပ်ကွက် အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး အေးကြိုင်နှင့် ရာအိမ်မှူး အေးသိန်းတို့ကို ကြံ့ဖွတ်ပါတီမှ ဖွဲ့စည်းထားသော ပြည့်မဏ္ဍိုင် ဖောင်ဒေးရှင်း အဖွဲ့ဝင်အဖြစ် ရပ်ကွက်နေ ပြည်သူများကို ဖိအားပေး ဝင်ရောက်ခိုင်းနေခြင်းဖြစ်ကြောင်း သိရသည်။…

    January 10, 2025
←Previous Page
1 … 188 189 190 191 192 … 202
Next Page→

MYIA MM

Proudly powered by WordPress