-
အင်းတော်မြို့အား သိမ်းပိုက်ထားပြီဟု စစ်ကိုင်းတိုင်း ပကဖတာဝန်ခံ ပြော ◾️နောက်ဆုံးလက်ကျန် မြို့အစွန်ရှိ ဂျပန်လှိုင်ဂူကုန်းအား စတင်ထိုးစစ်ဆင်တိုက်ခိုက်နေဟု အသိပေး
အင်းတော်မြို့အား သိမ်းပိုက်ထားပြီဟု စစ်ကိုင်းတိုင်း ပကဖတာဝန်ခံ ပြော ◾️နောက်ဆုံးလက်ကျန် မြို့အစွန်ရှိ ဂျပန်လှိုင်ဂူကုန်းအား စတင်ထိုးစစ်ဆင်တိုက်ခိုက်နေဟု အသိပေး ဒီးဒီ၊သတိုး/People’s Spring စစ်ကိုင်းတိုင်း၊ အင်းတော်မြို့အား သိမ်းပိုက်ထားပြီဖြစ်ပြီး မြို့အစွန်ရှိစစ်ကောင်စီတပ်စွဲထားသော ဂျပန်လှိုင်ဂူကုန်းတစ်ခုသာ ကျန်နေရာ အဆိုပါနေရာအား သိမ်းပိုက်ရန် ဇန်နဝါရီ ၂၇ရက်က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း အမှတ်(၁)စစ်ဒေသကွပ်ကဲရေးအဖွဲ့ဝင်နှင့် စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တာဝန်ခံ ရဲဘော်ဩဇာက People’s Springသို့ ပြောကြားသည်။ အင်းတော်မြို့ရှိ စစ်ကောင်စီ၏ ရဲစခန်း၊မြို့နယ်ထွေအုပ်ရုံးနှင့် ဌာနဆိုင်ရာရုံးအားလုံးအပါအဝင် မြို့အားထိန်းချုပ်သိမ်းပိုက်ထားရာ မြို့အစွန်ရှိ စစ်ကောင်စီ၏ နောက်ဆုံးတပ်စွဲထားရာ ဒေသအခေါ် ဂျပန်လှိုင်ဂူကုန်းတစ်ခုသာ ကျန်ရှိနေသည်ဟု စစ်ကိုင်းတိုင်း ပကဖတာဝန်ခံ ရဲဘော်ဩဇာက ဇန်နဝါရီ ၂၈ရက်တွင် ပြောသည်။ ထို့ကြောင့် အဆိုပါစခန်းကုန်းအား ဇန်နဝါရီ ၂၇ရက်ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်ဟု စစ်ကိုင်းတိုင်း ပကဖတာဝန်ခံက ပြောသည်။ ”…
-
မင်းအောင်လှိုင်၏ အမိန့်ဖြင့် ဗိုလ်မှူးချုပ်အဆင့်မှ ဗိုလ်ကြီးအဆင့်အထိ အရာရှိများကို ဝန်ကြီးဌာန အုပ်ချုပ်ရေး ယန္တရားများအတွင်းသို့ အရပ်ဘက်ရာထူးကြီးများဖြင့် အလုံးအရင်း ပြောင်းရွှေ့ သွတ်သွင်းနေ
မင်းအောင်လှိုင်၏ အမိန့်ဖြင့် ဗိုလ်မှူးချုပ်အဆင့်မှ ဗိုလ်ကြီးအဆင့်အထိ အရာရှိများကို ဝန်ကြီးဌာန အုပ်ချုပ်ရေး ယန္တရားများအတွင်းသို့ အရပ်ဘက်ရာထူးကြီးများဖြင့် အလုံးအရင်း ပြောင်းရွှေ့ သွတ်သွင်းနေ ရန်ကုန်၊ ဇန်နဝါရီ ၂၉ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အမိန့်ဖြင့် ဗိုလ်မှူးချုပ်အဆင့်မှ ဗိုလ်ကြီးအဆင့်အထိ အရာရှိများကို ဝန်ကြီးဌာနဆိုင်ရာ ယန္တရားများအတွင်း အရပ်ဘက်ရာထူးကြီးများဖြင့် အစားထိုးလျက်ရှိကြောင်း တပ်သတင်းရင်းမြစ်က ပြောဆိုသည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်မှစတင်၍ အကြမ်းဖက်မင်းအောင်လှိုင်၏ အမိန့်အရ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ စစ်ရာထူးခန့်ချုပ်ရုံးက စစ်တပ်ဘက်မှ ဗိုလ်မှူးချုပ် အဆင့် အရာရှိကြီးများမှစ၍ ဗိုလ်ကြီးအဆင့်အထိ အရာရှိငယ်များကို ဝန်ကြီးဌာနဆိုင်ရာ ယန္တရားများအတွင်းသို့ အလုံးအရင်းဖြင့် ခန့်ထား သွပ်သွင်းလျက်ရှိကြောင်း သိရှိရသည်။ ၂၀၂၄ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်းတွင်ပင် စစ်ကောင်စီက ဗိုလ်မှူးချုပ်အဆင့် အရာရှိကြီးများမှစ၍ ဗိုလ်ကြီးအဆင့်…
-
ရန်ကုန်မှာ အမျိုးသမီးစစ်မှုထမ်းစာရင်း ကောက်ယူနေ
ရန်ကုန်မှာ အမျိုးသမီးစစ်မှုထမ်းစာရင်း ကောက်ယူနေ ~~~ ■ ရန်ကုန်တိုင်း သန်လျင်၊ ကျေက်တန်း၊ ခရမ်း၊ သုံးခွ၊ ဒေါပုံ၊ သာကေတ၊ လှိုင်သာယာနဲ့ ဒဂုံမြို့သစ် (တောင်ပိုင်း) စတဲ့ မြို့နယ်တွေမှာ ဇန်နဝါရီလ ဒုတိယပတ်လောက်ကစပြီး စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အကြား အမျိုးသမီးတွေ စာရင်းကို စစ်ကောင်စီ ဒေသအာဏာပိုင်တွေ ကောက်ယူနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ အမျိုးသမီးတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကိုပါ ကောက်ယူတာဖြစ်ပြီး ခရီးဝေးသွားမယ်ဆိုရင် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးရုံးတွေကို အကြောင်းကြားပေးဖို့လည်း တစ်ပါတည်း အသိပေးတာတွေရှိတယ်လို့ ပြောပါတယ်။ စာရင်းကောက်ယူတဲ့အထဲမှာ အသက် ၂၀ အရွယ် သမီးဖြစ်သူ ပါသွားတာကြောင့် စိတ်သောက ရောက်နေရတယ်လို့ သာကေတမြို့နယ်မှာ နေထိုင်သူတစ်ယောက်က RFA ကို…
-
အင်းတော်မြို့အား သိမ်းပိုက်ထားပြီဟု စစ်ကိုင်းတိုင်း ပကဖတာဝန်ခံ ပြော ◾️နောက်ဆုံးလက်ကျန် မြို့အစွန်ရှိ ဂျပန်လှိုင်ဂူကုန်းအား စတင်ထိုးစစ်ဆင်တိုက်ခိုက်နေဟု အသိပေး
အင်းတော်မြို့အား သိမ်းပိုက်ထားပြီဟု စစ်ကိုင်းတိုင်း ပကဖတာဝန်ခံ ပြော ◾️နောက်ဆုံးလက်ကျန် မြို့အစွန်ရှိ ဂျပန်လှိုင်ဂူကုန်းအား စတင်ထိုးစစ်ဆင်တိုက်ခိုက်နေဟု အသိပေး ဒီးဒီ၊သတိုး/People’s Spring စစ်ကိုင်းတိုင်း၊ အင်းတော်မြို့အား သိမ်းပိုက်ထားပြီဖြစ်ပြီး မြို့အစွန်ရှိစစ်ကောင်စီတပ်စွဲထားသော ဂျပန်လှိုင်ဂူကုန်းတစ်ခုသာ ကျန်နေရာ အဆိုပါနေရာအား သိမ်းပိုက်ရန် ယမန်နေ့က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း အမှတ်(၁)စစ်ဒေသကွပ်ကဲရေးအဖွဲ့ဝင်နှင့် စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တာဝန်ခံ ရဲဘော်ဩဇာက People’s Springသို့ ပြောကြားသည်။ အင်းတော်မြို့ရှိ စစ်ကောင်စီ၏ ရဲစခန်း၊မြို့နယ်ထွေအုပ်ရုံးနှင့် ဌာနဆိုင်ရာရုံးအားလုံးအပါအဝင် မြို့အားထိန်းချုပ်သိမ်းပိုက်ထားရာ မြို့အစွန်ရှိ စစ်ကောင်စီ၏ နောက်ဆုံးတပ်စွဲထားရာ ဒေသအခေါ် ဂျပန်လှိုင်ဂူကုန်းတစ်ခုသာ ကျန်ရှိနေသည်ဟု စစ်ကိုင်းတိုင်း ပကဖတာဝန်ခံ ရဲဘော်ဩဇာက ပြောသည်။ ထို့ကြောင့် အဆိုပါစခန်းကုန်းအား ယမန်နေ့ (ဇန်နဝါရီ ၂၇ရက်)ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်ဟု စစ်ကိုင်းတိုင်း ပကဖတာဝန်ခံက ပြောသည်။ ” အင်းတော်တိုက်ပွဲအခြေအနေကတော့ မနေ့ကစပြီးတော့…
-
ဖလမ်းမြို့တွင်း လက်ကျန်စစ်အုပ်စုစခန်းကို ချင်းတော်လှန်ရေးတပ်တွေ ရိက္ခာဖြတ်တောက် ပိတ်ဆို့ထား ရိက္ခာပြတ် ၊ ရေပြတ် မသေချင်ရင် အမြန်လက်နက်ချ ပူးပေါင်းဖို့ ဖိတ်ခေါ်
ဖလမ်းမြို့တွင်း လက်ကျန်စစ်အုပ်စုစခန်းကို ချင်းတော်လှန်ရေးတပ်တွေ ရိက္ခာဖြတ်တောက် ပိတ်ဆို့ထား ရိက္ခာပြတ် ၊ ရေပြတ် မသေချင်ရင် အမြန်လက်နက်ချ ပူးပေါင်းဖို့ ဖိတ်ခေါ် ကိုသူ/MFP ၊ ဇန်နဝါရီ-၂၈ ချင်းပြည်ရဲ့ ဒုတိယအကြီးဆုံးမြို့တစ်မြို့ဖြစ်တဲ့ ဖလမ်းမြို့ကို အလုံးစုံသိမ်းယူနိုင်ရေး ချင်းညီနောင် တပ်ဖွဲ့ ဝင်တွေ ထိုးစစ်ဆင်နေပြီး လက်ရှိမှာ မြို့မှာ ကျန်ရှိနေတဲ့ စစ်အုပ်စုစခန်းတွေကို ဝိုင်းဝန်းပိတ်ဆို့ ရိက္ခာ ဖြတ်တောက်ထား တယ်လို့ ဒေသခံ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။ ချင်းတော်လှန်ရေးတပ်တွေဖြစ်တဲ့ ချင်းညီနောင် တပ်ဖွဲ့ဝင်တွေနဲ့မဟာမိတ် တပ်ဖွဲ့ဝင်တွေဟာ ဖလမ်းမြို့ အလုံးစုံ သိမ်းပိုက်နိုင်ရေး မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတာဖြစ်ပြီး တပ်ကုန်းပေါ်မှာ အခြေ ပြုနေထိုင်တဲ့ စစ်အုပ်စုကို ဆန်၊ ဆီ၊ ဆား ရိက္ခာနဲ့ သောက် သုံးရေတွေ ပိတ်ဆို့ဖြတ်တောက်…
-
ရန်ကုန်တွင် ဧည့်စာရင်းစစ်ရင်း မှတ်ပုံတင်ကတ်များသိမ်းဆည်းပြီး စစ်မှုထမ်းရန်အကြပ်ကိုင််မှုများရှိ
ရန်ကုန်တွင် ဧည့်စာရင်းစစ်ရင်း မှတ်ပုံတင်ကတ်များသိမ်းဆည်းပြီး စစ်မှုထမ်းရန်အကြပ်ကိုင််မှုများရှိ ဓါတု မဇ္ဈိမ။ ။ ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် ဧည့်စာရင်းစစ်ရင်းမှတ်ပုံတင်ကတ်များကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများကသိမ်းဆည်းပြီး စစ်မှုထမ်းဆောင်ရန်အကြပ်ကိုင်နေကြောင်းမြို့ခံများနှင့် ရန်ကုန်ကင်းထောက်ကွန်ရက်အဖွဲ့ (Rangoon Scout Network) ထံကသိရသည်။ ယခု ဇန်နဝါရီလ ဒုတိယနှင့် တတိယအပတ်အတွင်း ပုဇွန်တောင်၊ မြောက်ဒဂုံ၊ တောင်ဒဂုံနှင့် မင်္ဂလာတောင်ညွှန့် စသည့်မြို့နယ်များတွင် လုပ်ဆောင်နေခြင်းဖြစ်ပြီးအကြောင်းရင်းမရှိသိမ်းဆည်းသွားပြီး ရပ်ကွက်ရုံးသို့သွားရောက်ရွေးယူသည့်အခါတွင်လည်း စစ်မှုထမ်းရန်ဖိအားပေးနေကြောင်း ကြုံတွေ့ရသူများက ဆိုသည်။ “လွန်ခဲ့တဲ့နှစ်ရက်က ဧည့်စာရင်းဆိုပြီးမှတ်ပုံတင်တွေပြခိုင်းတယ်ပြီးတော့ သိမ်းသွားတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက အဲ့ဒီလိုသိမ်းခွင့်ရှိလား။ ပိုက်ဆံနဲ့သွားရွေးတော့လည်း မှတ်ပုံတင်သိမ်းထားတဲ့သူတွေထဲက ကြိုက်တဲ့တယောက်က စစ်မှုထမ်းရမယ်ပြောလို့ ခုထိဘယ်သူမှ သွားမရွေးရဲကြဘူး”ဟု စစ်တပ်ထောက်ခံသူတဦးက မဇ္စျိမကို ပြောသည်။ မင်္ဂလာတောင်ညွှန့်မြို့နယ် ကျီတော်ရပ်ကွက်၊ မဟာဘောဂလမ်းတွင်းတွင်မူ စစ်ကောင်စီတပ်သားများနှင့်အုပ်ချုပ်ရေးမှူးတို့က ပြီးခဲ့သည့် (ဇန်နဝါရီလ ၂၅ရက်နေ့) ညပိုင်းလောက်တွင် ဧည့်စစ်၀င်ရာတွင် အသက်ပြည့်သည့်…
-
ရခိုင်နှင့်ဧရာ၀တီ အစပ်ရှိ စစ်ကောင်စီ၏ ပွိုင့်စခန်းကုန်း ၂ ခုကို AA က သိမ်းပြီးနောက် စစ်ကောင်စီက လေယာဉ်ဖြင့် တောက်လျှောက် ဗုံးကျဲနေ
ရခိုင်နှင့်ဧရာ၀တီ အစပ်ရှိ စစ်ကောင်စီ၏ ပွိုင့်စခန်းကုန်း ၂ ခုကို AA က သိမ်းပြီးနောက် စစ်ကောင်စီက လေယာဉ်ဖြင့် တောက်လျှောက် ဗုံးကျဲနေ ရန်ကုန်၊ ဇန်နဝါရီ ၂၈ ရခိုင်ပြည်နယ်နှင့်ဧရာ၀တီတိုင်း အစပ်ရှိ စစ်ကောင်စီ၏ ပွိုင့်စခန်းကုန်း ၂ ခုကို AA က သိမ်းပြီးနောက် စစ်ကောင်စီက လေယာဉ်ဖြင့် တောက်လျှောက် ဗုံးကျဲနေကြောင်း သိရှိရသည်။ ယနေ့ ဇန်နဝါရီလ ၂၈ ရက် နံနက်ပိုင်း ဧရာဝတီအစပ် ရခိုင်ရိုးမတောင်တလျှောက် ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေကြောင်း၊ ရခိုင် ရိုးမ တောင်နှင့် ဆက်စပ်နေသော ဧရာဝတီတိုင်းထဲက သာပေါင်းမြို့နယ်နှင့် ရေကြည်မြို့ နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ရှိသည့်အပြင် ရိုးမတောင်တလျောက်ကိုလည်း ဂျက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေကြောင်း သိရှိရသည်။…
-
အင်းတော်မြို့ အလုံးစုံသိမ်းပိုက်နိုင်ရေး ဆက်လက်အားထုတ်နေဟု KIA အသိပေး
အင်းတော်မြို့ အလုံးစုံသိမ်းပိုက်နိုင်ရေး ဆက်လက်အားထုတ်နေဟု KIA အသိပေး ဟန်နွေ၊ကဖေး/People’s Spring စစ်ကိုင်းတိုင်း၊ အင်းတော်မြို့တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲပြင်းထန်နေပြီး မြို့အလုံးစုံသိမ်းပိုက်နိုင်ရေး အားထုတ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဇန်နဝါရီ ၂၇ရက်တွင် သတင်းဖော်ပြလာသည်။ အင်းတော်မြို့၌ ဇန်နဝါရီ ၂၇ရက်တွင် တိုက်ပွဲပြန်လည်ပြင်းထန်နေပြီး စစ်ကောင်စီက လေယာဉ်၊ ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ အဆက်မပြတ်ပြုလုပ်နေသည်ဟု ဆိုသည်။ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူလူထုနေအိမ် အဆောက်အဦးများ ထိခိုက်ပျက်စီးနေကြောင်း ဖော်ပြသည်။ ” ဂျပန်လှိုင်ဂူတစ်ခုပဲ ကျန်တာ။ ဒါကို ဝိုင်းပိတ်သမနေတာ။ ဂျပန်လှိုင်ဂူရရင် မြို့ရပြီ” ဟု ကာကွယ်ရေးထောက်ပို့ရဲတစ်တစ်ဦးက ပြောသည်။ တိုက်ပွဲများကြောင့် မြစ်ကြီးနား-မန္တလေးလမ်းအား ရက်အကန့်အသတ်မရှိပိတ်ထားသည်ဟုလည်း အသိပေးသည်။ အင်းတော်မြို့သိမ်းတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များ၊ စစ်ကိုင်းတိုင်း ပကဖများ…
-
ဧရာဝတီ-ရခိုင်တိုက်ပွဲတွင်းသေဆုံးသည့် စစ်ကောင်စီတပ်သားများကို ပုသိမ်မီးသဂြိုဟ်စက်တွင် နေ့စဉ် သဂြိုဟ်နေရ
ဧရာဝတီ-ရခိုင်တိုက်ပွဲတွင်းသေဆုံးသည့် စစ်ကောင်စီတပ်သားများကို ပုသိမ်မီးသဂြိုဟ်စက်တွင် နေ့စဉ် သဂြိုဟ်နေရ ဧရာဝတီတိုင်းမ် ဇန်နဝါရီ ၂၇ ရက် ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်ရှိ အနောက်တောင်တိုင်း စစ်ဌာနချုပ်တွင် တိုက်ပွဲမှဒဏ်ရာရရှိသူများကို ပို့ ဆောင်ထားပြီး သေဆုံးသူများကို ပုသိမ်မီးသဂြိုဟ်စက်တွင် နေ့စဉ်သဂြိုဟ်နေရကြောင်း သိရသည်။ ဧရာဝတီ-ရခိုင်အစပ် စစ်မြေပြင်မှ ဒဏ်ရာရရှိ၍ ဆေးဝါးကုသမှုခံယူနေရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များထဲမှ သေဆုံးသူများကို ပုသိမ်မြို့ရှိ ရွှေမြင်တင်မီးသဂြိုဟ်စက်တွင် ပို့ဆောင်မီးသဂြိုဟ်နေရကြောင်း ပုသိမ်သတင်းရင်းမြစ်ထံမှ သိရသည်။ “နတခ မဆရ ၄ ထဲကိုခေါ်ပြီး ဆေးကုနေရတဲ့သူတွေ မနည်းဘူး။ အဲဒီကထွက်လာတဲ့ အလောင်းတွေလည်း သဂြိုဟ်နေရတာ မနည်းဘူး”ဟု ဧရာဝတီတိုင်းသတင်းရင်းမြစ်ကပြောသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၂၄ ရက် နေ့လည် ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ဘဝဆည်းဆာကား၊ စစ်သုံးဖောကားနှစ်စီး၊ အမျိုးသမီးများလိုက်ပါလာသည့် မီနီဘတ်စ်တစ်စီး၊…
-
ရခိုင် နှင့် တိုင်းသုံးတိုင်းအစပ်တွင် စစ်စခန်း ၃ ခုထပ်မံသိမ်းပိုက်ကြောင်း AA ထုတ်ပြန်
ရခိုင် နှင့် တိုင်းသုံးတိုင်းအစပ်တွင် စစ်စခန်း ၃ ခုထပ်မံသိမ်းပိုက်ကြောင်း AA ထုတ်ပြန် -People’s Spring အာရက္ခတပ်တော်(AA)က ပဲခူး- ရခိုင်အစပ် ၊ ဧရာဝတီ-ရခိုင် အစပ် ၊ မကွေး-ရခိုင်အစပ်တို့တွင် စစ်တပ်စခန်း ၃ ခုသိမ်းဆည်းရရှိကြောင်းယနေ့(ဇန်နဝါရီ ၂၇ )ည တွင်ထုတ်ပြန်လိုက်သည်။ ပဲခူး- ရခိုင်အစပ်နေရာများ နှင့် ရက္ခိုင်ရိုးမတောင် တန်းတို့တွင် တိုက်ပွဲများဖြစ်ပွားနေရာ ရခိုင်ရိုးမအထက်ရှိ မိုးထိတောင်စခန်းအား ဇန်နဝါရီ ၂၆ ရက်တွင် မိုးထိတောင်စခန်းအားလည်းကောင်း၊ ဧရာဝတီ-ရက္ခိုင်အစပ် ဧရာဝတီတိုင်းအတွင်းမှပွိုင့် (၂၆၃) စခန်းကို ဇန်နဝါရီ ၂၇ ရက် နှင့် ပွိုင့် (၃၆၉)စခန်းကို ဇန်နဝါရီ ၂၁ရက်တို့တွင် သိမ်းပိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။ ထိုအပြင်မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်စီးရိုးကျေးရွာအနီး (အမ်း-ပဒါန်း ကားလမ်းမထက်)…